by Kyaw Gyi AB on Friday, February 24, 2012 at 2:25pm ·
၈၈ ရတနာဘုမ္မိ မှာ ဝီစီ ဟာ နာမည်ကြီး ပေါ့ ၊အာဏာသိမ်းတော့ ကြည့်ယိမ်းတဲ့ထဲမပါ သူဟာ
PNA ပအိုဝ် လွတ်မြောက်နယ်မြေမှာလေ ၊ အခြေခံသင်တန်းတွေဆင်း လို့ 
DYA တဲ့ ( Democratic Youth Army ) တဲ့ ၊ AB နဲ့ တော့ သိခွင့် မရခဲ့ ရှာပါဘူး ၊
စကားလုံး ထူးတွေပြောတတ် ၊ စာတွေဖတ် ၊ ' ချေဂွေ ' ဖက်က ရပ် တိုက်ပွဲ မပြတ် ဖော်လိုတတ် တဲ့ မင်း
ကိုယ်ပိုင်နံပါတ် ၀၀၆၀ ကျော် နဲ့  ၊ အစောပိုင်း ရဲ့ ရက်တွေထဲ ' အောင်ထူး ' ဆိုတာ နဲ့ လဲ ရင်းနှီး ခဲ့ တဲ့ မင်း
အချင်းချင်း မှာ မင်းဟာ ဘယ်သူဆိုတာ ကျက်မိရင်
သူ့ ကျေညာချက် ရက်စက်မယ် မထင်
အော် ' ခြေခွင် ကားရား ၊ ခြေခွင် ကားရား '
၂ လသားအကြာမှာတော့ လက်တွဲမရ အဖြေသိရပြီ သူပြန်ပြီ တဲ့ တရားဝင်ပါ
မန္တလေးမှာ သူငြိမ်နေမယ် ထင်လို့ လား
အပြင်းစား လူ သူဟာ
ညီလာခံများမှာ အားပါပါနဲ့  စကားပြောစင် ထုခဲ့ ၊ သူ့ သွင်ပြင် နဲ့  စိတ်သဏ္ဍာန်
အမှန်ဆိုတာ လူတိုင်းနားလည် ခဲ့ကြရတယ်။
အောင်မင်း တဲ့ လူချစ်လူခင်များတဲ့ မင်း ၊ အချင်းချင်းလဲ ညှာတတ် ၊ ယုံကြည်ရာဖက်မှာ အတူတူ ရပ်
အထဲမှာ မပြတ် တာဝန် အထပ်ထပ် မှာ ကျရာကထမ်း ရင်း
တောတွင်းစခန်း က တို့ ဆီကို ခင်ဝမ်း သီချင်း ဆိုလဲ ပို့ ရဲ့ 
သမိန်ပေါသွပ် ဆိုလဲ လက်မနှေး ထိုးမုန့် ချိုး ကလေးများတောင် မလွမ်းအောင်တဲ့
ပို့ တပ်တဲ့ မင်းရဲ့ စိတ်ဓါတ် မမေ့အပ်ပါဘူး
ဒီလိုနဲ့  ရှစ်လေးလုံး သုံးနှစ်ကို အဖြတ်
မိခင်တပ်မှာပဲ ဆင်နွဲလိုတဲ့ မင်း ၊ ဗဟိုကိုခေတ္တ သွားရင်း
ပါဂျောင် အကျဉ်းသားဖြစ်ခဲ့ တပ်ကြပ်ကြီး တဲ့
" အများ နဲ့  တစ်ယောက်တုဖက် " သီချင်းတစ်ဝက် တစ်ပျက်
နံချပ်ကူ ရိုက်ချက် နဲ့  သွေးပွက်ပွက် အန်ခဲ့ တယ်
မင်းနဲ့  မတန်တဲ့သူတွေကြား မင်းဟာ ကျား ဆိုတာ
ဇာဂနာ မသိ ဟိုကိစ္စကြီး က မသိ တင်ရှိကြွေးတွေ က မသိ......
