Monday, July 16, 2012

ကိုမိုးစဲရဲ့ ဒုတိယမြောက် မှတ်ချက်

ငဘ တို့ စောင့်နေပါတယ်..

မြောက်ပိုင်းကိစ္စကို တရားဥပဒေဘောင်ထဲက ကိုယ်ကိုတိုင် ထိထိရောက်ရောက် လုပ်နိုင် နိုင် မနိုင်နိုင် ခုချိန်မှာ လုပ်နိုင်သလောက် လုပ်နေသူတွေ ဖွင့်ချနေသူတွေကို အားပေးပါတယ်။ နှစ် ၂၀ လောက် ပြောခွင့်မကြုံလို့ ရှင်းပြသော်လဲ မယုံကြည်လို့ ထောက်လှမ်းရေး အဖြစ် လူ့အဖွဲ့စည်းအတွင်းမှာ ကိုယ်ကမှန်သော်လဲ
သံသယအဖြစ်ခံခဲ့ရတဲ့ ကာယကံရှင်ရဲဘော်များ သူငယ်ချင်း မိဘ မိတ်ဆွေများရဲ့ ဖွင့်
ချရှင်းလင်းမှုများကို မှတ်တမ်းတခု အဖြစ် သက်သေတခုအဖြစ် ခု အချိန်အခါမှာ ဒီမြောက်ပိုင်း အုပ်စုက စုစည်းထားနိုင်တယ်လို့ ထင်ပါတယ်။

ကာယကံရှင်တွေရဲ့ ဖွင့်ချ ရှင်းလင်းမှုများကို ဖတ်ကြည့်ရင်း နားထောင်ရင်း အဖြစ်မှန်
ဟာ ဘယ်လိုဖြစ်နိုင်တယ်ဆိုတာလဲ တဖြေးဖြေး ရှင်းလာပါတယ်။ ခံစားခဲ့ရတဲ့ ကာယ
ကံရှင်တွေက အများကြီးပါ။ တဦးချင်းစီ မပြော မရေးနိုင်တာတွေလဲ ရှိနေပါတယ်။ ဒါ
ပေမဲ့ ကြားသိရသလောက် အပြစ်ရှိသူတွေ တာဝန်ရှိနေသူတွေ ဟာ တော်တော် ထင်
ရှားနေလာပါပြီ။ ရနိုင်သလောက် စုစည်းဖို့ လိုဦးမည် ထင်ပါတယ်။

အပြစ်ရှိသူတွေကို တရားဥပဒေအရ အပြစ်ပေး အရေးယူနိုင်ရင် အကောင်းဆုံးပါ။ ၀မ်းမြောက်ဝမ်းသာ အားပေးချင်ပါတယ် ဒါပေမဲ့ အခက်အခဲတွေ ရှိနေသေးလို့ အ
ချိန်ယူ စောင့်ဆိုင်းရမယ် ဆိုလဲ စောင့်ပါတယ် စောင့်ရသူတွေက ဘာမှ မတတ်နိုင်ပဲ
နှစ် ၂၀ တောင် စောင့်ခဲ့ကြပြီးမှပဲ ထပ်စောင့်ကြနိုင်ပါတယ်။ တရားဥပဒေအရ တရား
ခံတွေ လူသတ်ကောင်တွေ ဒီမိုကရေစီ အရေခြုံတွေ ကို တရားမစွဲ ဆို နိုင်သေးသော်
လည်း လူ့အဖွဲ့ စည်းက လူယုတ်မာ တွေကို လူယုတ်မာတွေ အဖြစ် သိရှိသော် ဓမ္မစက်
ဖြင့် လူ့အဖွဲ့ အစည်းက ရှုံချခြင်းဖြင့် အရေးယူသော် လည်း ယူနိုင်ပါတယ်။

မြောက်ပိုင်းကိစ္စ အပြင် တောင်ပိုင်းကိစ္စတွေပါမှာ အပြစ်ရှိနေသူတွေ မြန်မာပြည်ထဲကို
ပြန်ဝင်စေချင်ပါတယ်။ မြန်မာပြည်ထဲမှာလဲ ခုလောက် ပွင့်လင်း မြင်သာမှုလေးပဲ ရရ
ရစေချင်ပါတယ်။ မြန်မာပြည်သူတွေဟာ ငထုံ ငထိုင်းတွေ ပြီး ပြီးရော ကောင်တွေ မတားရားမှုကို ငုံခံတတ်တဲ့ သူတွေ မဟုတ်ကြောင်း ပြပါလိမ့်မယ်။ ပြည်ပမှာ စားပေါက်
မချောင်လို့ ပြည်တွင်းကို ၀င်လုပ်စား မည်ဆိုလဲ ၀င်လုပ်စားကြမယ် ဆိုရင် ပြည်သူလူ
ထုကြီးကလဲ မအ ကြောင်း မနုံကြောင်း ပြသဖို့ စောင့်နေကြပါလိမ့်မယ်။ ဘာဆိုင်း
ဘုတ် ညာဆိုင်းဘုတ် ဆိုင်းဘုတ်ကြီးတွေ တကားကား ကိုင်ပြီးဝင်လာကြပါစေ။ "ငဘ" တို့ မအ ကြောင်း ပြပါမည်။

မြန်မာပြည်သူတွေကို အချဉ် လို့ ထင်သူတွေကို လှိုက်လှဲစွာ ကြိုကြပါလိမ့်မည်။

မိုးစဲ(သို့) ငဘ များ ထဲက တယောက်
1 · ·

No comments:

Post a Comment