Monday, July 9, 2012

မြောက်ပိုင်းလူသတ်ပွဲကိစ္စ ပန်းချီထိန်လင်း ကို ပေါ်ပြူလာမြန်မာ မှ အင်တာဗျူး

မြောက်ပိုင်းလူသတ်ပွဲကိစ္စ ပန်းချီထိန်လင်း ကို ပေါ်ပြူလာမြန်မာ မှ အင်တာဗျူး
ပြီးခဲ့သောအနှစ်၂ဝက မြောက်ပိုင်းABSDFတွင် ကျောင်းသားများ အသတ်ခံရခြင်း ပန်းချီထိန်လင်းနှင့် တွေ့ဆုံခြင်း
by Maung Maung Wann on Thursday, February 16, 2012 at 2:14am ·


ကိုထိန်လင်း မြောက်ပိုင်း ကို စရောက်တဲ့အချိန်က စပြောပြပါ။ ဘယ်အချိန် က ရောက်တာလဲ။
မြောက်ပိုင်းကို စရောက်တာက ပတ္တနိကုဇန ကံဆောင်ပွဲတွေ နှိမ်နင်းပြီး တဲ့ အချိန်လောက်ပါ။ အမှန်ကကျွန်တော်က အိန္ဒိယကနေ ထွက်လာ တာ။အိန္ဒိယကမ့်မှာ နှစ်နှစ်နေပြီးပြီ။ နေပြီးတဲ့အချိန် မှာအခုတောင်ကြီး ထောင် ထဲမှာ ကျန်နေ တဲ့ ဦးရွှေထူး။ ဦးရွှေထူးက အဲဒီအချိန်မှာ ဒီပတ္တနိ ကုသဏကံ ဆောင်ပွဲမှာမစိုးရိမ်တိုက်မှာ ဘုန်း ဘုန်းတွေနဲ့နေပြီး စီမံနေတော့ သူကနေ လှမ်းပြီး အသံပြု လိုက်တာ။ အဲဒီတုန်းက စပြီးတော့ ပန်းချီ အလုပ်တွေ အနုပညာ အလုပ်တွေ လုပ်နေပြီလေ။ ဒါပေမဲ့ အဲဒီလို ဝါဒ ဖြန့် ချိရေးကိစ္စပေါ့။ ကျောင်းသား တပ်မတော်တို့ ဘာတို့ပေါ့။ သူက အဲဒါကို ဆရာတော်တွေနဲ့ လာ လုပ်စေချင်တာဆိုတော့အဲဒါနဲ့တင်သွားလိုက်တာ။ခိုးဝင်လာ တာပေါ့နော်။ ရောက် တဲ့ နေ့မှာပဲအဲဒီ ကံဆောင်ပွဲ ကို နှိမ်နင်းတဲ့ဟာ က ဖြစ်နေ ပြီ။ ဖြစ်နေတော့ ကျွန်တော် ဘုရားကြီးက တိုက်ထဲကနေ မြင် လိုက်တာနဲ့ တပ်က ကျောင်း ကို ဝိုင်းထားလိုက် တာ။ မြင် လည်း မြင် ရတယ်။ အဲဒါနဲ့ တင် ဘုရားဖူးတွေ နဲ့ ရောပြန်ပြေးပြီးတော့ ရေ နံချောင်း သွားတယ်။ အဲဒီမှာ စုံစမ်းလိုက်တော့ မြောက် ပိုင်းမှာ ကိုယ့်ရဲဘော်တွေ ရှိတယ်။ ကသာတို့ မိုးညှင်း တို့ အဲဒီမှာရှိ တဲ့ ကျောင်းနေဖက်တွေ။ သူတို့တွေ ကလည်း သပိတ် ခေါင်းဆောင်တွေပဲ။ အဲဒါနဲ့ တက် သွား လိုက်တာ။
ဆိုတော့ ၉ဝ ရွေးကောက်ပွဲ အပြီး။ ပတ္တနိကုသဏကံဆောင်ပွဲ အပြီးလောက်မှာပေါ့။ ၁၉၉ဝ နှစ် လယ်လောက်ပေါ့။ ပြောမယ်ဆိုရင်တော့ မိုးတွင်းကြီး ဇွန်၊ ဇူလိုင် လောက်မှာ။ မိုးညှင်းကနေ တက်သွားတာ။ တပ်ရင်း (၅) လေ။ အဲဒီမှာ ကျောင်းသားတွေ တွေ့ရတယ်။ လက်နက်ကိုင်ထားတာ တွေ့ရတယ်။ အဲဒီအချိန်မှာ တပ်မတော်ထိုးစစ်က အသည်းအသန်ထိုးတာ။ မိုးတွင်းကြီး။ ဧရာဝတီမြစ်ကိုလည်း သူတို့က ပိတ်ထားလိုက်တယ်။ သင်္ဘောတွေနဲ့ ပိတ်ထားတာ။ စစ်သင်္ဘောတွေ ဧရာဝတီမြစ်နဲ့ ရထားသံလမ်းကြား။ သူတို့ခေါ်တာတော့ မိုးညှင်းရင်း (၅) ခွင်ပေါ့။ ကောက် ကွေ့ချောင်းနဲ့ရင်း (၅) ခွင်။ အဲဒီခွင် ထဲမှာ (၇) လ၊ (၈) လ လောက် ကြာတယ် ထွက် မရဘူး။ အဲဒီမှာပတ်ပြီး တောထဲမှာ ဝှက်ထားတဲ့ ဆန်တွေဘာတွေ စားသောက်ပြီးနေရတာ။ ဒါပေမဲ့ အဲဒီမှာကတည်းက ဒေသခံ ABSDF ရဲဘော်တွေရဲ့ သဘောထားတွေ ကြည့်ကတည်းက ပြဿနာရှိနေပြီ ဆိုတာခံစားလို့ရတယ်။ သူတို့ကကျတော့ ဘယ်လိုလဲဆိုတော့ ရွာဘက် က လာတဲ့သူတွေဖြစ်တယ်။ ပြောမယ် ဆိုရင်တော့ တောနေတောစား ကျွမ်းကျင်တယ်ပေါ့နော်။ ကျွန်တော် တို့က မြို့ပေါ်ကလာရတယ်။ မိဘအလုပ်အကိုင်မှာလည်း ဒီဟာမျိုးမရှိဘူး။ ဆိုလိုတာကတော့ နှီးမဖြာ တတ်ဘူး။ တိုင်မခုတ်တတ်ဘူး။ ဝါးမခုတ်တတ်ဘူး။ ဒါကို သူတို့က အပြစ်လို့ ခေါင်းဆောင်တွေပိုင်းက အစပြောတာလေ။ မင်းတို့ ရန်ကုန်က တက်လာတဲ့ကောင်တွေက အကုန်လုံး ဘော်ကျော့ချည်းပဲ။ လက်ကြောတင်းတဲ့ ကောင်တစ်ကောင်မှ မပါဘူး။ ဒါနဲ့များ တော်လှန်ရေး လုပ်ဦးမယ်တို့။ ကျွန်တော်တို့ က ပြောတာလည်း ပါတယ်။ ကျန် တဲ့သူတွေကိုလည်း အသိပေးနေတာ။ ဒီကောင်တွေဟာ အလကားပေါ့။ ရန်ကုန်၊ မန္တလေးက တက်လာတဲ့ ကောင်တွေဟာ အလကားကောင်တွေ။ တော်လှန်ရေးမှာ ဘာရုပ်မှ မပေါက်ဘူး ဆိုတဲ့ဟာမျိုးပေါ့။

ကျောင်းသားတွေ ကိုယ့်အချင်းချင်း သတ်လာတာ။ အဲဒီ ပဋိပက္ခရဲ့ အစမြစ်ဖျားခံတာ ဘယ်ကစတာလဲ။
