Monday, July 16, 2012

လက်ရှိဥက္ကဌကတော် ဒေါ်ခင်ရွှေလှိုင်သို့ - ၈


by ဘရာဇီး ငှက်ရိုး on Wednesday, April 18, 2012 at 10:49pm ·
"အမှန်တကယ် မြင်ရ ကြားရ သိခဲ့ရတာတွေကိုသာ ရေးရတာဖြစ်လို့ အားလုံးက ဖြစ်စေချင်နေတဲ့ ဆန္ဒတွေ ပြည့်ဝမှာ မဟုတ်တာ သေချာသလို ၀တ္ထုဇာတ်လမ်း ရေးနေတာလည်း မဟုတ်လို့ အချိတ်အဆက် မိချင်မှ မိပါလိမ့်မယ်။" မတူတဲ့ အမြင်လေးတွေ ဖတ်ရတော့ ခံစားချက် တမျိုးလေးပေါ့... ကိုမျိုးဝင်းတို့၊ ကိုသံချောင်းတို့ ဆိုတာ အာဇာနည် ကျောင်းသား သူရဲကောင်း စစ်စစ်ကြီးတွေ အဖြစ် မြင်တွေ့ရလို့ ကျေးဇူးပါ... ဒေါ်လှိုင်ရေးတာမှာ အတော်အသင့်တော့ မှန်ကန်ကောင်း မှန်ကန်ပါလိမ့်မယ်... မြှုပ်ကွက်လေးတွေ ချန်ကွက် ကလေးတွေနဲ့ ရေးတာတော့ သဘောမတွေ့တာ အမှန်ပါ... အချိတ်အဆက် မမိတာ ထားပါ... လက်ခံပါတယ်... အပိုင်းတပိုင်းချင်း ပြန်ဖတ်တဲ့ အခါ အရေးအသားက ချိုးကွေ့သွားတာ အံ့သြမိလို့ပါ... ဥပမာ - ဥက္ကဌရဲဘော် ထွန်းအောင်ကျော်ကနေ ကိုထွန်းအောင်ကျော် ဆိုတဲ့ အသုံးအနှုံး ပြန်ဖြစ်သွားတာမျိုးပေါ့..."တာဝန်ရှိတဲ့ လုပ်ခဲ့ကြတဲ့သူတွေကိုယ်တိုင် တာဝန်ခံဖြေရှင်းရမဲ့ အပိုင်းလို့ပဲ ကျမ မြင်ပါတယ်။" မှန်ပါတယ်... တာဝန်ရှိတဲ့ သူအားလုံးကိုပဲ ရှင်းခိုင်းနေတာပါ... အခြား မသက်ဆိုင်သူတွေကို မထိခိုက်အောင် အချိန်စောင့်ပေးနေခြင်းပါ... ငြိမ်သက်နေပြီလို့တော့ မထင်စေချင်ပါ... "ဒီလောက်ရက်ရက်စက်စက် လုပ်ခဲ့ကြတာမှန်ရင် ဒီလိုလုပ်ရပ်မျိုးတွေကိုတော့ ကျမတဦးတည်းအနေနဲ့ လက်မခံနိုင်ပါ၊" ဒီအရေးအသားက တဦးတည်း သဘောကတော့ လက်မခံဘူး... အစုအဖွဲ့လိုက် ဆိုရင် လက်ခံတယ် ဆိုပါတော့... "တရားခံတွေနဲ့ ပတ်သက်ပြီး ရိုက်ထားခဲ့တဲ့ ဗွီဒီယိုခွေကို လက်ချာဟောမှာ ရဲဘော်ရဲမေတွေကို ပြသခဲ့ပေမဲ့" တရားခံ ဆိုတဲ့ အသုံးအနှုံးကို လက်မခံပါ... သူလျို ပါသည် ဖြစ်စေ မပါသည် ဖြစ်စေ လက်ရှိ အချိန်မှာ ဒီစကားလုံးမျိုး သုံးကို မသုံးသင့်တော့ပါ... "အဖမ်းအဆီး ခံရသူ" လို့ သုံးသင့်ပါတယ်... အနှစ်နှစ်ဆယ်အတွင်းမှာ အမှန်တရား အတိုင်း သိလိုသူတွေကိုလဲ ရိုက်ထားတဲ့ ဗီဒီယို အခွေ ဆိုတာ ထုတ်ပြတတ်ကြောင်း စာဖတ်သူ အတော်များများ သိထားကြပြီးသားပါ... ဒါကြောင့်မို့လို့လဲ ဒေါ်လှိုင့်ပြောသလိုပဲ အစီအစဉ် ရှိရှိ လုပ်သွားကြတာလို့ပဲ မြင်ပါတယ်..."ကျမ သံသယဖြစ်ခဲ့တဲ့ လူတချို့ကလွဲရင် ကိုထွန်း အောင်ကျော်၊ ကိုချိုကြီး၊ ကိုအောင်မင်း၊ ဦးစိန်၊ ကိုရဲလင်း၊ ကိုမိုးကြီး၊ ဘိုဘို၊ ၀ဏ္ဏဇော်၊ နန်းစော၊ ကိုမြင့်သိန်း ကျမရဲ့ (၄၀၁) တပ်ရင်းက ရဲဘော်တွေ့ကအစ အောက်ခြေက ရဲဘော်ရဲမေတွေအဆုံး ဘယ်သူ့ကိုမှ ရန်သူ့သူလျှိုတွေလို့ ဘယ် တုန်းကမှ ကျမ မသတ်မှတ်ခဲ့ လက်မခံခဲ့ပါဘူး" သံသယ ဖြစ်တဲ့ အပိုင်းလဲ ဖြစ်ပါ... လက်ခံပါတယ်... ကိုထွန်းအောင်ကျော်၊ ကိုချိုကြီးကစလို့ ၄၀၁က ရဲဘော်တွေ အဆုံး ဒေါ်လှိုင်အနေနဲ့ သူလျို အဖြစ် လက်မခံဘူး (သူလျို ဖြစ်ချင် ဖြစ်နိုင်ပါသေးတယ်) ဆိုရင် ဒေါ်လှိုင့်အနေနဲ့ ကျမ ဒီလူ ဒီလူတွေနဲ့ လက်တွဲဖူးတယ်... သူလျို ဖြစ်နိုင် မဖြစ်နိုင် သေချာအောင် စစ်ဆေးပြီး