by အိုးဝေအောင် အိုးဘားမား on Friday, February 10, 2012 at 1:25am ·
မြောက်ဖက်တောင်ကုန်းထက်
အရိုးတံပိုးမှုတ်သံ သိမ့်သိမ့်ခါဟီးထ
သွေးနံစွဲတဲ့ ထင်းရူးတောတွေ
ငြီးငြူလက်ခမောင်းခတ် တောက်ခေါက်
ကြောက်မက်ထိတ်လန့် ဖွယ် ခွပ်ဒေါင်းကျိန်စာ
မိုးအောက်မြေပြင် စွဲခါလှုပ်နှိုး
သူရဲကောင်းဝိညာဉ်တွေ ဒုန်းစိုင်းစီးဆင်း
လောကတံတိုင်းလဲပြိုပွင့်
တရားခံမိစ္ဆာယုတ်တွေ တည်ရာမဲ့ ခန္ဓာ
သိက္ခာ စည်းစိမ် တစ်စစီ ပျက်သုန်းကြ ။
ဇာတ်မသိမ်းသေးတဲ့ ဒဏ်ရာများနဲ့ 
ငါတို့  လူထုအောင်ပွဲ ခရီးကြမ်းရှည်မှာ
ထလော့ ..တို့ အညတြ ရဲဘော်တွေ ---
လာလော့ ..ငါတို့  သူရဲကောင်းတွေ ---
တိုက်လော့ ..ငါတို့  အာဇာနည်တွေ ---
ဝိုင်းရံ အာခံကြလော့ ..တို့ ရဲဘော်ရဲဘက်ကောင်းတွေ --- ။
စူးရှပြင်းထန်တဲ့ ကြုံးဝါးသံနက်ကြီး
ရင်ခွင်အားလုံးထဲ ဆွဲဖွင့်တိုးဝင်
နှစ်များစွာ မွန်းကျပ်ဆွံအ နှလုံသားမျက်ရည်အိမ် သွန်းဖြိုးလှိုင်းထ
ဆန္ဒပြသံ ကျည်ပေါက်သံ ကြေးစည်ထုသံ ချစ်သူအမျှဝေသံ ပွင့်လျှံ
သက်ပြင်းခြွေချ အံကြိတ်ရင်ကော့ အရိပ်တွေ ပူးဝင်နာခံ ရှင်ပြန်နေကြ ။
ယုံကြည်ချက် ဟုန်းဟုန်းတောက်ပတဲ့ အလေးပြုခံ ရဲဘော်တို့ ရေ ---
သင်တို့ ဟာ ---
တော်လှန်သွေးသမိုင်းမှာ ထာဝရ အာဂသူရဲကောင်း မှော်ကွန်းတင်ခဲ့ပြီသာပ ။၊ ။၊
(ဒေါင်းနီ)
၀၂-၁၀-၂၀၁၂
( သူရဲကောင်းပီသစွာ ကျဆုံးကြွေလွင့်သွားသော မ က ဒ တ မြောက်ပိုင်း ယုံကြည်ချက် ရဲဘော်အပေါင်းသို့ ။)
- 11 shares
- Flygon Thapyay အဓ္ဓမသည် ဓ္ဓမအား ဘယ်သောအခါမှလွှမ်းမိုးသွားလိ
မ့်မယ်မဟုတ်ပါ...ရဲဘော်ကျော်ဝေ(မန္တလေး) ရဲ့ (ဓမ္မစစ်ကျောင်းသားကွ) လို့ ခေါင်းဖြတ်အသက်မခံရခင် .. အော်လိုက်တဲ့အသံ....နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်းကြားလိုက်ပါတယ်ဗျာ..တကယ်ပဲ အခုမှကြားရတာ စိတ်မကောင်းပါဘူး.....(မင်း တို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ ) လို့ပြောခဲ့တယ်နော်.... ဟုတ်ပါတယ် ခင်ဗျားတို့ ၀ိညာဉ်တွေ လုံးလုံး မသေသေးပါဘူး ယုံကြည်ပါတယ်....... - Flygon Thapyay ဒီ လူသတ်ပွဲကြီးဟာ..၂၀၁၂ ဖေဖေါ်ဝါ ရီ ၁၃ လာမဲ့ တနလာင်္နေ့ မှာ အနှစ် (၂၀) တင်းတင်းပြည့်ခဲ့ပါပြီကောဗျ
ာ.........ရက်စက်လိုက်ကြတာဗျာ.... - Flygon Thapyay((((( မြောက်ပိုင်းမှအရိုးတွေ တွန်ကုန်ကြပြီ )))))))
ပြည်ထောင်စု နေ့ (နဲ့) ၁၉၉၂ ဖေဖေါ်ဝါရီ ၁၂ ရက်နေ့လူသတ်ပွဲ
ပါဂျောင်ရဲ့အကျဉ်းစခန်း ( နဲ့ ) “ယုဇနပင်နဲ့ဖဲကြိုးဝါ "
စစ်ထောက်လှမ်းရေး ( နဲ့) ၈၈ ဗ.က.သ ကျောင်းသားများမြောက်ပိုင်းလူသတ်ပွဲ ( နဲ့ ) ကချင်ပြည်နယ်
ပါဂျောင်ဒေသ ( နဲ့ ) အာသံကုန်မြင့်ပေါ်မှ ကျောင်းသားခေါင်းအပြတ်များ
