February 1
ကျဉ်တုတ်ခံဝံ့ မခံဝံ့
ကြေကွဲခြင်းလား
ကြေကွဲခြင်းလား
တရားသစ္စာ၊ကဗျာဖြစ်ရင်
စိုနင်ပျက်ပြို၊ သွေးသံယိုမူ့ 
အံ့တု စစ်ခင်းခြင်းဘဲလေ။
ရဲရင့်ခြင်းရဲ့
နှင်းဆီ တပွင့်
ကျဉ်သင့် ပျက်ကြွှေး ရိုက်သံဝေတော့
မျက်ရည် တန်းဖိုး မြင့်ခဲ့ပြီး၊
ဘယ်မလဲတဲ့
နားထဲ ကြားယောင်၊ ညဥ့်မှောင် လမ်းကြား
လူသွားကင်းပြတ် ၊ စိတ်ဓာတ် ခြောက်းခြား
လမ်းမှား မဟုတ်
ကျဉ်တုတ် ခံဝံသူတွေလေ။ ။
(၁၅၊၀၉၊၁၉၈၉)
မောင်လွှမ်းဏီ
ကိုဝင်းနောင် (မြောက်ပိုင်းABSDF) မှာသင်တန်းဆရာ ပါ ၁၉၈၈ ခုနှစ် အရေးတော်
ပုံ ကာလ မှာ ကျနော် နဲ့ အတူ အောက်ဗမာပြည် ဗကသ၊ လူဘောင်သစ် ဒီမို ကရက်တစ် ပါတီ မှာ တိုင်းစည်း တာဝန် ကို ဗဟန်းမြီု့ နယ် လူဘောင်သစ် ပါတီ ကနေ တာဝန် ပေးခံ ရတယ် ပြိုင်ဘီး အဖြူရောင် လေးစီးစီးပြီး ၀ါးရူံးပင်တိုင် ရုံး ကိုလာလေ့ ရှိတယ် အမြဲတမ်း ပြူံရွှင် တဲ့ မျက်နာ လေးနဲ့ ရဲဘော် ရဲဘက်တွေ အပေါ်မှာ စာနာတတ်တယ် ၁၉၈၉ အာဇာနည် နေ ရေခဲ ဆိုင်မှတ်တိုင်မှာ န၀တ ရဲ့ ဖြိုခွင်း ခံ ရတဲ့နောက် မြောက်ပိုင်း အေဘီ ကို ရောက်သွားတာဘဲ ကြားသိရတယ် မင်းနဲ့ အဆက်အသွယ် မရှိတော့တာ ဒီနေထီပါဘဲ။
အခုတစ်လော မှာ မြောက်ပိုင်း ကိစ္စ တွေ ပြန်ကြားလာ ရပြန်တော့ အသတ်ခံရ တဲ့ နာမည် ထဲ မှာ မင်းနံမည် တူ တွေ့ တော့ မေးကြည့် မီတော့ မင်းပါဘဲ မတရားအနှိပ်စက် ခံပြီး ဗန်းမော် ခရိုင် မှာ အသတ်ခံရတာ ကြားတော့ မယုံနီုင်အောင်ပါဘဲ အောက်ဗမာပြည် ဗကသ၊ လူဘောင်သစ် ဒီမို ကရက်တစ် ပါတီ မှာ တိုင်းစည်း တာဝန် ထမ်းဆောင်ခဲ့ တဲ့ တိုက်ပွဲ ၀င်ခွပ်ဒေါင်း ရဲဘော် ဟာ စစ်အစိုရ ရဲ့ သူလျှိုတဲ့ လာကွယ် ?????? အဲဆိုရင် လည်း သူလျှိုတွေ ကိုသတ်တဲ့ ဒလန် များ ကြဆုံးပါစေ။

· · Share
- 4 shares
Ko Lin အေးကွာ ..ငါတို့ မိတ်ဆွေ ရဲဘော်တွေ မကျဆုံးသင့်ပဲ ကျဆုံးခဲ့ရတယ် ....လေးစား စွာဖြင့် .... အလေးပြုလိုက်ပါတယ် ... :(((
Min Min Aung it makes me cry...
Htein Lin ကိုဝင်းနောင် က သင်္ချာမေဂျာက မိုးဇော်ထွန်း ခေါ် မိုးကြီးနဲ့ အတူတူတောခိုလာခဲ့တာပါ။ ကိုမိုးကြီးက သေမှာကြောက်တော့ ထောက်လှမ်းရေးဆိုဝန်ခံပြီး။နောက်ပိုင်း တော့ရဲလင်းနဲ့ ထွက်ပြေးတယ်.။ ၁၉၉၈ မှာ ကျွန်တော်နဲ့ပေါင်းပြီး ထောင် ၇ နှစ်ကျသွားတယ်ဗျ။ အထူးသဖြင့်တော့ အတူသွားပြီး ပြန်မပါလာတဲ့ကိုဝင်းနောင် အတွက် ကိုဝင်းနောင်မိဘတွေကို ခုထိမျက်နှာမပြရဲဖြစ်ခဲ့ရတာ ပေါ့။
Päivi-Maria Liimatta-hobbs Min Min Aung why it makes you cry? I can´t understand your langue,,,like to know !
Zaw Zaw Hlaing လူဘောင်သစ် ရန်ကုန်တိုင်းမှာ အော်ရင်းဟစ်ရင်း.. ပြေးရင်းလွှားရင်း အလုပ်တွေအတူတူလုပ်ခဲ့တဲ့ ကိုဝင်းနောင်တယောက် .. မြောက်ပိုင်းအာဏာလုပွဲမှာ စတေးခံလိုက်ရတယ်ဆိုတာ အခုလိုသိရလို့ စိတ်မကောင်းဖြစ်ရတယ်.. သူကိုထောက်လှမ်းရေးဆိုပြီး သတ်လိုက်တာဆိုတော့ အတူတူလုပ်ခဲ့တဲ့ ငါရော ထောက်လှမ်းရေးများဖြစ်နေသလားလို့ ကိုယ်ကိုကိုယ်မေးရတော့မလို့ ဖြစ်နေပါလား...။
အတာ လင်း ထောက်လှမ်းရေးကစိက်ဓါက်ပြင်းထန်လွန်တဲ့ကျောင်းသားကို.ြ ပန်စွပ်ဆွဲပြီးအကွက်ကျကျသက် သွားတာလေ..သူတို့ကအသေအချာသင်တန်းပေးထားတာကိုးကျုပ်တို့ ကဘုမသိဘမသိနဲ့..မခံချင်စိက် တခုထဲနဲ့တော်ခိုခဲ့ကြတာကိုး ဗျ..အခုတော့နားလည်းလိုက်တာက တော့..မိအေး၂ခါနာက..ကျုပ်တို့ကျောင်းသားဘဲ...
Htat Aung Rangoon တော်တော်ဆိုးတယ် တော်တော့ကိုဆိုးတယ် လုပ်တဲ့ကောင်တွေကွာ မင်းတို့က တော်လှန်သမားမဟုတ်ဘူးကွ လက်နက်ကိုင်ပြီးအတွေးခေါ်မဲ့ရမ်းကားတဲ့လူရမ်းကားတွေ မင်းတို့ကြောင့် ကျောင်းသားသမိုင်း မကဒတ သမိုင်းကို သူများအထင်လွဲစရာဖြစ်တယ် မင်းတို့က ရန်သူထက်ပိုဆိုးတယ် သမိုင်းကိုဖျက်တဲ့ကောင်တွေ ရဲဘော်ဝင်းနောင်ကိုများ သူလျှိုတဲံ

No comments:
Post a Comment