မျှမျှတတ လုပ်ကိုင်ကြဖို့ ဒေါ်လှိုင် ပြောခဲ့ ဆိုခဲ့ ရေးခဲ့ သားခဲ့တာတွေ ရှိရင်လဲ မြင်ချင်ပါသေးတယ်... "ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်တို့ထက် မြောက် ပိုင်းမှာ ကိုမျိုးဝင်းနဲ့ ကိုသံချောင်းတို့က ရဲဘော်တွေကြားမှာ သြဇာအာဏာ ရှိပြီးသားပါ လုစရာနောက်ထပ် ဘာအာဏာ ရှိနေလဲ၊ ကိုမျိုးဝင်းက ဒေသစွဲကြီး လွန်းလို့ အညှိုးကြီးလို့ လုပ်တယ်ဆိုလည်း ကိုမျိုးဝင်းတယောက်တည်း လုပ်ချင်တိုင်း လုပ်လို့ ရနေသလား။ တခြား ဗဟိုကော်မတီ တွေကရော။ ကိုမျိုးဝင်း ဒေသစွဲကြီး ကြောင်းပြဖို့ မိုးညှင်း။ မိုးကောင်းက လူ တွေကို တမင် ချန်ထားပေးခဲ့တာရော မဖြစ်နိုင်ဘူးလား" မိုးညှင်း မိုးကောင်း စတဲ့ ကချင် ပြည်နယ် ဒေသခံတွေလဲ သူလျို သံသယထဲမှာ ပါသွားခဲ့ ပါသေးတယ်... တဲမှာပဲ ရုံးထိုင်တဲ့ ဥက္ကဌ ဘာညာ ဆိုတဲ့ ပြသနာတွေ၊ အခြား အသေးစား ပြသနာတွေ မရှိခဲ့ မဖြစ်ခဲ့ဘူးလားဗျာ... "ကိုထွန်းအောင်ကျော်နဲ့အတူ အဖမ်းခံခဲ့ရတဲ့ ကိုညီညီ (ယူဂျီ၊ ဆမား) ကို အဲဒီညမှာပဲ ကေအိုင်အေက လာခေါ်ထုတ်သွား ပြီး ဧည့်ခမ်းဆောင်မှာ ထားခဲ့တယ်လို့ ကိုညီညီရဲ့ ကျမအပေါ်တုံ့ပြန်ချက်မှာ ရေးထည့်ထားတာကို တွေ့ရတယ်" အနှစ်နှစ်ဆယ် အတွင်းမှာ ဒေါ်လှိုင့် အနေနဲ့ ကေအိုင်အေက လူတွေကို သေချာ မေးခဲ့ သင့်တဲ့ မေးခွန်းပါ... ကိုညီညီကို ကယ်ပေးဖို့ ကေအိုင်အေဆီမှာ ထောက်ခံတဲ့ မငယ်၊ မငယ်ကို မသတ်အောင် အသည်းအသန် ကယ်ခဲ့ပါတယ် ဆိုတဲ့ ကချင်ကိုကျော်ကျော်၊ အခုအချိန်အထိ ကချင်ကိုကျော်ကျော်က လက်ရှိ အေဘီမှာ တာဝန်ထမ်းနေဆဲပဲ... ကိုညီညီရေးတဲ့ စာတွေဟာ ဒေါ်လှိုင့်စိတ်ကို အပြင်းအထန် လှုပ်ခတ်စေခဲ့တာပေါ့... "ကိုမောင်မောင် (ရွှေကရဝိတ်) ပြောခဲ့တဲ့ စကားတွေအရဆို ကေအိုင်အေက ခေါ်ထုတ်သွားရမှာ ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်ကို မဟုတ်လား၊ ဘာကြောင့် သူရဲ့ညီ ကိုညီညီ ဖြစ်နေရတာလဲ။" ကေအိုင်အေနဲ့ အဲ့ဒီနှစ်တွေမှာ အခြေအနေ ဘယ်လိုဆိုတာ ခန့်မှန်းရခက်ပေမဲ့... (ဘိန်းစိုက်ခြင်း မစိုက်ခြင်း ပြသနာရော မရှိနိုင်ဘူးလား - ကျနော့် အမြင်လေးပါ)... အခြားပြသနာ အထွေအထူး မဖြစ်ခဲ့ဖူးဘူးလား... ဦးစီးလွှမ်းမိုး(မိုးကောင်း)ဆိုတာ မြောက်ပိုင်းအေဘီ(ကချင်) ဖွဲ့ကာစ ကတည်းက အဦးဆုံး ပါဝင်ခဲ့သူ ကေအိုင်အေကလဲ ခွင့်ပြုလို့သာ ဦးစီးလွှမ်းမိုး ဆိုပြီး ဦးစီး ဖြစ်လာသူ မဟုတ်လား... သူလဲ သေတာပဲ... "ကေအိုင်အေအတွက် ယူဂျီလုပ်ငန်းတွေ လုပ်ပေးခဲ့လို့ဆိုရင်လည်း ကိုမောင်မောင်၊ ကိုညီညီတို့ ညီအကိုထက် အဓိက တာဝန်ခံ လုပ်ပေးခဲ့သူတွေက ဥက္ကဋ္ဌကိုထွန်းအောင်ကျော်နဲ့ ကိုချိုကြီး တို့ ညီအကိုပါ။" ကေအိုင်အေနဲ့ပါ ယူဂျီ လုပ်ငန်းတွေ လုပ်ပေးရသေးတယ် ဆိုတော့ တော်တော်လေးတော့ ဇာတ်အိမ် ခိုင်မာလာပါပြီ... ဒါကြောင့် ဒီကေ့စ်မှာ ကေအိုင်အေက ငြိမ်သက်နေတာ ဖြစ်ပါလိမ့်မယ်... "ကေအိုင်အေအတွက် ယူဂျီလုပ်ငန်းတွေ လုပ်ပေးခဲ့လို့ဆိုရင်လည်း ကိုမောင်မောင်၊ ကိုညီညီတို့ ညီအကိုထက် အဓိက တာဝန်ခံ လုပ်ပေးခဲ့သူတွေက ဥက္ကဋ္ဌကိုထွန်းအောင်ကျော်နဲ့ ကိုချိုကြီး တို့ ညီအကိုပါ။

