ဒီ သဝဏ်လွှာ ကို 12 FEB မှာ ကိုရဲလင်း (မြောက်ပိုင်း ဗဟိုကေိာမတီ ဟောင်း) က ဖတ်ကြားခဲ့ပါတယ်။



- 15 shares
Sein Soe စစ်မှန်သောတော်လှန်ရေးသမားများကျဆုံးသလို၊ ဆိုသောစာသားကိုမကြိုက်ပါ။ အဲဒီအဓိပါယ်က စစ်မှန်သောတော်လှန်ရေးသမားမ ဟုတ်သလိုမျိုးအဓိပါယ်ထွက် နေပါတယ်။ ဥပမာ“ကျတော်သီချင်းဆိုတာ၊ တကယ့်အဆိုတော်တယောက်လိုကောင်းတယ်” ဆိုရင်၊ ကျတော်ဟာတကဲ့အဆိုတော်မဟုတ်တာသေချာတယ်။ ဒါကြောင့် အဲဒီစာသားကမသင့်တော်တဲ့စာသားအဖြစ်မြင်ပါတယ်။
Sein Soe နောက်တခုက“မင်းတို့၏သမိုင်းသည်၊ငါတို့နဲ့အတူ ဆက်လက်ရှင်သန်နေအုန်း မည်ဖြစ်ပါသည်” ဆိုတာက၊ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ဖေါ်ရာများရောက်နေသလား လို့၊ အဲဒါလည်းမနှစ်သက်ပါ။
Aye Aye Soe Win <<စစ်မှန်သောတော်လှန်ရေးသမားများကျဆုံးသလို၊>>I agree...They are never honest, and a statement is the easiest thing to do...not the best, but the least...
by UZa Wana on Saturday, February 11, 2012 at 4:48am ·
ကချင်ပြည်နယ်ပါဂျောင်ဒေသတွင်ကျဆုံးခဲ့ရသောကျောင်းသားခေါင်းဆောင်ကိုထွန်းအောင်ကျော်နဲ့တကွ
ရဲဘော်ရဲဘက်များ၏နှစ်(၂၀)မြောက်နေ့သို့ပေးပို့သောသ၀ဏ်လွှာ
သက္ကရာဇ်၂၀၁၂ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် ပါဂျောင်ဒေသတွင် ကျဆုံးခဲ့ကြရသောကျောင်းသား ခေါင်းဆောင် ကိုထွန်းအောင်ကျော်နဲ့တကွရဲဘော်ရဲဘက်များအားရည်စူး၍ ကျနော်တို့မှလေး နက်တည်ကြည်စွာ အောက်ပါသဘောထားကိုထုတ်ပြန်ကြေငြာအပ်ပါသည်၊
အို..ရဲဘော်တို့
ဖေဖေါ်ဝါရီလ-၁၂-ရက်နေ့ဆိုလျှင် ငါတို့အားလုံးအတွက် လုံးဝမေ့လို့မရနိုင်သောအလွန်တရာ မှဝမ်းနည်းဘွယ်ရာ ကောင်းသောနေ့တစ်နေ့ဖြစ်ခဲ့လေပြီ၊ သက္ကရာဇ် ၂၀၁၂ခုနှစ်ဆိုလျှင် မင်းတို့တတွေကျဆုံးခဲ့ရသည်မှာ နှစ်ပေါင်းနှစ်ဆယ်သို့ပင်တိုင်ခဲ့ပြီးဖြစ်သော်လည်းသင်တို့၏
ဂုဏ်သိက္ခာမှာယနေ့ထက်ထိတိုင် တောက်ပြောင်နေဆဲရှိနေတယ်ဆိုတာငါတို့အားလုံးတစ်ညီ
တစ်ညွတ်တည်းအသိအမှတ်ပြုသလို မည်သူကမှလည်းငြင်းကွယ်နိုင်မည်မဟုတ်ပါ၊
မင်းတို့ရဲ့တိုင်းပြည်ချစ်စိတ်မျိုးချစ်စိတ်တွေကို ငါတို့နှင့်တကွပြည်သူပြည်သားတွေအားလုံးကလည်းအမြဲတန်းအမှတ်ရဂုဏ်ယူနေဦးမည်ဖြစ်သလို မင်းတို့ကျဆုံးခဲ့ရသည့်အဖြစ်အပျက်ကို လည်းစစ်မှန်သောတော်လှန်ရေးသမားများကျဆုံးသလို မှတ်ကျောက်တင်ထားရှိပြီးဖြစ်သည်၊
