Sunday, July 15, 2012

ကိုဇာဂနာ ကျနော် မြောက်ပိုင်းလူသတ်ကွင်းအကြောင်း စဉ်းစားနေပါပြီ...

ကိုဇာဂနာက ကျနော့တို့ကို စဉ်းစားခိုင်းနေပါပြီ... ဘာပဲဖြစ်ဖြစ် ကိုဇာဂနာကို အပြစ်မမြင်ချင်ပါဘူး... သို့ပေမဲ့ "နှုတ်တစ်ရာ စာတစ်လုံး" ခောတ်က ကုန်သွားပြီ... အခုလို သတင်း၊ ဆက်သွယ်ရေးနဲ့ နည်းပညာခောတ်မှာ နှုတ်ကော စာကောက အားကောင်းမောင်းသန် ပေါက်ကွဲ နေကြပါတယ်... ဘယ်လို အကြောင်းအရာကိုပဲ သိချင်၊ကြားချင်၊ဖတ်ချင်၊မြင်ချင်ရင် အင်မတန်မှ လွယ်ကူတဲ့ ခောတ်ပါ... ကိုဇာဂနာ ပြောသွားတဲ့ ပုရွက်ဆိပ် ကလေးတွေ ဥပမာကိုတော့ ကြိုက်ပါသဗျာ... ပုရွက်ဆိပ်မှ မဟုတ်တာ (ရက်ရက်စက်စက် အလုပ်ခံရတဲ့ လူတွေလေဗျာ)... အဲ့ဒီထဲကမှ မသေတဲ့ လူတွေက ရွှေပြည်ကြီးကို ပြန်ရောက်ပြီး ထောင်နောက်တခါ ထပ်ကျပါသေးတယ် (စပိုင်တွေရဲ့ ထပ်ဆင့်အကယ်ဒမီတွေပေါ့)... မေ့ပစ်ရမတဲ့လား လူကိုလဲသတ်တယ် စိတ်ဓါတ်ကိုလဲ သတ်တယ် ဘဝကိုလဲ သတ်တယ်... မေ့ပစ်သင့်ပါသလား... ကိုဇာဂနာ ပြောတာက ဒီကေ့စ်က ဟုတ်ချင်လဲ ဟုတ်မယ် ဟုတ်ချင်မှလဲ ဟုတ်မယ်တဲ့... မကြားဖူး မမြင်ဖူးတိုင်း ဒီခေါင်း(ဦးနှောက်)နဲ့ ဆုံးဖြတ်ပြီလား... ဥပမာဗျာ... ကိုဇာဂနာ့ သားလေး မတော်တဆ ကားတိုက်ခံရပြီး သေသွားတယ် ဆိုပါစို့... တိုက်တဲ့သူက မောင်းပြေးသွားတယ်ဗျာ... ပြီးတော့ မိတယ်ဆိုပါတော့... အဲ့မှာ ကိုဇာဂနာ ဒါမျိုး ဥပမာ ဥပမေယလေးတွေနဲ့များ ပြောပြီး မေ့ပြစ်နိုင်ပါ့မလား... မတော်တဆလို့ ကျနော့် ထည့်ရေးထားပါတယ်... လူသတ်မှု့မဟုတ်သေးပါ... လူသေမှု့ပေါ့ဗျာ အဲ့လိုဆိုရင် အကိုက သေတဲ့လူလဲ သေပြီ... ဒီ(မတော်တဆ)တိုက်မိသူကို ညီလေးရေ... မင်းကိုခွင့်လွှတ်ပါတယ်၊ သင်္ခါရသဘောနဲ့ မေ့ပစ်ပြီလို့ ပြောထွက်ပါ့မလား... ကွင်းလုံးကျွတ်လွတ်အောင် တရားရုံးမှာ ထွက်ပေးတာတို့၊ လျော်ကြေးမတောင်းတော့တာတို့ အကိုလုပ်ပေးမလားဗျာ... ဥပဒေကကော နေမလားဗျာ... တခါတလေ ပေါ့ပေါ့ပါးပါး ခံစားချက်ကို ဖောက်ထုတ်လိုက်တာ အခြားတပါးသူ ထိခိုက်နာကျင် မသွားစေနိုင်ဘူးလား... ဒီကြားထဲမှာ ဒီကေ့စ်လေးများ လာပြောနေသေးတယ် ဟိုးးး ဒီပဲယင်းတို့ ၈၈တို့ ရွှေဝါရောင်တော်လှန်ရေးကို ဘာလို့မပြောကြတာဒုံးးး ဆိုတဲ့လူကလဲ ရှိပါသေးတယ်... ဒီကေ့စ်တွေက နဲနဲကျယ်ပြောသွားပြီ လို့ကျနော်ကတော့ ထင်ပါတယ်... အဲ့လောက်ကြီးကြီးမားမား မပြောနဲ့ ဟိုတလောလေးက ပဲခူးဇိုင်းဂနိုင်းမှာ လူငယ်တွေချင်း မူးပြီး ထိုးကြိတ်ကြရာကနေ သေနတ်နဲ့ ပစ်ခတ်မှု့ကြီး မြို့ပေါ်မှာ ဖြစ်တာတောင် ဘယ်လိုပြီးဆုံးပါသလဲ... ကိုဇာဂနာကော အဲ့ဒီကေ့စ်ကို ဘယ်လိုထင်မြင်ယူဆမိတုန်း ဒါလဲလူသတ်မှု့ပါပဲ... အဲ့တုန်းက ကျနော်ထောင်ထဲမှာလေ လို့ ဖြေစရာရှိပါတယ်... ဒါလဲကျနော်တို့ မေ့ပေးရမှာပဲလား... ကျနော်မှမသိတာလို့ ဖြေမှာပဲလို့ ထင်ပါတယ်... ရွှေပြည်ကြီးက ထောင်တွေက ပါဂျောင်ထောင်လောက် အဆင့်မမြင့်ပါဘူး... နိုင်/ကျဉ်းတွေကို ရဲဘက်ဆန်ဆန် မခိုင်းပါဘူး... ညဘက်ညဘက် ခေါ်ထုတ်ပြီး မရိုက်ပါဘူး...

