Wednesday, October 24, 2012

ကျမပြောခြင်ပါတယ် ။


  • ကျမပြောခြင်ပါတယ် ။

    အခု ကျမတို့ဖြတ်သန်း ကြုံတွေ့ခဲ့ရတဲ့ ABSDF -NB မြောက်ပိုင်း သမိုင်း ကို သမိုင်းမှတ်တမ်းအနေဖြင့် စာအုပ်ထုတ်ဝေလိုသူ အချို့ ကျမထံဆက် သွယ်လာပါတယ်။

    ကျမအနေနဲ့ ABSDF-NB မှာကျမ ဖြတ်သန်းကြုံတွေ့ ခဲ့တာတွေကို မှတ်မိသလောက် အသေးစိတ် ရေးသားတင်ပြနိုင်သလောက် ပြန်လည်စီစစ်ရေးနေပါတယ် ။ ကျမရဲ့ ဖြတ်သန်းခဲ့တာကိုဘဲ ရေးသားသွား မှာဖြစ်ပါတယ် ။ ABSDF-NB မြောက်ပိုင်းကျောင်းသားတပ်မတော် တခုလုံးရဲ့ သမိုင်း မဟုတ်ပါဘူး ။

    ကျမစာအုပ်ထုတ်ဖို့ ရည်ရွယ်ချက် ကတချိန်က ကျမတို့ဖြစ်ပျက်ခဲ့တဲ့အဖြစ် မျိုးတွေ နောင်မျိုးဆက်သစ်တွေ အတွက်ထပ်မံမဖြစ်ပွားစေလိုတာအဓိကပါ။

    ကျမ ရေးသားပြီးခဲ့တဲ့ဆောင်းပါးတွေမှာ ABSDF တောင်ပိုင်း နှင့် မြောက်ပိုင်း ကျောင်းသားတပ်မတော်ကို ထိခိုက် စော်ကားခြင်းမျိုး မရှိအောင်ရေးသားခဲ့ပါ တယ်။ မဆိုင်သူတွေ သို့မဟုတ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု့တွေ မရှိအောင်ရေးသားခဲ့ပါတယ်။

    လူသတ်မှု့တွေအတွက် အဓိကတာဝန်ရှိသူတွေကိုသာ နာမည် အတိအကျနဲ့ ဖေါ်ပြရေးသားခဲ့ပါတယ်။ မသက်ဆိုင်သူတွေရဲ့ နာမည် ကျမရေးပြီးခဲ့တဲ့ မနောမြေမှကျောင်းသားတပ်မတော် အပိုင်း (၁) မှ (၅) မှာ မှားယွင်းပါရှိခဲ့ တာများရှိရင် ကျမကို ပြောကြားစေလိုပါတယ် ။

ီဒီအတွက် ကျမတောင်းပန်ပါတယ်။ မှားယွင်းတာတွေကို ကျမ ရေးသား ထုတ်ဝေမဲ့ မှတ်တမ်းထဲမှာမရေးသားလိုပါ ။

    ABSDF-NB မြောက်ပိုင်းကျောင်းသားတပ်မတော် သမိုင်းအကြောင်း စိတ်ဝင်တစား ဖတ်လိုသူများ အတွက်ဖြစ်ပါတယ် ။

