ကျနော် တို့ ရဲဘော် အပေါင်း သတိရှိကြပါစို့။
အခုလတ်တလောမှာ ABSDF မြောက်ပိုင်း လူသတ်မှု ဆိုတဲ့ ကိစ္စကို ဖော်ပြီး ကျနော် တို့ခေါင်းဆောင်တွေ ကို အပုတ်ချပြီး
ABSDF သမိုင်း ကို ဖျက်ဖို့ လူတစ်စု က ဦးဆောင်နေသလို ကျနော်တို့ ရဲဘော်ထဲ က တချို့သူတွေ အပါအ၀င် လူအတော်များများ က
ဒီကိစ္စ ကို သတိထားလာလေ ဦးဆောင်သူများ က ပိုဖွလေ လုပ်ကောင်းနေတဲ့ အချိန်ပါ
ကျနော့် အမြင်လေး ပြောပါရစေ အဲဒီအချိန်က အခြေအနေတွေက တအားရှုပ်ထွေးနေပါတယ် ဒီကိစ္စ ကို သက်ဆိုင်သူတွေ အချိန်တန်ရင်ရှင်းကြပါလိမ့်မယ် အပြစ်ခံထိုက်တဲ့ သူကလည်း ခံရပါလိမ့်မယ် အခုရှင်းဖို့စောပါသေးတယ်
ဒီကာလမှာ စစ်အုပ်စု က သမိုင်းကို ပြောင်းနေပါတယ် လူတွေကလည်း မသိလိုက်ဖာသာ လိုက်နေပါတယ်
ပထမ ကိုမိုးသီးဇွန် ဒေါက်တာနိုင်အောင် စတဲ့ လူများကို အဓိက ပစ်မှတ်ထားပြီး နောက်သူတို့နဲ့ နွယ်တဲ့ သူများကိုပါ နည်းမျိုးစုံနဲ့ အပုတ်ချပါတယ် ရည်ရွယ်ချက်ကတော့ ခေါင်းဆောင်ကနေ နောက်လိုက်အားလုံးကို တရားခံစွပ်စွဲပြီးမှာ ABSDF ကျောင်းသားတပ်မတော် တစ်ခုလုံးရဲ့ သမိုင်းကို ဖျက်တာပါ။
ကျနော် အပါအ၀င် ရဲဘော် အပေါင်းအားလုံးဟာ ယုံကြည်ချက်အခိုင်အမာ နဲ့ တိုက်ပွဲဝင်ခဲ့ကြသလို ABSDF သမိုင်းကိုလည်း တန်ဖိုးထားကြတာ လူတိုင်းပါပဲလို့ ကျနော် ယုံကြည်ပါတယ်။
အခု သူတို့ (စစ်အုပ်စုနဲ့ နောက်လိုက်တွေ) က သမိုင်းကို ပြောင်းပြန်လုပ်ပြီး လူတွေ ကိုေ၀၀ါးအောင် နည်းမျိုးစုံ နဲ့ အကောင်ထည်ဖော်နေတာ တွေ့နေရပါတယ်။ အထူးသတိထားကြပါ။
ကျနော်တို့ ခေါင်းဆောင်ဆွေက လည်း တချိန်က ကျနော် တို့လိုပဲ အပင်ပန်းခံ အနစ်နာခံပြီး တိုက်ပွဲဝင်ခဲ့တာပါပဲ၊ အခုချိန်ထိလည်း လုပ်နေဆဲပါ။ ကျနော် တို့ သူတို့ ရဲ့ ဦးဆောင်မှုတွေ နောက်မှာ လိုက်ခဲ့ကြပါတယ်။ ကျနော် တို့လုပ်ခဲ့တာ ကျနော် တို့ သမိုင်းပါ။
အဲဒီလို အချိန်တွေ သမိုင်းတွေ အခိုင်အမာ ရှိခဲ့တာ ကို မပျက်စေချင်ပါဘူး၊ ကျနော် တို့ခေါင်းဆောင်တွေကို သူတို့ တိုက်ခိုက်နေတဲ့ အချိန်မှာ ကျနော်တို့ က သွေးစည်းစည်း နဲ့ အချင်းချင်း ကျောချင်းကပ်ပြီး ရန်သူ ရေးချင်တဲ့ သမိုင်းမှားကို ကျနော်တို့ သမိုင်းမှာ ၀ိုင်းကူမရေးမိအောင် စည်းလုံးစေချင်ပါတယ်။ စစ်အုပ်စုရဲ့နောက်လိုက်တွေ က ဒီလူ ၁၀၀ကျော်သေတာ ကို သတိပေးနေရင် သူတို့ သတ်ခဲ့တဲ့ လူသိန်းကျော်ကို လည်း ကျနော်တို့ မေ့လို့မဖြစ်ပါဘူး။ အချိန်တန်ရင် အားလုံး အဖြေပေါ်တရားခံထွက်မှာပါ။ ဒီကာလ လေးမှာ ညီညီညွတ်ညွတ် နဲ့
ABSDF ကျောင်းသား တပ်မတော်ရဲ့ သမိုင်းကို အကောင်းဆုံးဖြစ်အောင် ရေးကြပါစို့။
မူရင်းလင့်ခ်ကတော့ http://www.facebook.com/hla.thein.12 ပါ...။
ReplyDelete