ဒီပြဿနာရဲ့ အစက ကျွန်တော်မရောက်ခင် အစောပိုင်း နှစ်တွေကတည်းက။ ဒါက နောက်မှ ကျွန်တော် ပြန်ကောက်ရတာပေါ့နော်။ ဒါပေမဲ့ လတ်တလော ပြဿနာ တစ်ခုလည်း ရှိတယ်။ လတ် တလောပြဿနာက ကျွန်တော်တို့ ဗဟိုရောက်ပြီးတော့ ရှစ်လေးလုံးပွဲလုပ်တယ်။ လုပ်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်တို့နဲ့အတူ မန္တလေး ဘက်က တက်လာတဲ့ စိုးမြတ်အောင်ဆိုတဲ့ ရဲဘော်လေးတစ်ယောက် ထွက်ပြေးတယ်။ အဲဒီကနေ လမ်းကြောင်းရသွားတာပေါ့လေ။ သူ့ကိုဖမ်းလိုက်တယ်။ ထွက် မပြေးလည်း ဒီကိစ္စက လုပ်တော့မှာပဲ။ ဘယ်သူဘာပဲဖြစ်ဖြစ် အစတစ်ခုကနေ ဖမ်းပြီးလုပ်တော့မှာပဲ။ အဲဒီတော့ ဒီပြဿ နာတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ ပြန်ကောက် တဲ့အခါမှာ ဘာဖြစ်တာလဲဆိုတော့ ကျွန်တော်မရောက်ခင် ပထမဆုံး ရှစ်လေးလုံးအပြီးမှာ မြောက်ပိုင်းမှာ ရှိနေတဲ့ မိုးညှင်း၊ နမ္မား၊ မိုးကောင်းစသည်ဖြင့် အဲဒီက သပိတ်ခေါင်းဆောင်တွေ။ သူတို့က အရင်ရောက် သွားတာ။ ရောက်သွားပြီး တပ်ဖွဲ့တွေ ထူထောင်တယ်။ KIA နဲ့အတူ ပူးတွဲပြီးတော့ စစ်ရေးတာဝန်ယူမယ် ဆိုတဲ့ဟာမျိုး နဲ့ သံချောင်း၊ မျိုးဝင်း၊ အောင်ကြီး တို့ အဲဒီဘက်က ခေါင်းဆောင်တွေ၊ အရင်ရောက်နှင့်သူတွေ။ သူတို့မှာတော့ ဘယ်လိုပြ ဿနာတွေ ရှိလဲ ဆိုတော့ တပ်ဖွဲ့အတွင်း အကြီး အကျယ် အာဏာသုံး၊ သူတို့လာရင်မတ်တပ်ရပ် သတိဆွဲပေါ့။ ပါးရိုက် လည်းခံ၊ နားရိုက်လည်းခံ။ သူတို့ရဲ့ဝေယျာဝစ္စတွေကအစ လိုက်လုပ်ပေးရတဲ့ဟာ မျိုးတွေ၊ နောက် တစ်ခါ အချို့ကျတော့လည်း ငွေကြေးတွေရလာတော့ ပြန်ပို့တာတို့ ဘာတို့ပေါ့ဗျာ။ စည်းစိမ်ခံတာတို့၊ အဲဒါမျိုးတွေ ရှိတယ်။ ရှိတော့ တော်လှန်ရေးတပ်ဖွဲ့ သိပ်မဆန်ဘဲနဲ့ ဂိုဏ်း နည်းနည်း ဆန်လာတယ်။ နိုင်ငံရေးမပါဘဲနဲ့ အကြမ်းဖက်ဂိုဏ်းတစ်ခုလို၊ အဲဒီနောက်ပိုင်းမှာ ရန်ကုန်၊ မန္တလေးက ကျောင်းသားတွေထုံးစံ အတိုင်းရောက် လာတယ်။ ကိုထွန်း အောင်ကျော်အပါအဝင် ကိုအောင်နိုင်တို့ ရောက်လာတယ်။ အဲဒီလို ရောက်လာ တဲ့ အခါကျတော့ ကွာခြားသွားတယ်။ ဥပမာ ကိုရဲလင်း တို့ဆို ဒီကနေတက် သွားတဲ့သူတွေ၊ ပါတီတာဝန်တွေ ဘာတွေ လုပ်ဖူးတယ်။ ရန်ကုန်-မန္တလေးကတက်တဲ့ ကျောင်းသားတွေက နိုင်ငံရေးစာပေတွေ ဖတ်ရှုလေ့ လာတယ်။ သမိုင်းကြောင်း လေ့ လာမှု၊ ရှစ်လေးလုံး အရေးတော်ပုံကြီး တစ်ခုလုံးအပေါ် မှာ ကြေညက် ခဲ့တယ်။ ဒါမျိုးတွေ ရှိလာတော့ ကွာသွားပြီလေ။ စကားပြောလိုက်တာနဲ့ ကွာသွားပြီ။ အသစ်ရောက် လာတဲ့ ရဲဘော်တွေ ဖြစ်သော်လည်း နဂိုရောက်လာတဲ့သူတွေ အမြင်မှာ ဒီလူတွေနဲ့ငါတို့ ရှိထားတဲ့ခေါင်းဆောင်တွေ နဲ့ဆိုတာ အကြီးအကျယ် ကွာခြားသွားပြီ။ အဲဒီလိုအပြင် အနေအစားတွေလည်း ကွာလာပြီ။ အနေ အစားတွေမှာလည်း တကယ့်ရဲဘော်ရဲဘက် စိတ်နဲ့အတူနေတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန် အလှန် လေးလေးစားစား နှိမ့်နှိမ့်ချချနဲ့ ဆက်ဆံတတ်တဲ့သူတွေ ပေါ့နော်။ ဆိုတဲ့အခါကျတော့ တကယ်ယဉ်ကျေးတဲ့ သူတွေက ဒီလူတွေပါလား။ သိလာတော့ ဟိုကောင်တွေကို လက်မခံချင်တော့ ဘူး။ နောက်ဆုံးကျတော့ ပြောရရင် ဘယ်လိုလဲဆိုတော့ တပ်တွင်းမှာ ဆန္ဒပြမှုဆန်ဆန်ပေါ့။ သင်တန်းမ ဆင်းတော့တာ။တန်းမစီ တော့တာတို့။အဲဒီမှာတင်သူတို့ ဆွေးနွေးပွဲပြန်လုပ်တော့ ဟုတ်ပြီ ခေါင်းဆောင်တွေ ကို မကျေနပ်တာတွေကို လွတ်လွတ်လပ်လပ် ပြောဆိုကြပါ ဆိုပြီး ဖြစ်လာတာပေါ့။ အဲဒီမှာ တင် ဒေါ်ချို ချိုကျော်ငြိမ်း သား ကို မောင်မောင်ကြွယ်၊ ဦးဇော်ခင်ရဲ့သား မောင်ဝဏ္ဏဇော်တို့ စသည်ဖြင့် ရန်ကုန်-မန္တလေးက တက်လာတဲ့ သူတွေက သူတို့တွေက Stage ပေါ်မှာ ကျင့်သားရနေပြီ။ ဝေဖန် တာ ပြောဆိုတာတွေကိုသူတို့တွေက ဦးဆောင်ပြီး လက်ရှိ ရှိထားတဲ့ခေါင်းဆောင် တွေရဲ့ အားနည်း ချက်တွေကို ထောက်ပြဝေဖန်တာတွေ။ ဒီမိုကရေစီတပ်ဖွဲ့ဆိုရင် ဘယ်လိုမျိုး ဖြစ်သင့်တယ်။ အခုလို လုပ်နေ တာတွေက ဘာနဲ့တူတယ်ဆိုတာမျိုးပေါ့။ လူဆိုးဂိုဏ်းနဲ့ တူတယ်ပေါ့။ ဆိုတော့ အရှက်ရသွားကုန်တယ်။ အများအလယ်မှာ အရှက်ရတယ်။ နောက်မဲခွဲလိုက်တဲ့ အခါကျတော့ တစ်မဲမှမရတော့ဘူး။ မရတော့ ဒါလည်း အကြီးအကျယ် အရှက်ကွဲတယ်။ အရှက်ကွဲတော့ အဲဒီမှာ ဒီဟာက အငြှိုးပဲ။ ဒါပေမဲ့ ကိုထွန်းအောင်ကျော် တို့ ရွေးကောက်ပွဲနဲ့ ခေါင်းဆောင်တင်မြှောက်လိုက်တဲ့ ပုဂ္ဂိုလ်တွေထဲမှာ ကိုညီဂျော်တို့၊ ကိုရဲလင်းတို့ ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်စတဲ့ ရန်ကုန်၊ မန္တလေးက လာတဲ့သူတို့။ နောက် ဦးစိန်တို့၊ ဦးစိန်ဆိုတာက ၁၉၇၄ ကတည်းက ယူဂျီအနေနဲ့ တောက်လျှောက် လုပ်လာတာ။ အကျဉ်းထောင် အကြိမ်ကြိမ်ကျလာတဲ့သူ။ဆိုတော့ ပြည့်ဝမှုတို့ဘာတို့ကကွာသွားပြီလေ။ဦးစိန်တို့လည်း ခေါင်းဆောင်တွေဖြစ် ။ ဒါပေမဲ့ ပြဿနာက ဟိုနဂိုရှိထားတဲ့ကောင်တွေက မလွှဲချင်ဘူး။ လက်နက်ကလည်း ရှိတယ်။ ဟိုသေ နတ်ဖောက်၊ ဒီသေနတ်ဖောက်၊ အရက်သောက်နဲ့ ငါတို့က ဒီလေ့ကျင့်ရေးကွင်းတွေ ငါတို့ဖောက်ထား တာပေါ့။ ဒီတဲတွေ ငါတို့ဆောက်ထားတာပေါ့။ အခုမှ ဒီကောင်တွေကလာပြီး ဘာညာပေါ့။ ဒါမျိုးတွေပေါ့ဗျာ။ အဲဒီတော့ ရန်ကုန်၊ မန္တလေး ခေါင်းဆောင်တွေနဲ့ ကိုထွန်းအောင်ကျော်တို့က စဉ်းစားတယ်။ သူတို့ပြော တာလည်း ဟုတ်တာပဲပေါ့။ ဒီလူတွေကိုလည်း တတ်နိုင်သလောက် နေရာလေး တစ်ခုထားသင့်တယ်ပေါ့။ ဆိုပြီးတော့ ဗဟိုကော်မတီထဲမှာ ဆွဲထည့်တာ။ ဆိုတော့ အတွင်းရေးမှူး (၁)ပေါ့။ ကိုသံချောင်းဆိုလည်း စစ်ရေးက စစ်ရေးပဲပေါ့။ ကိုမျိုးဝင်းက သူ့ကိုစစ်ရေးတာဝန်ခံ ဒုတိယသူ့ကိုပေးပါပေါ့။ အဲဒီမှာ ငါတို့က နိုင်ငံရေးအရ နေပြီးတော့ စစ်ရေးတာဝန်ကို ညွှန်ကြားမှာပဲ။ ကဲ ရတယ် ယူကြဆိုပြီးတော့ ကိစ္စမရှိ ဘူးပေါ့။ အဲဒီလို ပေးလိုက်တဲ့ဥစ္စာက အခုဟာရဲ့ တကယ့်ပြဿနာပဲ။ ဘာလို့လဲဆိုတော့ အဲဒီနေရာ ကို ခြေ ကုပ်ယူပြီးတော့ အကွက်ကျကျ စီစဉ်ခွင့်ရသွားတယ်။ အချိန်ယူပြီး အယုံသွင်းတယ်ပေါ့ဗျာ။ ကိုထွန်းအောင်ကျော်ဆိုလည်း ဆက်ဆံရေး ပြောင်းသွားတယ်။ ဥက္ကဋ္ဌ၊ ဥက္ကဋ္ဌနဲ့ ကျိုးကျိုးနွံနွံနဲ့ လုပ်ပြတယ်။ အခြေခံကျတဲ့ ရဲဘော်တွေအောက်မှာလည်း အရင်လို အာဏာသုံးတာတွေ ဘာတွေ မလုပ်တော့ဘဲနဲ့ပေါ့။ သူတို့က အကြံရှိတာကိုး။ အဲဒီလိုမျိုးနဲ့ အချိန်ယူ ပြီးတော့ အငြိုးအတေး အာဃာတနဲ့လက်စားချေတာ။ အဲဒီတော့ အာဏာလုပွဲပါပဲ။ တော်တော်လေး ယုတ်ယုတ်မာမာနဲ့ အောက်တန်းကျကျလုပ်တဲ့ အာဏာ လုပွဲပဲ။
ဆိုတော့နိုင်ငံရေး အမြင်ရှိ တဲ့သူတွေကို ရှင်းထုတ်လိုက်တဲ့ သဘောပေါ့။
ဒါပါပဲ။
အဲဒီအချိန်မှာ ABSDF က ဒေါက်တာနိုင်အောင်တို့ အဲဒီဘက် ရောက်နေပြီလား။

ဒေါက်တာနိုင်အောင်တို့က ဒီပြဿနာတွေ ဖြစ်လာ တယ်။ ဖြစ်လာတဲ့ အချိန် မှာ တောင်ပိုင်းနဲ့ ဆက်သွယ် တယ်လို့ဆိုတယ်။ ဒါတွေက ပြောရရင်တော့ ကျွန်တော် တို့ ပြဿနာတွေဖြစ်တဲ့ အချိန်မှာ နေ့စဉ်နဲ့အမျှ ရိုက်နှက်နေတော့ အဲဒီထဲကနေ ဖမ်းယူရတာပေါ့။ မျက်လုံးစီး ရိုက်နှက်နေတော့ အသံတွေနဲ့ပဲ ကြားရတာပေါ့။ ထဲထဲဝင် ဝင်လားဆိုတော့ မဟုတ်ဘူး။ ဒါပေ မဲ့ ဒီဟာတွေက ထဲထဲဝင်ဝင်ရှိခဲ့တဲ့ အဲဒီ အချိန်က ခေါင်းဆောင်တွေထဲပါတဲ့ ကိုသိုက်ထွန်းဦး တို့လို ပုဂ္ဂိုလ်မျိုးပေါ့။ သူပါ တယ်။ သူက သူ့မှာ အပြစ်ရှိတယ်လို့ လည်း ပြော တယ်။ သူက အဲဒီအထဲမှာ ဝင်ရိုက်ရတယ် လို့လည်းပြောတယ် စသဖြင့်ပေါ့။ အပြင်မှာ အဖမ်းမခံရဘဲနဲ့ ကျန်နေတဲ့ မျက်မြင် ရဲဘော်တွေရှိသေးတယ်။ ဒီရဲဘော်တွေရဲ့ပြောပြချက်တွေနဲ့ လည်း ကျွန်တော်တို့က သိရတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ကိုနိုင်အောင် ရောက်လာတော့ ရှိတယ်လေ။ ကျွန်တော်တို့ နဲ့ တွေ့ ရ တယ်။ တွေ့ရတယ်ဆိုပေမယ့် စကားမပြောရဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့က သုံ့ပန်းလိုဖြစ်သွားပြီ။ သူကတကယ့်တော်လှန်ရေးခေါင်းဆောင် ကြီးတစ်ယောက် ဖြစ် တယ်ပေါ့။ သူလာတဲ့အခါမှာ ကျွန်တော်တို့ ကို ဒီကောင်တွေကို ဟိုဟာတွေဆိုပြီး ကြည့်သွားတာ။ ဒါပေမဲ့ ကျွန်တော် တို့ထဲမှာမှ သူတို့တောင်ပိုင်းက တက်လာတဲ့ ရဲဘော်တွေကို တစ်ယောက်ချင်းခေါ်တွေ့ပြီးတော့ တချို့တွေကို ရိုက်နှက်သွားတာရှိတယ်။ ကိုသိန်းထွန်းဆို အခုအချိန်အထိ နားတွေမကြားတော့ဘူး။ ကိုနိုင်အောင် ရိုက်သွားတာ။
ဆိုတော့ စဖမ်းတဲ့အချိန်မှာ ကိုနိုင်အောင် မရှိဘူး။ တောင်ပိုင်းနဲ့ ဆက်သွယ်တဲ့အခါမှာ သူတို့က လက်ခံတာ။ ဒါကိုသေချာလုပ်ပေါ့ စသဖြင့်ပေါ့ဗျာ။ ဒါမျိုးတော်လှန်ရေး တပ်ဖွဲ့ထဲမှာ ရှိတတ်တယ်ပေါ့။ နောက် သူရောက် လာပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်ပေါ့။ လွန်ခဲ့ တဲ့နှစ် ၂ဝ က ဒီနေ့ပေါ့။ နည်းနည်း စောပြီး ကျွန်တော် တို့ကို ထမင်းကျွေး လိုက်တယ်။ ကျွန်တော်တို့က အဲဒီအချိန်မှာ တောထဲမှာ ထင်းဖြတ်၊ ကျောက်ထုပေါ့။ နံနက်လင်းတာနဲ့ အခုရှိနေတဲ့ ရဲဘက်ပေါ့။ အဲဒီထက် ပင်ပန်းတယ်။ အကန်အကျောက်လည်း ခံရတယ်။ ထင်းခုတ်၊ ဝါးခုတ်၊ လမ်းပြင်အကုန် လုပ်ရပါတယ်။ လုပ်နေရင်းနဲ့ မနက်ပိုင်းမှာ အလုပ်သိမ်းလိုက်တယ်။ သိမ်းပြီးတော့ လက်ပြန် ကြိုးတွေ တုပ်၊ မျက်လုံးတွေစည်း။ လူတွေကလည်း