    ကျေးဇူးအများကြီးတင်ပါတယ် ။

    နန်းအောင်ထွေးကြည်။

    ( စာအုပ်ထုတ်ဝေခြင်းမှ ရမဲ့စာမူခအား တရားဆိုင်မဲ့ မိသားစုများအတွက်
    သာ အသုံးပြုသွားမှာဖြစ်ပါကြောင်း )
    31Unlike ·  · 
    • You, Nu Nu Pe TinAung KhingKyaw Phyo Wai and 96 others like this.
    • Aung Gyi Gsc ကောင်းပါတယ်သမိုင်းဆိုတာတော့ရှိသင့်ပါတယ်
    • Tin Moe yes ,agree.Record for new generation to do and not to do for future our country
    • Aye Aye Soe Win some producers want to make a movie seriously---
    • Nay Myo Aungယနေ့မှတ်တမ်းလေးတွေကနောင်တစ်ချိန်သမိုင်းဖြစ်မှာ...သမိုင်းရှိပြီး...သမိုင်းမသိရင်နောက်မျိုးဆက်တွေ....အ...ကုန်ရောအမရေ...နောက်မျိုးဆက်တွေ...မအ....အောင်လို့ရေးပေးပါ အမရေ....စောင့်မျှော်နေမယ်နော်....အမနန်းအောင်ထွေးကြည်..........။
    • KyawLwin San မငယ် တို့က ကိုယ်တိုင် ဖြတ်သန်းကြုံတွေ့ ခဲ့တာတွေကို မှတ်မိသလောက် အသေးစိတ် ပြန်လည် စီစစ်ရေးပေးပါ..ကျန်တာကို သမိုင်းသုတေသီများက 
      ဆက်လက် မှတ်တမ်း တင်သွားပါလိမ့် မယ်။
    • Aung Kyaw Sanြိကိုက်ပါတယ်၊နာမည်ဖေါ်သင့်သူအားလုံးဖေါ်ပြပါ
    • Tin Moe History / personal memoir or experience Book should be like Sa Ya Gyi Shwe U Daung (life Memoir),no Bias ,only presenting REAL THINGS happening .Should be like Dr Than Tun style -written,This is my sincere suggestion
    • Kyaw Kyaw Lwin ma nan,i would like to know , who was killed ko tunaung?
    • Kyaw Kyaw Lwin ma nan,i would like to know , who was killed ko tunaungkyaw?
    • Nang Aung Htwe Kyi ကျေးဇူးပါ ကို Tin Moe .. ကိုယ်ဖြတ်သန်းခဲ့တာ ကိုယ်ကြုံတွေ့ခဲ့တာဘဲ ရေးမှာပါ ။ စာရေးဆရာမ မဟုတ်တာရယ် .. အမှန်အတိုင်းဝန်ခံရရင် စာရေး ဝါသနာကို မပါတာရယ်ကြောင့် အရေးအသားအားနည်းချက်ရှိမှာသေချာပါတယ်။ အဲ့ဒီအတွက်တော့ သီးခံဖတ်ပေးကြပါ ။
    • Aung San Myint nice ... အားပေးတယ်သမီး ...
    • Nang Aung Htwe Kyi ကို Kyaw Kyaw Lwin >> မျက်မြင်သက်သေတဦး နှစ်ဦး ပြောတာကတော့ ကိုထွန်းအောင်ကျော်ကို မျိုးဝင်းခုတ်သတ်တယ်ဆိုပါတယ် ။
    • Kyaw Kyaw Lwinကိုထွန်းအောင်ကျော်နဲ့ကျွန်တော်တို့ကငယ်စဉ်ကတည်ကအတူနေလာခဲ့တာလေးစားရတဲ့အကိုကြီးဖြစ်ပါတယ်ကိုလတ်၊ဇော်ရဲ၊အကုံလုံးကညီအကိုတွေပါ။အရမ်းဝမ်းနည်းပါတယ်။
    • Do Gyi NB မငယ်ရဲ့ရည်ရွယ်ချက်တွေကိုလေးစားပါတယ်
    • Nang Aung Htwe Kyi ကျမတို့ ကျန်ရှိနေသေးတဲ့ မြောက်ပိုင်းပြန် မောင်နှမတွေအားလုံးရင်မှာ ကိုကြီးနဲ့တကွ အသေဆိုးနဲ့သေဆုံးခဲ့ရသူတွေအတွက် ခုထိ နာကျင်စွာခံစားနေကြရပါတယ်။
    • Myo Myint Thwe အားပေးနေပါတယ်မမငယ်
