Monday, July 16, 2012

လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်သို့ - ၇


by ဘရာဇီး ငှက်ရိုး on Sunday, April 15, 2012 at 7:06pm ·
"လုပ်ခဲ့တဲ့ တာဝန်ရှိသူတွေက သူတို့မှားခဲ့ရင် အဲဒီအမှားအတွက် ကြိုးစင်တက်မယ်ဆိုတာ လုပ်ကတည်းက ပြောထားကြ ပြီးသား။ အဲဒီအတွက်တော့ စိတ်ပူနေစရာ အကြောင်းမရှိပါ။ လုပ်ရဲရင် ခံရဲကြပါလိမ့်မယ်။" အနှစ်နှစ်ဆယ် အတွင်း ပထမဆုံး ကြားရတဲ့ အရီ ရဆုံး ပြက်လုံးပါ... နှစ်ပေါင်းများစွာ အတွင်း ရိုးသားတဲ့ ရဲဘော်တွေကို ရော့ ဒီဗီဒီယိုကိုကြည့် ဒါစပိုင်တွေ၊ စပိုင် စစ်စစ်တွေ မို့လို့ အခုလို သတ်ပစ်ရတာ လို့ပဲ ပြောလာခဲ့ကြမယ်ထင်ပါတယ်... ကြိုးစင် မပို့ပါဘူးဗျာ... အဲ့လောက်လဲ မရက်စက်ချင်ပါဘူး... လုပ်ရဲရင် ခံရဲပါတယ်ဆိုတဲ့ သူတွေရဲ့ အနှစ်နှစ်ဆယ်အတွင်းက ရေးသားထားတာ တင်ပြထားတာ လေးတွေ ရှိရင် မြင်ခွင့်ပေးပါဦး... လုပ်ရဲ/ခံရဲပါတယ် ဆိုတဲ့ လူတွေကိုပဲ မြင်ဖူးချင်လို့... "(ကျန်တဲ့သူတွေကို နိုင်ငံတ ကာ ကြက်ခြေနီအသင်းကို လွဲအပ်ဖို့ ကြိုးစားခဲ့ကြတယ်။ တရုတ်ပြည်ထဲ ဖြတ်ပြီးလာခွင့်မရလို့ အစီအစဉ်ပျက်သွားခဲ့ တယ်လို့ ကြားရတယ်။)" ကျနော်တို့လဲ ကြားရတယ်... ကျန်တဲ့သူတွေ ကလဲ သိပ်မကြာခင် မိုးကလဲ ကျတော့မယ်... ဒဏ်ရာ ဗလပွနဲ့ ရဲဘော်တွေ တဖြုတ်ဖြုတ်သေနေကြပြီ... ဒီတိုင်းနေလဲ ထင်းခုတ် လမ်းဖောက် အောက်ခြေသိမ်း အကုန်လုပ်ရတဲ့ ရဲဘက်တွေလို ဖြစ်နေပြီ... သေမဲ့ အတူတူတော့ ပြေးရင်းပဲ အသေခံမယ်ဆိုပြီး ပြေးကြတာ ဆိုလားပဲ... ကြားရတာ ပြောပါတယ်... "နန်းစော၊ သင်းသင်း၊ ဘိုဘို၊ ကျော်ခိုင်ဝင်း တို့လို ရိုးသားတဲ့ ရဲဘော်ရဲမေတချို့ကို ကိုယ့်ဘက်က ခိုင်လုံတဲ့သက်သေတွေ အဖြစ် ကာဗာယူပြီး ဆက်အသုံးချမယ်" ဆိုလာပြန်တော့... မနန်းစောကနေ စမယ်... သူမဘယ်လောက် ရိုးသားကြောင်း ဒေါ်လှိုင် အာမခံသလဲ??? ဒီရဲဘော်အငယ်တွေကရော အမှိုက်ကစ ပြသသ် မီးလောင် ဆိုတဲ့ (ကိုယ်ရေးကိုယ်တာ) အသေးအဖွဲတွေ မဖြစ်ခဲ့ဘူးလား... မသင်းသင်း(မသင်းသင်းညီလို့ ထင်ပါတယ်) သူမကိုယ်တိုင် မျိုးဝင်းက သူလျိုတွေ ကြားထဲ ထည့်ပြီး ဒလံ လုပ်ခိုင်းထားတဲ့သူဆို... သူကိုယ်တိုင် ထုတ်ပြောတာ... ဒါလဲ သူကိုယ်တိုင် နောက်ပိုင်းမှာ သံသယ သူလျိုစာရင်းထဲ ဝင်သွားလို့ ပြောတာ... နို့မို့ဆို ပြောချင်မှ ပြောမှာ... မဝင်ရဲတာလား... ကျော်ခိုင်ဝင်း ဆိုတာ ခေါင်းဖြတ် သတ်တဲ့ အချိန်မှာတောင် အနီးမှာ ရှိနေခဲ့သတဲ့... ၁၉၉၂က ငယ်ရွယ်သူတွေပါ ရိုးသားပါတယ် ဆိုတိုင်း လူတိုင်းက လက်ခံလိုက်ကြပြီလား... လက်ခံ နေပြီထင်လား... အမှုမှန် ပေါ်ပေါက်ရေး အတွက် ဘယ်သူတွေ ဘယ်လိုတွေ ပြင်ဆင်ထားလဲ... လုပ်ကိုင်ထားလဲ... လုပ်ကိုင်ပြီးပြီလဲ... "ထိုးကျွေးခဲ့တဲ့ သမိုင်းအထင်အရှားရှိခဲ့တဲ့ ရဲဘော် ထွန်းအောင်ကျော် တို့လိုလူမျိုး တွေကို ရှေ့တန်းပြန်တင် ကာဗာယူလှုပ်ရှားပြီး သမိုင်းစင်မြင့်ပေါ်မှာ နောက်ထပ်အကွက်တခု ထပ်ဆင်ခွင့်ရဖို့ အရေးပါ တဲ့ နေရာတခုအတွက် ခြေလှမ်းပြင်နေလိမ့်အုံးမယ်။" ရဲဘော် ထွန်းအောင်ကျော် ဆိုလို့ ရဲဘော် အဆင့်လောက်ပဲ ထားပြီး ရေးနေတော့မှာလား... သူကိုယ်တိုင် ဥက္ကဌ ဖြစ်နေပြီး ရက်ရက်စက်စက် အသတ်ခံရလို့ (Icon)လေးတခု ရှိတဲ့ သူမို့လို့ ရှေ့ဆုံး တင်ထားရတာပါ... အမှုမှန် ပေါ်ပေါက်ရေး အတွက်ဆိုရင် အောက်ခြေက ရဲဘော်အဆင့်ကနေစပြီး အမြင့်ဆုံး ဥက္ကဌအထိ ခံစားခဲ့ရတဲ့ လူတွေရဲ့ ဘဝအမှန်လေးတွေကို တောင်းဆိုချင်တယ်ဗျာ... ဖော်ပေးမလား... နာမည်နဲ့ တယောက်ချင်း အတွက် သွေးကြွေး ဆပ်ဖို့ တောင်းရင်တောင် ပါးစပ်ပိတ်ပြီး ခေါင်းငုံနေရမဲ့ အဖြစ်ကိုလဲ သတိရကြပါဦး... သိပ်များများ မတောင်းသေးတာတောင် သေမတတ် ဖြစ်ပျက်နေတာ မမြင်ချင့်အဆုံးပါ... မျက်စေ့ ရှေ့မှာ အခုမှ သွေးရူး သွေးတန်း ဖြစ်နေတာတွေ မြင်နေရတော့ သံဝေဂလေး ဘာလေးတောင် ရမိနေသေးတယ်... သမိုင်း စင်မြင့် ဆိုလို့ ပြောလိုက်ဦးမယ်... ကိုပေါ်တို့ ကေကျု့ကြီးတို့ လွတ်လာတဲ့ အချိန်က "ကျနော်တို့လဲ တိုင်းပြည် အတွက် ဆိုပြီး လက်နက်စွဲကိုင် တိုက်ခဲ့ဖူးပါတယ်... အခုလို ဂုဏ်ပြုနေတာ မြင်ရတော့ ကျနော်တို့လဲ ဂုဏ်ပြုခံချင်တာပေါ့"တဲ့... စင်ပေါ်တက်ချင်တဲ့ စိတ်အခံလေးတွေ မပျောက်သေးဘူး ဆိုတာ ဒီလို အရေးအသားက အင်မတန် သိသာစေတယ်... နောက်ပြီး စစ်အစိုးရဆီ အလင်းဝင်ချင်တာ တောင်မှ အောက်ကျို့ပြီး ကျနော်တို့ အားလုံးကို အကာအကွယ်ပေးပါဗျာ... သားသမီးလေးတွေနဲ့ပါ... အခုမှ ဟိုးတုန်းက ဖြစ်ခဲ့ဖူးတဲ့ ပြသနာလေးတွေနဲ့ ကျနော်တို့ကို စွပ်စွဲနေကြပါတယ်... ကာကွယ်ပေးပါဦးလို့... မရှက်မကြောက် တောင်းဆိုနေတာများ အံ့ပါရဲ့... နေရာလေး တနေရာ ရချင်ရင် ဒီလူသတ်မှု ကြားထဲ ဝင်လာမလားဗျာ... စဉ်းစဉ်းစားစားလဲ ပြောပါဦး... လက်ယဉ်ပြီးသား လူသတ်သမား အုပ်စုကြောင့် အစားမတော် အသွားမတော် သေနိုင်တဲ့ကိန်းဗျ... ခွေးလိုမျိုး ချောင်ပိတ်ရိုက်မိနေတော့ ခံကိုက်တာ ခံနေရတယ်ဗျာ... အခု ဂယ်ပေါက် ပေးထားတုန်း ရှင်းကြပါဦး... အေဘီဆိုတဲ့ အရိပ်ကို ခိုနေတဲ့ လူသတ်သမား အုပ်စုကို အပြင်ဆွဲထုတ်ပေးမဲ့ ရိုးသားပါတယ် ဆိုတဲ့ အေဘီဟောင်း/လက်ရှိအေဘီတွေကို ရှာနေပါတယ်... ခွေးသေကောင်ပုပ်ကို အိမ်အောက်က ဆွဲထုတ် ခိုင်းတာထက်တောင် ရှင်းနေသေးတဲ့ ကိစ္စကို လုပ်ပေးမဲ့ အေဘီ အရိပ်ခိုဖူးသူ/ခိုနေဆဲ အမှုမှန် ပေါ်ပေါက်ရေးကို တရားအတိုင်း မျှမျှတတ ဖြစ်အောင် လုပ်ဆောင်ပေးမဲ့ တယောက်လောက်ကို မြင်ဖူးချင်ပါသေးတယ်... ဘက်မလိုက်ဖို့တော့ လိုတာပေါ့လို့ ပြောလိုက်တာနဲ့ နောက်တွန့်ကုန်တာပဲ... နေရာတခု ဆိုလို့ ကျနော့် မွေးရပ်မြေ ဖြစ်တဲ့ ရွှေပြည်ကြီးမှာ ဒီမိုကရေစီ ရသွားလဲ ကျနော်နဲ့ ဘာမှ မဆိုင်တော့ဘူး... ကျနော့်အတွက် ဘာအကျိုးမှ မဖြစ်ထွန်းစေဘူး... ဒါပေမဲ့ ရစေချင်တယ်... ကျနော့်ကို ချစ်ခင်ခဲ့ဖူးတဲ့ ကျနော့် မိတ်ဆွေတွေ အသိုင်းအဝိုင်းတွေ အားလုံးကို နိုင်ငံတကာနဲ့ တန်းတူ ဖြစ်စေချင်တယ်... ဒီမိုကရေစီ မရတော့ကော ဆိုတော့ နောက်မျိုးဆက်သစ်တွေ ဆက်တိုက်ကြပေါ့... ကိုယ်က အဝေးတနေရာမှာ နေရာတနေရာ အခိုင်အမာ ရပြီးသား လူတယောက်က ရွှေပြည်ကြီးမှာ ဒီမို ရရ မရရ ဘာဖြစ်မှာတုန်းဗျာ... နေရာလိုချင်ရင် ဟိုဘက်က ဖြစ်ဖြစ် ဒီဘက်က ဖြစ်ဖြစ် တယောက်ယောက် သွားဖားလိုက်မှာပေါ့... ကိုယ့်စိတ်နဲ့ နှိုင်းတဲ့ အခါ အခြားသူတွေကိုလဲ ကိုယ့်လိုပဲလို့ ထင်နေတဲ့ အထင်တွေ လျှော့ပါ... ဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို အစုလိုက် အပြုံလိုက် ခေါင်းရှောင်နေတဲ့ အမှုကို ဝင်ပြီး ပြောတယ် ရေးတယ် ဆိုကတည်းက သွေးမကြောင်တတ်တဲ့ သူဆိုတာကိုတော့ သဘောပေါက်ထားပါ... အမှုမှန် ဖော်ထုတ်ရေး လုပ်နေသူတွေကို အချိန်မရွေး နေရာမရွေးမှာ အန္တရယ် တခုခု ဖြစ်အောင် လုပ်သွားနိုင်တဲ့ ပြသနာလေ... သေနတ်ကိုင်ဖူး သူတွေကိုး... "ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအ၀င် နောက်တန်းမှာရှိနေတဲ့ မြောက်ပိုင်းဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ စခဲ့ ပြီး ကျန်ရှိနေတဲ့ ဗဟိုကော်မတီဝင်တွေရဲ့ ဆုံးဖြတ်ချက်နဲ့ အဆုံးသတ်ခဲ့တဲ့ အတွက် မြောက်ပိုင်း ဗဟိုကော်မတီဝင်တွေ အားလုံးမှာ ပထမအဆင့်အနေနဲ့ တာဝန်ရှိတယ်။" မှန်တာပေါ့... အားလုံး ရှင်းကြရမဲ့ ကိစ္စပါ... နာမည် စာရင်းအတိုင်း ဆိုရင်တော့

