အာဏာရှင် မဖြစ်ညစ်ကျယ်များ အမြန်ဆုံး ကျဆုံးပါစေသား...
by Augustine Nge on Monday, January 30, 2012 at 6:51am ·

လူ ဘယ်နှစ်ယောက်က
ကျနော်တို့ ကံကြမ္မာကို ခေါင်းခေါက်ကြမှာတဲ့လဲ...
တကယ်တော့...
လူ ရှစ်ယောက်က ကျနော်တို့ အနာဂတ်ကို..
ခေါင်း ဖြတ်ခဲ့ကြတာပါ... မေမေ...
စက်တိုင်အောက်ကို
တရားသဖြင့်
ကျနော်တို့ မရောက်ခဲ့ရဘူး... မေမေ..
သွေးလေခြောက်ခြားနေတဲ့
သားသတ်သမားတွေရှေ့မှောက်
ကျနော်တို့ ဒူးမထောက်ချင်ပဲ ရောက်ခဲ့ရတဲ့အခါ...
ဒလျှို-ဆိုပါ့လား....
အထက်ဗ-ရဲ့ ဥက္ကဌထွန်းအောင်ကျော်-ဟာ ဒလျှို-ဆိုရင်...
သူ့ကို ဖိုကျင်ထိုးသူတွေဟာ ဒလံ-ဆိုတာ သိပ် ကျိမ်းသေတယ်...
ဒလျှိုတွေကို ဒလံတွေက သတ်တဲ့ည
ကျနော်တို့က အမှတ်ရနေဦးမယ်...
သမိုင်းရဲ့ မြစ်များက
အဆီးအတားမရှိ စီးဆင်းနေဦးမှာ... မေမေ...
ကျောင်းသားသွေးနဲ့ ခြေဆေးခဲ့သူတွေ..
.ကျောင်းသားသွေးတွေ ပေကျံနေခဲ့မှတော့
ဘယ်လိုနည်းနဲ့မှ ကိုယ့်နံမည်ကိုသန့်စင်စေချင်လို့ မရဘူး...
အာဏာရှင် မဖြစ်ညစ်ကျယ်များ
အမြန်ဆုံး ကျဆုံးပါစေသား...
(atn)
- 5 shares
Lwin Thein အာဏာရှင် မဖြစ်ညစ်ကျယ်များ
အမြန်ဆုံး ကျဆုံးပါစေသား... အကိုငယ် ကဗျာထဲကအတိုင်းဘဲနော် အပြင်မှာလဲ ဆုတောင်းလိုက်တယ်။
Ko Lin ကျောင်းသားသွေးနဲ့ ခြေဆေးခဲ့သူတွေ.. ..!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!....သူတို့ အလှည်ကျရင် ဘယ်လိုနေမလဲ တွေးကြည်တယ်။ ......အလှည်.ကျတော. မနွဲ.စတမ်းပေါ.!!!!!!!
Aye Kyaw Zan အထက်ဗ-ရဲ့ ဥက္ကဌထွန်းအောင်ကျော်-ဟာ ဒလျှို-ဆိုရင်...
သူ့ကို ဖိုကျင်ထိုးသူတွေဟာ ဒလံ-ဆိုတာ သိပ် ကျိမ်းသေတယ်... like!!
Young Love သွေးမ၇ှိတဲ့ကောင်တွေကတော့ထားလိုက်ပါ.....သူတို့အတွက်ထမိန်လက်ဆောင်ပေးလိုက်ပါလား.. ..
မိုး စဲ အာဏာရှင်ဆိုတာ ကိုယ့်ဘက်မှာ ရှိနေလဲ အာဏာရှင်ပါပဲ..အာဏာရှင်ကို တိုက်မယ်ဆိုရင် ကိုယ်ကိုတိုင် အာဏာရှင် ဖြစ်နေရင်တောင်မှ ပြန်တိုက်သင့်တယ်.ခက်တာက ကိုယ့်ကိုကိုယ် အာဏာရှင် ဖြစ်မှန်းမသိဖြစ်ရင်း နီးစပ်ရာ မိသားစု ရဲဘော်ရဲဘက်တွေကို နင်းမိ ဖိနှိပ်မိ ရင် စိတ်မကောင်းစရာ တွေ ဆက်ဖြစ်လာတော့တာပဲ ထင်ပါတယ်ဗျာ.
Aung Moe Win အာဏာရှင် အကျင့်စရိုက် ရှိသူများအားလုံး နဲ့ အာဏာရူးများကို ဆန့်ကျင်ဖယ်ရှားကြပါစို့။
Saw Phyo Lay ကျဆုံးသွားတဲ့ ရဲဘော်တွေအတွက် စိတ်မကောင်းပါဘူး။ ဒီမြောက်ပိုင်းကိစ္စဟာ တကယ်ပဲမသိလို့ မှားယွင်းခဲ့တာလား။ ဒါမှမဟုတ် တမင်အကွက်ချ ကြံစည်ကြသလားဆိုတာ ကာယကံရှင်တွေကတော့ အသိဆုံးပဲဖြစ်ပါလိမ့်မယ်။ ကျနော်သိရသလောက်တော့ ABSDF ကျောင်းသားတပ်မတော်ထဲမှာ စစ်အုပ်စုကလွှတ်ထားတဲ့ ထောက်လှမ်းရေး သူလျှိုတွေကလဲအများကြီးရှိခဲ့ကြတယ်လို့ သိရတယ်။ ဘယ်သူတွေကအမှန်အကန် ၊ ဘယ်သူတွေကအကြံအဖန် ဆိုတာတော့ မသိတော့ဘူးဗျာ။

No comments:
Post a Comment