အများကြီးရောက်လာတယ်။ မလှုပ်နဲ့ဘာဖြစ်တယ်။ ညာဖြစ်တယ်ပေါ့ဗျာ။ ကျွန်တော်တို့ မြန်မာစကားမှာ တုပ်တုပ်မျှ မလှုပ်နဲ့ဆို တဲ့ စကားပေါ့။ နားရွက်မခတ်နဲ့ပေါ့ဗျာ။ လှုပ်တဲ့ကောင် က အုန်းခနဲ ဒိုင်းခနဲ ဖြစ်သွားတာ။ ပြီးတော့မှ နာမည် ရှိတဲ့ သူတွေ သူတို့စီစဉ်လာတဲ့ သူတွေခေါ်တယ်။ အဲတော့ အဲဒီလိုမလုပ်ခင်မှာသူတို့ လက်မှတ် ထိုးပြီး ပြီလေ။တပ်ဖွဲကို ကြေညာခဲ့ပြီ။ဒီလူတွေကို သေဒဏ်ပေးမယ်ဆိုပြီး။ အဲသလို ကြေညာပြီးတော့မှသူတို့ တက် လာတာ။ တက်လာပြီးတော့မှာ ကိုထွန်းအောင်ကျော် အပါအဝင်ပေါ့ ၁၅ ယောက် ခေါ်ထုတ်သွားတာ။ ကျွန်တော် တို့တွေက ကျန်ခဲ့တယ်။ အဲဒီမှာခေါင်းဖြတ်တာ။

ဒါဆို ဒီပြဿနာမှာ ဒေါက်တာ နိုင်အောင်က အဓိကကျတဲ့ အခန်းကဏ္ဍက ပါတာပေါ့။
ပါတာပေါ့။သူက တောင်ပိုင်းဥက္ကဋ္ဌလည်း ဖြစ်တာ။ဒီဘက်မှာတက်လာတဲ့အခါမှာလည်းသူ့ကို ကိုအောင်နိုင် တို့ ဘာတို့ကလည်း အသိအမှတ်ပြုတဲ့ မဟာမိတ်အနေနဲ့ ပါဝင်တာ။ ဆို တော့ ဒီဟာထဲမှာ သူရဲ့သဘော ထား ပါဝင်ပါတယ်။ သတ်တဲ့သူတွေက ပြောတာ တော့ Informer (သတင်းပေး) ဆိုပြီး ပြောတယ်။ သူတို့ပြောတာတော့ သူလျှို ဖော်ထုတ်တယ်ပေါ့။

အဲဒီအချိန်မှာ မိုးသီးဇွန်ကရော။

အဲဒီမှာမိုးသီးဇွန်နဲ့ ဒေါက်တာ နိုင်အောင်ကွဲနေပြီ။ နောက် ကျွန် တော် တို့ ဒီဘက်ကိုရောက်လာပြီး နောက်ပိုင်း ထောင်က လွတ်လာ တယ်။ နောက် ပတ်စပို့ရလာတော့ အပြင်ထွက် ခွင့်ရ တယ်။ နိုင်ငံပြင်ပ လူတွေနဲ့ ဆက်သွယ်ခွင့်ရတဲ့ အချိန်မှာ ကြေညာ ချက်သုံးစောင် ရထား တယ်။ တစ်စောင်က မိုးသီးဇွန်၊ နောက်တစ်စောင် က ဒေါက် တာ နိုင်အောင် ဦးဆောင်တဲ့ အဖွဲ့ရဲ့ ကြေညာချက်၊ နောက် တစ်စောင် က BLC ရဲ့ ကြေညာချက်။ ကိုအောင်ထူးတို့ပေါ့။ ရှေ့နေ များ ကောင်စီ ရဲ့ ကြေညာချက်။ ဒါတွေ ကျွန်တော့်မှာရှိပါတယ်။ BLC က ဒေါက် တာနိုင်အောင်တို့နဲ့ သဘောထားတူတယ်။ ကိုမိုးသီးဇွန် ထုတ်ထားတဲ့ သဘောထားမှာ ဒါကို လက်မခံနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရတဲ့ ကြေညာချက်တွေက သတ်ပြီးမှ ရ တဲ့ ကြေညာချက်တွေ။ သတ်ပြီးသွားတဲ့အချိန်မှာ ကိုမိုးသီးဆိုဒ်က လက်မခံဘူးလို့ ထုတ်တယ်။ ကိုနိုင်အောင်တို့ က ဖော်ထုတ်ခဲ့ပြီး သုတ်သင်ခဲ့တာရှိတယ်။ထောက်လှမ်းရေးတွေဟာကျွန်တော်တို့ တပ်ဖွဲ့ ထဲ ဝင်ပြီး ခေါင်းဆောင်ပိုင်းနေရာကို ယူမယ်။ ဘယ်လို ဖြိုခွင်းမယ်။ အဲဒါကြောင့်မို့ သူတို့လုပ်ရတာပေါ့။ BLC ကလည်း အဲဒီ သဘောပါပဲ။ ဒီဟာကို လက်ခံတယ်ဆိုတဲ့ သဘောထားမျိုး တောတွင်းဥပဒေအရ လုပ်ရ တယ်ပေါ့။
ဆက်လက်ဖော်ပြပါမည်
မျိုးညွန့်၊ မိုးမြင့်မြတ်

popularmyanmar မှကူးယူဖော်ပြသည်။
  • 98 shares
    • Aung Moe Win ကြည့်လည်းလုပ်ပါအုံး ကိုထိန်လင်းရယ်။ BLC ကြေငြာချက် ဆိုတာရှိလို့လား။ ကိုအောင်ထူးက အဲ့ဒီတုံးက ABSDF စစ်ကော်မရှင်မှာ ခေါင်းဆောင်တဲ့ တယောက်ပါ။ ကိုအောင်ထူး လက်မှတ်တဲ့ထုတ်တဲ့ ABSDF စတိတ်မန့်က ၁၉၉၂ မတ်လ (၁)ရက်မှာပါ။ အဖွဲ့အစည်းနာမည်တွေ၊ အဖြစ်အပျက်တွေကို သေသေချာချာပြောစေချင်တယ်။ အသေးအဖွဲအချက်အလက် တချို့ကြောင့် ဖြစ်ရပ်တခုလုံး၊ ခံစားရသူတွေ အားလုံးအပေါ် မှုန်ဝါးသွားတာမျိုးမဖြစ်စေချင်ပါ။
    • အိုးဝေအောင် အိုးဘားမား ကိုအောင်မိုးဝင်း အမှားပြင်ပေးတဲ့အတိုင်း ပေါ်ပြူလာဂျာနယ် အယ်ဒီတာထံ အခုပဲ စာပို့ပြီး အမှားပြန်ပြင်ခိုင်းသင့်ပါတယ် ကိုထိန်လင်း။နောက်တစောင်မှာ ပြင်ဆင်ချက် အချိန်မှီ ပါအောင်လို့ပါ။နီးစပ်ရာသူတွေ ကိုထိန်လင်းကို ဒီကိစ္စ ထပ်ဆင့်ပြောပေးသင့်ပါတယ်။(နောက်တာ မဟုတ်..။အတည် အကြံပြုခြင်းပါ။)
    • Baydar Lam နားလည်မှုပေးစေချင်ပါတယ်။နောက်တော့ဂရုတစိုက်ပြောစေချင်ပါသည်။
    • Naing Aung စစ်ကော်မရှင်မှာ တွင်း-၁ မပါဘူး၊ ကိုအောင်ထူးက အဲဒီအချိန်က တွင်း-၁
    • Aung Moe Win စစ်ကော်မရှင်တွင်း(၁) လို့ ဘယ်သူက ပြောလို့လဲ
    • အိုးဝေအောင် အိုးဘားမား ကိုအောင်မိုးဝင်းရေ........အမွှေတွေ-တန်ပြန်တွေ-ဒလန်တွေ အများကြီး ၀င်ရှုပ်လာနိုင်တယ်နော်။(ဥပမာ-နာမည်တူတွေ-ဆင်တူယိုးမှားတွေနဲ့ဒီထဲမှာ လာကစားနိုင်တယ်။ညီနောင်တို့ သတိ ရှိစွာ စောင့်ကြပ်ပေးကြပါ။ဒီအမှုကြီး မစီရင် မပြီးမချင်း။)
    • Aung Moe Win ကျနော်သိပါတယ်။ အပေါ်က ကိုနိုင်အောင် ဆိုတာ အော်စီ ကပါ။
