Monday, October 8, 2012
ကိုသားဆွေ၏ status
  • ဘယ်သူ့ကိုမှ တံဆိပ်မကပ်ချင်ပါ
    ကျနော်ကတော့ ကိုဂါမဏိ ရေးတဲ့ မြေအောင်းပွေး ကို ပြန်ဖတ်ရင်း ကိုညီညီအောင် ရေးတဲ့ ပွဲစား ညိုအုန်းမြင့် ဆိုတဲ့ comment ကို ဖေ့ဘုတ်ပေါ်မှာ ပြန်လိုက်ရှာနေပါကြောင်း။
    ရန်သူ့လူ၊ ရန်သူနှင့်ဆက်သွယ်သူ၊ ရန်သူ့သတင်းပေး၊ ရန်သူ့သူလျှို၊ ရန်သူကို အလုပ်အကျွေးပြုသူ၊ စသဖြင့် သတ်မှတ်ချက်တွေ အတွေးထဲ စဉ်းစားနေမိပါကြောင်း။
    ကိုထွန်းအောင်ကျော်နှင့်တကွ မြောက်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ ရဲဘော်တွေအတွက်ရော။ ကိုနေ၀င်းအောင် နှင့်တကွ ရန်သူ့သူလျှိုအဖြစ် စွပ်စွဲခံခဲ့ရသူတွေအားလုံးအတွက် စိတ်မကောင်းပါ။
    ဒီလို တံဆိပ်ကပ်ပြီး လုပ်ကြံတာမျိုးကို ကျနော် ရွံပါတယ်။ ဒါကြောင့် အထက်ပါ သတင်းအခြေအနေတွေအရ .... ပွဲစားလုပ်ပေးနေသော ကိုညိုအုန်းမြင့်ကိုလည်းကောင်း၊ ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့ အားကိုးရလောက်တဲ့ ကိုနိုင်အောင်ကိုလည်းကောင်း ..အထက်မှာ ကျနော် ပြောခဲ့သလိုပဲ .... ရန်သူ့လူ၊ ရန်သူနှင့်ဆက်သွယ်သူ၊ ရန်သူ့သတင်းပေး၊ ရန်သူ့သူလျှို၊ ရန်သူကို အလုပ်အကျွေးပြုသူ စသဖြင့် တံဆိပ်တွေ မကပ်လိုပါ။
    25Unlike ·  · 
    • Stephin Lee ကျုပ်တို့ အစိုးရကြီးက ကိုနိုင်အောင်ကို ကာကွယ်ချင်ပုံရတယ်။ သူ့ကို ကာကွယ်သလို၊ ကိုယ့်ကိုယ်ကိုလည်း ကာကွယ်ချင်ပုံရတယ်။ ဒီလိုပုံနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး အတွက် ဖြစ်ခဲ့သမျှ အားလုံး ပြည်ဖုံးကား ချကြရတော့မှာလား။ တကယ့် ရင်ကြားစေ့ရေး က တကယ့်ကို ဘယ်ဆီနေမှန်း မသိသေးပါဘူး။ ဒီလိုပုံမျိုးနဲ့ အားလုံး မြေမြုပ်သဂြိုဟ်လို့ ရရိုးလား မောင်ရင်တို့။
    • Andrew Soe "မခ ကိစ္စ ကိုတော့ ကိုယ် မကြုံလို့ ကိုသားဆွေ ကို ယုံကြည် တဲ့ အတွက် ဘာမှ မပြောလိုပါ ...အဲဒီမှာ ပြောချင်တာက ၀န်ကြီးစိုးသိမ်း ဆိုတဲ့ လဒ က အမေရိက ရောက်စဉ် မေးမြန်းခန်း တခု မှာ လာအို နှင့် ကမ္ဘောဒီးယား ကို ဗမာ မှီဖို့ စီးပွါးရေး အရ ၁၀ နှစ် လောက် ကုန်းရုန်း ကြိုးစား ဖို့ လိုသလို ထိုင်း ကို မှီ ဖို့ တော့ အဝေး ကြီး လို့ ဆိုခဲ့တယ် ...ဆိုလိုတာ ကိုယ့် ဘဝ အမှန် ကိုယ်သိပြီး သူတို့ နဲ့ ပူးပေါင်း လုပ်ဆောင် ဖို့ လိုအပ်သလား ! နေမြဲတိုင်း နေမလား ! ပူးပေါင်း ယင်ကော သူတို့ ပြောသလို ဖြစ်မယ် ဆိုတာ ယုံကြည် လား "! ဆိုတာပါ ဘဲ " ( ကိုယ့်သဘော ကတော့ ဒင်းတို့ကို မယုံသေးပါ) "