- ဘာကြောင့် သူတို့ညီအကို နှစ် ယောက်ကိုတော့ ခေါ်ထုတ်မပေးခဲ့ကြတာလဲ။

- ကေအိုင်အေရဲ့ ဧည့်ခမ်းဆောင်မှာ နေခဲ့ရပါတယ်ဆိုတဲ့ ကိုညီညီကရော ဘာကြောင့် အဲဒီအချိန်တုန်းက ကျနော့်အ သက်နဲ့လဲပြီး အာမခံရဲပါ တယ်လို့ ကေအိုင်အေ ခေါင်းဆောင်တွေကို ပြောပြ အကူအညီမတောင်းခဲ့တာလဲ။

- ဘာကြောင့် အခုမှ ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့အတွက် မခံမရပ်နိုင် အသည်းအသန် ဖြစ်ပြနေရတာလဲ။ – - — ရဲဘော်ရဲဘက်ဆိုတာ သေချာရဲ့လား။" ဒေါ်လှိုင်မရေးခင် အောက်ကလင့်ခ်မှာ ဒီလိုတွေ ရေးထားပါသဗျာ...
http://www.facebook.com/note.php?note_id=348422948534779

"ရန်သူ့သူလျှို မပါဘူးဆိုတာ ကျမ လုံးဝလက်မခံနိုင်တာပါ။ ဒါဟာ မြောက်ပိုင်းကျောင်းသားတပ် ဖြိုခွဲခံလိုက်ရတာပါ။" ရန်သူ့ သူလျိုပါနိုင်ပါတယ်... မြောက်ပိုင်းကျောင်းသားတပ်က ဒီကေ့စ်ကြောင့် ပြိုကွဲ သွားတာလား... ဒေါက်တာနိုင်အောင်တို့၊ ရှေ့နေကြီး ကိုအောင်ထူးတို့လို လူတွေ ထောက်ခံခဲ့ ရဲ့သားနဲ့ ပြိုကွဲ သွားတာ ရင်နာလိုက်တာ... (၁၉၉၅မှာ ကေအိုင်အေ ငြိမ်းချမ်းရေး ယူတယ်... ကေအိုင်အေ အနေနဲ့ ကျောင်းသားတပ်ကို မထောက်ပံ့နိုင်တော့လို့ ဒေါ်လှိုင်ကိုယ်တိုင် ပြည်တွင်း ပြန်ဝင်ပြေးတာ ၁၉၉၇ရောက်မှ အိမ်ပြန်ရောက်တယ် ဆို) ဒေါက်တာကြီးတို့ ရှေ့နေကြီးတို့က မထောက်ပံ့ဘူးလား... "အခု ဒါတွေကို ဦးဆောင်ပြီး ပြန်လုပ်နေသူတွေကလည်း ဖြစ်ခဲ့စဉ်က ဒုတိယအဆင့်အနေအထားကပါဝင်ခဲ့သူတွေ သိပ် ရိုက်နှက်စစ်ဆေးစရာမလိုဘဲ အစီစဉ်တကျဖြေဆိုခဲ့သူတွေ ကိုယ်လွတ်ရုန်းပြေးနိုင်သူတွေ ဖြစ်နေပြန်တယ်၊" စဖော်တာ ထိန်ထိန်(ပန်းချီထိန်လင်း)...ကဲ... "အခုကိုပဲ အမှန်တရားဖော်ထုတ်ဖို့ထက် ဖွချခွင့်ရလိုက်တာကိုက ရန်သူ့အတွက် အ မြတ်ဖြစ်နေပါပြီ။" ဦးခင်ညွန့်ဆို တော်တော် မြတ်သွားပါတယ်... ဘုန်းကြီးဝတ်လိုက်၊ လူထွက်လိုက်ကို ဖြစ်ရောပဲ... အခြားသူတွေဆိုရင်တော့ ဆိုဖွယ် မရှိပေါ့... "(၅) နှစ်စီမံကိန်းက ဥက္ကဋ္ဌ သံခဲ ရဲ့ မိန်းမ ကျမ လုပ်ခဲ့တဲ့ဇာတ်လမ်းပါ" စီမံကိန်းကြီး ဖတ်ပြီး ရီရလွန်းလို့ အူတက်နေပါသေးတယ်... "ကိုအောင်မိုးဝင်းကလည်း ကျမကို အရိုက်ခံကာကွယ်ရင်းရခဲ့တဲ့ ဇာတ်လမ်းပါဆိုပြီး အတင်းကြီး လိုင်းတင်နေပြန်တယ်။" အဲ့ဒီလို လိုင်းတင်တယ်တို့၊ ဒီကေ့စ်ကို အတင်းထိုးတင်နေတယ်တို့ ဆိုတာ ဒေါ်လှိုင်တို့၊ ကိုဇာဂနာတို့ ပြောမှ ကြားဖူးတာပါ... ကိုကြီး၊ ဥက္ကဌ၊ ရဲဘော်၊ ကိုထွန်းအောင်ကျော်၊ ထွန်းအောင်ကျော်... ကြိုက်သလို ခေါ်ကြပါ.. အထွေအထူး ပြောစရာလဲ မရှိပါဘူး... အဆင်ပြေ သလို ခေါ်ကြပါခင်ဗျာ...

၁။ ကိုမျိုးဝင်းရဲ့လူယုံဖြစ်တဲ့ ဇော်ဇော်မင်း(မိုးညှင်း) ဆိုတာ အစကတည်းက နှိပ်စက် သတ်ဖြတ်တဲ့ သူတွေဘက်ကလူ...။

၂။(နန်းအောင်ထွေးကြည်၊ ကြောင်(ခ) ကိုကျော်နိုင်ဦး၊ ကိုခင်မောင်ဇော်၊ ကို ညီညီကျော်၊ ကိုညီညီ၊ ကိုမိုးကြီး၊ ကိုရဲလင်း၊ ကိုစိုးလင်း) မိဘတွေ ခေါ်ပြီး ၁၉၉၅ မြောက်ပိုင်းတပ် ပျက်သွားမှပဲ ပြည်တော်ပြန်ဝင်တာက မငယ်၊ ကိုကြောင်၊ကိုရဲလင်း၊ ကေအိုင်အေဘက်က ဝင်တာ ကိုညီညီ။ ကိုခင်မောင်ဇော်(ခိုဖြူထင်ပါတယ်)ကမျိုးဝင်း ပြန်လွှတ်ပေးတယ်... ကိုစိုးလင်းက ထွက်ပြေးလွတ်မြောက်တယ်(ဘယ်လို လွတ်တယ်ဆိုတာ ကျနော် သေချာ မသိသေး)...