၁၊ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် (မန္တလေး၊ ဂျီတီအိုင်၊ အသတ်ခံရ)

၂၊ ဒုဥက္ကဋ္ဌ (၁) စစ်ရေးတာဝန်ခံ ကိုသံချောင်း (မိုးညှင်း(မိုဟန်)မြစ်ကြီးနားတက္ကသိုလ်၊သေဒဏ်အထပ်ထပ်နဲ့ထောင်ကျ)

၃၊ အထွေထွေအတွင်းရေးမှူး ကိုအောင်နိုင် (မန္တလေး၊ ဆေး၊ လက်ရှိချင်းမိုင်)

၎၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) ကိုမျိုးဝင်း (မိုးညှင်း-နမ္မား) အာအိုင်တီ ပဉ္စမနှစ်၊ ကျဆုံး)

၅၊ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) ဒူဝါ လှဆိုင်း (မြစ်ကြီးနား၊ ဂုဏ်ထူးတန်းကျောင်းသား၊ လက်ရှိ မြောက်ပိုင်း)

၆၊ သတင်းနှင့်ပြန်ကြားရေးဌာန ကိုတင်မောင်အေး (ခ) ကိုအားဆိုက် (ကသာ၊ စစ်ကြောရေးမှာ သေဆုံး)

ရ၊ ရန်ကုန်ဒေသတာဝန်ခံ (ရွှေကူခရိုင်မှူး) ကိုရဲလင်း (ရန်ကုန်၊ အဖမ်းခံရပြီးနောက်ပြန်လွတ်)

၈၊ မန္တလေးဒေသတာဝန်ခံ (ဗန်းမော်ခရိုင်မှူး) ကိုညီညီကျော် (မန္တလေး၊ အဖမ်းခံရပြီးနောက် လက်ပြန်ကြိုး တုပ်ထားတဲ့ ကြားက ပထမဆုံး ထွက်ပြေးလွတ်မြောက်ခဲ့သူ)

၉၊ (မပ) ကိုယ်စားလှယ်အဖြစ် တောင်ပိုင်းရှိနေ ကိုလှဌေး (ဗန်းမော်၊ လက်ရှိ အိန္ဒိယ)

