Sunday, July 15, 2012

အောင်မင်း(ခ)ထိန်လင်း - ကိုညီညီကျော်

by Kyaw Gyi AB on Friday, February 24, 2012 at 2:25pm ·

၈၈ ရတနာဘုမ္မိ မှာ ဝီစီ ဟာ နာမည်ကြီး ပေါ့ ၊အာဏာသိမ်းတော့ ကြည့်ယိမ်းတဲ့ထဲမပါ သူဟာ

PNA ပအိုဝ် လွတ်မြောက်နယ်မြေမှာလေ ၊ အခြေခံသင်တန်းတွေဆင်း လို့ 

DYA တဲ့ ( Democratic Youth Army ) တဲ့ ၊ AB နဲ့ တော့ သိခွင့် မရခဲ့ ရှာပါဘူး ၊

စကားလုံး ထူးတွေပြောတတ် ၊ စာတွေဖတ် ၊ ' ချေဂွေ ' ဖက်က ရပ် တိုက်ပွဲ မပြတ် ဖော်လိုတတ် တဲ့ မင်း

ကိုယ်ပိုင်နံပါတ် ၀၀၆၀ ကျော် နဲ့  ၊ အစောပိုင်း ရဲ့ ရက်တွေထဲ ' အောင်ထူး ' ဆိုတာ နဲ့ လဲ ရင်းနှီး ခဲ့ တဲ့ မင်း

အချင်းချင်း မှာ မင်းဟာ ဘယ်သူဆိုတာ ကျက်မိရင်

သူ့ ကျေညာချက် ရက်စက်မယ် မထင်

အော် ' ခြေခွင် ကားရား ၊ ခြေခွင် ကားရား '



၂ လသားအကြာမှာတော့ လက်တွဲမရ အဖြေသိရပြီ သူပြန်ပြီ တဲ့ တရားဝင်ပါ

မန္တလေးမှာ သူငြိမ်နေမယ် ထင်လို့ လား

အပြင်းစား လူ သူဟာ

ညီလာခံများမှာ အားပါပါနဲ့  စကားပြောစင် ထုခဲ့ ၊ သူ့ သွင်ပြင် နဲ့  စိတ်သဏ္ဍာန်

အမှန်ဆိုတာ လူတိုင်းနားလည် ခဲ့ကြရတယ်။



အောင်မင်း တဲ့ လူချစ်လူခင်များတဲ့ မင်း ၊ အချင်းချင်းလဲ ညှာတတ် ၊ ယုံကြည်ရာဖက်မှာ အတူတူ ရပ်

အထဲမှာ မပြတ် တာဝန် အထပ်ထပ် မှာ ကျရာကထမ်း ရင်း

တောတွင်းစခန်း က တို့ ဆီကို ခင်ဝမ်း သီချင်း ဆိုလဲ ပို့ ရဲ့ 

သမိန်ပေါသွပ် ဆိုလဲ လက်မနှေး ထိုးမုန့် ချိုး ကလေးများတောင် မလွမ်းအောင်တဲ့

ပို့ တပ်တဲ့ မင်းရဲ့ စိတ်ဓါတ် မမေ့အပ်ပါဘူး



ဒီလိုနဲ့  ရှစ်လေးလုံး သုံးနှစ်ကို အဖြတ်

မိခင်တပ်မှာပဲ ဆင်နွဲလိုတဲ့ မင်း ၊ ဗဟိုကိုခေတ္တ သွားရင်း

ပါဂျောင် အကျဉ်းသားဖြစ်ခဲ့ တပ်ကြပ်ကြီး တဲ့

" အများ နဲ့  တစ်ယောက်တုဖက် " သီချင်းတစ်ဝက် တစ်ပျက်

နံချပ်ကူ ရိုက်ချက် နဲ့  သွေးပွက်ပွက် အန်ခဲ့ တယ်



မင်းနဲ့  မတန်တဲ့သူတွေကြား မင်းဟာ ကျား ဆိုတာ

ဇာဂနာ မသိ ဟိုကိစ္စကြီး က မသိ တင်ရှိကြွေးတွေ က မသိ......