၃။ အစီစဉ်ရှိရှိလုပ်နိုင်ဖို့ ဖြစ်နိုင်ချေရှိသူတွေက ကိုသန်းဇော်၊ ကိုညီညီကျော်၊ ကိုခင်မောင်ဇော်တို့ (၃)ယောက်။

အထက်က အမှတ်စဉ်(၃)ခု စလုံးအတိုင်း ပြန်ပြောရရင်... သန်းဇော်က ထောက်လှမ်းရေး တာဝန်ခံ(သဘောထား ပျော့ပျောင်းတဲ့ ကိုပီတာ တိုက်ပွဲကျသွားလို့ နေရာရ)၊ ကိုညီညီကျော်က ဘယ်သူလွှတ်ပေးမှန်း မသိပဲ လွတ်လာ၊ ကိုမိုးကြီးနဲ့ ကိုစိုးလင်းက ဒေါ်လှိုင်ပြောသလို ရိုးရိုးသားသား ပြန်လွတ်ဆိုတဲ့ အတိုင်း ၅၅ယောက်လွတ်တဲ့ အုပ်စုနဲ့လွတ်လာ၊ ကျန်တဲ့ ၄ယောက်က မိဘတွေ အပ်မယ်ဆိုပြီး ညာထားလို့ မြောက်ပိုင်းကျောင်းသားတပ်ပျက်မှပဲ ပြည်တွင်း ပြန်ဝင်ကြသူတွေ။

လူတရာကျော် ဒုက္ခဖြစ် သေကြေအောင် ဦးဆောင်ပြီး လုပ်ခဲ့တဲ့ လူတွေထဲက တာဝန်ခံဆိုတဲ့ လူက အခုမှ ထောက်လှမ်းရေးတဲ့လား... ကိုညီညီကျော် ဘယ်လို လွတ်သလဲ??? ဘယ်သူလွှတ်ပေးသလဲ??? (ညီညီကျော်ဆိုတာ မိဘတွေဆီ စာရေးပြီး လာခေါ်ခိုင်းတဲ့စာတွေ ပို့ပေးရတဲ့သူလို့ ကျနော်ထင်ထားတာပါ)... ကိုခင်မောင်ဇော်(ခိုဖြူ)က (အစိုးရစစ်ရုံးမှာ လုပ်တယ်ဆိုတဲ့ စွဲချက်လေးနဲ့သူ)... စစ်ယူနီဖောင်းနဲ့ အင်မတန်မှ လိုက်ပါတယ် ဆိုတဲ့ လူကို အောက်က လင့်ခ်မှာ ပုံကို သေသေချာချာ သွားရောက် ကြည့်ရှု့နိုင်ပါသေးတယ်...

http://www.facebook.com/photo.php?fbid=191615034283051&set=a.142927165818505.27159.100003036666936&type=1&theater
" နောက်တခုက ကျမရေးတဲ့ စာ တွေကို အများထင်ထားသလို တပိုင်းစီရေးပြီး တင်နေတာမဟုတ်ပါဘူး။ ဒါတွေ စတက်လာကတည်းက ရေးနေတာမို့ ကျမ မြင်ရကြားရသိတာတွေ မှန်သမျှရေးထားပြီးသား အားလုံးကို ပို့ထားပြီး အားလုံး ၀ိုင်းဝန်းစဉ်းစားချိန်ရအောင် တပိုင်း စီခွဲပြီး တင်ခိုင်းခဲ့တာပါ။ ကျမပို့လိုက်တဲ့အချိန်မှာပဲ ကိုနိုင်အောင်ရဲ့စာက ထွက်လာခဲ့တာပါ။" တထိုင်တည်းနဲ့ တဆက်တည်းနဲ့ ရေးပေးတယ်ဆိုလဲ အရေးအသားက အပြောင်းအလဲ အချိုးအကွေ့များတဲ့ စာရေးသားပုံပါ... တပိုင်းချင်းစီ အလိုက် ဖတ်ရင်လဲ အရေးအသားက တပိုင်းနဲ့ တပိုင်း မတူပါဘူး... ပြန်သုံးသပ် နိုင်ပါစေ(နှုတ်တရာ စာတလုံးတော့ ဖြစ်သွားပါပြီ)... အောက်ပိုင်းက ဖုန်းနဲ့ ဆက်သွယ်ပြီး ပြောတယ်ဆိုရင် အသံဖိုင် ဖြစ်ဖြစ် ဗီဒီယို ဖြစ်ဖြစ်နဲ့ဆို ပိုပြီး ယုံကြည်ဖွယ် ဖြစ်ပြီး ပြသနာတွေ အဆင်ပြေပြေနဲ့ ပြီးသွားမှာပါ... အသံဖိုင် တွဲ မတင်ခြင်းက မငယ် မဟုတ်ပါဘူးလို့ ငြင်းဆိုခွင့် ရှိနေပါသေးတယ်... (ယခု ဖုန်းမှတ်တမ်းအတွက် မငယ့် သဘောထား မဖတ်ရသေးပါ)

