Monday, July 16, 2012

သမ္မတကြီးဦးသိန်းစိန်ထံသို.အိတ်ဖွင့်ပေးစာ

Baydar Lam
May 26

ကျောင်းသားရဘော်ဟောင်းများအဖွဲ.မှနိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်ထံသို.အိတ်ဖွင့်ပေးစာ ဥက္ကဌ
ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ..(နေပြည်တော်)


အကြောင်းအရာ။ ။မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများတပ်ဦး (ABSDF) မြောက်ပိုင်းမှ စစ်ရေးတာဝန်ခံ

သံချောင်း(ခ)မြင့်စိုး၏ကိစ္စရပ်

လေးစားအပ်ပါသောပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဥက္ကဌ
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ခင်ဗျား ကျွန်နော်တို.ကျောင်းသားရဲဘော်ဟောင်းများအဖွဲ.မှလေးစားစွာအစီရင်ခံတင်ပြအပ်ပါသည်။

၁။အနာဂတ်မြန်မာနိုင်ငံတော်ကြီးတွင်အောက်ခြေပြည်သူများအဆင့်ထိဒီမိုကရေစီစံများနှင့်လူ.အခွင့်အရေးစံမျာပြန်.နှံရန်နှင့်အဆင့်လိုက်ပညာရေးဆိုင်ရာကိစ္စရပ်များကို NGO အဖွဲ.ပုံသဏ္ဌန်
နှင့်လုပ်ဆောင်ရန်အတွက်ရည်ရွယ်ပြီးမန္တလေးမြို.တွင် ABSDF(NB) နှင့်အခြားအဖွဲ.အသီးသီးမှအလင်းဝင်ရောက်လာ
သောကျောင်းသားများနှင့်မန္တလေးဒေသခံကျောင်းသားအချို.ပူးပေါင်း၍ကျောင်းသားရဲဘော်
ဟောင်းများအမည်ဖြင့်အဖွဲ. ဖွဲ.စည်းရန်ကျွန်တော်တို.ပြင်ဆင်နေကြပါသည်။

၂။အဖွဲ.တွင် ABSDF မြောက်ပိုင်းပြန်ကျောင်းသားဟောင်းများပါဝင်နေသည့်အားလျှော်စွာ ABSDF မြောက်ပိုင်းလူသတ်ပွဲအတွင်းသေဆုံးခဲ့ရသူတို.၏မိဘဆွေမျိုးများနှင့်အဆက်အသွယ်
မပြတ်တောက်ဘဲ မြောက်ပိုင်းဖမ်းဆီးနှိပ်စက်မှု.များတွင်ကိုယ်တိုင်ကိုယ်ကျခံစားခဲ့ရသူများလည်းပါဝင်ပါသည်။

၃။၎င်းဖမ်းဆီးသတ်ဖြတ်မှုအတွင်းအသတ်ဖြတ်ခံရသူ ၄၀ ကျော်နှင့် ဖမ်းဆီးပြီးလူမဆန်စွာညှင်းပန်းနှိပ်စက်ခံရသူ ၁၀၀ ကျော် တို.ရှိရာ မန္တလေးမှ ကိုထွန်းအောင်ကျော်၊ကိုချိုကြီး တို.အပါအဝင် ၁၅ ဦးကို ၁၉၉၂ ဖေဖော်ဝါရီ ၁၂ ရက်နေ. ပြည်ထောင်စုနေ.တွင် အစုလိုက်အပြုံလိုက် တပြိုင်နက်သတ်ဖြတ်ခြင်းခံခဲ့ရပါသည်။

၎။၎င်းဖမ်းဆီးသတ်ဖြတ်ခဲ့မှုများကိုဦးဆောင်ကျုးလွန်ခဲ့သူများအတွင်းမှတဦးမှာ ယ္ခုသာယာဝတီအကျဉ်းထောင်တွင်သေဒဏ်ကျခံနေရာမှ လွတ်ငြီမ်းချမ်းသာခွင့်အမိန်.အရ တသက်တကျွန်းပြစ်ဒဏ်ပြောင်းလဲကျခံနေရသောထိုစဉ်က် ABSDF မြောက်ပိုင်း၏စစ်ရေးတာဝန်ခံ သံချောင်း (ခေါ်)မြင့်စိုး နမ္မား ဖြစ်ပါသည်။

၅။သံချောင်းသည်လူအစုလိုက်အပြုံလိုက်သတ်ဖြတ်သောရာဇဝတ်မှုများကိုကျုးလွန်ပြီးနောက် ဦးရွတ်စစ် ခေါင်းဆောင်သော (RCSS-SSA) အဖွဲ.သို.နောက်လိုက်နောက်ပါများနှင့်တကွ ရာဇဝတ်မှုများမှအကာအကွယ်ရရှိရန်ဝင်ရောက်ခိုလှုံခဲ့ပါသည်။ SSA အဖွဲ.တွင်မူ သူ၏မူရင်းနာမည်ကိုဖျောက်ပြီး စပ်ခွန်ကျော် ဟူသောနာမည်ဖြင့်ဝင်ရောက်ခဲ့ခြင်းဖြစ်ပါသည်။

