Monday, July 30, 2012

ပြည်ထောင်စုနေ့(၁၅)ယောက်သတ်ဖြတ်မှုကိုတရားဝင်အောင်ကြိုးပမ်းမှုတစိတ်တပိုင်း

Photo: ပြည်ထောင်စုနေ.(၁၅)ယောက်သတ်ဖြတ်မှုကိုတရားဝင်အောင်ကြိုးပမ်းမှုတစိတ်တပိုင်း ABSDF    စစ်ရုံးချုပ်မှာ ဖမ်းဆီးထားတဲ့သူလျှို့တရားခံတွေထဲကသီမ်းဆည်းရရှိထားသောသက်သေခံပစ္စည်းများ ပြပွဲတခုကိုလုပ်ပြခဲ့ပါတယ်။မြောက်ပိုင်းကျောင်းသားတပ်ဖွဲ.ဝင်ဘယ်သူကမှစိတ်မဝင်စားပေမဲ့ တောင်ပိုင်းကလာတဲ့ ဒေါက်တာနိုင်အောင်တို.အဖွဲ.ကတော့တော်တော်လေးကိုစိတ်ဝင်စားပြီး အဖမ်းခံရတဲ့သူတွေကိုစိတ်နာပြီးနောက်ပိုင်း ရာဇဝတ်မှုတွေမှာပါဝင်ပက်သက်တော့တာပါပဲ။ပြပွဲီမှာပြထားတဲ့အထဲက ဆက်သွယ်ရေးစက်တွေဆိုတာက ရိက္ခာဌာနက ရဲဘော်အောင်မျိုးလွင် အိပ်ရာဘေးကနေသွားသိမ်းထားတာတွေပါ။ဒါပေမဲ့အောင်မျိုးလွင်ကိုတော့မဖမ်းပါဘူး။အောင်မျိုးလွင်ရဲ.ဆရာရင်းဖြစ်တဲ့ ကျားလေး(ခ)အောင်စိုး ကမော်ဟန်သားဖြစ်ပြီးသံချောင်းရဲ.တပည့်ရင်းဖြစ်နေလို.ပါ။အဲဒီစက်တွေကကျောင်းသားတပ်အတွင်းသုံးခဲ့တဲ့ ICON စကားပြောစက်အပျက်တွေပါ။အောင်မျိုးလွင်က သံချောင်းတဲ ကနေတောင်းယူလာပြီးသူ.ရိက္ခာတဲထဲမှာ ခဲဂွေနဲ.ဂဟေဆော်တဲ့ဂေါက်နဲ.ထင်းရူးဆီ နဲ.ဟိုဖြုတ်ဒီတပ်လုပ်ပြီး ဆော့နေတဲ့စက်အပျက်တွေပါ။နောက်ထပ်စက်တလုံးက ဝဏ္ဏဇော် တို.သုံးနေတဲ့ FM RADIO  ဖမ်းလို.ရတဲ့ကက်ဆက်ပါ။အောင်မျိုးလွင်နေတဲ့တဲက စက်အပျက်တွေကို သန်းဇော်နဲ.ဇော်ဇော်မင်း တို.ကသီမ်းသွားပြီးပြပွဲတင်ပြသလိုက်တာပါ။နောက်တခါ ဓါတ်ခဲကိုခွဲပြီးတော့အတွင်းကထွက်လာတဲ့ ကာဗွန်မှုန်.အမဲတွေ၊ဦးစိန်က လေနာရင်သောက်ရအောင်ဆောင်ထားတဲ့ ဆိုဒါမှုန်. တွေကိုဖမ်းဆီးရမိတဲ့ အဆိပ် များဆိုပြီးပြထားတာပါ။အဲဒီပစ္စည်းတွေထဲက ဝဏ္ဏဇော်ရဲ. ကက်ဆက်ကလွဲရင် ကျန်ပစ္စည်းတွေဟာ အဲဒီပြပွဲဖြစ်မြောက်ရေးကော်မတီဝင်တွေကစီစဉ်ထားတဲ့ပစ္စည်းတွေပါ။ဘယ်တရားခံဆိုသူတွေကမှထုတ်ပေးထားတဲ့ပစ္စည်းတွေမဟုတ်ပါဘူး။အဲဒီပွဲဟာ လီမ်ပွဲကြီးဆိုတာကိုကျောင်းသားတပ်မှာအဖမ်းမခံရပဲ ကျန်နေတဲ့သူတွေအားလုံးသိကြပါတယ်။ဘယ်သူကမှဘာမှမပြောကြပါဘူး။နိုင်အောင်တို.အဖွဲ.က အားသိပ်ကြီးနေလို.