Sunday, July 15, 2012

ကျနော်ချစ်သော ABSDF သို့

by Min Tharr on Saturday, February 25, 2012 at 9:25pm
ကျနော် ABSDF ရဲဘော်ဟောင်းတစ်ဦးပါ။ မြောက်ပိုင်းမှာဖြစ်ပျက်ခဲ့တဲ့ အဖြစ်မှန်ကို
ကျနော် အေဘီမှာရှိနေကထဲက သိချင်ခဲ့ပါတယ်။ မေးဖို.လဲ အခွင့်မသာခဲ့ပါဘူး။ ကျနော်ရဲ.အချိန်တွေအများစုက ရှေ.တန်းနယ်မြေတွေမှာ ဖြစ်ခဲ့လို.ပါ။ အခုအခွင့်ရှိလို. သိရတော့ ကျနော် အရမ်းတုန်လှုပ်မိပါတယ်။ ငါတို.ပါဝင်နေခဲ့တဲ့ အဖွဲ.မှာ ဒီလိုမျိုး အုပ်စုဖွဲ.အနိုင်ကျင့်မှုတွေ။ လူ.ဂုဏ်သိက္ခာစော်ကားမှုတွေ ဖြစ်ခဲ့ပါလား။ ရှိခဲ့ပါလားဆိုတာ သိခဲ့ရတယ်။ စကားနဲ.တောင် ဖေါ်ပြဖို. မရဲတဲ့ ရက်စက်မှုတွေ လူမဆန်မှုတွေဟာ ကျနော်ပါဝင်တဲ့ ဒီမိုကရေစိနဲ. လူ.အခွင့်အရေးအတွက် တိုက်ပွဲဝင်နေပါတယ်ဆိုတဲ့ ABSDF အဖွဲံ.အတွင်းမှာ ဖြစ်ခဲ့တယ်။ ငါတို. ခေါင်းဆောင်တွေ ဒီအဖြစ်ဆိုးကြိးကို ဘာလို. မကာကွယ်ခဲ့သလဲ။ ဘာလို.အရေးမယူခဲ့တာလဲ။ မဖွင့်ချသလဲ ? ငါတို.ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေမှာ ဒါမျိုးလုပ်ခွင့်ရှိတယ်လို. ထည့်သွင်းထားသလား?မေးခွန်းတွေ ပေါ်လာပါတယ်။ မပါဝင်ပါဘူ။ ဒိလိုမျိုး လူဂုဏ်သိက္ခာညှိုးနွမ်းစေမယ့် နှိပ်စက်စော်ကားမှုမျိုး လုပ်ရမယ်လို. ကျနော်တို.ရဲ. မကဒတ ဖွဲ.စည်းပုံမှာ မဖေါ်ပြခဲ့ပါဘူး။ မရေးသားခဲ့ပါဘူး။ ဒါအပြင် ကျနော့်မှာ နောက်ထပ်မေးစရာ မေးခွန်းတွေ ရှိလာပါတယ်။ ကျနော်တို. ပါဝင်ဖွဲ.စည်းခဲ့တဲ့ မကဒတ ခေါင်းဆောင်တွေက ဒီလိုမျိုးဖြစ်ခဲ့တာကို အားပေးအားမျြောက်ပြုနေလို. အသံတိတ်နေတာလား။ မပြောရဲ ပြောခွင့်မရှိလို. မပြောတာလား။ ကျနော် အေဘီအလံကိုကိုင်စွဲပြီး အသက်ကိုရင်းပြိးတိုက်ပွဲဝင်ခဲ့တဲ့ သူတစ်ယေါက်ပါ။ ဒိမြောက်ပိုင်းမှာ သတ်ဖြတ်ခံခဲ့ရ နှိပ်စက်ခံခဲ့ရသူတွေဟာလဲ ကျနော်တို. မကဒတရဲ. ရဲဘော်တွေပါပဲ။ ပုဂိုလ်ရေး သိခြင်းမသိခြင်းဟာ အရေးမကြိးပါဘူး။ ရည်ရွယ်ချက်တူ လမ်းစဉ်တူလို.ပဲ အဖွဲ.တစ်ခုထဲမှာ တော်လှန်ရေးတာဝန်ကို ထမ်းဆောင်ကြတာပါ။ ဒီလို ကိုယ့်ရဲဘော်တွေ မတရားအနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ခဲ့တာကို အရေးယူမှု တစ်စုံတရာမလုပ်။ ရေငုံနှုတ်ပိတ်ပြီး ဖုံးကွယ်ထားခြင်းဟာ ကျနော်တို.ရဲ. ဒီမိုကရေစိတော်လှန်ရေးရဲ ပြယုဂ်လား။ ရန်သူရက်စက် ယုတ်မာတာကို ဖေါ်ထုတ်ကြမယ်။ အော်ကြမယ် ငါတို.ထဲမှာ ဖြစ်နေတာကို အသံတိတ်နေမယ် (အားပေးသူများရှိပါတယ် အင်တာဗျူးများကို သတိရပါ) ဆိုပြီးနေခြင်းဟာ ကျနော်တို.ရဲ. တော်လှန်ရေးလား။ မတရားမှူကို ဖေါ်ထုတ်ဖို. တိတ်ဆိတ် နှောင့်နှေး ငြင်းဆန်နေခြင်းဟာ မကဒတရဲ. လမ်းစဉ်လား။ မကဒတ ဟာ ၈၈ သမိုင်းနဲ.အတူပေါ်ပေါက်လာတာဖြစ်ပါတယ်။ ၁၉၉၂ မှာ ဖြစ်ပွားခဲ့တဲ. အဖွဲ.အစည်းအတွင်း အနိုင်ကျင့် ဗိုလ်ကျ ယုတ်မာ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် မကဒတရဲ. သမိုင်းကို အနစ်မွန်းမခံပါနဲ.။ တာဝန်ယူမှု၊ ဖြေရှင်းမှူု ပြုလုပ်ပြီး ABSDF ပေါ်မှာ စွန်းထင်ခဲ့တဲ့ အမဲစက်ကို လျော်ဖွပ်ပါလို. တိုက်တွန်းလိုက်ပါတယ်။
· · · Share