အိုရဲဘော်သူငယ်ချင်းအပေါင်းတို့၊ မင်းတို့တစ်တွေကျဆုံးခဲ့လေပြီဖြစ်သော်လည်းမင်းတို့၏ သမိုင်းသည်ငါ့တို့နဲ့အတူဆက်လက်ရှင်သန်နေဦးမည်ဖြစ်ပါသည်၊မြင့်မြတ်သောမင်းတို့၏နှလုံးသားနဲ့အတူတော်လှန်ရေးကိုချစ်မြတ်နိုးသည့် မွန်မြတ်သည့်မင်းတို့၏စိတ်ဓါတ်ကိုလည်းငါတို့ဘယ်သောအခါမှမေ့နိုင်လိမ့်မည်မဟုတ်ပါ၊
ကျဆုံးလေပြီးဖြစ်သောမင်းအတွက် သမိုင်းဝင်မှတ်ကျောက်တင်ရန်အတွက်ငါတို့အားလုံးရင် ထဲမှလှိုက်လှိုက်လှဲလှဲပြောလိုသည်မှာ
“မင်းတို့ဟာကျောင်းသားအစစ်အမှန်ဖြစ်တယ်၊”
“တော်လှန်ရေးကိုချစ်မြတ်နိုးသူအစစ်အမှန်ဖြစ်တယ်၊” “စစ်အာဏာရှင်စနစ်ကိုပြတ်ပြတ်သားသားဆန့်ကျင်သူတွေဖြစ်တယ်၊”
ဒါကြောင့်မင်းတို့တစ်ဦးချင်းစီရဲ့စွန့်လွှတ်စွန့်စားမှုတွေအားလုံးကိုမြင့်မြတ်သောတော်လှန်ရေး တပ်ဦး၏စွန့်လွတ်စွန့်စားမှုတွေအဖြစ်ကဗ္ဗည်းတင်ထားရှိမည်ဖြစ်သလို မင်းတို့တစ်ဦးချင်းစီ၏
ကျဆုံးခဲ့ရမှုကိုလည်း မြင့်မြတ်သောတော်လှန်ရေးသမားတစ်ဦးကျဆုံးမှုအဖြစ်မှတ်တမ်းတင်ထားရှိမည်ဖြစ်သည်၊
လူအခွင့်အရေးအတွက်တိုက်ပွဲဝင်ရင်းသူရဲဘောကြောင်သောလူရမ်းကားတစ်စု၏လက်ချက်
ကြောင့်စစ်မှန်သောတော်လှန်ရေးသမားများကျဆုံးခဲ့ရသည့်အတွက်အထူးပင်ဝမ်းနည်း ကြေကွဲရသလို ဂိုဏ်းဂဏဆန်သောသူတို့၏လုပ်ရပ်များကိုလည်း ပြတ်ပြတ်သား သား ဆန့်ကျင်သွားမည်ဖြစ်ပြီးရက်စက်စွာပြုမူခဲ့သူတို့ကိုလည်း တရားဥပဒေရှေ့မှောက်အမြန်ဆုံး ရောက်ရှိနိုင်ရေးကိုလည်းဆက်လက်ကြိုးပမ်းအားထုတ်သွားမည်ဖြစ်သည်၊အမှန်တရားကိုလိုလားသူတွေ၊ လူ့အခွင့်အရေးကိုချစ်မြတ်နိုးသူတွေ ဒီမိုကရေစီကိုချစ်မြတ်နိုးသူတွေအားလုံးမင်းတို့နဲ့အတူ ထပ်တူထပ်မျှူရှိနေမည်ဆိုတာ မြေကြီးလက်ခတ်မလွှဲပါဘူး၊
လွှဲမှားသောအတွေးအခေါ်ကိုကျင့်သုံးပြီး မင်းမဲ့စရိုက်ဆန်သောလူတစ်စုလုပ်ရပ်အတွက်ငါတို့
ရဲ့မြင့်မြတ်သော်တော်လှန်ရေးသမိုင်းကိုအစွန်းအထင်မခံနိုင်ပါ၊ထိုသူတို့များ တော်လှန်ရေး
နယ်မြေထဲသို့ရောက်လာခဲ့ကြသော တော်လှန်ရေးသမားများမဟုတ်၊အမှန်စင်စစ်၎င်းတို့သည် တော်လှန်ရေးကိုဖြိုခွဲသူပဉ္စမံတပ်သားလူရမ်းကားများသာလျှင်ဖြစ်သည်။
၎င်းတို့သည်၎င်းတို့နှင့်ထိုက်တန်သည့်တရားဥပဒေ၏အဆုံးအဖြတ်ကိုကျခံလိုက်နာရုံမှတပါး အခြားမရှိပါ၊လူဆိုးလူမိုက်လူရမ်းကားများကိုယဉ်ကျေးသောလူ့အဖွဲ့အစည်းကမည်သို့မှလက်