ဖုန်းပြောဖြစ်တဲ့ အထဲက "ကျမ) ငါမသိဘူး၊ ငါအိမ်မှာ အင်တာနက်လည်း မရှိဘူး၊ အဲဒါက သူတို့အပိုင်းပဲ၊ လက်ရှိနိုင်ငံရေး အခြေအနေနဲ့လည်း ဆိုင် တယ်။ အေဘီကို အင်အားချိနဲ့အောင် လုပ်သွားတဲ့တရားခံကို ရှာမယ်ဆိုရင်တော့ ကိုနိုင်အောင်နဲ့ အဲဒီအချိန်က ဗဟိုကော်မတီတွေ ထိပ်ဆုံးကပဲ။ ဒါပေမဲ့ ဒါက အဲဒီကိစ္စ မဟုတ်ဘူး။ ကိုနိုင်အောင်နဲ့ ကိုအောင်နိုင်ကို ချချင်လို့ပဲ ပြော ပြော အမှန်တရားကို ဖော်ထုတ်ချင်တာပဲ ပြောပြော၊ ဘာပဲပြောပြော နောက်ဆုံးတော့ အဖွဲ့ကိုလာထိမှာ လာထိမှာပဲ၊ နေ ပါအုံး ငါမေးပါအုံးမယ်။ ကိုထွန်းအောင်ကျော်ကို ငါကိုယ်တိုင် ဓါးနဲ့ ခုတ်သတ်ချင်တယ်လို့ ငါပြောခဲ့တယ်ဆိုတာ မင်းယုံ လား။" ထပ်ပြီး သတိပေးလိုက်ပါဦးမယ်... နိုင်အောင်၊ အောင်နိုင်လောက် မပြောပါနဲ့ဦး... ဒီကေ့စ်မှာ ဘာကောင်ပဲ ပါပါ အပြတ်ရှင်းမှာပါ... လက်ရှိအေဘီရဲ့ သဘောထားကရော... လက်ရှိအေဘီကသာ "ကြားနေသူ" စစ်စစ် ဆိုရင် မလုံမလဲ မဖြစ်ပဲ ဒီကေ့စ်ကို ပြတ်ပြတ်သားသား ရင်ဆိုင်သင့်ပါတယ်... မှန်ကန်သူတွေဟာ နောက်ဆုံးတော့ ရှင်သန်ရမှာပါ... လက်ရှိအေဘီ ကိုယ်တိုင် စေတနာ မမှန်ရင်တော့ စိတ်မရှိပါနဲ့ပေါ့ဗျာ... အခုနောက်ဆုံး အပိုင်းအထိ ဖတ်ပြီးတော့တောင် ကိုယ်တိုင် ခေါင်းဖြတ်ချင်တယ် ဆိုတာ ဖြစ်ချင်ဖြစ်နေနိုင်သားပဲ... "ရဲဘော်တွေနဲ့ အတူတူ နေပူဆာလှုံရင်း လှမ်းကြည့်လိုက်တဲ့ ဥက္ကဌရဲဘော် ထွန်းအောင်ကျော်ရဲ့ အကြည့်" သေတဲ့ အထိ မမေ့ပါနဲ့... စွဲစွဲမြဲမြဲ ရှိနေပါစေဗျာ... "စလုပ်တဲ့အချိန်တုန်းက ဒါတွေကို ဘယ်သူတွေ လုပ်သွားတာလဲ တရားခံရှာဖို့ အဖြစ်အပျက်အမှန်ကို ဖော်ထုတ်ဖို့၊မဟုတ် ပဲ အသတ်ခံရ အဖမ်းခံခဲ့ရတဲ့လူတွေရဲ့ ဂုဏ်သိက္ခာပြန်ဆည်ဖို့၊ (ဒါကို ကျမ လက်ခံတယ်) နောက်တော့ ရန်သူ့သူလျှို တယောက်မှ မပါဘူး အာဏာရူးပြီး ကျောင်းသားက ကျောင်းသားကိုသတ်တာ ဖြစ်သွားတယ်၊ (ဒါကို လက်မခံဘူး) အခုကျ ရန်သူ့သူလျှိုဖြစ်တာ မဖြစ်တာက အရေးမကြီးဘူး လူ့အခွင့်ရေးချိုးဖောက်မှုက အဓိကတဲ့။ (ဒါလည်း ငြင်းစရာ မရှိဘူး။ လက်ခံတယ်။ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စ။) ဘယ်သူသတ်တာလဲဆိုတာလည်း