by Kyawzwar Winmg on Saturday, April 21, 2012 at 11:07am
ဘာဘူ(ကိုမြင့်သိန်း) နဲ့ ကိုညီညီကျော် က အခုလေးတင် မေးကြတယ်။
“ ကိုကျော်စွာ ခင်ဗျား အလုပ်နဲ့ မိန်းမ နဲ့ အားလုံး အဆင်ပြေနေသားနဲ့ ဘာလို့ မန္တလေးကို လာပြီး ဒီလို နေရတာလဲ ” လို့ ကျွန်တော်ကို မေးကြတယ်။
ကိုညီညီကျော် ဖန်တီးလိုက်တဲ့ (၁၂-၂-၁၂) နေ့ ပိုးကြောင့်ပေါ့ဗျာ…. ။
(မငယ်မှ မဟုတ်ပါ သက်ဆိုင်သူအားလုံးသို့ ရည်ရွယ်ပါသည်။)
မေ့မရခြင်း သီချင်းဟောင်း
အဆုံးတော့ မရှိဘူးလား
ငါဟာ နာကျင်နေလည်း
ဒီလိုဒါဏ်ရာ များလည်း
ရင်ခုန်မူးယစ်နေဆဲ...
ဝေးသွားမှ မှားသတဲ့လား
ငါလျှောက်ခဲ့တဲ့လမ်းများ
မေ့မရခြင်း သီချင်းဟောင်းတို့
ငါ ငြီးတွားနေဆဲ….(အို)….။
အလွမ်းနဲ့ လူသားပဲ
ငါဟာ ပြန်မလိုချင်လည်း
မင်းတို့ရဲ့ မုသားထဲ
ဆာလောင် မွတ်သိပ်နေတဲ့
ရိုးသားခြင်း ဒါးချက်များ
ငါ ရရှိခဲ့ အမုန်းများ
တမ်းတခြင်း ဘားတိုက်ဟောင်းဆီ
ငါ လှည့်ကြည့်နေရင်း....
Cho; အားလုံးပြီးဆုံးခဲ့ပြီလား
ထားရစ်ခဲ့တဲ့ ညတွေထဲ
အေးဆက်လွန်းတဲ့
စာတွေ့ အတွေးများ
ငါ အိမ်မက်ထဲက လိုပဲ
နောက်လှည့်လို့ မရ နာရီ များ.....
Pre Cho; ဒါဏ်ရာရတဲ့ သားကောင်လို တည်ငြိမ်ခွင့် မရခဲ့ပြီလား
ကျည်မှန်ထားတဲ့ ကျားပျိုလို ဂဏာငြိမ်ခွင့် ကင်းခဲ့ပြီလား
ကျည်ထိထားတဲ့ ကျားတစ်ကောင်လို ငြိမ်သက်ခြင်း ကင်းခဲ့ပြီလား….။
(Beat Alter)
ကျော်စွာဝင်းမောင်
၂၂-၄-၁၂
· · Share
No comments:
Post a Comment