သင့်ခံလိမ့်မည်မဟုတ်ပါ၊
ငါတို့အနေနဲ့နောက်ဆုံးပြောလိုသည်မှာကျဆုံးလေပြီးသောမင်းတို့၏၀ိညာဉ်နဲ့အတူ မင်းတို့
အထူးတလည်လိုလားသောမြတ်နိုးသော ဒီမိုကရေစီနှင့်လူ့အခွင့်အရေးရရှိရေးအတွက်ဆက်လက်တိုက်ဝင်သွားမည်ဖြစ်သလို ကျန်ရစ်သောမင်းတို့၏မိဖညီအစ်ကိုမောင်နှမများနဲ့
ထပ်တူ အထူးပင်ကြေကွဲရပါကြောင်း ထပ်လောင်းပြောကြားလိုပါသည်၊
အို..သူငယ်ချင်းရဲဘော်အပေါင်းတို့..မင်းတို့ဟာလူသေသော်လည်းနာမည်မသေခဲ့၊ သမိုင်း မသေခဲ့ပါ၊ မင်းတို့ဝိညာဉ်တွေဟာငါတို့ရဲ့ရင်ထဲအသဲထဲစွဲဝင်ကိန်းအောင်းခဲ့လေပြီ၊ဒီနေ့ဒီရက် ဟာမင်းတို့အတွက်သမိုင်းလှလှရေးဖို့ မွေးဖွားလိုက်တာဖြစ်တယ်၊ အနာဂတ်ရဲ့သမိုင်းစာမျက်
နှာမှာ မင်းတို့ရဲ့မြင့်မြတ်တဲ့စွန့်လွတ်ခဲ့မှုတွေအတွက် ငါတို့သမိုင်းသစ်ကိုသွေးနဲ့ရေးခဲ့ရပြီဟုကမ္ဗည်းတင်ပါအပ်ပါသည်…. ရဲဘော်တို့၊
မင်းတို့အားလုံးကောင်းရာသုဂတိလားစေသော်ဝ်
ဝမ်းနည်းကြေကွဲခြင်းနဲ့အတူ..ရဲရင့်တည်ကြည်စွာဖြင့်
၁။ ABSDF မြောက်ပိုင်းဖြစ်ရပ်မှန်ဖေါ်ထုတ်ရေးအဖွဲ့။
၂။ နိုင်ငံတကာရောက် ဒီမိုကရေစီတိုက်ပွဲဝင်ရဲဘော်ရဲဘက်များ။
၃။ ၈၈ မျိုးဆက်ကျောင်းသားများ (ပြည်ပ)။
၎။ မြန်မာနိုင်ငံလုံးဆိုင်ရာ ရဟန်းပျိုများ သမဂ္ဂ။
၅။ လွတ်လပ်သောမြန်မာ့လူ့ဘောင်အဖွဲ့ ။
သက္ကရာဇ် ၂၀၁၂ခုနှစ်၊ဖေဖေါ်ဝါရီလ(၁၂)ရက်နေ့၊
အဖွဲ့အစည်းအဖြစ်ပါဝင်ရန်အခက်အခဲရှိသူများတစ်ဦးချင်းအနေဖြင့်အနေဖြင့် အမည်စာရင်း ပေးပို့လာပါက မှတ်တမ်းတင်ထားရှိပေးသွားမည်ဖြစ်သည်၊
- 16 shares
Ye Ni U Zin, Please list my name on the top.
May Myo မေမျိုးသွင်။
Than Naing အလေးပြုပါတယ်။သန်းနိုင်(၇၅ မျိုးဆက်)
Aye Myamya “မင်းတို့ဟာကျောင်းသားအစစ်အမှန်ဖြစ်တယ်၊”
“တော်လှန်ရေးကိုချစ်မြတ်နိုးသူအစစ်အမှန်ဖြစ်တယ်၊” “စစ်အာဏာရှင်စနစ်ကိုပြတ်ပြတ်သားသားဆန့်ကျင်သူတွေဖြစ်တယ်၊”
Nge Naing ကောင်းရာသုဂတိ လားကြပါစေ။ (ABSDF တပ်ဖွဲ့ဝင်ဟောင်း၊ တပ်ရင်း (၂၀၁)၊ မင်းသမီးစခန်း)
Zar Ni Thanks Sa Ya Yaw U Za Wa Na.Your regarding so nice .We appreciate it.
Zar Ni Your ...
Zar Ni Zar Ni.
Zaw Zaw Hlaing ရဲဘော်တို့ အားလုံး ကောင်းရာသုဂတိ လားကြပါစေ။
No comments:
Post a Comment