သိနေတယ်။ ဘယ်သူ နှိပ်စက် တာလဲဆိုတာလည်း သိနေတယ်။ သက်သေပြစရာ ဒဏ်ရာဒဏ်ချက်တွေကလည်း အသင့်ပဲဆိုတော့ ကြိုက်တဲ့တရားရုံး ကသာ တရားစွဲ လိုက်ကြပေတော့။" ကျနော့် ကတော့ စပြီးသိတဲ့ နိုဝင်ဘာ ၁၈ရက်နေ့ သန်းကြွယ်သူဌေးပို့စ် စဖတ်မိကတည်းက လိုက်နေပါတယ်... တရားခံက ရှာရင်းရှာရင်း ရာဂဏန်းတောင် ရောက်နေပြီ အဒေါ်ကြီး... လက်ရှိအေဘီက ကော်မတီ ဖွဲ့ထားပြီးပြီ တနှစ်အတွင်းတဲ့... စောင့်ကြည့်နေပါ့မယ်... အဖမ်းခံရ၊ အသတ်ခံရ၊ ဘယ်သူမှ မကယ်တင်လို့ ကိုယ်တိုင် ထွက်ပြေး လွတ်မြောက်သူတွေက သေရင်တောင် အသေ မဖြောင့်မှာ စိုးလို့ ကျောင်းသား ဖြစ်ကြောင်း ဆိုတဲ့ ဘဝလေးပဲ ပြန်ပေးပါ... ကျေပါတယ်တဲ့... သူလျိုစာရင်းထဲက ပယ်ဖျက်ပေးဖို့တောင် ကျနော်ကလွဲပြီး ဘယ်သူမှ မတောင်းပါဘူး... ဘယ်သူက ဒီလူတွေ အတွက် ဘာလုပ်ပေးပြီးပြီလဲ... လက်ရှိအေဘီကရော ဘာလုပ်ပေးပြီးပြီလဲ... နောက်တော့မှ တောင်းပန်ပါ့မယ်တဲ့လား... အခုထိလဲ ရဲမေလေးဒေါ်လှိုင်ရဲ့ စိတ်ထဲမှာ သူလျို ပါတယ် သူလျိုပါတယ်ပဲ အော်အော်နေတယ်... ကဲ အနှစ်နှစ်ဆယ်အတွင်း သူလျိုစစ်စစ်တွေ ဖော်ပြပေးပါဦး... အခုထိလဲ ကိုမျိုးဝင်းတို့၊ ကိုသံချောင်းတို့ ဆိုတာ ကျောင်းသား အာဇာနည်တွေ ဖြစ်နေ ကြတုန်းပဲ... သံချောင်းကို အေဘီကနေ အညံ့ခံသွားတယ် စစ်အစိုးရက နားလှည့်ပါးရိုက်ပြီး ထောင်ထဲ ထည့်ထားတာပါ ဆိုပြီး ရေးထားတဲ့ အပိုင်းကို ဒေါ်လှိုင် ကိုယ်တိုင်ပဲ ပြန်လည် ပြင်ဆင် ပေးပါလို့ တောင်းဆိုပါရစေ...။ ဒီအရေးအသားက အေဘီကို သိက္ခာကျစေတဲ့ အရေးအသားပါ... ကျောင်းသားချင်း အာဏာရူးပြီးပဲ သတ်သတ်... ကျောင်းသား မဟုတ်တဲ့ အပြင်လူတွေကပဲ သတ်သတ်... သူလျိုတွေ ပါရင်ပဲ ဖြစ်ဖြစ် အပြစ် ခံရမှာပဲ... လူ့အခွင့်အရေး ချိုးဖောက်တာလဲ အပြစ် ခံရမှာပဲ... စာထုတ်တဲ့ လူတွေရော... ကော်မတီဝင်တွေ(ဗဟို/မြောက်ပိုင်း/တောင်ပိုင်း)အားလုံး တာဝန်ရှိပါတယ်... ကိုထိန်လင်း ရေးတဲ့ ကွန်မန့်ထဲက သက်သေ ကတော့ ခန္ဓကိုယ် ပေါ်က အရေပြားတွေ ပါပဲဗျာ... ဆိုတာကို စိတ်ခုနေတယ် ထင်တယ်... အပီအပြင်ကို တရားစွဲမှာပါ... (ကျနော့် သဘောကတော့ ရုပ်ရှင်တောင် ရိုက်လိုက်ချင်သေးတယ်...)

