Sunday, July 15, 2012

ရေးဖြစ်ခဲ့တဲ့သီချင်းတပုဒ် (ဆမား)ညီညီ

ရေးဖြစ်ခဲ့တဲ့သီချင်းတပုဒ်(ဆမား
)ညီညီ မငယ်တို.၊ကိုသန်းထွန်းစိုးတို.ကသီချင်းအကြောင်းရေးကြတော့ကျနော်လည်းအဟောင်းတွေ၊နာကြည်းစရာတွေကိုပြန်သတိရတတ်လွန်းလို. မေ့ဖို.ကြိုးစားပြီး ကြိုးစားမေ့ပစ်နေတဲ့သီချင်းလေးအကြောင်းပြန်ရေးချင်လာပါတယ်။ ၅၅ ယောက်ထွက်ပြေးသွားတဲ့အမှုနဲ.ထောင်မှုး လှမျိုးအောင်နဲ.ထောင်တာဝန်ခံ နာဂအောင်နိုင်တို.ကိုသေဒဏ်ဖတ်ပြီးကုန်းပေါ်ပြန်အတက်မှာသံချောင်းဦးဆောင်တဲ့ နိုင်အောင်အပါအဝင်နောက်လိုက်ငယ်သားများ ကျနော်တို. ရ ယောက်ကိုစုထားတဲ့အိမ်ကိုဝင်လာပြီး "ကိုညီညီ ခင်ဗျားမန္တလေးမှာလဲသီချင်းတွေရေးခဲ့တာ အခုလဲABSDF(NB)ရဲ.ဝါဒဖြန်.ချီရေးတိတ်ခွေအတွက် သီချင်းတွေရေးပေးပါဆိုပြီးသံချောင်းကခိုင်းသွားလို.ရေးခဲ့ရတဲ့သီချင်းလေးပါ။ကျနော်ကစာသားရေးပါတယ်။မငယ်ကသံစဉ်ထဲ့ပါတယ်။
*နီစွေးတဲ့သွေးတွေ နွေပင်လယ်တခုမှာ ငြိုးလို.သည်းထန်ရွာကာနေ…ယမ်းညှော်များနဲ.မီးခိုးများလည်းပေါင်းစုံလို. …….အလောင်းကောင်များ ငိုမည်ဟစ်ကြွေးသံများ ……ငရဲပြည်တခု တို.မြေမှာ မှားယွင်းရောက်ရှိနေတယ်လေ……..
*ညစ်ထေးတဲ့စိတ်တွေ ရာဇာပလ္လင်တခုမှာ….ဆိုးဖို.အကြောင်းဖန်တည်ကာနေ…..အတ္တများနဲရမက်များလည်းပေါင်းဆုံလို. ……စက်ရုပ်လူသား ဟန်ဆောင်ဘဝတေးသံများ……..အမိုက်ကျွန်ဘဝ တို.တတွေမှာ မတရားခြင်းဘဝရဲ.အဖြေပါလေ………..
*ရောင်နီတခုကြောင့် နေ.သစ်တခုမွေးဖွါးလိုက်သလို ရှစ်လေးလုံးအမွေသစ်ရဲ.ရှင်သန်လာတဲ့ရွက်နုပျို တို.ကျောင်သားတပ်မတော် နိမ့်ကျဘဝနဲ.ပြည်သူအတွက်ဖြစ်ရမယ်။ထာဝစဉ်အမြဲတိုးတက်ဖို.ရည်မျော်နေ…
*ရောင်နီတခုကြောင့်နေ.သစ်တခုမွေးဖွားလိုက်ပြီ…..လူအားလုံး နေ.သစ်ကြောင့်ရှင်သန်လာတဲ့နှလုံးသားတွေ အငိုသီချင်းများ ဆုံးပြီ…
အားလုံးရဲ.ဘဝ အောင်မြင်မှုများရတော့မယ် ..ထာဝစဉ်အမြဲတိုးတက်ဖို.ရည်မျှော်နေ…..
အဲဒီ bold လုပ်ထားတဲ့နေရာ ၂ ခုမှာ နေရာမှားတာလား စာသားကျန်နေခဲ့လားမမှတ်မိတော့ဘူး။သီချင်းနာမည်က "သစ္စာတေး" ပါ။ဒီသီချင်းကို ကျနော်တို.ဘယ်လိုခံစားချက်နဲ.ရေးတယ်ဆိုတာကိုအဲဒီအချိန်က ABSDF (NB)ကအရာရှိဆိုသူများနဲ.အရာခံ အကြပ်တပ်သားတွေ မသိကြပါဘူး။ကျနော်တို. ရ ဦး(အမှန်ကစုနေကြတဲ့အထဲ မိုးကြီးနဲ.ခင်မောင်ဇော်တို.ပါလာလို. ၉ ဦးဖြစ်ပေမဲ့သူတို. ၂ ဦးကို ကျနော်တို. အနည်းဆုံးကျနော်က ကျနော်တို.လူအဖြစ်အသိအမှတ်မပြုပါဘူး)သာသိရှိခံစားခဲ့တဲ့သီချင်းပါ။
ဒီသိချင်းကိုကျနော်စကားလုံးတလုံးချင်း မငယ်နဲ.ဆွေးနွေးတိုင်ပင်ပြီးလတ်တလောခံစားနေရတဲ့ခံစားချက်တွေအပြည့်နဲ.ရေးခဲ့တာပါ။ သွေးမိုးတွေ-ဟစ်အော်သံတွေ-ငိုသံတွေ-အလောင်းတွေ …..အခုတောင်ပြန်ခံစားမြင်ယောင်နေမိပါတယ်။ကျနော်တို.ရဲ.စက်ရုပ်လိုဘဝ ဟန်ဆောင်ဘဝ ကိုယ်ကိုယ်တိုင်တော်လှန်ခဲ့တဲ့သူတွေအဖြစ် ကိုယ်တိုင်ဟန်ဆောင်နေရတဲ့အဖြစ် အစအဆုံးနာကြည်းစရာတွေတွေပါ။ ရ ယောက်လွတ်မြောက်ဖို. လမ်းစကိုမျှော်မှန်းလို.ရေးရေးလေးမြင်ရတဲ့အချိန်မှာရေးခဲ့တာပါ။ သံစဉ်ရှာတော့(ကျနော်ကဂစ်တာလုံးဝမတီးတက်ပါဘူး) မငယ်ရေ ခင်မောင်တိုးရဲ.
"ပြန်မလှည့်တော့ဘူး" သံစဉ် မျိုး လေးလုပ်ရအောင် ။ပထမ ၂ ပိုဒ်မှာ မျှော်လင့်ချက်မဲ့နေတဲ့အနိဌာရုံမြင်ကွင်းဖြစ်လို.သံစဉ်ပါးပါးလေးပျော့ပျော့လေး
ဒုတိယ ၂ ပိုဒ်မှာတင်လိုက်ရအောင်ဆိုပြီးကျနော်ဖြစ်ချင်တဲ့ပုံစံကိုဥပမာအမျိုးမျိုးပေးပြီးရှင်းပြတော့ မငယ်ကနားလည်လက်ခံပြီးကြိုးစားပေးခဲ့လို.
ဒီသီချင်းဖြစ်လာတာပါ။