၆။ယ္ခုအခါ SSA နှင့်ငြီမ်းချမ်းရေးလက်မှတ်ထိုးပြီးချိန်တွင် SSA လူကြီးများက သံချောင်း(ခ)မြင့်စိုး၏သမိုင်းကြောင်းအမှန်ကိုမသိဘဲအကျဉ်းထောင်မှလွတ်ပေးရန်တောင်းဆိုမှုများရှိလာနိုင်သည်။

ရ။ထိုကဲ့သို. သံချောင်း(ခ)မြင့်စိုးအားရာဇဝတ်သားမှန်းမသိပါဘဲနှင့်လွတ်ငြီမ်းချမ်းသာခွင့်တောင်းဆိုမှုများကြောင့်နိင်ငံတော်မှလွတ်
ငြီမ်းချမ်သာခွင့်ပေးခဲ့မည်ဆိုလျှင်သေကြေခဲ့ရသူမိသားစုဝင်များ၊ကိုယ်တိုင်ကိုယ်ကျညှင်းပမ်းနှိပ်စက်ခံခဲ့ရသူများ
၎င်းနောက်တရားမျှတမှုကိုလိုလား၍ဤသူများအပေါ်ဂရုဏာသက်နေသောရဟန်းရှင်လူပြည်သူတရပ်လုံး၏စိတ်အတွင်း
ယူကြုံးမရဖြစ်ပြီးကြေကွဲခံစားရမည်မှာအမှန်ပင်ဖြစ်ပါသည်။

၈။၎င်းအပြင် ၂၁ ရာစု ဆန်းစတွင်မြန်မာပြည်တွင်းမှကျောင်းသားထုအတွင်းအချင်းချင်းသွေးကွဲကာသတ်ဖြတ်ခဲ့မှုကြီးကို
အနောက်နိုင်ငံအစိုးရများ၊ကမ္ဘာ.မီဒီယာများမှလည်းစိတ်ဝင်တစားရှိနေကြရာ သံချောင်း(ခ)မြင့်စိုးကို လွတ်ငြီမ်းချမ်းသာခွင့်ပေးလိုက်ပါလျှင်မြန်မာနိုင်ငံ၏တရားဥပဒေစိုးမိုးရေးနှင့်အတူနိုင်ငံတော်၏ပုံရိပ်၊ငြီမ်းချမ်းရေးရယူထားသော SSA အဖွဲ.၏ပုံရိပ်များကိုလည်းထိခိုက်စေနိုင်ပါသည်။

၉။၎င်းအပြင်ကျွန်တော်တို.အဖွဲ.သည်၎င်းရာဇဝတ်မှု.များကိုတရားစွဲဆိုနိုင်ရန်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်၍၎င်း၊နိုင်ငံတ
ကာရောက်အမှန်တရားလိုလားသောမြန်မာလူငယ်များကလည်း ICC နိုင်ငံတကာရာဇဝတ်မှုခုံရုံးတွင်တရားစွဲဆိုနိုင်ရန်ပြင်ဆင်လုပ်ဆောင်နေပြီဖြစ်၍၎င်း ထင်ရှားသောရာဇဝတ်သားခေါင်းဆောင်တဦးကိုလွတ်ငြီမ်းချမ်းသာခွင့်ပေးရန်မှာမသင့်လျှော်ဟု ကျွန်တော်တို.ကျောင်းသားရဲဘော်ဟောင်းများအဖွဲ.မှအလေးအနက်ယုံကြည်ပါသည်။

၁၀။တရားစွဲဆိုရာတွင်အသတ်ခံခဲ့ရသူများ၏မိသားစုများနှင့်ကိုယ်တိုင်ကိုယ်ကျအနှိပ်စက်ခံခဲ့ရသောကာယကရှင်များမှ
လုပ်ဆောင်နေသည်ကိုကျောင်းသားရဲဘော်ဟောင်းများမှကူညီဆောင်ရွက်ပေးပြီးအဖြစ်မှန်ဖော်ထုတ်ရေးအတွက်အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ပါသည်။ံ သို.ဖြစ်ပါ၍ သံချောင်း(ခ)မြင့်စိုး နှင့်တကွ ၎င်းရာဇဝတ်မှုကြီးတွင်ပါဝင်ပက်သက်ကျုးလွန်ခဲ့ကြသူများကိုရဟန်းရှင်လူပြည်သူအားလုံး၏ဆန္ဒနှင့်အညီ၎င်းတို.ကျုးလွန်ခဲ့သောရာဇဝတ်မှုများအတွက် မြန်မာနိုင်ငံအတွင်းတွင်ဥပဒေကြောင်းအရတရားစွဲဆိုနိုင်ရေးအတွက်နိုင်ငံတော်သမ္မတကြီးအနေနှင့်ကူညီဆောင်ရွက်မှု
များပြုလုပ်ပေးပါရန်အလေးအနက်တောင်းခံတင်ပြအပ်ပါသည်။

ညီညီ (၉/မရမ (နိုင်) ၀၂၆၆၉၇ )
ပြင်ပဆက်ဆံရေးတာဝန်ခံ
ကျောင်းသားရဲဘော်ဟောင်းများအဖွဲ.
မန္တလေး
ဖုံး--၀၉-၇၃၅၀၅၉၉၄


သမ္မတဦးသိန်းစိန်

No comments:

Post a Comment