""(မျိုးဝင်းကသူ့ ဒေါသတွေကို ထုတ်ပြပါတော့တယ်။

မင်းလက်ရှေ့ ထုတ်လိုက်စမ်း။

မင်းလက်ရှေ့ ထုတ်လိုက်စမ်း။

ချိုကြီးကဒီအမိန့် ကိုဂရုမစိုက်ဘူး။ အစောင့်တွေရိုက်နှက်ထားတာ လည်း မွနေပြီ။

ငါအမိန့် ပေးနေတယ်။ ခု မင်းလက်ရှေ့ ဆန့် လိုက်စမ်း။

ချိုကြီး သူ့ ဘယ်ဖက်လက်ရှေ့ ဆန့် ထုတ်လိုက်တော့  မျိုးဝင်းက သူ့ ဓားနဲ့  လက်ကောက်ဝတ်က ခုတ်ဖြတ် လိုက်ပါတယ်။ ပြီးတော့ လက်ပြတ်ကို ဓားဦးနဲ့ ထိုးပြီး မြှောက်လိုက်တယ်။

ထွန်းအောင်ကျော် ကိုက်ထားစမ်း။ အဲဒီသွေးတွေမျိုချ။ အေး။ ငါ -ိုး။ ထွေးမထုတ် နဲ့ ။ ထွေးထုတ်ပစ်တာနဲ့  မင်းဇက်အပြတ်ပဲ။ ကဲ။အကုန် ထောင်ထဲပြန်ပို့ လိုက်။ ချိုကြီးကိုဆေးခန်းပို့ လိုက်။

ငါသူ့ ကို သွေး လွန်ပြီးမသေစေချင်သေးဘူး။ အကုန်လုံးကို ခေါင်းဖြတ်သတ်ပစ်ဖို့ ဆန္ဒရှိတယ်။)

