Sunday, July 15, 2012

ABSDF (စစ်ကိုင်း)မဖွဲ.စည်းနိုင်မှီ ချေမှုန်းခံခဲ့ရခြင်း Retold By ကိုမြင့်သိန်း (ကသာ)


မြောက်ပိုင်းမှာ မျိုးဝင်းနဲ.သံချောင်းတို.ရဲ.အပြုအမှုအပြောအဆိုတွေကိုလက်မခံနိုင်တဲ့စစ်ကိုင်းကကျောင်းသားတွေဟာအိန္ဒိယနယ်စပ်ဘက်မှာနောက်ထပ် ABSDF (စစ်ကိုင်း)ကိုဖွဲ.ဖို.ကြိုးစားခဲ့ကြပါတယ်။ကျောင်းသားတပ်လှုပ်ရှားနေတဲ့ဂွင်ထဲမှာနမ့်ချီးကျောက်စိမ်းမှော်ရှိပါတယ်။နမ့်ချီးမှော်နဲ.ဆက်စပ်ဒေသမှာ သံချောင်းဟာ သူ.သြဇာပိုင်တဲ့အဖွဲ.ကလွဲပြီးအခြားအဖွဲ.ရှိတာကိုမလိုလားပါဘူး။အဲဒီတော့ ABSDF (စစ်ကိုင်း)ပေါ်လာမှာကိုလက်မခံနိုင်ပါဘူး။

အခု ABSDF (စစ်ကိုင်း)ဖွဲ.ဖို. ၂ ကြီမ်တိုင်ကြိုးစားခဲ့ပေမဲ့ဘာကြောင့်မအောင်မြင်ခဲ့တဲ့အကြောင်းကိုပြန်ပြောပါ.မယ်။

ပထမအကြီမ်ကြိုးစားမှု

ဦးခင်မောင်ဝင်း(ကောလင်း)နဲ. ကိုဝင်းကိုတို.နှစ်ဦး ဦးဆောင်ပြီးတိုက်ခိုက်ရေးက ကောက်ကွေးရဲ.တပ်စိတ်တစိတ်နဲ.အတူ အပတ်စဉ် ၂ ငွေဓါးဆုရ ကိုသိန်းဌေး၊ကိုမြင့်သိန်း(ကသာ)၊ကိုဝင်းကိုဦး(ကောလင်း) တို.ခရီးထွက်ရာ မိုင်းတောင်ကတဆင့် နမ့်ချီးမှော် ကိုရောက်ခဲ့ပါတယ်။နမ့်ချီးမှော်မှာတိုက်ပွဲဖြစ်ခဲ့ပြီး သင်တန်းဆရာ ကိုဇော်ထွေးဦး(မိုးညင်းမြို.မှတရားသူကြီးတဦး၏သား)၊ကျော်ကျော်မင်း(မြစ်ကြီးနား) နဲ.အခြား ၂ ဦးတို.မော်ဟန်နတ်ကြီးစင် ရွာအနီးမှာရန်သူ.အဖမ်းခံရပြီး တန်းစီပြီးပစ်သတ်ခံခဲ့ရပါတယ်။အဲဒီကျောင်းသား ၄ ယောက်ကိုပြန်ကယ်တင်နိုင်ဖို.မဟာမိတ်တပ်က ဗိုလ်ကြီး ခါခါရောင် ဦးစီးပြီးကြိုးစားခဲ့ပေမဲ့မအောင်မြင်ခဲ့ပါဘူး။အသတ်ခံရတဲ့သတင်းကို သံချောင်းအကိုကသတင်းပို.လို.နောက်ရက်မှာကျောင်းသားတပ်ကရဲဘော်တွေသွားပြီး မြေမြှတ်သဂြိုလ်ခဲ့ရပါတယ်။လေးယောက်စလုံး လက်သီးဆုပ်၊အံ့ကြိတ်ပြီးသေနေကြတာဖြစ်ပြီးအလောင်းတွေကပုပ်ပွနေပါပြီ။အလောင်းမြှပ်တဲ့နေ.က ၁၉၈၉ ဂျွန်လ ၃ ရက်နေ.ကပါ။အဲဒီထဲကလွတ်လာတဲ့လူသစ်နှစ်ဦးဖြစ်တဲ့ တဦးက အရပ်ရှည်ရှည်၊အသားညိုမြန်မာနဲ.နောက်တယောက်ကရှမ်းနှင်.တူပြီးဓါးလွယ်အမြဲတန်းလွယ်လေ့ရှိတယ်၊သူတို.ဗဟိုကိုသတင်းမပို.နိုင်မှီလမ်းမှာတင် ဌက်ဖျားနဲ.ကွယ်လွန်ခဲ့ပါတယ်။ဦးခင်မောင်ဝင်းကလည်းအပြင်းဖျားနေလို.အကူလိုက်လာတဲ့ ကိုဝင်းကိုနဲ.အတူဟိုပင်မြို.မှာဆေးကုရင်းနေရာကမြို.ပေါ်ကသတင်းပေးတယောက်ရဲ.လက်ချက်နဲ.သူတို.နှစ်ယောက်နဲ.အတူဆေးကုပေးတဲ့ဆရာဝန်ပါအဖမ်းခံခဲ့ရပါတယ်။ဒါဟာပထမအကြီမ်ကြိုးပမ်းမှုဖြစ်ပြီးမအောင်မြင်ခဲ့ပါဘူး။