ဝရုန်းသုန်းကား သေလုမြောပါး ဖြစ်မှ တက်ရေးလာတဲ့ အပိုင်းများစွာထဲက သံသယတွေ စွပ်စွဲချက်တွေ အတွက် ဖြေရှင်းချက်လေးပါ... ဒါပေမဲ့... မန်းလေးပွဲ လုပ်ပြီးပြီးချင်း နောက်နေ့မှာ ကိုညီညီကျော် တင်ထားတဲ့ Status လေးပါ... ထမိန်စွန်တောင်ဆွဲ ဝင်လာတာ ညှိကြည့်တာ အဆင်မပြေလို့ များလား???
တိကျစွာ သုံးသပ်နိုင်ကြပါစေ... အမှုမှန် ပေါ်ပေါက်ပါစေ... လူသတ်ဝါဒနဲ့အတူ လူသတ်သမားတွေ အားပေးအားမြှောက်တွေ ကျဆုံးပါစေ... ဘုရာဇီးငှက်ရိုး...
"(“နင်တို့မြောက်ပိုင်းမှာ အဲဒီလောက်တောင် လူတွေကိုသတ်တာလား” လို့ တအံ့တသြ မေးခဲ့တဲ့ အပေါ် မြောက်ပိုင်းကရဲမေတဦး ဖြေလိုက်သလိုပဲ ဖြေဖို့ပဲကျန်တော့တယ်။)" ရဲမေတဦး ဖြေတာလေးကို အရမ်း အရမ်း သိချင်သွားပြီ မို့လို့ မက်ဆေ့ခ်ျလေး ပို့ပေးပါလား ဥက္ကဌကတော်ရေ့.....
· · · Share · Delete

