February 14
ဖြောင့်ချက် လိုချင်တယ် ။
ဟေ့လူ …
ကျုပ်က ရှေ့မတိုးရဲတာလား
ခင်ဗျားက အတိုးမခံဝံ့လို့
ဟေ့လူ …
ကျုပ်က ရှေ့မတိုးရဲတာလား
ခင်ဗျားက အတိုးမခံဝံ့လို့
ခြေချုပ်ထားတာလား..။
ဟေ့လူ ….
ကျုပ်က လက်သီးလက်မောင်း မတန်းတာလား
ခင်ဗျားက မတန်းဝံ့လို့
လက်ထိပ်ခပ်ထားတာလား…။
ဟေ့လူ …
ကျုပ်က ခေါင်းငုံ ပေးလိုက်တာလား
ခင်ဗျားက ခေါင်းကို နင်းထားတာလား..။
ဟေ့လူ …
သမိုင်းကို ညာချင်ရင်
ခင်ဗျားကို ခင်ဗျား မသိမှ ဖြစ်မယ်..။
ဟေ့လူ …
လက်တွေ
ခြေတွေ ကြိုက်တာချုပ်
ဇီဝိန်ကိုတောင်
ခင်ဗျား ထုတ်ပစ်လိုက်…
ဒါပေမယ့်
ဓမ္မစစ်ကျောင်းသားရဲ့ စိတ်ဓါတ်ကိုတော့
ခင်ဗျားမှာ အနုမြူဗုံးပိုင်နေရင်တောင်
ချေဖျက်လို့ မရဘူး …။
သမိုင်းဆိုတာ
အာဏာလို လုယူလို့ မရဘူးလေ…။
၁၂-၂-၁၂ အနှစ်(၂၀)ပြည့် အမှတ်တရ
ကိုဝိုင်ဝိုင်ကေ
ရဲရင့်ကျော်
ဗကသများအဖွဲ့ချုပ်
(အထက်ဗမာပြည်)
ဟေ့လူ ….
ကျုပ်က လက်သီးလက်မောင်း မတန်းတာလား
ခင်ဗျားက မတန်းဝံ့လို့
လက်ထိပ်ခပ်ထားတာလား…။
ဟေ့လူ …
ကျုပ်က ခေါင်းငုံ ပေးလိုက်တာလား
ခင်ဗျားက ခေါင်းကို နင်းထားတာလား..။
ဟေ့လူ …
သမိုင်းကို ညာချင်ရင်
ခင်ဗျားကို ခင်ဗျား မသိမှ ဖြစ်မယ်..။
ဟေ့လူ …
လက်တွေ
ခြေတွေ ကြိုက်တာချုပ်
ဇီဝိန်ကိုတောင်
ခင်ဗျား ထုတ်ပစ်လိုက်…
ဒါပေမယ့်
ဓမ္မစစ်ကျောင်းသားရဲ့ စိတ်ဓါတ်ကိုတော့
ခင်ဗျားမှာ အနုမြူဗုံးပိုင်နေရင်တောင်
ချေဖျက်လို့ မရဘူး …။
သမိုင်းဆိုတာ
အာဏာလို လုယူလို့ မရဘူးလေ…။
၁၂-၂-၁၂ အနှစ်(၂၀)ပြည့် အမှတ်တရ
ကိုဝိုင်ဝိုင်ကေ
ရဲရင့်ကျော်
ဗကသများအဖွဲ့ချုပ်
(အထက်ဗမာပြည်)
— with Khin Tin, Hlaing Bwa, Kyaw Gyi AB and 22 others.
· · Share

- 17 shares
Khin Tin ဟေ့လူ …
သမိုင်းကို ညာချင်ရင်
ခင်ဗျားကို ခင်ဗျား မသိမှ ဖြစ်မယ်..။ သဘောကျတယ် သားရေ...
Flygon Thapyay ယုဇနပင်နဲ့ ဖဲကြိုးဝါ ......အိမ်ပြန်လာ တပေါင်းနဲ့ ချစ်စရာနွေ ...အေဘီအလံတော်အောက်က ဂစ်တာ တစ်လက်နဲ့ နောက်ဆုံး ဆိုသွားတဲ့သီချင်းကို အခုလိုနွေရာသီမှာ......အတော်လေးကို လွမ်းတယ်ဗျို့ ....
Lionman Man ကောင်းလိုက်တာဗျာ အားအင်အပြည့်နဲ့ကဗျာတစ်ပုဒ်ပဲ ကျွန်တော်လဲအကိုတို့ ခေတ်တုန်းက အရွယ်ရောက်ခဲ့ရင်သိပ်ကောင်း မယ်ဗျာ ဂုဏ်ယူတယ် အမှန်းတရားလည်း အမြန်ဆုံးပွင့်ထွန်းလာပါစေ ဆုတောင်းပါတယ်

No comments:
Post a Comment