ဓမ္မစစ်ကျောင်းသားများ ( နဲ့ ) အဓမ္မစစ်ကျောင်းသားများ
ကျောင်းသားတပ်မတော်(မြောက်ပိုင်း ) ( နဲ့) အေဘီ ( မြောက်ပိုင်း)
အေဘီ ( မြောက်ပိုင်း ) ( နဲ့ ) ကေအိုင်အေ
ကျောင်းသားတပ်မတော် ( နဲ့ ) ဗ.က.သ
"All the Wars are Dirty” ( နဲ့ ) ရော်နယ်အောင်နိုင်
ပါဂျောင်ဒေသ ( နဲ့ ) အစိုးရစစ်ထောက်လှမ်းရေး
ကိုမျိုးဝင်း ( နဲ့) လိုင်စင်စခန်း
ဗမာကျောင်းသားများ ( နဲ့ )ကေအိုင်အေ
၁၉၉၂ အစိုးရရဲ့သတင်းစာရှင်းလင်းပွဲ ( နဲ့ ) နောက်ခံသမိုင်းအမှန်
နန်းအောင်ထွေးကြည် နဲ့ ဗိုလ်ချူပ်ဇော်မိုင်(ကေအိုင်ကေ)
ကိုသံချောင်း ( နဲ့ ) ကိုစိုးမြင့် ( နဲ့ ) ကိုမြင့်စိုး
လှဆိုင်း နဲ့ လှဆောင်
............ ........ ........ ..........
၂၀၁၂ ဖေဖေါ်ဝါရီ ( ၁၂ ) အနှစ် ၂၀ တင်းတင်းပြည့်ခဲ့ပါပြီ..
လင်းလင်းရဲ့(စဉ်းစားပါစီးရီးခွေထဲက) ..(အခုအထိပါ.).သီချင်းစာသား တစ်ချို့ကိုသွားသတိရမိတယ်..
(သမိုင်းပေါင်းများစွာ...လူတိုင်းပြောခဲ့တာ...အခုအထိပါ )
(သူရဲကောင်းများစွာ..ရှိခဲ့ကြတာ..အခုအထိပေါ )
(တိမ်တွေဟာလည်း...ဟိုးးး...လွင့်မျှော နေဆဲ...)
(မြူမှုန်တွေဟာလည်း ....ဟိုးးး...မှုန့်ဝါးနေဆဲ...အခုအထိပါ...) - ကိုကို သစ္စာ အဓ္ဓမ နဲ့ ဓ္ဓမ ဆိုလို့ပါ ကျနော်တို့ခေတ်မကနေတွက်ကြည်
့ပါ အခုကနေ န၀တ၊ မဆလ နောက်ဆုတ်ပြီးတွက် နှစ်၆၀ သူ့မတိုင်ခင် ခြိမ့်ခြိမ့်သဲ ပြည်တွင်းစစ် အဲ့ဒိအရင် ကိုလိုနီခေတ် သူ့အရင် ဘယ်လောက်ဆိုးမလည်းမသိတဲ့ ပဒေသရာင်္ဇစနစ် အခုကနေနှစ်ပေါင်း သိပ်အများကြီးမကြည့်နဲ့ သုံးရာလောက်ကိုပဲ ကြည့်လိုက်အုံး ဒို့ရွှေပြည်ကြီးမှာ ဓ္ဓမခေတ်ဘယ်ခေတ်ရှိခဲ့လည်း။ ဆိုလိုတာက အတော်ရုံးကန်ရပါအုံးမယ်။ - Sa MaungONCE AND FOR ALL
{Dedication to 65thUnion Day Anniversary}
Like Jigsaw,
one cannot stand aloneEven so sort them out,
you'll see something...,
been next to nothing.
Or a piece of them is left,
there happens to gap.
Missing fix with one another...,
is not up to real composition
having been done.
So piece them all,
Gather together.
One for all and all for one...,
Work together, win together'
go along with altogether.
Then appears
genuine picture one.
If that so...,
what cannot be done turns
surmountable as all in one.
Min Maung (Samurai)
Natural Name: Myat Ko Ko
Pen Name: Min Maung (Samurai)
Blog: http://wanna23-23.blogspot.com/
Web-site: www.nlabr.com
Facebook: samuraiminmaung
E-mail: myatkoko74@gmail.com
Contact Ph-No: +6 010 255 6050
No comments:
Post a Comment