ဒုတိယအကြီမ်ကြိုးပမ်းမှု

ဒုတိယအကြီမ်ကရွေးကောက်ပွဲအပြီးကာလမှာပါ။အဲဒီအဖွဲ.ထိုးဖောက်တော့ ဦးကျော်ကျော်အုန်း၊ဦးစိုးလင်းနဲ.ကိုသိန်းသန်းတို. ၃ဦးခေါင်းဆောင်ခဲ့ပါတယ်။အရှေ.တောင်(ဗဟိုဒေသ)မှအနောက်တောင်အိန္ဒိယနယ်စပ်အထိကိုပထမအကြီမ်ခရီးစဉ်မှာပါခဲ့တဲ့ ကိုမြင့်သိန်း(ကသာ)က ဦးဆောင်လမ်းပြခဲ့ပါတယ်။ကိုသိန်းသန်းဟာတက္ကသိုလ်ကျောင်းသားတဦးဖြစ်ပြီးကျန်တဲ့အတူပါသူတွေကတော့ မဲဇာမှအလယ်တန်းပြဆရာ ဦးလှသိန်း၊ကိုကြည်မိုး(ကျွန်းလှ)၊ကိုစိုးကြီး(ကောလင်း)၊ဆေးဆရာဇော်လွင်၊ဦးသိန်းအောင်(မဘိန်း) ယခုဆရာတော် ဦးပညာသိက္ခ၊ကိုဦး၊အောင်ဘို(တန်.ဆည်)၊ကျော်ကျော်နိုင်(မဲဇာမှလို.ထင်)၊မောင်မျိုး(ဇီးကုန်း)နဲ.ဟန်ဝင်းအောင်(ယခု မန္တလေး) တို.ဖြစ်ပါတယ်။အဲဒီအဖွဲ.ကို ABSDF (ကချင်)ကနေပြီး အကူအညီပေးဖို.အမိန်.ဟာ ဒေသခံတွေဆီကိုရောက်မလာတဲ့အတွက် အဲဒီအဖွဲ.ဟာဘာအကူအညီမှမရခဲ့ပါဘူး။မိုးညှင်းမြို.ကိုညပိုင်းဖြတ်တဲ့အခါမှာလူစုကွဲသွားပြီးနံနက်လင်းမှလူပြန်စုမိပါတယ်။ညပိုင်းမှာ အဆိုတော်ကော်နီရဲ.စတိတ်ရှိုးပွဲရှိနေတဲ့အတွက်လုံခြုံရေးတွေဟာပွဲခင်းထဲမှာပဲစုနေလို.အဖိတ်အစင်မရှိခဲ့တာပါ။နောက်တရက်မှာ နမ့်ချီးမှော်ကိုရောက်ပါတယ်။နမ့်ချီးမှော်ကနေ မိုင်းတောင်ဘက်ကိုစစ်ရေးအခြေအနေအရပြန်ထွက်ကြပြီး မဟာမိတ်အထူးတိုက်ခိုက်ရေး(၂၅၁ လား ၂၅ လားမသေချာ)တပ်နဲ.ပူးပေါင်းခဲ့ပါတယ်။အဲဒီအချိန်မှာတပ်မတော်က အင်းတော်ကြီးဒေသကိုစစ်ကြောင်းအကြီးအကျယ်ထိုးစစ်ဆင်နေချိန်ဖြစ်ပါတယ်။အဲဒီမှာ မဟာမိတ်တိုက်ခိုက်ရေးတပ်ကအယောင်ပြပြီးတပ်မတော်စစ်ကြောင်းကိုတောင်ကုန်းတခုပေါ်မျှားခေါ်သွားခဲ့ပါတယ်။အကြောင်းရင်းက ABSDF စစ်ကိုင်း ထူထောင်မယ့်သူတွေကို အန္တရယ်ကင်းစွာနဲ.ခရီးဆက်နိုင်အောင်လို.ပါ။ထွက်ခွါသွားတဲ့အဖွဲနဲ.ကျန်ခဲ့သူတွေကတော့ ဦးကျော်ကျော်အုန်း၊ကိုကြည်မိုး၊ကိုမြင့်သိန်း(ကသာ)၊လူသစ် ကိုဝင်းသိန်း(ဝန်းသို)တို.ဖြစ်ပါတယ်။တိုက်ပွဲဖြစ်နေချိန်မှာ ကိုမြင့်သိန်း(ကသာ)ဟာ ဦးကျော်ကျော်အုန်းနဲ.ကျန် ၂ ယောက်ကို ဝပေါ်၊အင်းလေး၊ဇီးကုန်း သုံးရွာကြားက ဌက်ပျောတောထဲကိုခေါ်သွားပြီးခိုခိုင်းခဲ့ပါတယ်။တိုက်ပွဲနဲ.