Wednesday, October 24, 2012

နာရေးသတင်း



October 17 

မြောက်ပိုင်းပြန်ကျောင်းသား ရဲဘော်ဟောင်းများမှ မသင်းသင်းညီ၏ မိခင်ကြီးဒေါ်ခင်စန်းအေး
သည် (၁၇.၁၀.၂၀၁၂)နေ့ နံနက်၈း၀၀နာရီ တွင် ကျောက်ကပ်ရောဂါဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံ ကြီး တွင်ကွယ်လွန်သွားခဲ့ပါသည်။
၁၉၈၉ ခုနှစ်ဆန်းခန့်က မိမိကိုယ်တိုင်ဒီမိုကရေစီရေးတိုက်ပွဲတွင်ပါဝင်ရင်း ABSDF (ကချင်) သို့သမီးဖြစ်သူနှင့်အတူရောက်ရှိခဲ့ပါသည်။ သမီးဖြစ်သူမသင်းသင်းညီအား ကျောင်းသားတပ်မတော် တွင်ပါဝင်ပြီး လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနိုင်ရန် ကျောင်းသားတပ်မတော်ခေါင်းဆောင်များထံ ယုံကြည်စွာ
အပ်နှံပေးအပ်ခဲ့သူတစ်ဦးဖြစ်ပါသည်။
မသင်းသင်းညီ၏ မိခင်ကြီး ဒေါ်ခင်စန်းအေးအား လေးစားစွာ ဂုဏ်ပြုဦးညွှတ်လိုက်ပါသည်။

No comments:

Post a Comment