၁၀၊ ဘဏ္ဍာရေးမှူး ကိုအောင်ကြီး (မိုးကောင်း၊ လက်ရှိ အက်စ်အက်စ်အေ)

၁၁၊ စီးပွားရေးတာဝန်ခံ ကိုနေထွန်း (မြစ်ကြီးနား၊ လက်ရှိအမေရိက၊ ရှေ့တန်းမှာ သူ့ရဲ့ပစ္စတိုလည်း အသိမ်းခံခဲ့ရတယ် ကြားတယ်)

၁၂၊ မိုးညှင်းဒေသတာဝန်ခံ ကိုစိန်အေး ( မိုးညှင်း၊ တရုတ်နယ်စပ်မှာ အဖမ်းခံရပြီး ပြန်လွတ်)

၁၃၊ (မပ)ကိုယ်စားလှယ်အဖြစ်တောင်ပိုင်းရှိနေ ကိုကျော်ကျော် (မြစ်ကြီးနား၊ လက်ရှိမြောက်ပိုင်း)

အမှုမှန် ပေါ်စေချင်တဲ့ သူတွေက ၁၊ကိုထွန်းအောင်ကျော် ခေါင်းဖြတ် အသတ်ခံရတယ်... ၆၊ကိုအားဆိုက် စစ်ရင်း လက်လွန်ပြီးသေတယ်... ၇၊ ကိုရဲလင်း မိဘတွေ ဆီပြန်အပ်ဖို့ ကြိုးစားကြတယ် (တကယ် တာဝန်ရှိတဲ့သူတွေကို ဘာလို့ မိဘတွေထံ အပ်ဖို့ ကြိုးစားတာလဲ) ၈၊ ကိုညီကျော် (ဂျိမ်းစ်ဘွန်း ဆန်ဆန် လွတ်လာ)ဆိုတော့ အားလုံးပေါင်း (၄)ယောက် ၉ယောက်ကျန်။ တသက်တာ ငြိမ်သက်သွားတဲ့ သူတွေက ၂၊ သံချောင်း(ရှမ်းတပ်အနေနဲ့ ထောင်ကျ)... ၄၊ မျိုးဝင်း(တိုက်ပွဲကျ)... (၂)ယောက်၇ယောက်ကျန်။ အမှုမှန် မပေါ်စေချင်လို့ မြုံနေတဲ့ အပြင်ရောက် သွားသူတွေက ၃၊ရော်နယ်အောင်နိုင်(ဂျာနယ်လစ်)... ၁၀၊ ကိုအောင်ကြီး(ရှမ်းတပ်)... ၁၁၊ ကိုနေဒွန်း(အမေရိကား) ၁၂၊ ကိုစိန်အေး(ပြည်တွင်း)... (၄)ယောက်၃ယောက်ကျန်။ ကဲ... ကျန်သူ သုံးယောက်က လက်ရှိအေဘီမှာ အတန်အသင့် ရာထူးတွေနဲ့ ဆက်လက် တာဝန်ထမ်းနေဆဲ ၅၊ဒူဝါလှဆိုင်း... ၉၊ကိုလှဌေး(အိန္ဒိယ အေဘီဟု ကျနော် ယူဆထားသူ) ၁၃၊ကချင်ကိုကျော်ကျော်...။ ဟိုဘက် ဒီဘက် လူခွဲ လိုက်မယ်ဆိုရင် အမှုမှန် ပေါ်စေချင်တာ ၄ယောက် ၂ယောက်သေပြီ.. အမှုမှန် မပေါ်စေချင်ဘူးလို့ ယူဆရသူတွေက ငြိမ်သက်နေတာ၊ သေသွားတာနဲ့ လက်ရှိအေဘီမှာ ရှိနေတာ အားလုံးပေါင်း ၉ယောက် ၁ယောက်ပဲ တိုက်ပွဲကျလို့ သေခဲ့ပြီ... သေသွားသူတွေ ဖယ်ရင် အဖြစ်မှန် ပေါ်စေချင်တာ ၂ယောက် = မပေါ်စေချင်လို့ ငြိမ်နေတာ ၈ယောက်... အနှစ်နှစ်ဆယ်ကြာပြီ... အခြေအနေကိုလဲ သုံးသပ်လို့ ရလောက်ပြီ... အခုချိန်ထိ သူလျိုဆိုတာ ဘယ်သူတွေ ကျောင်းသားစစ်စစ်တွေက ဘယ်သူတွေ ခွဲလို့ မရသေးဘူးလား... လက်ရှိ အေဘီအနေနဲ့ ငြိမ်နေတာ ၁၉၉၂က ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ ၃ယောက် တပ်ဖွဲ့တွင်း ရှိနေသေးလို့လား... အေဘီအက်စ်ဒီအက်ဖ်က အမှုမှန် ဖော်ထုတ်ရေး အတွက် အခုလို နှစ်ပေါင်းများစွာမှာ ဘယ်လောက် ခရီးရောက်ခဲ့ပြီလဲ...