    • Aung Moe Win မိုးသီးဇွန်က အဲ့ဒီတုံးက ကန့်ကွက်တယ်ပြောပြီး ဘာကြောင့် အသတ်ခံရတဲ့သူတွေထဲမှာလည်း ရန်သူ့လူတွေပါနိုင်တယ် လို့ ကောက်ချက်ပေးနေရတာလဲ။ မြောက်ပိုင်းကိစ္စကိုရေးတဲ့အခါတိုင်း ဘာလို့ သွေးရူးသွေးတန်းကန့်ကွက်နေရတာလဲ။
    • အိုးဝေအောင် အိုးဘားမား ဒေါက်တာနိုင်အောင် ကိုယ်တိုင် လာမပြောရဲလို့ ..သူ့ကိုယ်ပွား နာမည်တူအကောင့်က ၀င်ရေးလာသလားလို့ သံသယဖြစ်လို့ပါ။သိရင်ပြီးတာပဲ။
    • စစ် မုန်း သူ ကိုအိုးဝေအောင်....သူတို့ဘယ်လောက်ပဲမွှေမွေ..ဘယ်လိုပဲ ဒလံလုပ်လုပ်..ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုကတော့...ဒီလူသတ်သမားတွေကို တော်တော်ရွံနေကြပြီဗျ...ဒါကို ကာမယ်ဆိုရင်လည်း...မိုးကြိုးပစ် ထန်းလက်နဲ့ကာပေါ့.....ကာကာနေတဲ့ကောင်တွေ မရှက်ဘူးလား မေးချင်တယ်...ဘာအမှန်တရားလည်း...အရင်က..နိုင်အောင်ဆိုတာကို ပြည်တွင်းမှာ နိုင်ငံရေးလုပ်နေတဲ့ လူငယ်တွေ မသိပါဘူး...ခုတော့သိကုန်ကြပြီ...လူသတ်မှု့မှာ ပါဝင်ပတ်သက်သူအဖြစ်သိတာ...နိုင်ငံရေးလုပ်ဆောင်ချက်ကြောင့် သိတာမဟုတ်ပါ။သူ့ နိုင်ငံရေးလုပ်ဆောင်ချက်ကိုလည်း ပြည်တွင်းက လူတွေမသိပါ။
    • Naing Aung ခင်ဗျားတို့ စွပ်စွဲဘို့ သိပ်မစဉ်းစားချင်ဘူး ၊ သိတာဝင်ပြောပေးတာ ၊ စစ်ကော်မရှင်မှာ ဥက်ကဌ၊ဒုဥက်ကဌ။အထွေထွေအတွင်းရေးမှုး နဲ့ တွင်း၂ဘဲပါတယ်
    • Aung Moe Win အခုပြောနေတဲ့ ကိစ္စမှာ စစ်ကော်မရှင် ရဲ့ ရာထူးတွေအကြောင်းပါလို့လား။ ကိုအောင်ထူး စတိတ်မန့်မှာ လည်း စစ်ကော်မရှင် လို့ ခေါင်းစဉ်တပ်မထားပါဘူး။ သူ့လက်မှတ်နဲ့ထုတ်ထားတဲ့ Original ကို ထုတ်ပေးထားတာလေ။ စာကို သေသေချာချာ ပြန်ဖတ်ကြည့်ပါအုံး။ မပူပါနဲ့။ အဖွဲ့တိုင်းမှာ သုတေသန ဋ္ဌာန ဆိုတာ ရှိပါတယ်။
    • Naing Aung ကိုအောင်မိုးဝင်း ခင်ဗျားရေးတဲ့ထဲမှာ ကိုအောင်ထူးကို စစ်ကော်မရှင်မှာ ခေါင်းဆောင်တဲ့တယောက်ရေးထားလို့ ဝင်ပြင်ပေးတာ
    • Htay Tint http://www.facebook.com/photo.php?fbid=2707008078553&set=a.1531540252592.2071549.1357340814&type=1&theater
      ” ကိုအောင်ထူး ( ယ္ခု - ရှေ့နေများကောင်စီ၊ BLC) လက်မှတ်နဲ့ အင်္ဂလိပ်လို ထုတ်ပြန်ထားတ...
    • Aung Moe Win ကိုအောင်ထူးက စစ်ကော်မရှင်က ခေါင်းဆောင်တယောက်မဟုတ်ဘူးလား။ ခေါင်းဆောင် လို့ ပြောတာဟာ ရာထူးအတိအကျ ပြောတယ် လို့ ခင်ဗျားနားလည်လား။ အော်-- ဖြစ်မှဖြစ်ရလေ။
    • Naing Aung စစ်ကော်မရှင်ဖွဲ့ စည်းပုံမှာ တွင်း-၁ မပါဘူး။ တွင်း၁နဲ့ စစ်ကော်မရှင်နဲ့ မဆိုင်တာ ပြောတာ ၊ တွင်း၁ က အီးစီမှာပါတယ်၊ စစ်ကော်မရှင် ဆွေးနွေးပွဲတောင် တွင်း၁ မပါဘူး ၊ ခင်ဗျားမယုံရင် ပြန်စုံစမ်းကြည့်
    • Aung Moe Win ဆိုတော့ ခင်ဗျားပြောချင်တာက ကိုအောင်ထူးဟာ စစ်ကော်မရှင်ခေါင်းဆောင် မဟုတ်ဘူးပေါ့။ ဒါဖြင့် စစ်ကော်မရှင် ခေါင်းဆောင်က ဘယ်သူလဲဗျ။
    • Minthura Wynn Ko Aung Moe Win, I guess Ko Naing Aung is trying to clarify the wording you used in your first comment. Because, Ko Aung Htoo was first secretary of ABSDF (Naing). Thats' what he has been trying to tell you...NOT in the military commission. Thanks.
    • Aung Moe Win စကားလုံးတွေကို ရှင်းပြတယ် ဆိုလည်း ရှင်းပြတယ်လုပ်ပေှါ့ဗျာ။ စွပ်စွဲတယ် ဆိုတဲ့ စကားလုံးတွေ သုံးရအောင် ကျနော့ကို သူမသိတာလည်းး မဟုတ်။
    • Htay Tint Naing Aung ရေ ခင်ဗျားဆီမှာ ဖွဲ့ စည်းပုံနဲ့  လူနာမည်တွေ ရှိနေသေးရင် မှတ်မိနေသေးရင် တင်ပေးပါလား ။ အောင်ထူးက ဥပဒေလိုင်းမှာ နေလာတာလို့  ။
    • Than Htut Swe you all should learn more about structure of ABSDF at that time, date, and who is responsible for northern case. information from hear and say are not reliable sources to judge at legal proceding. you all will be accused of misleading burmese people on northern case. please write true story with the accuate facts, if you do not know, admit yourself or simply say i don't know exactly. don't exaggreate it.
