Friday, July 6, 2012

တစ်နှစ်အတွင်း စုံစမ်းဖော်ထုတ်သွားမည်ဟု ABSDF ပြော

Thursday, March 8, 2012

မြောက်ပိုင်းလူသတ်မှုကိစ္စကို တစ်နှစ်အတွင်း စုံစမ်းဖော်ထုတ်သွားမည်ဟု ABSDF ပြော မတ် ၈၊ ၂၀၁၂


၁၉၉၂ ခုနှစ်က ဖြစ်ပျက်ခဲ့သော သတ်ဖြတ်မှု၊ သွေးထွက်သံယိုဖြစ်မှုအပါအ၀င်၊ ယင်းကိစ္စနှင့် ဆက်နွယ်ပတ်သက်ခဲ့သော ဖြစ်စဉ် များနှင့်ပတ်သတ်၍ အဖြစ်မှန်ကို စုံစမ်းခြင်း၊ အချက်အလက်စုဆောင်းခြင်းနှင့် အစီရင်ခံစာရေးသားခြင်းကို ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ်ဆောင်ရွက်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) က ယခုလ ၇ ရက်တွင် ထုတ်ပြန်ကြေငြာလိုက်သည်။

၁၉၉၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က မကဒတ (မြောက်ပိုင်း) ဒေသတွင် ကိုထွန်းအောင်ကျော်အပါအ၀င် တပ်ဖွဲ့ဝင် ၁၅ ဦးသတ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်းကိစ္စကို စုံစမ်းဖော်ထုတ်ရန် ABSDF က အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို ၂၀၁၂၊ ဇန်န၀ါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ကြေငြာလိုက်ခြင်းဖြစ်သည်။
“အမှန်တကယ်နစ်နာခဲ့ရသူတွေ ရှိနိုင်ပါတယ်။ တကယ်တမ်းနစ်နာခဲ့ရတဲ့ လူတွေအတွက် ABSDF က တစုံတခုပြန်လုပ်ပေးရမဲ့ တာဝန်ရှိပါတယ်။ သူတို့တွေအတွက် အမှန်တရားကို ဖေါ်ထုတ်ပေးရမယ်။ သူတို့တွေအတွက် တရားမျှတမှုကို ဖေါ်ထုတ်ပေးရပါမယ်” ဟု အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့မှ တာဝန်ခံညှိနှိုင်းရေးမှူး ကိုကျော်ကျော်လင်းက ပြောသည်။
အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို ABSDF အတွင်းရေးမှူး (၁) ကိုမြင့်ဦးက ဦးဆောင်၍ အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
အလုပ်အဖွဲ့၏ တာဝန်မှာ အချက်အလက်စုဆောင်းမှုများပြုလုပ်၍ တွေ့ရှိချက်များကိုအခြေခံပြီး သမာသမတ်ကျသည့် အစီရင်ခံစာကိုထုတ်ပြန်သွားရန်ဖြစ်ကာ ဆက်လက်လုပ်ဆောင်သင့်သည့် အကြံပြုချက်များကိုပါထည့်သွင်းဖော်ပြသွားမည်ဟု ကိုကျော်ကျော်လင်းက ပြောသည်။
၎င်းက “ အလုပ်အဖွဲ့မှာ အရေးယူနိုင်တဲ့အခွင့်အာဏာမရှိပါဘူး။ အဲဒီနောက်မှာမှ ဒုတိယပိုင်းအနေနဲ့ သက်ဆိုင်ရာဥပဒေကြောင်းအရ လုပ်ရမှာဖြစ်ပါတယ်” ပြောသည်။
လုပ်ငန်းစဉ်များအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံ နှင့် နိုင်ငံတကာတွင် နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူများနှင့်အမှန်တရား နှင့် တရားမျှတမှု ကို မြတ်နိုးသူအားလုံး အလုပ်အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး ကိုယ်တိုင်တွေ့ဆုံရန်လိုအပ်ပါကလည်း အလုပ်အဖွဲ့က ကြိုးစားတွေ့ဆုံသွားမည်ဟု ကိုကျော်ကျော်လင်းက ဆိုသည်။
၁၉၉၂ ခုနှစ်က သတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့စဉ်အတွင်း မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သူ ဦးရော်နယ်အောင်နိုင်က အဖြစ်မှန်များပေါ်ပေါက်လာရေးအတွက် အလုပ်အဖွဲ့နှင့် အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောသည်။
“ မေးမြန်းဖို့လိုအပ်လို့ခေါ်ရင်သွားမှာပါ။ ကျွန်တော်တို့ ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်း စည်းကမ်း ဥပဒေတွေနဲ့ လွဲချော်ပြီးလုပ်ခဲ့တာ ဘာမှမရှိပါဘူး” ဟု ၄င်းကပြောသည်။
ABSDF သည် ငြိမ်းချမ်းရေးအတွက် အစိုးရနှင့်တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး လာမည့် ဧပြီလဆန်းပိုင်းတွင်လည်း ရန်ကုန်မြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။
လက်ရှိအချိန်တွင် ABSDF မှာ တရားဝင်အသင်းအဖွဲ့တစ်ခုအဖြစ်ရပ်တည်နိုင်ခြင်းမရှိသေးသည့်အတွက် တရားခုံရုံးနှင့် ဥပဒေရေးရာကိစ္စရပ်များတွင် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းရှိမရှိကိုမူ ပြောကြားရန်စောသေးကြောင်း ကိုကျော်ကျော်လင်းက ပြောသည်။
“ တရားရုံးတင် အမှုစစ်တဲ့ဟာကလည်း တရားမျှတမှုဆိုတဲ့အထဲမှာပါသလို နစ်နာခဲ့သူတွေရဲ့နစ်နာမှုတွေကို အသိအမှတ်ပြုပေးတာ၊ သူတို့ဘ၀တွေပြန်လည်ပျိုးထောင်ပေးတာ၊ နောက်ဆုံး လူသိရှင်ကြား ၀န်ချတောင်းပန်တာအထိ ပါပါတယ်။ ဒါတွေကလည်း တရားမျှတမှု ပုံစံတခုပါပဲ ” ဟု ၄င်းကပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) သည် ၁၉၈၈ အရေးတော်ပုံနောက်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်၌ ဖွဲ့စည်းထူထောင်ခဲ့သော ကျောင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