တိုက်ရိုက်ကွက်ကဲသူ ဒုစစ်ရေးတာဝန်ခံ ကိုမျိုးဝင်း (မိုးညှင်း၊ တိုက်ပွဲကျဆုံး)

ထောက်လှမ်းရေးတပ်ဖွဲ့

၁၊ တပ်ကြပ်ကြီး သန်းဇော် တာဝန်ခံ (မန္တလေး၊ တရုတ်နယ်စပ်မှာ ကိုစိန်အေးနဲ့အဖမ်းခံရပြီးပြန်လွတ်)

၂၊ ဒုတပ်ကြပ် ဇော်ဇော်မင်း (မိုးညှင်း၊ စစ်ထောက်လှမ်းရေးက ကာကွယ်စောင့်ရှောက်ထား)

၃၊ ဒုတပ်ကြပ် အောင်စိုးမြင့် (မိုးညှင်း၊ အထဲပြန်ဝင်)

၎၊ ဒုတပ်ကြပ် ကျော်ထင်ဦး (မိုးညှင်း၊ အထဲပြန်ဝင် သေဆုံး)

၅၊ ရဲဘော် သက်လင်း (ဗန်းမော်၊ အထဲပြန်ဝင်)

၆၊ ရဲဘော်ဖိုးနှောင်း (ဗန်းမော်၊ အထဲပြန်ဝင် ရထားပေါ်ကကျသေ)



၇၊ ရဲဘော်ကိုထွေး (ဗန်းမော်၊ အထဲပြန်ဝင်)