    • Kotoe NB မှန်ပါတယ်..မင
    • Kotoe NB ရင်နှင့်အမျှပါ
    • Wise Guy အားပေးတယ်ဗျာ။ ဖြစ်မြောက်အောင် ရေးပါ ...
    • Myat Htut Win စောင့်မျှော်ဖတ်ရူနေပါမယ့့် အစ်မ။ တစ်ခုအကြံပေးချင်ပါတယ်။ အစ်မရဲ့ စာအုပ်ကို proo
    • Myat Htut Win proof reader တစ်ယောက်ကို စစ်ခိုင်းရင်ပြီးပြည့်စုံတဲ့ စာအုပ်ဖြစ်လာမှာပါ
    • Zaw Win Htut we will wait for your book!
    • Nang Aung Htwe Kyi စာရေးသားမှု့အတွက်အကြံပေးတာတွေကို လေးစားစွာ လက်ခံနေပါတယ်။ အမှန်အတိုင်းနဲ့ အရိုးသားဆုံးက တော့ စာေ၇းမတတ်ပါ။ဝါသနာလည်းမပါ ပါဘူး။ မှတ်ထားတဲ့ notes တွေကနေ ခံစားနေ၇တာတွေကို ချရေးနေတာပါ။ ကဗျောက်ကတောက် ဟိုခြစ်ဒီခြစ်ဟိုရောက်ဒီရောက်တွေဖြစ်နေတယ်ထင်ပါ တယ်။ကျမတကယ်ဝါသနာပါတာက ဂီတအနုပညာပါ။ ဒါလဲ မဖြစ်မြောက်ခဲ့ရ ပါဘူး။ခုတော့မဖြစ်မနေရေးရတော့မှာမို့ပါ။
    • Zaw Win Htut yes right ama you must write it we all wait for your book with great expect
    • သန်း ဦး တော်တော်ဗဟုသုတရပါတယ် ဆက်ရေးပါ. ၈၈ ကိုသတိရတယ် ..လှည်းတန်ရုံးမှာ နှုတ်ဆက်သွားခဲ့တာ .အဖော်တစ်ယောက်ကတော့ ဝေကလွင့်ခဲ့ရပြီပေါ့ ..၀မ်းနည်းစရာ အဖြစ်ဆိုးကြီးနဲ့လေ ..ရန်ကုန်မှာ ပြန်ဆုံကြရင် သိပ်ကောင်းမှယပဲ ... ကျန်းမာရေး ဂရုစိုက်ပါ ...
    • Khu Daun လူယုတ်မာတွေရဲ့  ရက်မှု့ တွေ တကယ့် ဗွီဒီယိုခွေ အစိုးထံမှာရှိနေတယ်... သူတို့ နံမည်ပေးထားတာက ( လှိုင်းကြီးလေထန် ဖြစ်ရမှန်တဲ့  ) ကျွန်တော်ကိုယ်တိုင်လည်းကြည့်လိုက်ရတယ်... အဲဒီခွေကို ရအောင်ဖေါ်ထုတ်သင့်ကြတယ်...၊ အဲဒါ ကချင်က ရက်စက်မှုတွေပါ..ဟုတ်ပါတယ်.. ကျွန်တော်လည်း နည်းပေါင်းစုံနှင့်ကြိုးစာကြည့်တယ် အခုထိမအောင်မြင်သေးဘူး... ဒီအခွေ ပြန်ထွက်လာစေချင်တယ်... ပြည်သူတွေသိသွားကြအောင်လို့ ပါ...။
    • Khu Daun နောက်တချက်... ပြောစရာလေးရှိလို့  မှတ်မှတ်ရရပြောပါရစေ... အဲဒီအချိန်တုန်းက ..
      ဒီ facebook ဆိုတာလည်း အခုလိုခေတ်မစားသေးဘူး၊ အခုလိုလဲ မတွင်ကျယ်သေးဘူး..၊
      အဲဒီအချိန်က ခေတ်စားတာတော့ blog လုပ် တင်ပြခြင်းဘဲ…၊
      အဲဒီတုန်းက… ဒီမြောက်ပိုင်းကိစ္စကို ဖေါ်ထုတ်ကြမယ်ဆိုတော့
      … ဒီဟာတွေကို အများသိအောင်
      တင်ပြရေးအတွက်… ကျွန်တော် blog လုပ်ခဲ့တယ်… ( အဲဒီ blog အမည်ကတော့ ခွပ်ဒေါင်းအော်သံဘဲ… )
      ကျွန်တော် အခုထက်ထိ ဆက်လက်ကိုင်စွဲသုံးနေတဲ့အမည် ခွပ်ဒေါင်းအော်သံဆိုတာ.. ဒီမြောက်ပိုင်းကိစ္စကြောင့်
      ပေါ်ပေါက်လာရခြင်းဖြစ်တယ်…၊
      အဲဒီတုန်းက… ကျွန်တော်ပြောခဲ့တယ်… ဒီကိစ္စတွေဖေါ်ထုတ်ရေးအတွက် သက်ဆိုင်သူတွေကို အလုပ်နှင့်ပါတ်သက်ပြီ
      ထောက်ပံ့နိုင်အောင် တဦးခြင်း တယောက်ခြင်းပေးကမ်း ပံ့ပိုခြင်းမျိုးမဟုတ်ဘဲ… ညီညွတ်ခြင်းအင်အားဖြင့် အားလုံးစုပေါင်း