    • Stephin Lee ကို Thar Swe ပြန် မဆွေးနွေးခင် ပြန်ဆွေးနွေးကြည့်ပါမယ် ကို Andrew Soe - ပူးပေါင်းဖို့ ဆိုတာမှာ ဟိုဖက်ဒီဖက် ဘယ်လောက် လမ်းဖွင့်သလဲ ဆိုတဲ့ အပေါ်မှာ အများကြီး တည်မီပါတယ်။ အခုကိစ္စမှာ အစိုးရဖက်က တကယ် ပူးပေါင်းဖို့ လမ်းစတွေ အများကြီး ဖွင့်ပေးနိုင်တဲ့ အနေအထားတွေ၊ ယုံကြည်မှု တည်ဆောက်နိုင်တဲ့ အနေအထားတွေ အများကြီးပါ။ ဒါပေမယ့် ဒီလမ်းကြောင်းကိုပဲ အစိုးရကိုယ်တိုင်က ဖြေးလေးစွာ လုပ်ဆောင်နေပါတယ်။ ဒါကြောင့်လဲ အကိုပြောသလို "'ဒင်းတို့ကို မယုံသေးပါ" ဆိုတာကို လက်ခံလို့ရပါတယ်။ တိုင်းပြည်အတွက် တကယ်လုပ်ဖို့ အများကြီးလိုတယ်ဗျာ။ ဒါပေမယ့် နေမြဲတိုင်းနေမလား၊ ပူးပေါင်းမလား ဆိုတဲ့ အမေးက အမေးခံရသူတိုင်းအတွက် တကယ့်ကို ဘေးကျပ်နံကျပ်ဖြစ်စေပါတယ်။ မယုံကြည်လဲ နေမြဲနေ အနေအထား နေလို့မရတဲ့ အခြေအနေ ဖြစ်တဲ့အတွက် ရှေ့ကို စမ်းတဝါးဝါးနဲ့ ကိုယ့်ယုံကြည်ချက်ကို ဆုပ်ကိုင်ပြီး ဆက်တိုးဖို့သာ ရှိပါတယ်။ ဆူးတောထဲ ကျလည်း ဆူးစူးခံယုံရှိတယ်လို့ ခံယူဖို့လိုပါတယ်။ ဘာမှမရလဲ အရင်းဆိုတဲ့ လက်သုံးစကားနဲ့ လုပ်လို့ ထပ်ပြိုလဲရင်လည်း တစ်ကပြန်စရတာပေါ့လို့ ပြောချင်ပါတယ်။
    • Andrew Soe "ကို Stephin Lee ပြောတာ မယုတ် မလွန် မို့ မကန့်ကွက်ပါ ..သို့သော် ယနေ့ ဝင်ရောက် ပတ်သက် သူ တွေကိုလည်း ကျနော် မယုံ သလို ခင်ဗျား လည်း မယုံပါဘူး ။ နဂိုလ် မယုံ + ပြည်တော်ပြန် မယုံ = ၂ ပြန် မယုံ ။ စံနစ် ကလည်း မမှန် ၊ လူတွေ ကလည်း အစွန်းရောက် အကျင့်ပျက် ။ ထိုင်နေ အကောင်း ထသွား မှ ရိုးရိုး မဟုတ် ဟိုဟာ ဖြစ်ပြီး ကျိုးခံရတာလို့ အပြောခံနှိုင်တယ် ဆို ရေရှည်မှာ နိုင်ငံရေး ရဟန္တာ ဖြစ်မယ် လို့ ကြိုတင် ဟောကိန်း ထုတ်ပါရစေ။"( တိုင်းပြည် ကောင်း ၊ မကောင်း က လူ ဘယ်လောက် ညံ့ညံ့ မှန်ကန် တဲ့ စံနစ် နဲ့ စေတနာ ဘဲ လိုပါတယ်)......
    • Stephin Lee ကျုပ်လည်း နိုင်ငံရေး ရဟန္တာ မဖြစ်နိုင်။ နောက်ဆုံး တကြောင်း "တိုင်းပြည် ကောင်း ၊ မကောင်း က လူ ဘယ်လောက် ညံ့ညံ့ မှန်ကန် တဲ့ စံနစ် နဲ့ စေတနာ ဘဲ လိုပါတယ်" ကိုတော့ အနှစ်သက်ဆုံး ဖြစ်သည်။ အဲဒါကို ဘယ်လို ရှာနိုင်မလဲ၊ ဘယ်လို ရှာကြမလဲ။
    • Andrew Soe "ဆောရီး ဗျာ ခဏ အိပ်ပျော်သွားလို့ ..အလွယ်လေး ပါဗျာ လုပ်မယ် ဆိုရင်.. လှေကြုံစီးနေကြရင်တော့ မသိဘူး "လူညီ ရင် ဤ ကို ကျွဲ့ ဖတ်နိုင်သလို ဒီနေရာ မှာ "အမျိုးသား" စိတ်ဓတ် ဆိုတာနဲ့ ၂၀၀၈ ကိစ္စ ပြုပြင်နိုင် ဖို့ကို များများ လှုံ့ဆော် ဝါဒဖြန့် စည်းရုံးရမည် ( ဘာမဟုတ် တဲ့ ရိုဟင်ဂျာ ကုလား ကိစ္စကို တောင် "အမျိုးသားရေး" လုပ်နိုင်သေးတာဘဲလေ)။ ဒါဆို မှန်ကန် တဲ့ စံနစ် ရပြီပေါ့။ "စေတနာ" ထားတတ်ဖို့ ကတော့ "လူလို သိတတ်တဲ့ လူ့အမြင် ရှိလာအောင် လောလောဆယ် စာသာ များများ ဖတ်ခိုင်း ဗျာ" (အခက်ဆုံး က အဲဒီ အပိုင်းလို့ မြင်တယ်)။"
No comments:
Post a Comment