အားလုံးပေါင်း ရှစ်ယောက်ပါ... သနားစဖွယ် ရိုးရိုးသားသားကျောင်းသားလေးက နံပါတ်စဉ်တောင် အတပ်မခံရတဲ့ ကိုကြီးမျိုးဝင်း...။ သေပြီလို့ ဆိုတိုင်း အရာအားလုံး မပြီးဆုံး သေးပါဘူးလေ... လူရှစ်ယောက်ထဲနဲ့ အတော်လေး လုပ်ကိုင် သွားကြတာပဲ... အမည်မပါသေးတဲ့ နင်းဂျားတို့လို့ လူတွေရောဗျ... မြှုပ်ထားသေးရင် ထပ်ပေါင်းထည့်ပါဦး... အေဘီ လုပ်ကွက်ထဲ (မှော်ထဲ)မှာ တောင် လိုက်ရှင်းတယ်ဆိုတော့ လက်တံရှည်ပြီး ခရီးရောက်တဲ့ လူတွေပဲ မဟုတ်လား... "ဒီအဖြစ်အပျက်တွေကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့တဲ့ မြောက်ပိုင်းဗဟိုနဲ့ ပတ်သက်ပြီးတာဝန်ခံခဲ့တဲ့ အဲဒီ အချိန်က အေဘီတခုလုံးရဲ့ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကိုနိုင်အောင်နဲ့ ဗဟိုကော်မတီဝင် တွေမှာလည်း တတိယအဆင့်အနေနဲ့ တာဝန်ရှိတယ်။" စာတွေ ဘာတွေ ထုတ်ပြီး အပြတ် အသတ် ထောက်ခံခဲ့ကြတာကိုး... ဒါနဲ့ အဖမ်းအဆီး ဖြစ်ကာစကတည်းက သိနေပြီးတော့ ညီလာခံမှာတောင် မြောက်ပိုင်းမှာ လူဖမ်းပွဲတွေ ဖြစ်နေကြောင်း တင်ပြခဲ့ဖူးတဲ့... ကိုမိုးသီးဇွန်ရော... မပါတော့ဘူးလား... "အဖမ်းခံခဲ့ရသူတွေ အားလုံးကတော့ ခံခဲ့ရသူတွေဖြစ်လို့ လူမှန်တွေချည်းပဲပေါ့။ သူတို့မှာတော့ ဘာတာဝန်မှ မရှိဘူး လို့ ယူဆရနိုင်သလား။" အခုထိလဲ ဘယ်သူက သူလျိုပါလို့ ရေရောရာရာ မပြောနိုင်သေးဘူး ဖော်ထုတ်နေဆဲ/နေတုန်းပဲလား... သူလျို ပါနိုင်ပါတယ်... ရှင်းထုတ်ပစ်ကြတာပေါ့... ကိုတိုက်ပိတ်၊ မခင်ချိုဦးနဲ့ မနန်းအောင်ထွေးကြည်တို့လို အတူလာတဲ့ သုံးယောက်ထဲမှာ မခင်ချိုဦးက အသတ်ခံသွားရရှာတယ် ဆိုတော့ အတော်အတန် ရာထူးမြင့်မယ်လို့လဲ သုံးသပ်မိပါတယ်... NLD ဗဟိုမှာတောင် ရာဇဝင်ရှိလို့ တိုက်ပိတ်ပြီး အစစ်ခံရဖူးပါတယ် ဆိုတဲ့ ကိုတိုက်ပိတ်ကို ခေါင်းဖြတ်မပစ် နိုင်ခဲ့တာ တော်တော်ညံ့တာပဲ... အဖမ်းခံရတဲ့ အုပ်စုကို သုံးလေးမျိုး ခွဲမနေနဲ့တော့... သူလျိုတွေ ပါနိုင်ပါတယ်... မတော်တဆ သေသွားနိုင်လောက်တဲ့ အဖမ်းခံ အနှိပ်စက်ခံ ညှင်းဆဲ သတ်ဖြတ်တာကိုတောင် ခံပြီး ထောက်လှမ်းတဲ့ သူလျို ရှိပါ့မလား... ရုပ်ရှင်တွေ ဘာတွေ ထဲမှာတော့ ဖြစ်နိုင်တာပေါ့... ခေါင်းကွဲ ကြောပြဲ ဖင်စုပ်နေအောင် အရိုက်ခံ အနှိပ်စက်ခံပြီး ဝင်လျိုတဲ့ သူလျို ရှိပါ့မလား... ကဲပါလေ... ရှိတယ်ပဲ ထားပြီး စစ်ဆေးပါဦး... "ဒေါ်လှိုင် ပြောသလို ရိုးရိုးသားသားလေးတွေ ထွက်ပြေးမှ လွတ်မြောက်တဲ့ (၅၆)ယောက် (တယောက်က မလိုက်နိုင်လို့ လမ်းမှာ သတ်ပစ်ခဲ့ရ)" ဒါဆိုရင် ထွက်ပြေးတုန်းက တိုက်ပိတ် မပါဘူးလား... လမ်းမှာ သတ်ပစ်ခဲ့ရ ဆိုတော့ အမှုတွဲလိုက် သလိုပါပဲ... လွတ်မြောက်သွားသူတွေ စာရင်းပါ... ကိုညီကျော်ရေးတဲ့ မြောက်ပိုင်တွင် ကြွေလွင့်ကျောင်းသားများ အမှတ်တရနေ့သို့ ဖိတ်ခေါ်ခြင်းပို့စ် - http://www.facebook.com/note.php?note_id=176919355746943
http://brasilhnetyoe.blogspot.com/2012/07/blog-post_3146.html
"အရာရှိရိပ်သာမှာ အကျယ်ချုပ်နဲ့အဖမ်းခံရပြီး နည်းအမျိုးမျိုးနဲ့ လွတ်မြောက်သွားကြတဲ့ ကိုညီ ညီကျော် (မန္တလေး၊ ဗဟိုကော်မတီ၊ ကိုထွန်းအောင်ကျော်ရဲ့လူယုံ)၊ ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံးအုပ်၊ ကိုမျိုးဝင်း၊ ကိုသံချောင်းရဲ့လူယုံ)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ၊ ကိုထွန်းအောင်ကျော်ရဲ့လူယုံ)၊ နန်းအောင်ထွေးကြည် (ရန်ကုန်၊ ၀ါဒ ဖြန့်ချိရေး၊ အဖမ်းမခံရစဉ်က ဒုတိယအဆင့်အနေအထားမှာ မရှိပေမဲ့ သူ့ရဲ့ထွက်ဆိုချက်တွေက လူကြီးပိုင်းက လူတွေနဲ့ပဲ ဆက်စပ်နေတယ်။" ဒီလောက် ခိုင်လုံနေတာတောင် ဒီလူတွေ အသတ်မခံရဘူး ဆိုတော့ အသတ်ခံသွားရသူတွေက ဒီလူတွေထက် ပိုခိုင်လုံတဲ့ ထွက်ချက်တွေကြောင့်ပေါ့... ဒါကြောင့်လဲ ဒီလိုမျိုး ဖွင့်ချရေးရဲတာလို့ သတ်မှတ်လိုက်ပါတယ်... "အဲဒီအချိန်က ဗဟိုမှာ မြောက်ပိုင်းနဲ့ ပတ်သက်တဲ့စစ်ချက်တွေ၊ ဘာအခွေတွေမှ မရောက်သေးပါဘူး၊)" ဒေါ်လှိုင်က ဗဟိုမှာလဲ ရှိနေတယ်... မြောက်ပိုင်းမှာလဲ ရှိနေတယ်ဆိုတော့ နှစ်ကိုယ်ခွဲပေါ့... ခဏခဏ ကြုံတိုင်း ကြည့်ချင် မြင်ချင်လို့ ထည့်ရေးနေရတဲ့ စစ်ချက်တွေ အခွေတွေ ဆိုပါလား... " နှစ်ဘက်စလုံးက ယုံကြည်စိတ်ချရတဲ့ ဗကသ ခေါင်းဆောင်များရှေ့မှာ မျက်နှာချင်းဆိုင် စုံရှင်းကြပါလား။" ကိုစိုးလင်းကို စစ်ထားတဲ့ စစ်ချက်တွေ ပြန်ဖတ် လိုက်ပါလား ဒေါ်လှိုင်ရေ... ဒီလိုတောင် ပြောရဲပါတော့မလား... ယနေ့အထိ အာဏာရှင် ဆန့်ကျင်ရေးမှာ ပါဝင်နေဆဲ ဆိုပြီး ဆရာဝန်နိုင်အောင် ထုတ်လိုက်တဲ့ တောင်းပန်စာထဲက အဲ့ဒီ မြှုပ်ကွက်လေးကို ပြန်မေးလိုက်ပါဦး... ဒါပေမဲ့ ရှင်းစရာ မလိုလောက်အောင် ရှင်းနေတာက မမေ့ကောင်းစရာ အတွက် သစ္စာပန်းတစည်းဆိုတဲ့ ကိုမင်းကိုနိုင်နဲ့ ၈၈မျိုးဆက် ဟောင်း/သစ် တွေတက်ရောက်တဲ့ ရန်ကုန်က ၁၀ရက်နေ့ ဆွမ်းကျွေးပွဲ၊ ကိုမြအေး၊ ကိုထွန်းမြင်အောင် ဦးဆောင်ပြီး ၈၈မျိုးဆက် ဟောင်း/သစ် တွေတက်ရောက်တဲ့ မန်းလေးက ပြည်ထောင်စုနေ့ ဆွမ်းကျွေးပွဲ... သူလျို မဟုတ်ဘူးဆိုတာ အသက်နဲ့ ရင်းပြီးတောင် အာမခံပါတယ်တဲ့... ရန်ကုန်မှာ နောက်တရက် ဖြစ်တဲ့ ၁၃ရက်နေ့မှာ မဖြူဖြူသင်းတို့ အုပ်စုလိုက် ဆွမ်းကျွေးပွဲ လာသွားကြတာလေးတွေ မကြည့်ဖြစ်ဘူး ထင်ပါရဲ့... ကိုကိုကြီးရဲ့ မှတ်ချက်တို့ ဘာတို့ ပါတဲ့ ပြည်တွင်းထုတ် Messenger ဂျာနယ်ကိုလဲ ရှာဖွေပြီး ဖတ်ပါဦး... ဗကသတွေ ရှေ့မှာ ရှင်းချင်သပ ဆိုလဲ ရှင်းကြတာပေါ့... ရှင်းရဲကြဖို့ပဲ လိုပါတယ်... သူတို့ကတော့ ဘယ်လို သဘောထားကြောင်း ပြသ သွားပြီးသားပါ... "အဲဒီကာလ မြောက်ပိုင်းကိုတာဝန်ခံခဲ့တဲ့ ဗဟိုရဲ့ ဥက္ကဋ္ဌကြီးဖြစ်တဲ့ ကိုနိုင်အောင်နဲ့ ဗဟိုကော်မတီဝင် တွေ၊ မြောက်ပိုင်းဗဟို ဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့တဲ့ ကိုအောင်နိုင်နဲ့ မြောက်ပိုင်းဗဟိုကော်မတီဝင်တွေ အားလုံးသက်ရှိ ထင်ရှားရှိနေကြစဉ် ဒီကိစ္စတွေကို ကိုယ်ပါဝင်ခဲ့တဲ့အပိုင်းကနေ ပြန်လည်သုံးသပ်ကြပြီး ကိုယ်ပါဝင်လုပ်ဆောင်ခဲ့တဲ့အပိုင်း နဲ့ပတ်သက်ပြီး တာဝန်သိသိနဲ့ ဖြေရှင်းပေးသင့်တယ်လို့ပဲ ကျမမြင်ပါတယ်။" အခုအထိ ဒေါက်တာကြီးတို့၊ ရော်နယ်ကြီးတို့မှာ သူလျိုရောဂါ ဝင်နေတုန်းပဲ... သူတို့ ဘက်က မှန်နေရင် ဒီလူတွေလား နေမှာ... အခုလောက်ဆို ငှက်ရိုးတို့လို ဘလိုင်းကြီး ဝင်ရေးနေတဲ့ လူတွေ၊ ထွက်ပြေးလွတ်မြောက်ပြီးတော့ ဖော်ရေးနေတဲ့ သူတွေ ဆိုတာ သံတိုင်နောက်ကတောင် ထွက်ရမှာကို မဟုတ်ဘူး... (အီလက်ထရောနစ် ပုဒ်မလိုမျိုးနဲ့ကို စွဲကြမှာ) "သားသ မီးတွေကို နစ်နာဆုံးရှုံးခဲ့ရတဲ့မိဘတွေကို တောင်းပန်သင့်ရင်လည်း ကျမတို့တောင်းပန်ကြရမှာပါပဲ။ မဟုတ်ပဲနဲ့ သေဆုံးခဲ့ ရတဲ့ ရဲဘော်တွေအတွက်တင်မကပါဘူး ယုံကြည်ချက် အတွက် မြောက်ပိုင်းတောတောင် တွေကြားမှာ မြုပ်နှံခဲ့ရတဲ့ ရဲဘော် ရဲမေတွေရဲ့ ဂုဏ်သိက္ခာအတွက်လည်း လိုအပ်ပါတယ်။" ဆရာဝန် နိုင်အောင် ထုတ်ခဲ့တဲ့ တောင်းပန်စာလိုမျိုး သူလျိုတွေ ရှိနေသေးတယ်ဗျ... တောင်းပန်မှာပါ... ဟင်း ဟင်း ဟင်း... ဆိုတဲ့ ပုံစံမျိုးတော့ မလုပ်ပါနဲ့... တိတိကျကျ ဖော်ထုတ်ပါ... ရှင်းလင်းပါ... လောလောဆယ် အခြေအနေ မှာတော့ ပြည်သူလူထုရဲ့ ယုံကြည်မှုကို လုံးဝ မရနိုင်သေးပါဘူး... ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က အာဏာရှင်ထက်တောင် ဆိုးဝါးနေပါသေးတယ်... ပြတ်ပြတ်သားသား ရှင်းပစ်မှ ပြည်သူလူထုရဲ့ ယုံကြည်မှု့ကို ပြန်လည်ရယူနိုင်မှာပါ... "အသိပေးချက်…"ဆိုပြီးရေးထားတာလေး ဖတ်မိတော့ စွပ်စွဲ သလိုလို စိန်ခေါ်သလိုလို ရေးထားလို့ စိတ်မကောင်းဖြစ်မိပါတယ်... အမှုမှန် ပေါ်ပေါက်စေချင်သူရဲ့ စေတနာ စကားမျိုး မဟုတ်ပါဘူး... အမှုမှန် ပေါ်စေချင်သူရဲ့ စိတ်မှာ ဖြစ်သင့်တာက ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ အတွက် ချိုသာပြီး ပြေပြေလည်လည် ဖြစ်စေမဲ့ ဖြစ်စေတဲ့ စကားမျိုးဆိုသင့်ပါတယ်... ငါ့စကား နွားရ ပုံစံပြောသွားတဲ့ အတွက် အမှုမှန် ပေါ်စေချင်တဲ့ သာမာန်ရဲမေလေးရဲ့ အရေးအသားမှ ဟုတ်ပါလေစ။... အခုချိန်ထိလဲ သူလျို ဗိုင်းရပ်စ်က ခေါင်းထဲ ပိုးဝင်သလို ဖြစ်နေတဲ့ အတွက်တော့ စိတ်မကောင်းပါဘူး... "ထိုးကျွေးတာခံလိုက်ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ဦးစိန်တို့အတွက် ကျမအနေနဲ့ ရန်သူ့သူလျှို လုံးဝမပါဘူးဆိုတာ လက်မခံနိုင်ပါ။" ကဲ... ပြောရင်း ဆိုရင်းပဲ ပိုးဝင်နေပြန်ပြီ... အနှစ်နှစ်ဆယ် အထိတိုင်အောင်လဲ ဝေဝါးဝါး သူလျို ဆိုတဲ့ အဆင့်က မတက်သေးပါလား... " ပြန်ပြီးဝေဖန် တိုက်ခိုက်လာမဲ့ ဘယ်လိုအကြောင်းအချက်မျိုးကိုမှ ကျမ အနေနဲ့ တုန့်ပြန်ဖြေရှင်းနေတာမျိုးတွေ လုံးဝပြုလုပ်မှာမဟုတ်ဘူး" နေ့သစ်က ကွန်မန့်တွေ ဖတ်ပြီး ရင်ခုန်သွားလို့သာ ဥက္ကဌရဲဘော် ထွန်းအောင်ကျော်ကနေ ဥက္ကဌရဲဘော် စကားလုံး ပြုတ်ထွက် သွားပြီး ကိုထွန်းအောင်ကျော် ဖြစ်သွားလောက်အောင် အရေးအသားက ချက်ချင်း ချိုးကွေ့သွားသလားလို့... အားပေးထားတဲ့ ကွန်မန့်တွေ ပြန်ဖတ်ပြီးတော့ ပျော်ရွှင် ချမ်းမြေ့ဖွယ် နှစ်သစ်ကူး အခါသမယ ဖြစ်ပါစေ... လူသတ်ဝါဒနဲ့ အတူ အားပေးအားမြှောက်တွေပါ အတူတကွ ကျဆုံးပါစေ...