လားတော့မသိပါဘူး။သေချာတာကတော့ အဖမ်းမခံခဲ့ရသူတွေဟာ ဒီရာဇဝတ်မှုကိုကျုးလွန်ခဲ့တဲ့အစီအမံတွေ၊လုပ်ရပ်တွေကို ရေငုံနှုတ်ပိတ်နေခဲ့ကြပြီးပူးပေါင်းပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။အဲဒီချိန်ကကြောက်လို.မပြောခဲ့တာပါဆိုရင်တောင် ခု နှစ် ၂၀ ကျော်တဲ့အထိ ဘာလို.ရေငုံနှုတ်ပိတ်နေ နေကြတာတုန်းဆိုတာကိုတော့ကာယကံရှင်တွေဖြေရှင်းပေးကြပါအုံးဆိုတာပြောချင်ပါတယ်။                                                                                         ဆမားညီညီ (OSC)                                                                           ၃၀-ရ-၂၀၁၂
20 · ·
    • Kayin Lay ကျားလေး(ခ)အောင်စိုး ကနမ္မားသားဖြစ်ပြီးသံချောင်းရဲ.တပည့်ရင်းဖြစ်နေလို.ပါ(ကျားလေးကနမ္မားသားမဟုတ်ပါဘူးခင်ဗျာ...)
      14 hours ago · · 1
    • Min Yekyaw Swa ဘယ်ကငပေါတွေလဲ
      13 hours ago ·
    • Baydar Lam ဟုတ်ပါတယ် မှားရေးမိတာပါ။အောင်မျိုးလွင်ခေါ် ဒဝိ၊အိုက်လျှံ၊ကျားလေးနဲ့သံချောင်းတို့က မော်ဟန်သားတွေပါ။ကျေးဇူးပါ။ပြင်လိုက်ပါ့မယ်။
      13 hours ago ·
    • Saw Kyiphyu သြော်....ကိုယ့်အမျိုးကိုယ်ပြန်သတ်..ကြတာပေါ့နော်.
      12 hours ago ·
    • Saw Kyiphyu သြော်....ကိုယ့်အမျိုးကိုယ်ပြန်သတ်..ကြတာပေါ့နော်
      12 hours ago ·
    • Saw Kyiphyu ခေတ်သစ်ဟသ်ာကိုးသောင်း......စာအုပ်ဖတ်ကြည့်ပါ..
      12 hours ago ·
    • Kyawnaing Oo ဘယ် အချိန် ဘယ် မှာ လုပ် ဒါ လဲ
      8 hours ago ·
    • Kayin Lay I also dont know when and who conducted it show.
      8 hours ago ·
    • Ko Naing တော်လှန်ရေးအမည်ခံ ထိုင်နေတဲ.၀ါးထိုင်ခုံ အတွက် ဘ၀တူ ကျောင်းသားခြင်း ပြန်သတ်ရဲသော အာဏာရူးများ သမိုင်းသေသွားပါပြိ သန်းေ၇ွှ ခင်ညွန်. တို.စိတ်ဓါတ်မျိုးနဲ.ွှာဏာရူးတစု ပုံ
      6 hours ago · · 1
    • Sein Sein Thu ဦးစိန်ကလေနာယင်သောက်ရအောင်ဆောင်ထားတဲ.ဆိုဒါမှုန်.တွေ ကို ဖမ်းဆီးရမိတဲ. အဆိပ်များ
      6 hours ago · · 2
    • Ye Win Khing အကိုမထူးဘူးဗျာ သွားတိုက်ရအောင်ဒီ ပင်.ကူတွေကို
      3 hours ago ·

No comments:

Post a Comment