      ထည့်ဝင်ပြီး ရပ်တည်ပေးကြရအောင်… အများသတ်မှတ်တဲ့ငွေကြေးထည့်ရန် အမြဲ ၂၄ နာရီ အဆင့်သင့်ရှိကြောင်း
      ပြောခဲ့ပါတယ်….၊
      ကျွန်တော်အနေနှင့် ခံခဲ့ရတဲ့ ရဲဘော်တွေထဲမပါဝင်ခဲ့သလို..ကျွန်တော့်သားချင်းလဲမပါဝင်ခဲ့ပါဘူး…၊
      ဒါပေမဲ့ ကျွန်တော်ကိုယ်တိုင် ပါဝင် ခံခဲ့ရသလို နာကျင်မှုကို ခံစားနေရတာ..ယနေ့ ထက်တိုင်ဘဲ…၊
      ကျွန်တော် အများစုပေါင်းပြီး ညီညွတ်မှုပြ ကျားကန်ပေးကြမယ်ဆိုရင်
      အရင်ပြောခဲ့သည့်အတိုင်း…ယနေ့ တိုင်မပြောင်လဲသေးဘူး…၊
      ဒီအရေးနှင့်ပါတ်သက်ပြီး ပေါ်ပေါက်လာခဲ့သော.. ခွပ်ဒေါင်းအော်သံ ဆိုတဲ့ အမည်ကိုလည်း…
      ယနေ့ ထက်တိုင် တန်ဖိုးထား သုံးစွဲလျှက်ပါ…။
    • Ah Yan Go ahead
    • Nang Aung Htwe Kyi Ah Yan >> ဂဂျာအီး .
    • Ah Yan ဂဂျာငါအိုင်
    • Kyaw Lynn ABက မြောက်ပိုင်းကိစ္စမှာ နစ်နာခဲ့ရတဲ့သူတွေအတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ထားတယ်လို့ သိရတယ် အဲ့ဒီအပေါ်မှာရော
    • Aung Khing အမ - နိုင်ငံတကာဘာသာ တစ်မျိုးမျိုးနဲ့လည်း အခိုင်အမာ ရှိသင့်-လိုအပ်တယ်လို့ ယူဆပါတယ်။
    • Aung Khing * * * အမ ရေ - တစ်မျိုးစဉ်းစားမိတာ တစ်ခုက, နှစ်တွေ ဒီလောက်ကြာလာခဲ့တာ ဒီဖြစ်ရပ်ဆိုးအတွင်းကျရောက်ပြီးမှ လွတ်မြောက်လာခဲ့ကြတဲ့ အမတို့လို လူစွန့်စားတွေရဲ့လက်ထဲမှာ နောင်တစ်ချိန်ချိန်မှာ ဒီဖြစ်ရပ်ဆိုးကြီးကို တိုင်းပြည်ကို တင်ပြနိုင်ဖို့ (အခုလို အချိန်မှာ) အရန်သင့် ရှိမနေသေးတာ အင်မတန်ကြောက်စရာကောင်းတဲ့ အမတို့တတွေရဲ့ ပစ္စုပ္ပန်ဆိုးတစ်ခုပါဘဲ - ဒီလိုအခွင့်အခါမျိုးနဲ့ မတွေ့ရသေးဘူးဆိုရင် နောက်ထပ်ဘယ်လောက်ကြာပြီးမှ ဖော်ထုတ်နိုင်တော့မလဲ? နှစ်ကာလကြာလာတာနဲ့အမျှ ဖြစ်ရပ်မှန်တွေက လူထုဆီပြန့်ပွားဖို့သတင်းစစ်က ပိုပြီးတော့ ဝေးလာလိမ့်မယ် လို့ ထင်မိတယ် - (အသက်အရွယ်တွေ ရလာကြပြီလို့ ယူဆထားမိလို့ပါ)! အမရေ - ထပ်ပြီးတော့ နောက်မကျစေပါနဲ့ခင်ဗျာ ။ ။ ။ စာစီမကျလို့ ဘယ်သူ မဖတ်ဖတ် - “ကျမစာအုပ်ထုတ်ဖို့ ရည်ရွယ်ချက်က တချိန်က ကျမတို့ဖြစ်ပျက်ခဲ့တဲ့အဖြစ်မျိုးတွေ နောင်မျိုးဆက်သစ်တွေအတွက် ထပ်မံမဖြစ်ပွားစေလိုတာ အဓိကပါ” ။ ဒီခံယူချက်ကို အင်မတန် လေးစား-တန်ဖိုးထားပါတယ်။
    • Myo Zaw ကျွန်တော်သိပ်သိချင်နေတာက အစ်မတို့ မိဘတွေလာခေါ်ကြတော့ ပြန်မလိုက်ကြတော့ဘူးလို့  ဘာဖြစ်လို့ ငြင်းလိုက်ကြတာလဲ ကိုဘိုဘို၊ကိုညီညီနဲ့ အစ်မတို့ ကို ကိုအောင်နိုင်အောင်က ငြင်းခိုင်းလို့ လား
    • Moe Lay ကောင်းတယ် ညီမငယ်။
    • Robina Lwin မိဘတွေ လာခေါ်တော့ ပြန်မလိုက်တော့ဘူး ငြင်းရတာပေါ့..မိဘတွေက သူတို့  အစား ကျန်ခဲ့ရမှာလေ..ဘယ်သားသမီးက မိဘတွေကို ထားခဲ့ပြီး ပြန်ရက်မှာလဲ..
    • Red Peacock ဖတ်ချင်ပါတယ်အမ

No comments:

Post a Comment