အဲ့သလိုမျိုး ရွှေပြည်ကြီးက ဘယ်ထောင်မှာ ဖြစ်ဖူးသလဲ??? အဲ့လိုမျိုးဆင်ဆင်တူ အဖြစ်တွေ ရှိပါသလား... မနေ့က ကျနော်တို့ ခေါင်းဆောင်တွေထဲက ကိုကိုကြီး သရက်မြို့သွား ခရီးစဉ်မှာ လွမ်းလို့ လာတာပါ ဆိုပြီး ငိုပါတယ်... သူ့မျက်လုံးထဲမှာ ဝေဒနာတွေ၊ ခံစားချက်တွေ တွေ့ရပါတယ်ဗျာ... စိတ်မကောင်းဖြစ်စရာပါ... ပုံပြင်မဟုတ်တဲ့ ဇာတ်တော်တွေထဲမှာ မဟော်သဓာ သတို့သား ဖွားဖက်တော် တစ်ထောင်နဲ့ ငယ်နုစဉ်က တခုသော ကွင်းပြင်မှာ ဆော့ကစားသတဲ့ အဲ့အချိန် စွန်တစ်ကောင်က အသားတစ်(အသားတစ်တုံး)ကို ကိုက်ချီလာသတဲ့ ကလေးတို့ သဘာဝ အသားတုံး အောက်ပြုတ် ကျလာအောင် ပြေးလွှား ခြောက်လှန့် အော်ဟစ်ပြီး စွန်နောက်ကို လိုက်ကြသတဲ့... ပြုတ်မကျဘူးပေါ့ဗျာ... ဒါကို ဘုရားလောင်းသတို့သားက မြင်တော့ ဖွားဖက်တော်တွေ လုပ်လို့ မရတာကို သူဖြစ်အောင် လုပ်ပြသွားတာက လေလိုလျင်မြန်ခြင်းနဲ့ စွန်ရဲ့ နောက်ကို ပြေးပြီးလိုက်သတဲ့ ပြီးတော့ စွန်ရဲ့ အရိပ်ကို ဖနောက်နဲ့ ပေါက်ချလိုက်တာ စွန်ကိုက်ချီထားတဲ့ အသားတစ် ကျလာသတဲ့... ယုံပါသလား... မကြားဖူး မမြင်ဖူးတိုင်း မဖြစ်နိုင်ဘူး မယုံနိုင်စရာပဲလို့ ဆိုကြမလား... ဘုရားလောင်း မပြောနဲ့ ဘုရင်(နိုင်ငံကိုအုပ်ချူပ်ခွင့်ရသူ)တောင် ပါဝါတခုခုရှိပါတယ်... ဒါကိုလက်ခံရပါမယ်... မမြင်ဖူး မကြားဖူးတိုင်းသာ ပေါက်လွှတ်ပဲစား ပြောကြကြေးဆို ကုန်နိုင်ဖွယ်မရှိပေါ့... မယုံကြည်ရင်နေပါ မပုတ်ခတ်တာ ကောင်းပါတယ်... ကိုဇာဂနာဆိုရင် ပုံရိပ်တခု အခိုင်အမာ ရှိပြီးသားပါ... လမ်းဘေးသေးကော့ပန်းလို့ မဖြစ်တာလဲ သိသင့်ပါသေးတယ်... ကျနော့်လို အညတရကောင် အတွက် ဘာမှ မဆန်းပေမဲ့ ဟိုမှာလေ ဇာဂနာ လမ်းဘေးသေးပန်းနေလေရဲ့ ဆိုတာမျိုး နှောင်းလူတို့ အထင်ရောက်သွားရင် ကိုယ်ပေးဆပ်လာသမျှ အဟောသိကံ ဖြစ်သွားတတ်ပါတယ်... ဒါလဲ တခါတရံ ဖြစ်တတ်တဲ့ လူ့သဘာဝမို့ မဆန်းပြားပါဘူး... ကိုယ့်ရဲ့ ရန်သူစစ်စစ်က ကျောချင်းကပ်ထားတယ် သေနတ်ကိုယ့်ဘက် လှည့်ထားတယ်... ညီညွတ်နေကြတယ်... တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း