စော်ကားခံရမှု-စွတ်စွဲခံရမှုတွေအတွက် ခင်ဝမ်းရဲ. "ညကောင်းကင်ရဲ.တေးသမား" သီချင်းတို. ၊ကိုရဲလွင်ရဲ. "ပန်းစိုက်သူတို. ဝေဒနာ" ထဲက bass တလုံးတည်းနဲ.သီချင်းရဲ. tampo ကိုတင်သွားသလိုမျိုးအထိဆွေးနွေးဖြစ်ကြတယ်။ဘေးထွက်ရလဒ်အနေနဲ. မငယ်နဲ.ကျနော်ဟာ အနုပညာမောင်နှမတွေဖြစ်သွားခဲ့ကြပြီးအရင်ကထက်ပိုပြီးရင်းနှီးသွားခဲ့ကြတာပါ။အဲဒီလိုမျိုး ထိန်လင်း(ဘောကြီး)နဲ.ကျနော်အကျဉ်းသားဘဝမှာ စကားပြောဖြစ်တော့လဲဖြစ်ဖူးပါတယ်။အဖမ်းခံရစဉ်မှာပဲ ကဲန်ဒင်စကီးတို.-တာနာတို.-ဟိုလ်ဒင်တို.-ဖရန်စစ်ဘေကွန်တို.ရဲ.ပန်းချီကားတွေ အကြောင်းပြောခဲ့ကြရင်းအနုပညာသွေးတွေအပြန်အလှန်စီးဆင်းမိခဲ့ဘူးကြပါတယ်။
အခုပြောချင်တာက အဲဒီသီချင်း ၊ကျနော်လည်းပြန်နားမထောင်ချင်ပါဘူး အခုအချိန်ထိ "နတ်ရှင်နောင်" သီချင်းနားထောင်ရင်း ကိုချိုကြီး လက်ပြတ်ကြီးနဲ.အားနည်းနေတဲ့ကြားက ထောင်မှုးတွေရဲ.အမိန်.အရ မဆိုရင်အရိုက်ခံရမှာမို.လို. အဲဒီနတ်ရှင်နောင် သီချင်းက်ုမောမောပန်းပန်းနဲ.သီဆိုနေတာကို မြင်ယောင်ပြီးမျက်ရည်စို.နေတုံးပါ။ နောက်မြင်ရကြားရတဲ့ သွေးတွေ-အသံတွေ-လတ်တလောသေသွားတဲ့သူတွေ-သရော်ပြုံး ပြုံးပြတဲ့ သန်းဇော်တို. ဇော်ဇော်မင်းတို.မျက်နာတွေ -တာဝန်အရ (KIA) အမိန်.အရ ဆေးလာကုပေးကြပေမဲ့ အထင်သေးအမြင်သေးနဲ.နိမ်.ချဆက်ဆံတဲ့
ဆေးဆရာမတွေရဲ.အသံတွေ ကလီမ်ကကျစ်ပြုံးတဲ့ အောင်နိုင်လိုကောင်ရဲ.မျက်နှာပေးတွေကို ဒီသစ္စာတေး သီချင်းကို ပြန်စဉ်းစားမိတိုင်း ပြန်သတိ၇နေလို.ပါ။ ဒါပေမဲ့ နာကြည်းဖွယ်သမိုင်းတခုကိုအားလုံးသိသင့်ပါတယ်။ကျနော့်ခံစားမှုတွေကို အားလုံးသိအောင် သံစဉ်တခုကိုရင်နာစရာတွေနဲ.ရင်းပြီး ရှာဖွေပေးခဲ့တဲ့ ကျနော့်တော်လှန်ရေးအတွင်းက နှမငယ် မငယ်ရဲ.အားထုတ်မှုကိုလည်း လူသိရှင်ကြား အသိ အမှတ်ပြုရပါမယ်။ဒီသစ္စာတေးစာသားတွေဟာသက်မဲ့ပါ။
အဲဒါကိုအသက်သွင်းပေးတာက မငယ်ပါ။
ဆက်ပြီးလုပ်ရပ်တွေအကြောင်းမဟုတ်တဲ့စိတ်ခံစားမှုတွေအကြောင်းရေးဖို.ကြိုးစားပါအုံးမယ်။

(ဆမား ) ညီညီ မြောက်ပိုင်းရဲဘော်ဟောင်း
၁၅-၅-၂၀၁၂
3 ·

No comments:

Post a Comment