ဌက်ပျောတောဟာကိုက် ၃၀၀ လောက်ပဲဝေးပါတယ်။အဲဒီမှာ အန္တရယ်ကင်းတဲ့နောက် လိုက်ပို.တဲ့ခရီးလမ်းဆုံးတဲ့အတွက်တကြောင်း၊လူသစ် ကိုဝင်းသိန်း ကို ဗဟိုကိုပြန်ပို.ဖို.ကတကြောင်း တို.ကြောင့် ဦးကျော်ကျော်အုန်းနဲ.ကိုကြည်မိုး တို.ကိုထားခဲ့ပြီး ကိုမြင့်သိန်းဟာ ကိုဝင်းသိန်းကိုခေါ်ပြီးထွက်ခဲ့ပါတယ်။အဲဒီလမ်းခရီးမှာအဆောင်လက်နက်ဆိုလို. လက်နက်အတိုတလက်သာပါခဲ့ပါတယ်။ကိုမြင့်သိန်းတို. ၂ ဦးဟာဌါနချုပ်ပြန်ဖို. ဟိုပင်နဲ.မိုးညင်း အကြားကျောင်းသားတပ်ရဲ.ဒေသခံစည်းရုံးရေးမှူး ဦးချစ်ဖေ တို.ရွာဖြစ်တဲ့မြေနု post ကိုသွားခဲ့ကြပါတယ်။လမ်းမှာဖျားလာကြလို.အချမ်းသက်သာအောင်မီးဖိုဘေးမှာမီးလှုံနေပြီးရွာကတိုက်တဲ့သွေးဆေးသောက်ပြီးနေလိုက်ကြပါတယ်။နံနက်စောစောမှာရွာကကျွေးတဲ့ခေါပုတ်ကင်ကိုစားနေတုန်း အောင်မင်း(နောက်ပိုင်းအရာခံဗိုလ်)၊မိုင်းဆရာဇော်လွင်၊ရွာခံ ဦးချစ်ဖေနဲ.အရပ်သားစည်းရုံးရေးမှုး ဦးစက်အောင် တို. ၄ ဦး မူးပြီးရောက်လာပါတယ်။သူတို.တွေမူးပြီးပြောတဲ့စကားတွေအရနဲ.ရွာသားတွေပြန်ပြောလို.သိရတဲ့စကားတွေအရ ညက ဦးကျော်ကျော်အုန်းနဲ.အခြား ၂ ဦးကိုရှင်းပြစ်လိုက်ခဲ့ကြပြီးအလောင်းတွေကို ကံကြီးကုန်း သင်္ချုင်းမှာ မြှပ်ခဲ့တယ်ဆိုတာကိုသိခဲ့ရပါတယ်။သေသွားတဲ့သူတွေက ဦးကျော်ကျော်အုန်း၊ကိုကြည်မိုးနဲ.နောက်တယောက်ကဘယ်သူလည်းမသိပါဘူး။အောင်မင်းတို.အဖွဲ.ဟာ ဦးကျော်ကျော်အုန်းရဲ.သေနတ်ကိုလည်းသီမ်းခဲ့ပါတယ်။ကိုမြင့်သိန်းတို.မိုးခိုနေတုန်း အောင်မင်းက တိုးတိုးလေးပြောနေတာက ငါတို.ညကလုပ်ခဲ့တဲ့ကိစ္စမြင့်သိန်းသိသွားနိုင်တယ်။ဒီကောင်တွေ ၂ ယောက်ကိုလည်းရှင်းပြစ်လိုက်ရအောင် လို.ပြောတော့ မိုင်းဆရာဇော်လွင်က ဒီကောင်မြင့်သိန်းကရှေ.တန်းမှာငါ.တပ်စိတ်က ဒီကောင်ကရိုးတယ် အေးတယ်၊မင်းသူ.ကိုမလုပ်နဲ. လုပ်ရင်ငါနဲ.တွေ.မယ် ဆိုပြီးပြန်ပြောပါတယ်။ သတ်ရေးမသတ်ရေးပြောကြရင်း ဒေါသတွေထွက်လာကြပြီးသေနတ်တွေနဲ.ထပစ်ကြတော့အိမ်ထရံတွေပါကျည်ပေါက်တွေဝင်ကုန်လို.ကြားထဲကနေရွာလူကြီးတွေကတောင်းပန်ပြီးဝင်တားပေးကြတယ်။အလောင်းမြှပ်ခဲ့တဲနေရာကိုသိတဲ့ဦးချစ်ဖေတို.ဦးစက်အောင်တို.နဲ.သက်သေခံပစ္စည်းတွေ