မှန်မှန်ကြီး ချီတက်နေတယ်... ထူးထူးကဲကဲ ဆိုလို့ ရဟတ်ယာဉ်ပေါ်မှာ ပစ်ကြ ခတ်ကြပြီး တိတ်တိတ်ကလေး ကြိတ်ရှင်းကြတာ တခါပဲ ဒီအနှစ်နှစ်ဆယ်ကျော်မှာ ဖြစ်ဖူးသေးတယ်... ကိုယ့်မှာသာ တော်လှန်ရေး ခြေကျိုးဖြစ်သွားရရှာတာ... ထော့နဲ့ထော့နဲ့ ဖြစ်ပြီး မသေရုံ အသက်ဆက်နေရတဲ့ အေဘီအက်စ်ဒီအက်ဖ်ကို မြင်ရတော့ တော်လှန်ရေးရဲ့ အစိတ်အပိုင်းတခုဖြစ်တဲ့ လက်နက်ကိုင်လမ်းစဉ်က အလကား ဖြစ်နေသလို အထင်ရောက်သွားမယ်... တော်လှန်ရေးတိုင်းမှာ ပြည်သူတွေရဲ့ သားသမီးဖြစ်တဲ့ ဒီကျောင်းသားတွေပဲ အစဉ်တစိုက် ဦးဆောင်လာတာ... နောက်မျိုးဆက်တွေမှာ နောင်တော်ကြီးတွေက ဒီလိုမျိုး အချင်းချင်း သတ်ပြီး နင်းတက်သွားတဲ့ တော်လှန်ရေးအမွေဆိုးကို မပေးချင်ဘူး... ပေးလဲမပေးချင်ကြပါနဲ့ မလုပ်ကောင်းပါဘူး ကိုယ်အသက်ရှင်ဖို့ သူများအသက် ချနင်းတာမျိုးကို ထောက်ခံအားပေးနေသူ အဖြစ် မည်သူ့ကိုမှလဲ မမြင်ချင်ပါ... အဲ့ဒါကြောင့် တခါတုန်းက ဘုရားရှင် လက်ထက်တော်က မလ္လတိုင်းမှာ သေနာပတိ ဗန္ဓုလ (စစ်သူကြီး မဟာဗန္ဓုလမဟုတ်)ရဲ့ ဇနီးက ဟိုဘက် တိုင်းပြည်ဖြစ်တဲ့ လိစ္ဆဝီ ပြည်က ဘုရင့်ဥယျဉ်တော်ထဲက မင်္ဂလာရေကန်မှာ ရေသောက် ရေချိုးချင်တဲ့ ချင်ခြင်းတက်ပါသတဲ့... အတားအဆီးတွေ ချိုးဖျက်ပြီး သူ့ဇနီး ကိုသောက်စေ ချိုးစေပါသတဲ့... စော်ကားခံရတယ်လို့ ထင်တဲ့ လိစ္ဆဝီက သူရဲကောင်း၅၀၀က စစ်မြင်းရထားတွေနဲ့ လိုက်သတ်မယ်ကြံတော့ သေနာပတိ ဗန္ဓုလ အကြောင်း ကောင်းကောင်းသိသူ သူငယ်ချင်း မဟာလိက လိစ္ဆဝီ သားတွေကို ပြောတာမှာ ဗန္ဓုလနောက် လိုက်ကြရင် သူ့ရဲ့ စစ်မြင်းရထား ပုံးတောင်းအချက်ထိ မြေကြီးထဲ မြုပ်ဝင်သွားရင် အဲ့နေရာက လှည့်ပြန်လာကြလို့ ဆိုပါသတဲ့... မလှည့်ပြန်ရင်ကော ဆိုတော့... မလှည့်ပြန်ပဲ ဆက်လိုက်ရင် ရှေ့တနေရာမှာ မိုးကြိုးသံလို အသံကြီးတသံ ကြားရလိမ့်မယ်... အဲ့ဒီနေရာက လှည့်ပြန်ကြလို့ ထပ်ဆိုသတဲ့... အဲ့နေရာကနေ မလှည့်ပြန်ရင်ကော ဆိုတော့... သင်တို့ရထားဦးမြှားကာမှာ အပေါက်ကလေးတွေ့ရင်လှည့်လာကြလို့မှာသတဲ့... အဲ့ဒါကို နားမထောင်ပဲ ဆက်လိုက်ကြတယ်ပေါ့ဗျာ... အဲ့လိုလိုက်လာကြတာ မြင်တော့ ဗန္ဓုလကလဲ သူ့ဇနီးကို မြင်းရထားပေါ်မှာ ရှင်မရေ နောက်ကို ကြည့်ထား ဒီမြင်းရထားတွေ တစီးတည်းလို မျိုးတန်းစီပြီး ညီညီညာညာ ဖြစ်သွားရင် ပြောလို့ဆိုသတဲ့ ဒီလိုနဲ့ ပြေးကြလိုက်ကြ ဆိုပါတော့ တနေရာမှာတော့ မြင်းရထား အားလုံးကို တစီးတည်းပဲလို မြင်ရသတဲ့ ဒါကိုမြင်တော့ ဇနီးက မြင်းရထားတွေတော့ တစီးတည်းလို မြင်ရပြီလို့ ပြောတဲ့အခါ ဒါဆို မြင်းဇက်ကို ကိုင်ထားပေတော့ ဆိုပြီး ဗိုလ်ခြေတစ်ထောင်လေးကြီးကို လေးညို့ကိုတင်သတဲ့ လေးညို့တင်လိုက်တဲ့ အားက စစ်မြင်းရထား ပုံးတောင်းအချက်အထိ နစ်မြုပ်သွားသတဲ့ ဒါပထမစကားတွေထဲက တခွန်းပေါ့ ဒါကိုမြင်ပေမဲ့ ဆက်လိုက်ကြသတဲ့... ဗန္ဓုလကလဲ လေးညို့ခတ်လိုက်သတဲ့... လေးညို့ခတ်သံက မိုးချူန်းသံလို ထစ်ချုန်းမြည်ပါသတဲ့.. ဒါဒုတိယစကားပေါ့... ပြီးတော့ ပစ်လွှတ်လိုက်ပါတယ်... အဟုန်ပြင်းပြင်းနဲ့ ပြေးသွားတဲ့မြှားက ရှေ့ဆုံးရထားရဲ့ မြှားကာကနေ ဖောက်ဝင်သွားလိုက်တာ ဟိုးနောက်ဆုံး ၅၀၀ မြောက်အထိ သိတောင်မသိလိုက်ပဲ ဖောက်ဝင်သွားသတဲ့... နောက်တနေရာမှာတော့ ဗန္ဓုလက မြင်းရထားရပ်ပြီး စောင့်နေပါသတဲ့... ဟေ့သေလူတွေ မင်းတို့နဲ့ စစ်မထိုးလို နောက်ဆုံးက အကောင်ကို ချပ်ဝပ်ဖြေကြည့်ကြလို့ ဆိုလိုက်သတဲ့... ဒါနဲ့ နောက်ဆုံးကကောင်ကို ချပ်ဝတ်ဖြေကြည့်တဲ့ အခါမှ သွေးထွက်နေတဲ့ ဒိုးယိုပေါက် အပေါက်နဲ့ လဲကျသေသွားသတဲ့... ဗန္ဓုလက ဟေ့လိစ္ဆဝီတို့ သင်တို့အားလုံး အဲ့လို ဒဏ်ရာရပြီး သေပြီးသူတွေ ဖြစ်နေပြီ... အကောင်းဆုံးကတော့ သင်တို့ အိမ်ကိုပြန် သားမယားကို မှာစရာရှိတာမှာကြ ပြီးမှ ချပ်ဝတ်တွေ ဖြေကြည့်ကြပေတော့...လို့ ဆိုသတဲ့... ဆိုလိုချင်တာက ပထမ ပုံးတောင်းအချက်ထိ မြေကြီးထဲ မြုပ်တုန်း နောက်ဆုတ်ကြပါ... ဒုတိယ မိုးချုန်းသံလို ကြားရင် အခြေအနေက သိပ်မသေချာတော့ဘူး... နောက်ဆုံး အပေါက်ကလေးတွေ့မှ ဆိုရင်တော့ အချိန်နှောင်းသွားပါလိမ့်မယ်... တော်တော်ကြာ ဇနီးသားမယား မှာစရာရှိတာ မမှာလိုက်ရ ဖြစ်နေပါဦးမယ်...

No comments:

Post a Comment