  • 3 shares
    • ဘရာဇီး ငှက်ရိုး http://www.facebook.com/note.php?note_id=348422948534779
      ABSDF လူသတ်ပွဲဘယ်သူတရားခံလဲ အပိုင်း (၄)-ရေးသားသူ ညီညီ (မြောက်ပိုင်းရဲဘော်ဟောင်း) ကျနော်ကကျောင်းသားတပ်ကိုရောက်ပြီး ၁၀ ရက်လောက်မှာတင်အဖမ်...
    • ဘရာဇီး ငှက်ရိုး http://www.facebook.com/photo.php?fbid=191615034283051&set=a.142927165818505.27159.100003036666936&type=1&theater
      အားစိုက်ခေါ်တင်မောင်အေး(ကသာ)
      စစ်ကြောရေးဒဏ်ကြောင့် မသေမှီ ခန္တာကိုယ်အစိတ်အပိုင်းများ
      ပုပ်ပြီး ပိုးကျ သေရသူ။
    • Kyaw Than · Friends with Kyaw Gyi AB and 55 others
      အဖမ်းခံရ၊ အသတ်ခံရ၊ ဘယ်သူမှ မကယ်တင်လို့ ကိုယ်တိုင် ထွက်ပြေး လွတ်မြောက်သူတွေက သေရင်တောင် အသေ မဖြောင့်မှာ စိုးလို့ ကျောင်းသား ဖြစ်ကြောင်း ဆိုတဲ့ ဘဝလေးပဲ ပြန်ပေးပါ... ကျေပါတယ်တဲ့... သူလျိုစာရင်းထဲက ပယ်ဖျက်ပေးဖို့တောင် ကျနော်ကလွဲပြီး ဘယ်သူမှ မတေ
ာင်းပါဘူး... ဘယ်သူက ဒီလူတွေ အတွက် ဘာလုပ်ပေးပြီးပြီလဲ... လက်ရှိအေဘီကရော ဘာလုပ်ပေးပြီးပြီလဲ... နောက်တော့မှ တောင်းပန်ပါ့မယ်တဲ့လား... အခုထိလဲ ရဲမေလေးဒေါ်လှိုင်ရဲ့ စိတ်ထဲမှာ သူလျို ပါတယ် သူလျိုပါတယ်ပဲ အော်အော်နေတယ်... ကဲ အနှစ်နှစ်ဆယ်အတွင်း သူလျိုစစ်စစ်တွေ ဖော်ပြပေးပါဦး... အခုထိလဲ ကိုမျိုးဝင်းတို့၊ ကိုသံချောင်းတို့ ဆိုတာ ကျောင်းသား အာဇာနည်တွေ ဖြစ်နေ ကြတုန်းပဲ... သံချောင်းကို အေဘီကနေ အညံ့ခံသွားတယ် စစ်အစိုးရက နားလှည့်ပါးရိုက်ပြီး ထောင်ထဲ ထည့်ထားတာပါ ဆိုပြီး ရေးထားတဲ့ အပိုင်းကို ဒေါ်လှိုင် ကိုယ်တိုင်ပဲ ပြန်လည် ပြင်ဆင် ပေးပါလို့ တောင်းဆိုပါရစေ..

No comments:

Post a Comment