    • Aung Moe Win လုပ်ပါအုံး ABSDF ဖွဲ့စည်းပုံ။ လေ့လာချင်လို့ပါ။
    • Naing Aungိကိုအောင်မိုးဝင်း-ခင်ဗျားကို စွပ်စွဲတာ တလုံးမှ မသုံးထားဘူး ၊ ခင်ဗျားတို့ ပြောတာမှားလို့ ဝင်ပြင်ပေးတာ၊ ကျုပ်ပြောတာ အိုးဝေအောင်ကိုပြောနေတာ ခင်ဗျားဖတ်ကြည့်အုံး
    • Nweni Tun ကိုအောင်မိုးဝင်းကို တော်တော်များများလေ့လာထားတယ်လို့ ထင်ထားတာ.. အခုမှ အပေါ်ယံအကြားတွေနဲ့ ရေးနေတယ်လို့ သတ်မှတ်ရမလို့ ဖြစ်နေပြီ..
    • Aung Moe Win ဟုတ်လား။ နွယ်နီရ- ကျေးဇူးပါ။ လူဆိုတာ ကိုယ်ထင်သလို ပြောပိုင်ခွင့်ရှိတာပေါ့။
    • Htay Tint ပထမ အကြီမ်ဗဟိုကော်မီတီ စာရင်းနဲ့  အဖွဲ့ ဝင်တွေတောင် ကိုထွန်းအောင်ကျော်ဆီက ရထားတယ် ။ နောက် အရေးပေါ် ဒုတိယ ညီလာခံမှာ ကိုယ်စားလှယ်တွေ တိုးကြတယ် ။ အမည်စာရင်းတွေ ထွက်လာတာ မတွေ့ သေးဖူး ။ သုတေသန ဌါနကြီးက ထုတ်ပြန်လို့ မ၇သေးတာလား မသိ ။
    • Htay Tint Nweni Tun ကိုအောင်မိုးဝင်းလေ့လာ နေတာက သမိုင်းဖြစ်စဉ်နဲ့  မှန်ကန်မှုဖြစ်မှာပါ ။ ABSDF ဖွဲ့ စည်းပုံနဲ့  လူနေရာတွေ မဟုတ်ဖူးထင်တယ် ။ အတွင်းက လူတွေတောင် တနှစ်တခါ ညီလာခံပြီးသွားရင် ပြောင်းသွားတော့ အောက်ခြေက လူတွေတောင် မသိနိုင်ပါဖူး။
    • Aung Moe Win အော်-နွယ်နီရေ- တခုလောက်ကူစမ်းပါ။ စစ်ကော်မရှင်ခေါင်းဆောင်တွေက ဘယ်သူတွေလဲ။
    • Nweni Tun အဲဒါတွေကို အခုမှတကယ်သိချင်တာလား..
    • Nweni Tun အပေါ်က ကိုဌေးတင့်ပြောတော့ မသိချင်ဘူးပြောနေတယ်..
    • Htay Tint ဟား ဟား ဟား
    • Aung Moe Win အားလုံးအတွက်ပါ
    • Htay Tint ကျွန်တော် ကိုကိုဦးကို မေးထားတယ်
    • Nweni Tun ဟုတ်ကဲ့ပါ အေဘီမှာ မှတ်တမ်းတွေရှိပါတယ်.. တရားဝင်တောင်းကြည့်လို့ ရပါတယ်..
    • Aung Moe Win ဗကသ ဒုဥက္ကဋ္ဌ ကို ထောက်လှမ်းရေးလို့မှားစွပ်စွဲ သတ်တာလိုမျိုး သမိုင်းမမှားအောင်လို့ပါ နွယ်နီရေ- လုပ်ပါအုံး
    • Naing Aung စတုံးကတော့ ကျုပ်က စေတနာနဲ့  ရည်ညွန်းထားတာမှားနေလို့ ဝင်ပြင်ပေးချုင်တဲ့ ရည်ရွယ်ချက်ပါ။ ဒါပေမဲ့ တော်တော်များများက ရန်လိုတဲ့သဘောဖြစ်နေတယ်၊မဆွေးနွေးတာကောင်းပါတယ်
    • Aung Moe Win ကျနော်တို့က ကိုယ်မသိတာကို လေ့လာသင်ယူချင်ပါတယ်။ သိတဲ့သူတွေရှင်းပြတာကိုလည်း မှတ်သားပါ့မယ်။ သူများရှင်းပြတာလည်း နားမထောင်သူတွေ မဟုတ်ပါဘူး နွယ်နီရယ်။
    • Nweni Tun ဟုတ်ပါတယ်.. ကိုထွန်းအောင်ကျော်ကိုလဲ မမြင်ဘူးပေမဲ့ လေးစားပါတယ်.. အခုအဖြစ်မှန်တွေဖေါ်ထုတ်ဖို့ ကြိုးစားနေတယ် မဟုတ်လား.. ဆက်လက်ကြိုးစားပါ..
    • Than Htut Swe i thought you all know about ABSDF, but you are in learning about absdf and collecting information stage.
    • Nweni Tun အဲဒီလိုပဲ ဒိပြင် justice အတွက်ကြိုးစားဆောင်ရွက်နေသူတွေကိုလဲ လေးစားတတ်တဲ့စိတ်ထားပေးပါ..