ဘရာဇီး ငှက်ရိုး
မတ်လ(၂၇)ရက်
ဖက်ဆစ် တော်လှန်ရေးနေ့ အမှတ်တရ
· · · Share · Delete

  • 1 share
    • ဘရာဇီး ငှက်ရိုး http://www.facebook.com/note.php?note_id=176919355746943
      သေတွင်းကိုချဉ်းနင်းသူချင်း အချင်းချင်းဂုဏ်ပြူလိုတယ် သေသည်ဖြစ်စေ ရှင်သည်ဖြစ်စေ တ...See More
      April 15 at 7:07pm · ·
    • မြောက်ပိုင်းတွင်ကြွေလွင့်သွားသူများ၏ နှစ်၂၀ပြည့် ရန်ကုန်အခမ်းအနားမှာ ကိုမင်းကိုနိုင်ရဲ့”မမေ့ကောင်းစရာ အတွက် ...သစ္စာပန်းတစည်း”ဆိုတဲ့ ကဗျာကို စကားပြေ ပြန်ကြည့်။ပန်းတစည်းမှာ ပန်းပေါင်းမြောက်များစွာ ရှိနေတာကို ညွှန်းတယ်။သစ္စာ +ပန်းတစည်း=မဖောက်မပြန် မှန်ကန်တဲ့ တရား နဲ့ ပန်းပေါင်းမြောက်များစွာကို မမေ့ကောင်းစရာ(အမြဲအမှတ်ရစရာ)အဖြစ် ရေးဖွဲ့ထားတာလို့ အဲဒီလို ကျနော်က ခံစားဖွင့်ဆိုနေမိတယ်။
    • Aye Aye Soe Win ရေး သူက တော်တယ်ကွာ။သူတို.ဖက်မှာ ညာတာ လိမ်တာ ကာတာ အပြစ်မဲ.သူတွေကိုအ ကြိမ် ကြိမ် စွတ်စွဲတာ မျက်နှာပြောင်တိုက်တာတွေကလွဲရင်. သဘောတရားနဲ.တည်ကြည်စွာရေးတဲ. လက်မရှိဘူး။ပြန်ပြန်ရှင်းနေတာတန်ရဲ.လား။
      April 17 at 4:21pm · · 2
    • ဘရာဇီး ငှက်ရိုး အဲ... ဒေါက်တာနိုင်အောင် လာတယ်လို့ ဒေါ်လှိုင် ရေးလိုက်တာနဲ့တင် ဒေါက်တာကြီး တပည့်တွေ နောက်အပိုင်းတွေ မဖတ်တော့ဘူး... ရှယ်လဲ မရှယ်တော့ဘူး... လုံးဝ သဘောတူတယ် ဆိုတဲ့ လူတွေတောင် ငြိမ်သက် တမိနစ် ဖြစ်သွားသေးတယ်...
    • Nicky Shein ကိုငှက်ရိုး ၊ ဆားပုလင်းနှင်းမောင် ငှားစရာတောင်မလို ၊ အဖြစ်အပျက်က စာဖတ်တတ်တဲ့ လူတိုင်း ဘယ်ကောင်က လူယုတ်မာ၊ ဘယ်သူက ကျောင်းသား ခေါင်းဆောင် စစ်စစ် သိပ်ငြင်းစရာမဖြစ်။

No comments:

Post a Comment