  • 11 shares
    • Ko Naing Yes I am with you. We should behead them all.
    • Than Doke လေးစားပါတယ်ဗျာ။
    • Ko Oo စစ်မှန်တဲ့တော်လှန်းရေးဆိုတာ ဂလဲ့စားချေရေးမဟုတ်ဘူး၊ လူသတ်ဝါဒမဟုတ်ဘူး၊
      အမှန်တရားကို ထာဝရဆုတ်ကိုင်ခြင်းမည်၏၊ အမှန်တရားကိုတော်လှန်ရေးသမားတိုင်း
      ဆုပ်ကိုင်နိုင်ကြပါစေ၊
    • Kyi Yu Ko Min Thar .. Keep it up. Though I had never been a member of AB, I love ABSDF. My perception ABSDF as never changed and appreciate their scarifying for the country. But this excludes those whom betrayed their comerades.
    • Myint Soe Naing That is good advise,because we were a membered of ABSDF.
    • Soe Lwin ကြိုက်တယ် မင်းသားလေးရေ..ကိုနိုင် က ဒေါသနဲနဲလျော့..ကျောင်းသားတပ်မတော်ရဲ့  ခွပ်ဒေါင်းအလံတော်အောက်မှာဘဲ အရင်တုန်းက ရှိခဲ့တယ် အခုလဲရှိနေတယ် နောင်လဲဘဲ ရှိနေဦးမယ်. သေရင်တောင်မှ ကိုယ်ခြုံဘို့ အလံ ကိုယ့်မှာ ရှိစေတယ်..
    • မိုး စဲ ဘာပဲဖြစ်ဖြစ် ဒီကောင်တွေ အုပ်စုကို ဖေါ်ထုပ်ကြမှ ဖြစ်မှာပါ အရေခြုံတွေ ဒီကောင်တွေ သေလို့ ခွပ်ဒေါင်း အလံအုပ်ရင် အောင့်သက်သက်နဲ့ ခံနေရဦးမယ်
    • ဘရာဇီး ငှက်ရိုး အရေးအသားလေးတွေ ကြိုက်တယ်ဗျာ... အေဘီက လူတွေ ဒီလိုမျိုး စိတ်ဓါတ်တွေ များများပေါ်ပေါက်ပါစေပဲ ဆုတောင်းနေရတယ်.....
    • Hlamin Kyaw
      မင်း သား ကတော့ ရေးတာတော့ ကောင်း တယ် ဒါပေမဲ့ ဘာေုကာင့်ဖြစ်တာလဲ ဒါစဉ်းစားရမဲ့ အချက်ဘဲ တော်လှန်ရေး သမားမှန်ရင် မဟုတ်မခံ စိတ်ဓါတ် လူတိုင်မှာရှိတယ် မကဒတ ထဲမှာ ဒီမိုကရေစီ ရတဲ့ အထိုကိမ်းစားရေ သောက်ပြီး တိုက်ပွဲဝင် ရဲဘော်တွေ အမျာုးကီး ရှိတယ် ၁၉၉၂
      ခုနှစ်က အဖြစ်အပျက်က တောင်ပိုင်း မှာကော် မြောက်ပိုင်း မှာကော် နေရာ သမားတွေေုကာင့် အကွဲ အပြဲမှာ ရဲဘော်တွေမှာ အလူးအလိမ့် ခံစားခဲ့ ရတာပါ တိုက်ပွဲ အတွေအုကုံရှိဘူးတဲ့ ရဲဘော်ဆိုတာ ရဲဘော်ရဲဘက်စိတ် အမြဲတမ်းရှိပါတယ် မြောက်ပိုင် ဒီကိစ ဟာ နေရာလိုချင် တဲ့ လူ နှစ်စု ဖြစ်နိုင်သလိုကားနေတဲ့ သူလည်း ဖြစ်နိုင်တယ် ၁၉၉၂ မှာ နေရာ သမား လေးဖွဲ့ ရှိတယ် ( ကိုထွန်းအောင်ကျော် အဖွဲ့  အရင် ဗဟိုကော်မတီဟောင်း တတိယနိုင်ငံ ) (ကိုမိုးသီဇွန် အဖွဲ့  ဗဟိုကော်မတီ တော်လှန်ကော်မတီ မယ်နယ်ပလောမှ သေလောထ စခန်း) ( ကိုနိုင်အောင် အဖွဲ့  ဗဟိုကော်မတီ မယ်နယ်ပလောမှ ဦးသုထ ဒေါင်းဂွင်း ) ( ဂျားနေ အဖွဲ့  မဲဆောက် ) နောက်မှဆက် ရေးတော့မယ်
    • Sein Sein Thu ရေးထားတာ သဘောကျတယ် အကိုရေ။

No comments:

Post a Comment