2 comments:

  1. How many galon U Saw in ABSDF?
    How many U Nay Win in ABSDF?

    Reply
  2. They killed round about (1/3)of All?
    They will kill (1/3) of Myanmar country
    for power?

    Reply

    · ·
  3. You, Htun Htun Oo, Nay Zaw and 22 others like this.
  4. Win Aung စောစောစီးစီးတုန်းက ဖုံးကွယ်ထားပြီး အပြောခံရမှ အသံကောင်းဟစ်ကြတဲ့ ကျောင်းသားအမည်ခံ လူယုတ်မာလူသတ်သမားတွေ
    March 8 at 4:01am · · 12
  5. Zar Maung right they are not real student opportunists liars
    March 8 at 7:31pm · · 1
  6. Tin Maw ကျေင်းသား"သတ်မတော်" ကြီးပါလား။ သတ်ချုပ်ကြီး ကဘယ်သူပါလိမ်. လုပ်ရဲရင်တာဝန်ယူရဲရမှာပေါ့။မင်းတို.ကြောင်.ကျောင်းသားနံမည် ပျက်တယ်။ ဖြုတ်ထုတ်သတ် နဲ့မျိုးပြုတ်သွားတဲ. ဗကပ နောက်မြီးဆွဲတွေ။ဒီကောင်တွေဗမာပြည်ထဲပြန်မ၀င်ပါစေနဲ. ရန်သူထက်ပိုအန္တရာယ်ကြီးတဲ.ကောင်တွေဘဲ။
  7. Lin Naingmyint we will sue the killers !!!

No comments:

Post a Comment