ရှိပါစေလေ တစ်နေ့ မှာ
မင်းဟာ ငါးခြောက်တစ်ဖတ် ပမာ
တန်ဖိုးရှိလာမယ် ဆိုတာ ငါတို့ ယုံကြည်စွာ နဲ့  ညီငယ် ထိန်လင်းတို့ ရဲ့ 
မြောက်ပိုင်း စာမျက်နှာ မှာ ငါတို့ ဆက်ရှာနေပါမယ်
မင်းကောင်းရာ သုဂတိ လားပါစေ၊

- 24 shares
မိုး စဲ ရဲဘော်တွေ အားနဲ့ တိုက်ရတဲ့ တိုက်ပွဲမှာ ရဲဘော်တွေ အရေးက အရေးမကြီး မြန်မာပြည်အရေးက ပိုအရေးကြီးတယ် ဆိုတဲ့ သူတွေလဲ ရှိသဗျ..
ဘရာဇီး ငှက်ရိုး ကိုအောင်မင်း(ခ)ထိန်လင်းကို နံချပ်ကူနဲ့ နေ့ရောညရော သေသည်အထိ ရိုက်သတ်ခဲ့တဲ့ လှမျိုးအောင်(ပါဂျောင်ထောင် မှုး)ဆိုတဲ့ကောင် ပါဝါ၅၄ တွေ ထောင်ဖောက်ပြေးလို့ တာဝန်ပေါ့လျော့မှု့နဲ့ ခေါင်းဖြတ်သတ် ခံသွားရပါတယ်... ဝဋ်ကြွေးချက်ချင်း ဆပ်တာခံလိုက်ရတယ်... ကိုအောင်မင်းခေါ်ကိုထိန်လင်း ရဲ့ မှန်သော သစ္စာတည်ခဲ့ပါတယ်.....
Nang Kham Mhom ကိုအောင်မင်းကပအိုဝ်းလူမျိုးလား..။
Maungmaung Skw အောင်မင်း က မြန်မာလူမျိုးဗမာစစ်စစ် အိမ်တော်ရာနားနေတဲ့ မန္တလေးသားဗျ။
Nweni Tun မြန်မာပြည်အမြန်ငြိမ်းချမ်းပါစေ..လူသားတဦးနဲ့ တဦး သတ်ဖြတ်ခြင်းတွေ ကင်းဝေးကြပါစေတော့..ဒီလိုအြ ဖစ်ဆိုးမျိုးတွေ မကြားရက် မမြင်ရက်တော့လို့ ပါ...
Nay Zaw ကျေးဇူးပါ။
Nyein Suu သူ့ကို ကျနော်မြင်ဖူး သလိုပဲ ဘယ်မှာလဲ စဉ်းစားလို့ မရဖြစ်နေတယ်။ ကျနော့်အထင် ၁၉၉၈ ခုနှစ် မန္တလေး လမ်း ၈၀ တက္ကသိုလ် ၀င်းထဲမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမ္မဂ ပြန်လည်ဖွဲ့စည်းရေးကော်မတီ( မကသဖ) ရုံးဖွင့်ထားစဉ်ကာလ ကလား မသိဘူး။
Kyaw Gyi AB ဗ က သ (အထက်) ကပါ ၊ မန္တလေး GOSDA မှာ အနေများပါတယ်၊ AB ရဲ့ မြို့ ပေါ်တာဝန် ယူခဲ့ပါတယ်
Flygon Thapyay ကိုကြီးညီကျော်ခင်ဗျာ့ မန္တလေးရဲ့ GOSDA အရှည်စကားလုံးကို သိခွင့်ရှိရင် ပြောပြပေးပါခင်ဗျား....
ကိုအောင်မင်းကို ရိုက်သတ်ခဲ့သူ ထောင်မှုးလှမျိုးအောင်ပုံ http://www.facebook.com/photo.php?fbid=191607350950486&set=a.142927165818505.27159.100003036666936&type=1&theater
ReplyDelete