ရှိပါစေလေ တစ်နေ့ မှာ

မင်းဟာ ငါးခြောက်တစ်ဖတ် ပမာ

တန်ဖိုးရှိလာမယ် ဆိုတာ ငါတို့ ယုံကြည်စွာ နဲ့  ညီငယ် ထိန်လင်းတို့ ရဲ့ 

မြောက်ပိုင်း စာမျက်နှာ မှာ ငါတို့ ဆက်ရှာနေပါမယ်

မင်းကောင်းရာ သုဂတိ လားပါစေ၊

  • 24 shares
    • မိုး စဲ ရဲဘော်တွေ အားနဲ့ တိုက်ရတဲ့ တိုက်ပွဲမှာ ရဲဘော်တွေ အရေးက အရေးမကြီး မြန်မာပြည်အရေးက ပိုအရေးကြီးတယ် ဆိုတဲ့ သူတွေလဲ ရှိသဗျ..
    • ဘရာဇီး ငှက်ရိုး ကိုအောင်မင်း(ခ)ထိန်လင်းကို နံချပ်ကူနဲ့ နေ့ရောညရော သေသည်အထိ ရိုက်သတ်ခဲ့တဲ့ လှမျိုးအောင်(ပါဂျောင်ထောင်မှုး)ဆိုတဲ့ကောင် ပါဝါ၅၄ တွေ ထောင်ဖောက်ပြေးလို့ တာဝန်ပေါ့လျော့မှု့နဲ့ ခေါင်းဖြတ်သတ် ခံသွားရပါတယ်... ဝဋ်ကြွေးချက်ချင်း ဆပ်တာခံလိုက်ရတယ်... ကိုအောင်မင်းခေါ်ကိုထိန်လင်းရဲ့ မှန်သော သစ္စာတည်ခဲ့ပါတယ်.....
    • Nang Kham Mhom ကိုအောင်မင်းကပအိုဝ်းလူမျိုးလား..။
    • Maungmaung Skw အောင်မင်း က မြန်မာလူမျိုးဗမာစစ်စစ် အိမ်တော်ရာနားနေတဲ့ မန္တလေးသားဗျ။
    • Nweni Tun မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ..လူသားတဦးနဲ့ တဦး သတ်ဖြတ်ခြင်းတွေ ကင်းဝေးကြပါစေတော့..ဒီလိုအဖြစ်ဆိုးမျိုးတွေ မကြားရက် မမြင်ရက်တော့လို့ ပါ...
    • Nay Zaw ကျေးဇူးပါ။
    • Nyein Suu သူ့ကို ကျနော်မြင်ဖူး သလိုပဲ ဘယ်မှာလဲ စဉ်းစားလို့ မရဖြစ်နေတယ်။ ကျနော့်အထင် ၁၉၉၈ ခုနှစ် မန္တလေး လမ်း ၈၀ တက္ကသိုလ် ၀င်းထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂ ပြန်လည်ဖွဲ့စည်းရေးကော်မတီ(မကသဖ) ရုံးဖွင့်ထားစဉ်ကာလ ကလား မသိဘူး။
    • Kyaw Gyi AB ဗ က သ (အထက်) ကပါ ၊ မန္တလေး GOSDA မှာ အနေများပါတယ်၊ AB ရဲ့ မြို့ ပေါ်တာဝန် ယူခဲ့ပါတယ်
    • Flygon Thapyay ကိုကြီးညီကျော်ခင်ဗျာ့ မန္တလေးရဲ့ GOSDA အရှည်စကားလုံးကို သိခွင့်ရှိရင် ပြောပြပေးပါခင်ဗျား....

1 comment:

  1. ကိုအောင်မင်းကို ရိုက်သတ်ခဲ့သူ ထောင်မှုးလှမျိုးအောင်ပုံ http://www.facebook.com/photo.php?fbid=191607350950486&set=a.142927165818505.27159.100003036666936&type=1&theater

    ReplyDelete