Sunday, January 8, 2012
ABSDF တတိယညီလာခံတွင်အာဏာရူးတို့၏လုပ်ရပ်များနှင့်မြောက်ပိုင်းလူသတ်မှု

ကိုကိုဦး ရေးသားခဲ့သော ABSDFတတိယညီလာခံတွင်ဖြစ်ပျက်ခဲ့သောအာဏာရူးတို့၏လုပ်ရပ်များကိုသူ၏ညီလာခံကော်မရှင်ဥက္ကဋ္ဌ တာဝ်ထမ်းဆောင်စဉ်ရင်ဆိုင်ဖြေရှင်းသိခဲ့ရသောအဖြစ်အပျက်များကိုအသေးစိပ်တင်ပြခဲ့သောလုပ်ရပ်များသည် တကယ်ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်အမှန်သမိုင်းရဲ့ဖြစ်ရပ်မှန်ဖြစ်ကြောင်းထောက်ခံရေးသားတင်ပြအပ်ပါတယ်။အဘယ်ကြောင့်ဆိုသော်ကျနော်ကိုယ်တိုင်ဒီသမိုင်းတွင်ထဲထဲဝင်ဝင်ပါဝင်ခဲ့လို့ဘဲဖြစ်ပါတယ်။ ဒီအချက်အလက်တွေကိုပိုမိုမှန်ကန်ခိုင်မာစေဖို့ တရားဝင်မှတ်တမ်းများကိုတင်ပြပေးသော ကိုစစ်အောင် ကိုအထူးကျေးဇူးတင်ရှိပါတယ်လေးစားပါတယ် ။ ကိုဝင်းမောင်ကကိုထွန်းအောင်ကျော်နှင့်ကိုကိုဦးကိုရေးတဲ့စာဖတ်ရတယ်ဒီကိစ္စမှာကိုဝင်းမောင် တော်တော်မှားနေပြီလို့ယူဆတယ် ၊ ကျနော်တို့ကABSDFကိုချီးထုပ်ဖြစ်အောင်လုပ်နေတာမဟုတ်ဘူး ၊ABSDF ကိုအာဏာရူးအစွန်းရောက်တစုကချီးထုပ်ဖြစ်အောင်လုပ်ခဲ့တာကိုအမှန်တရားကိုဖေါ်ထုတ်ကယ်တင်နေတာဖြစ်တယ်၊ကျနော်တို့တော်လှန်တိုက်ပွဲဝင်တယ်ဆိုတာ ဒီလိုလုပ်ရပ်တွေကိုမကြိုက်လို့အာဏာရှင်တွေကိုတော်လှန်လာတာဆိုတာကိုမမေ့ပါနဲ့ ၊တော်လှန်တဲ့အာဏာရှင်တွေလုပ်သလို ကိုယ်ကိုတိုင်ကလုပ်တယ်ဆိုရင်ဘယ်လောက်ထိအကျည်းတန်အရုပ်ဆိုးသလဲ၊ဘယ်လောက်ပြည်သူလူထုရဲ့အယုံအကြည်ကင်းမဲ့မလဲဆိုတာခင်ဗျားစဉ်းစားပါ၊ ကျနော်တို့ရဲ့တော်လှန်ရေးဘယ်လောက်ထိခိုက်နစ်နာသလဲ၊အမဲစက်စွန်းသလဲဆိုတာခင်ဗျားနားလည်ပါ၊တော်လှန်ရေးဆိုတာ ပြည်သူအယုံအကြည်မဲ့ပြီဆိုရင်ဘယ်လိုဆက်လုပ်မလဲစဉ်းစားပါ ကျနော်တို့လုပ်တဲ့တော်လှန်ရေးဆိုတာပြည်သူအတွက်မဟုတ်ဘူးလား၊ဒီကိစ္စကြောင့်ဘယ်လောက်ထိခိုက်နစ်နာသလဲဆိုတာစဉ်းစားပါ၊(၁) တိုင်းပြည် ၊ပြည်သူအတွက်ခံယူချက်ပြင်းစွာဘ၀ကိုအရင်အနှီးပြုတိုက်ပွဲဝင် နေကြသူများကိုနစ်နာစေတယ်၊( ၂ ) အပြစ်မဲ့စွာကိုယ်ကိုတိုင်ညှင်းပမ်း ၊နှိပ်စက်ခံရပြီးစတေးခံသွားရသူတွေ အတွက်သိပ်နစ်နာလှပါတယ်၊တကယ်လို့ခင်ဗျားကိုယ်တိုင်ဒီလိုနှိပ်စက်ခံရတာထဲမှာပါခဲ့မယ်ဆိုရင်ခင်ဗျားဘယ်လိုခံစားရမလဲဆိုတာစဉ်းစားပါ၊ကိုယ်ချင်းစာစမ်းပါဗျာ ၊ကိုဝင်းမောင်ကျနော်မေးပါရစေခင်ဗျားဘာအတွက်တော်လှန်ရေးလုပ်လာတာလဲ ? ၊ဒီမေးခွန်းကိုဖြေဖို့လိုအပ်တယ်နော်--ခင်ဗျားစာအသွားအလာရ ပြုမူခံရသူဘက်ထက် ၊ပြုမူသူထိခိုက်မှာစိုးလို့ကာကွယ်ရေးသလိုဖြစ်နေတယ်၊ခင်ဗျားဖြေရှင်းဘို့လိုအပ်တယ်နော်၊ကျနော်တို့ဟာအားအားယားယားအဓိပ္ပါယ်မရှိလုပ်နေတယ်လို့ခင်ဗျားမထင်ပါနဲ့၊ကိုထွန်းအောင်ကျော်၊သန်းဝင်း ၊ကိုကိုဦးဆိုတာ ABSDF စတင်တည်ထောင်ကတည်းက ဥက္ကဋ္ဌ ၊အတွင်းရေးမှူး ၊တွဲဘက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေပါ ၊ABSDFသမိုင်းမှာဘယ်သမိုင်းမဆိုခေါင်းဆောင်ပိုင်းမှာထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့သူတွေဖြစ်တယ်။ ကျနော်တို့ဟာစံတင်လောက်တဲ့ခေါင်းဆောင်ဖြစ်ချင်မှဖြစ်မယ် ဒါပေမဲ့လို့ ခေါင်းရှောင်တဲ့ခေါင်းဆောင်တွေမဟုတ်ဘူးဆိုတာသမိုင်းကိုကြည့်ရင်ခင်ဗျားသိမှာပါ၊ကျနော်တို့ဟာ တာဝန်ရှိတယ်ထင်လို့ဘာကြောင့်လုပ်ရတယ်ဆိုတာရှင်းပြမယ်၊ကျနော်တို့ဟာABSDF ကိုစတင်တည်ထောင်သူထဲမှာခေါင်းဆောင်ပိုင်းမှာတာဝန်ယူတည်ထောင်ခဲ့သူတွေဖြစ်တယ်ABSDF သမိုင်းရဲ့ဆိုးခြင်း ၊ကောင်းခြင်းဟာကျနော်တို့မှာတာဝန်ရှိတယ်လို့ကျနော်တို့ယူဆတယ်၊ABSDF ဟာ ၈၈၈၈ မျိုးဆက်မှပေါက်ဖွားလာတဲ့အစဉ်အလာကြီးတဲ့တခုတည်းသောကျောင်းသားတပ်မတော်ဖြစ်တယ်၊ဒီတပ်မတော်အောက်မှာတိုင်းပြည်အတွက်မျှော်လင့်ချက်တခုကလွဲလို့ မိမိအတွက်ဘာကိုမှမမျှော်လင့်ဘဲကျဆုံးသွားကြတဲ့သူရဲကောင်းတွေအများကြီးရှိသလို၊မကျဆုံးသော်ငြားပုံင်္စမျိုးစုံဒဏ်ရာပေါင်းများစွာဖြင့်ရှင်သန်ရပ်တည်နေကြသောသူရဲကောင်းတွေလည်းအများကြီးဆိုတာအားလုံးသိမှပါ။ဒါကြောင့် သူတို့ရဲ့ မွန်မြတ်တဲ့စိတ်ဓါတ် ၊ဂုဏ်သိက္ခာ ၊မျှော်လင့်ချက်တွေကိုကာကွယ်ဘို့တာဝန်ရှိတယ်လို့ယုံကြည်လို့ဒီလိုလုပ်ရတယ်ဆိုတာကိုနားလည်စေချင်တယ်။မိမိတို့အကျိုးအတွက်ဘာမှရှိမယ်လို့ကျနော်တို့မထင်ပါ ၊အမှန်တရားအတွက်တော့အကျိုးရှိမယ်လို့ကျနော်တို့ထင်ပါတယ်၊ကျောင်းသားတပ်မတော်ဆိုတာ၁၉၂၀ ကစခဲ့ ကျောင်းသားရပ်တည်ချက်အတိုင်းတသွေမတိမ်းရပ်တည်တော်လှန်တိုက်ပွဲဝင်ခဲ့တဲံ့အစဉ်အလာကြီးသောတပ်မတော်ဖြစ်တယ် ၊ဒါကိုအာဏာရူးတစုလုပ်ရပ်ကြောင့် အရုပ်ဆိုးအကျည်းတန်အမဲစက်စွန်းခဲံ့တာဟာ ABSDF ယုံကြည်ချက်လမ်းစဉ်မဟုတ်ဘူး ၊လုပ်ရပ်မဟုတ်ဘူး ၊လုံးဝဆန့်ကျင်ဘက်ဖြစ်တယ်၊ဒါကြောင့်ဒီကိစ္စမှာတာဝန်ရှိတဲ့သူတွေတာဝန်ယူဖြေရှင်းပါ မဖြေရှင်းဘူးဆိုရင်တော့ဖြေရှင်းတဲ့အထိ နောက်မဆုတ်တမ်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်၊ယုံကြည်လိုက်ပါ။တရားဝင်းအရေးယူဆောင်ရွက်ဘို့ဆိုတာ ကျနော်တို့နဲ့မဆိုင်ပါ ၊ပြုလုပ်သူနဲ့ ၊ပြုလုပ်ခံရသူနှင့်သာသက်ဆိုင်ပါတယ်။အမှန်တရားဆိုဘာလဲဆိုတာဖြေရှင်းပေ့းကြပါ။ ကျနော်တို့ကတော့မိမိတို့လူမျိုး ၊ မျိုးဆက် ၊ ABSDF ဂုဏ်သိက္ခာအတွက်ပြည်သူရဲ့ နှလုံးသားတရားရုံးကိုအပြီးတင်မှာဖြစ်ပါကြောင်းတင်ပြရေးသားလိုက်ရပါတယ် ။တိုင်းပြည်၊လူမျိုး ၊ မျိုးဆက်ရဲ့ ဂုဏ်သိက္ခာကိုထိမ်းသိမ်းလိုသောဆန္ဒဖြင့်
သန်းဝင်း
၈၈မျိုးဆက်ကျောင်းသားအထွေထွေအတွင်းရေမှူး
( ၁၉၈၈ )ABSDF1/ 2 / 2012
မှတ်ချက် = အာဏာရူးတစုဟာ မြောက်ပိုင်းမှာအဖြစ်အပျက်အတိုင်းတောင်ပိုင်းမှာဖြစ်ဘို့ ကြိုးစားဖန်တီးခဲ့ကြတယ် ၊ တချို့တော့ကံနိမ့်စွာဖြင့်အရင်းနှီးပြုစတေးသွား ခဲ့ကြရတယ် ၊ဒါပေမဲ့အားလုံးမအောင်မြင်ခဲ့ကြဘူး။ကိုလှဋ္ဌေးနဲ့တာဝန်ရှိသူအား လုံးဖြေရှင်းပါ။
သန်းဝင်း
၈၈မျိုးဆက်ကျောင်းသားအထွေထွေအတွင်
( ၁၉၈၈ )ABSDF1/ 2 /
မှတ်ချက် = အာဏာရူးတစုဟာ မြောက်ပိုင်းမှာအဖြစ်အပျက်အတိုင်း
Labels: Articles Gallery
No comments:
Post a Comment