Friday, July 6, 2012

မြောက်ပိုင်းပြန်ကျောင်းသားရဲဘော်ဟောင်းများထုတ်ပြန်သည့်ကြေငြာချက်

မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ၏သဘောထားထုတ်ပြန်ကြေညာချက်

by Ko Lin Wai Aung on Saturday, February 11, 2012 at 12:46pm ·

မြန်မာပြည်မြောက်ပိုင်းကျောင်းသားရဲဘော်ဟောင်းများ၏သဘောထား

ထုတ်ပြန်ကြေညာချက်

နေ့စွဲ-၁၂.၂.၂၀၁၂

ယနေ့သည်မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) တွင် စစ်ထောက်လှမ်းရေးများဟု မတရားစွပ်စွဲဖမ်းဆီးကာ နှိပ်စက်သတ်ဖြတ်ခံခဲ့ရသည့် အနှစ် (၂၀) ပြည့်နေ့ဖြစ်ပါသည်။

မကဒတ(မပ)တွင် သဘောထားကျဉ်းမြောင်းပြီး လူသားဆန်မှုကင်းမဲ့သော လူတစ်စု၏ လုပ်ရပ်ကြောင့် လူ့ဂုဏ်သိက္ခာကင်းမဲ့စွာ ကျဆုံးခဲ့ရသော ကျောင်းသားများ၏ သမိုင်းဖြစ် ရပ် မှန်အား ဖော်ထုတ်ရေးကိုရည်ရွယ်၍ ဤအခမ်းအနားကို ကျင်းပရခြင်းဖြစ်ပါသည်။

ဤအကြမ်းဖက်မှုကြီးကို တဖက်သတ်အမြင်ဖြင့် ထောက်ခံပြီးစစ်မှန်သော ကျောင်းသားရဲ ဘော် များ၏ဂုဏ်သိက္ခာ ညှိုးနွမ်းစေခဲ့သည့် လုပ်ရပ်များကို ထာဝရ ချုပ်ငြိမ်းစေရန်လည်း ရည်ရွယ် ပါသည်။ နိုင်ငံရေးကွာဟမှု၊အသိပညာဗဟုသုတအားနဲမှု အာဏာကိုယစ်မူးခုံမင်မှုတို့ကို အခြေခံ၍ အရက်စက်ဆုံး၊အယုတ်ညံ့ဆုံး၊အာဏာရယူမှု ဖြစ်ပွားခဲ့ခြင်းကို မျိုးဆက်သစ်ကျောင်းသား လူငယ် များသင်ခန်းစာရရှိစေရန် ရည်ရွယ်သည်။

ဒီမိုကရေစီအရေးနှင့် တော်လှန်ရေးအရှိန်အဟုန်ကို ထိခိုက်နစ်နာစေခြင်းမရှိစေရန် အလို့ ငှာ အနှစ်(၂၀)လုံးလုံး ကျွန်ုပ်တို့သည် အဖြစ်မှန်ကို စောင့်ထိန်းမြိုသိပ်ခဲ့ကြပါသည်။ကျွန်ုပ်တို့ သည်ဤအဖြစ်မှန်ကို ဖော်ထုတ်တင်ပြကြရခြင်း၏ ရည်ရွယ်ချက်မှာ ကျောင်းသားရဲဘော်များ၏ သမိုင်းတန်ဘိုးဆုံးရှုံးမှုမရှိစေရန်နှင့် မကဒတ(မပ)၏ ဂုဏ်သိက္ခာကို ကာကွယ်ထိန်းသိမ်းရန် အဓိက ရည်ရွယ်ပါသည်။မည်သည့်ပုဂ္ဂိုလ် အဖွဲ့အစည်းကိုမျှ ရည်ရွယ်တိုက်ခိုက်နေခြင်းမဟုတ် ကြောင်းကိုလည်း အလေးအနက်ပြောကြားလိုပါသည်။

ထိုဖြစ်ရပ်တွင် အဓိကဦးဆောင်ကြိုးကိုင်ခဲ့ကြသူများ၏ လုပ်ရပ်မှားများကြောင့်ဖြစ်ပေါ်လာ သောဆိုးကျိုးများကိုသာ ဖေါ်ထုတ်တင်ပြလိုခြင်းဖြစ်ပါသည်။ ထို့ပြင် ကျွန်ုပ်တို့အနေနှင့် လက်ရှိ မြန်မာ့နို်င်ငံရေး အပြောင်းအလဲဖြစ်စဉ်များကိုလည်း ကြိုဆိုပါသည်။ အပြောင်းအလဲအတွက် အကောင်အထည်ဖေါ်ဆောင်နေသူအားလုံးကိုလည်း ကျွန်ုပ်တို့မှ အလေးအနက်အသိအမှတ်ပြုပါ သည်။ ထို့ပြင် မကဒတ၏ အနာဂါတ်နိုင်ငံရေးသဘောထားများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို လည်းဝမ်းမြောက်စွာကြိုဆိုပါသည်။

သို့ဖြစ်ပါ၍ ကျွန်ုပ်တို့၏ အမှန်တရားပေါ်ပေါက်ရေးကြိုးပမ်းဆောင်ရွက်မှုများတွင် မကဒတ တာဝန်ရှိသူများအနေနှင့်၎င်း၊ အမှန်တရားကိုလိုလားသော အခြားလူပုဂ္ဂိုလ် အဖွဲ့အစည်းများအား လုံးအနေနှင့်၎င်း၊ ယနေ့ကျင်းပသော အနှစ်(၂၀)မြောက် မြောက်ပိုင်းကျောင်းသားများ ကြွေလွင့် ခြင်း အမှတ်တရနေ့မှတဆင့် အများမသိရှိကြသေးသော မကဒတ(မပ)၏ အမှန်တရားဖြစ်စဉ်များ ကို ကျွန်ုပ်တို့နှင့်အတူ ဝိုင်းဝန်းဖေါ်ထုတ်ပေးကြပါရန်တိုက်တွန်းအပ်ပါသည်။

(မြန်မာပြည်မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများ)


· · Share
ကျောင်းသားရဲဘော်ဟောင်းများထုတ်ပြန်သည့်ကြေငြာချက်(၁/၁၂)

No comments:

Post a Comment