    • Nang Aung Htwe Kyi ထိန်လင်း ကိုမငယ် သတိပေးလိုက်ပါပြီ။ သူပြန်ပြင်နိုင် မပြင်နိုင်တော့ မငယ်လည်း မပြောတတ်ပါဘူး ။
    • Aung Moe Win လေးစားတာပေါ့ကွယ်။ အမှန်တရားနဲ့ တရားမျှတမှုအတွက် ကြိုးစားနေသူအားလုံးကို လေးစားပါတယ်။ သူများဆီက သင်ယူဖို့ မတွန့်ဆုတ်ပါဘူး။ သူများတွေလည်း အဲ့သလို လုပ်ကြလိမ့်မယ် လို့ ယူဆပါတယ်။
    • Htay Tint ABSDF ရုံးမှာ ပထမဦးဆုံး ရင်ဝကို အကန်ခံရတာ ကိုထွန်းအောင်ကျော် ။ တောထဲက တက်လာတဲ့ ကိုယ်စားလှယ်တွေ ရုံရောက်တော့ ငတ်နေကြပြီး ကိုထွန်းအောင်ကျော်က လူမျိုးခေါင်းဆောင်တွေနဲ့  သွားလာနေတော့ အဆင်ပြေနေတယ်ထင်ပြီး မနာလိုဖြစ်တဲ့ အောင်ဟိန်းက လှေခါး အတက်မှာ ကန်ချတာတဲ့ ။ကိုထွန်းအောင်ကျော် မကြောင်းကောင်းတွေ ရေပက်မဝင် အစည်းအဝေးမှာ တင်တော့တာဘဲ။ နောက်တော့ အောင်ဟိန်းလဲ မြဝတီက လာခေါ်တဲ့ သူ့ အကိုဆီကို ABSDF ငွေတွေ မပြီးပြေးတာဘဲ ။
    • Than Htut Swe i know 5/600000 baths
    • Htay Tint မှတ်မိနေတုံးပေါ့ ။
    • Aung Khing ဒီသမိုင်းရိုင်းကြီးရဲ့ ဖြစ်ရပ်မှန်က ဒီမှာ အခုတွေ့နေရတဲ့လူလောက်နဲ့ ပြီးသွားမှာမဟုတ်သေးပါဘူး။ သတင်းပေး သတင်းယူလုပ်ဆောင်နေချိန်မှာ သမိုင်းအမှန်ဘက်မှ လူ့ယဉ်ကျေးများ ကျေးဇူးပြုပြီး စိတ်ရှည်ပေးပါရန် ဖြစ်ရပ်မှန်သတင်းလေ့လာနေသူများကိုယ်စား အဆိုပြုချင်ပါတယ်။ ဖြစ်ရပ်မှန်ကိုသိထားပါလျှက်နဲ့ ပြောဆိုရေးသားတဲ့အခါမှာ အမှားကအမှန် - အမှန်ကအမှား သက်ရောက်သွားစေမယ့် အပြစ်ရှိသူတွေရဲ့ကျော့ကွင်းထဲ ရောက်သွားမှာကို ကျွန်တော်တို့ အရမ်းစိုးရိမ်နေပါတယ်။
    • Pandora Herz ဆုံးအောင်ဖတ်ပြီး မရေးသေးတာပဲရှိတာတဲ့ အဲလိုပြောနေတဲ့သူတွေ၊ တကယ် ဦးဆောင်ဖော်ထုတ်တဲ့သူတွေကို ပံ့ပိုးပေးမယ်မရှိဘူး။ ဆရာကြီးလေသံတွေနဲ့ဗျာ။ သိရင်သိတယ်။ မသိရင်မသိဘူးပေါ့၊ ကျွန်တော်တို့လူငယ်တွေ သမိုင်းဆိုးနဲ့ နာမည်တူတွေကြားမှာ ဘယ်သူပြောတာ မှန်လဲ ဘယ်သူမှားလဲ နားမလည်နိုင် ဖြစ်နေတော့မယ်။
    • Sit Aung ဘာတွေလဲဗျာ၊ တွင်း ၁ တွင်း ၂ ဗဟိုစစ်ကော်မရှင် ရှုတ်နေတာပဲ။ အခုပြောနေ တာ လူသတ်မှု၊ လူနံမည်မှန်ရင်တော်ပြီပေါ့။ စစ်သမိုင်းရေးတာမှမဟုတ်ဘဲ။ အေဘီ ဖွဲ့ပြီး နှစ်နှစ်လောက်ကြာတော့ ကျွန်တော်တို့လိုလူတွေတောင် ဘယ်သူကဘာမှန်းမသိတော့ဘူး ပြောင်းလိုက်၊ ကွဲလိုက်
    • Aye Aye Soe Win I contacted VOA head U Than Lwin Tun yesterday and asked him why VOA does not want to treat the ABSDF North case as news.
    • Aye Aye Soe Win VOA Uthan Lwin Tun told me that U San Moe Wai contacted Ko Htein Lin for an interview.But it was Ko Htein Lin who did not want to speak about the absdf north on VOA...It is HARD to understand...
    • Aye Aye Soe Win Why did Ko Htein Lin not want to speak on VOA when he got a chance? (His interview with RFA was not that great!)
    • Aye Aye Soe Win Why doesn't VOA sraff KEEP TRYING to contact other victims like Nan Aung Htwe Kyi or several others in Yangon and Mandalay if it really wants to broadcast about the massive human experience of the ABSDF north case?
    • Aye Aye Soe Win It is very disappointing...Media is very IRRESPONSIBLE in this case; but who is helping them? Just a question...
    • Aye Aye Soe Win ဒါဆို ဒီပြဿနာမှာ ဒေါက်တာ နိုင်အောင်က အဓိကကျတဲ့ အခန်းကဏ္ဍက ပါတာပေါ့။ <<ပါတာပေါ့။ သူက တောင် ပိုင်း ဥက္ကဋ္ဌလည်း ဖြစ်တာ။ ဒီဘက်မှာ တက်လာတဲ့အခါမှာလည်း သူ့ကို ကိုအောင်နိုင်တို့ ဘာတို့ကလည်း အသိအမှတ်ပြုတဲ့ မဟာမိတ်အနေနဲ့ ပါဝင်တာ။ ဆို တော့ ဒီဟာထဲမှာ သူရဲ့သဘောထား ပါဝင်ပါတယ်။ သတ်တဲ့သူတွေက ပြောတာ တော့ Informer (သတင်းပေး) ဆိုပြီး ပြောတယ်။ သူတို့ပြောတာတော့ သူလျှို ဖော်ထုတ်တယ်ပေါ့။>>
    • Htun Htun Oo ဖြစ်စဉ် နဲ့ အချက်အလက် (၂) ခုပေါင်းမှ ဖြစ်ရပ်မှန်ကို ဖော်ထုတ်လို့ ရမှာလေ၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ၀ိုင်းဝန်း ကြိုးစားကြပါဗျာ၊ အားလုံးမှာ တာဝန်ရှိကြပါတယ်။
    • Aye Aye Soe Win
      By the way, what is the significance of statements related to crimes already committed? One of you tell me, it becomes annoying really...Just you just have evidence of who was there, when it was, who else were involved..Now it seems there i
      s so much room for debate on Group A vs Group B...Every time you guys deal with these topics, it never ends; I am more interested in genuine human experience of the victims of the ABSDF north, and if you every means we find to help them sympathetically, you WOULD NOT HAVE TO GO BACK TO WHO SAID WHAT IN 1992 IN THESE DOCUMENTS..People grow up...Just do something right.. <<ဘာတွေလဲဗျာ၊ တွင်း ၁ တွင်း ၂ ဗဟိုစစ်ကော်မရှင် ရှုတ်နေတာပဲ။ အခုပြောနေ တာ လူသတ်မှု၊ လူနံမည်မှန်ရင်တော်ပြီပေါ့။>> This is not the history class...This is a crime...Who killed whom? When? where? who saw it? who else were involved? Why did they commit murders? Who abused whom? Where? How long? Just these things are important...
    • Nay Win Aung
      ကျွှန်တော်နဲ့သိတဲ့ပြည်တွင်း နိုင်ငံရေးအသိုင်းဝိုင်း ၊ ပြည်သူကြားမှာတော့...မျိုးဝင်း ၊ ရော်နယ်အောင်နိုင်၊ ဒေါက်တာနိုင်အောင်၊ မိုးသီးဇွန် ၊ သံချောင်း တို့ အပုတ်နံ့တွေကတော့ တော်ယုံလူမခံနိုင်ဘူးဗျို့...။ နံလိုက်သမှ..ဟောင်ထနေတာပဲ...ဘယ်လို ပြည်တော
်ပြန်ကြမလည်း....။ ကိုမင်းကိုနိုင်တို့ မင်းဇေယျ တို့ သမိုင်းနဲ့ကတော့...မိုးနဲ့မြေပါပဲ။ ဒီ ကိစ္စကို လူသိရှင်ကြားဖြစ်အောင်ဖော်ထုတ်ပေးတဲ့...ကျောင်းသားခေါင်းဆောင် ကိုမောင်မောင်ဝမ်း ၊ ကိုအောင်မိုးဝင်း နဲ့ မြောက်ပိုင်း ပြန် ကိုထိန်လင်း တို့ကို ကျေးဇူးတင်တယ်။
    • ဦး ဦး As well as ma nan aung htwe kyi and ma aye aye soe win
    • San Aye အောင်မိုးဝင်းက ဘယ်တပ်ကလဲ
    • Yin Swe မရှုပ်ရှုပ်အောင်ဆရာကြီးလုပ်ပီးရန်ထောငိနေတယ် ၊ ab သမိုင်းမှာ ဒီလိုစိတ်နဲ့ လူမျိုးတွေ ကြီးပဲမို့  မသေသင့်တဲ့ သူတွေ သေရတယ် ၊ နင်တို့  ဖြတ်သန်းလာတဲ့ပတ်ဝန်းကျင်က နင်တို့  စိတ်တွေ ကိုလွမ်: နေတုန်းပဲ
    • Pandora Herz မအေးအေးစိုးဝင်း ကော်ပီ ကော့မန့်တွေက ဖတ်ရတာ မရှင်းဘူးဗျာ..
      ဖြစ်နိုင်ရင် ဘယ်သူက ဘယ်မှာကော့မန့်ပေးထားတာ ဆိုတာ သိချင်ပါတယ်..