သွားရှာလို.ရပါတယ်။

ဒီဖြစ်ရပ်ဟာသာမန်လူသတ်မှုမဟုတ်ပါဘူး။တိရစ္ဆာန်စိတ်နဲ.နယ်မြေလုတဲ့ပွဲပါ။အုပ်စုထဲကခြင်္သေ့ခေါင်းဆောင်က အရွယ်ရောက်လာမယ့်ခြင်္သေ့ထီးကိုကိုက်သတ်ပစ်သလိုမျိုးပါ။

ပြန်ပြောပြသူ ကိုမြင့်သိန်း (ကသာ) OSC

မှတ်တမ်းတင်သူ ကျော်သူရ

၂၃-၆-၂၀၁၂

ယာဘက်အစွန်လူ ကိုမြင့်သိန်းအား ကိုမောင်မောင်၊ကိုညီညီတို.နှင့်အတူတွေ.ရစဉ်

  • You and Nang Aung Htwe Kyi like this.
  • 3 shares
    • Nang Aung Htwe Kyi ကျေးဇူးကိုမြင့်သိန်း ။ ဒီအကြောင်းတွေနောက်တန်းမှာ တီးတိုးလေးကြားရတာ ။ တိတိကျကျမဟုတ်ဘူး။ ခုမှဘဲ ရှင်းရှင်းလင်းလင်း ဖြစ်လာတယ် ။
      June 24 at 8:10am · · 1

No comments:

Post a Comment