      ကျေးဇူးပါ။
    • Aye Aye Soe Win
      I used Sit Aung Burmese phrase because I like it..Is that a problem? Aung Htoo's position in 1992 was not important to me, as this is not the history class...Alll English comments are mine... From the interview above...Qu
      estionဒါဆို ဒီပြဿနာမှာ ဒေါက်တာ နိုင်အောင်က အဓိကကျတဲ့ အခန်းကဏ္ဍက ပါတာပေါ့။ Answer <<ပါတာပေါ့။ သူက တောင် ပိုင်း ဥက္ကဋ္ဌလည်း ဖြစ်တာ။ ဒီဘက်မှာ တက်လာတဲ့အခါမှာလည်း သူ့ကို ကိုအောင်နိုင်တို့ ဘာတို့ကလည်း အသိအမှတ်ပြုတဲ့ မဟာမိတ်အနေနဲ့ ပါဝင်တာ။ ဆို တော့ ဒီဟာထဲမှာ သူရဲ့သဘောထား ပါဝင်ပါတယ်။ သတ်တဲ့သူတွေက ပြောတာ တော့ Informer (သတင်းပေး) ဆိုပြီး ပြောတယ်။ သူတို့ပြောတာတော့ သူလျှို ဖော်ထုတ်တယ်ပေါ့။>>
    • James Laurent စိတ်ဝင်စားစရာကောင်းတဲ့ စိတ်မကောင်းစရာအဖြစ်အပျက်တွေ..အမှန်ပေါ်ပေါက်ပြီး..နောက်မဖြစ်ပါစေနဲ့..ဒီမိုကရေစီတိုက်ပွဲကမပြီးသေးဘူး...အားလုံးငြိမ်းချမ်းပါစေ..
    • Aye Aye Soe Win
      One can serve and contribute a nation or a revolution in several ways; one does not have to eat banana stem soup and coarse rice to be able to contribute to a revolution EFFECTIVELY. The main thing is firm, consistent, relentless, intellige...See More
    • ဘရာဇီး ငှက်ရိုး တခုသတိပေးပါရစေ ဘယ်အလမ္မယ်ဆရာမှ အလမ္မယ်ပြတဲ့အခါ မြွေပွေးကို မသုံးဘူးဆိုတာ ဥက္ကဌဟောင်းကြီးတွေကို ကာကွယ်မဲ့ သူတွေကို ပြောလိုက်ပါရစေ ......
    • Ko Baloi အမှု့အမှန်ကို ဘယ်တော့မှ ဖုံးကွယ်ထားလို့မရဘူး...လုပ်သူခံပဲ..။
    • Ko Baloi အမှန်တရားကို ဘယ်တော့မှ ဖုံးဖိထားလို့မရဘူး...လူမဆန်စွာ မတရားညှင်းပမ်း နှိပ့်စက်- သတ်ဖြတ်မှုလုပ်ထားသူတွေ ခံပေတော့...မစဉ်းစားနဲ့..။
    • ဘရာဇီး ငှက်ရိုး အခုထိလဲ အထောက်အထားတွေ ချပြမယ်ဆိုလို့ စောင့်နေတာ အတုတွေ လုပ်နေတယ်ထင်ပါရဲ့ ..... နောက်တချက်က အေဘီဗဟိုမှာ အထောက်အထားတွေ ရှိတယ်ဆိုတော့ တော်ကြာ အေဘီဗဟိုမီးလောင်တယ် ဘယ်တော့ကြားရမယ်မသိ...
    • Htay Thanhtwaykyu ဘရာဇီးငှက်ရိုးက လူမှားရေးလိုက်တာ ဖြစ်မယ် အပေါ်ကရေးတဲ့ နိုင်အောင်ဆိုတာ ဒေါက်တာနိုင်အောင်မဟုတ်ဘူး အော်စီက နိုင်အောင်လေးဖြစ်တယ်ဆိုတာ ပြင်ပေးလိုက်ပါတယ်ရှင်
    • Min Thuyein ၈၈ ကျောင်းသားများအားလုံး အဖြစ်မှန်ကို သိချင်လို့ အမြဲတမ်း နားစွင့်နေပါတယ်။ စောင့်ဖတ်နေကြပါတယ်။ ကာယကံရှင်များပြောပြီးမှ လိုနေတဲ့ နေရာတွေကို ၀င်ပြောပေးကြပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။ အခုတော့ ကွန်မန့်တွေနဲ့ ပဲ ရှုပ်နေပြီး လိုရင်း မေ၇ာက်ဖြစ်နေလို့ပါ။
    • Sai Win Kyaw Ko Aung Moe Win , I thought you are in USA, most of former ABSDF members resettled down US , If you like to learn more, come every state and most of former ABSDF live like Ft. Wayne IN. Ko Ko Oo is there and he can answer lot of ur questions, you can also learn at ABSDF website. By the way, which regiment of ABSDF are you from, you can aslo ask Ko Nay win Aung too, he is in CA.
    • Sai Win Kyaw He is also ECE member of ABSDF ( Dr. Naing Aung )
    • ဘရာဇီး ငှက်ရိုး အပြင်လူဖြစ်တဲ့ လူမှားသွားရင် ခွင့်လွှတ်ပေးကြပါဗျာ အနူးအညွတ် တောင်းပန် လိုက်ပါတယ် ခင်ဗျာ... ဆောရီးပါ....
    • Kothan Aung မြောက်ပိုင်းလူသတ်မှု့မှာအဓိကတာဝန်ရှိတာက၊ဒေါက်တာနိုင်အောင်ပဲ၊သူပဲသတ်ခိုင်းတာ၊ခွေးမသား။..ကြာကူလီကောင်..မင်းနိုင်ငံရေးမှာလာမစွတ်နှင့်တော့..ဒီကောင်သတ်ခိုင်းတာ
    • Htar Htar Lwin RFA မှာဒေါက်တာနိုင်အောင်ပြောသွားတာတော့ သူတို့နောက်ကျမှသိလိုက်တယ် သိတဲ့အချိန်မှာ မာနယ်ပလောထိုးစစ်နဲ့ရင်ဆိုင်နေရတယ် ဘာညာနဲ့ခုမှခေါင်းရှောင်နေတယ်
    • Myo Thein Justice will prevail.
    • Unclephone Myint တော်တော်ကိုဝမ်းနည်းကြေကွဲတုန်လုပ်ခြောက်ခြားမီပါတယ်

1 comment:

  1. အင်တာဗျုးတပိုင်းပဲ ဂျာနယ်စာမျက်နှာပေါ် ရောက်ရှိခဲ့ပြီး နောက်အပတ်မှာတော့ ဖော်ပြခွင့်မရတော့ပါ....
    ကိုထိန်လင်းရဲ့မှတ်ချက် - ပြီးခဲတဲ့အပတ်က Popular News ဂျာနယ် မှာ ABSDF မြောက်ပိုင်း ကျောင်းသားများအသတ်ခံရခြင်း ပန်းချီထိန်လင်းနှင့် တွေ့ဆုံခြင်း အခန်းဆက်ကို ဆင်ဆာက ပိတ်လိုက်တယ်လို့ သိရပါတယ်။ အရာရာ အသစ်က ပြန်စကြဘို့ အားလုံး မင်္ဂလာကျက်သရေရှိနေတဲ့ ကာလမျိုးမှာ သတ်တာဖြတ်တာတွေနဲ့သွေးညှီနံ့လွမ်းတဲ့ ဇာတ်လမ်းတွေ ကို ပြည်သူတွေဖတ်မိပြီး နှလုံးမသာမယာဖြစ်ကြမှာစိုးရိမ်ဟန်တူပါတယ်။ သို့ပါသောကြောင့် ယခုအခါ မြန်မာနိုင်ငံပြည်တွင်းပြည်ပ မီဒီယာများတွင် လွတ်လပ်စွာ ရေးသားဖေါ်ထုတ်ခွင့် ရနေပြီ ကွင်းစကွင်းပိတ် (မြောက်ပိုင်းကိစ္စမပါ) ဟုပင်မှတ်ချက်ချရပေတော့ တမို့။

    ReplyDelete