Wednesday, October 24, 2012
လူတယောက်..ရေဒီယိုတလုံးနဲ့ နားပေါင်းများစွာ… (3)
by Kayin Lay on Tuesday, October 16, 2012 at 7:08pm ·
ဆရာများနှင့်ကခုန်ခြင်း…..၊
ဆရာလို့ ဆိုလိုက်တာနဲ့ အားလုံသိတဲ့အိုင်း သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဆိုပြီး အကြမ်းဖျဉ်းသိကြတဲ့  အတိုင်း ကျနော့်သင်ဆရာက သူသိသလောက်ကျနော်တို့ ကိုသင်ပေးလိုက်ပါတယ်။ အတတ်သင်ကျောင်း ဆင်းတိုင်းလည်း ဆရာကောင်းဖြစ်တာမှမဟုတ်ပဲလေ။ ကျနော်လည်း သင်ညာကိုရခဲ့ပေမယ့် လက်တွေ့ အ သုံးချပညာကိုတော့ ကျနော်လိုက်ဖမ်းရတဲ့  ဝေဟင်ပေါ်ကနအဖစက်သွယ်ရေးသမားများလို့ ပဲ ကျနော်ပြော ချင်ပါတယ်။ ထိုသူများကို ရန်သူတဖြစ်လည်း အာစရိယများကဲ့သို့ ကျနော်အသိအမှတ်ပြုလေးစားမိသည်။
ကျနော်တကယ်တန်းနဖူးတွေ့ ဒူးတွေ့ ကြားဖြတ်အလုပ်ကို စလုပ်တဲ့အခါ သူငယ်တန်းကိုစရောက်တဲ့က လေးပေါက်စလိုပါပဲ။ သင်တန်းတုံးက အခြေခံကိုပဲပေးလိုက်တော့ လက်တွေ့ လုပ်ငန်းခွင်ထဲမှာ ယောင်ချာ ချာနဲ့ ဟိုမရောက်ဒီမရောက်ဖြစ်ပြီး ဖမ်းထားတဲ့ကြေးနန်းတွေကလည်း နိုင်ငံရေးစစ်ရေးအတွက် ဘာမှအရေး မပါတာတွေပါ။ အရေးကြီးတဲ့ကြေးနန်းတွေကို နအဖစက်တွေက ၀ှက်စာနဲ့ ပို့ တယ်။ ဒီထဲကမှ လိုင်းကစား ပြီး တောင်ပြေးမြောက်ပြေးပြီးလုပ်တော့ အရူးလိုပဲ ဘယ်လိုက်ရမသိဖြစ်ရတယ်။ အမောင် တောင်မှန်းမသိ မြောက်မှန်းမသိဆိုတာမျိုးလိုပဲပေါ့။ ဒါတောင် သင်တန်းကလတုံက ကျနော်ဟာသူများလိုအားအားမနေပဲ စက်ခန်းထဲဝင်ပြီး စက်ဖွင့်နားထောင်လေ့ရှိခဲ့သေးတယ်။
ကျနော်ကြားဖြတ်လုပ်ငန်းကို စတင်လုပ်ကိုင်တဲ့အခါ ကျနော်တို့ နယ်မှာ စစ်ရေးပြင်ဆင်မှုနဲ့ တိုက်ခိုက်မှု တွေအရလိုမရှိတော့ပါဘူး။ ဒါပေမယ့် နအဖကတော့ သူတို့ အလုပ်သူတို့ ပုံမှန်လုပ်တယ်။ ဒါကြောင့် အဲဒီအချိန်က ကျနော်ဖမ်းတဲ့ကြေးနန်းတွေဟာ တပ်လှုပ်၊ တပ်တည်နဲ့ ရိက္ခာပို့  ကြေးနန်းတွေကများနေခဲ့ တယ်။ အလုပ်စလုပ်ခါစဆိုတော့ သူတို့ ဝှက်စာစံနစ်ကိုလည်းမသိသေးသလို ဖမ်းသာဖမ်းထားရတယ် ဘယ်နားကနဲဆွဲထုတ်ဖော်ရမလဲ (decode) လုပ်ရမလဲမသိပါဘူး။ မျောက်လက်ထဲအုံးသီးရထားသလို အထဲကရေတွေက ဘယ်လိုရောက်နေတာလဲလို့ စဉ်းစားယုံပဲသိပြီး အရသာရှိလှတဲ့အထဲက အရည်ချိုချို တွေကို ဘယ်လိုထုတ်ယူသောက်စို့ ရမယ်ဆိုတာ မသိသေးဘူးလေ။
အဲ့ဒီအချိန်မှာ ကျနော့်အတွက်အလုပ်ကိုပိုပြီးပြင်းပြင်းထန်ထန်လုပ်ရမယ့် အကြောင်းအရာလေးတွေက ပေါ်လာတယ်ခဲ့တယ်။ အဲဒါကတော့ ကျနော့်တို့ သတင်းလုပ်ငန်းကိုစတင်လုပ်ကိုင်လာခဲ့တာပါပဲ။ ကျနော် ကြားဖြတ်ဖမ်းလို့ ရတဲ့ ကြေးနန်းတွေက စစ်ရေးအတွက်အသုံးမတည့်သေးပေမယ့် သတင်းလုပ်ငန်းအတွက် အသုံးပြုလို့ ရမယ်ဆိုတာ သိမြင်လာချိန်ကစပြီး စစ်ရေးထောက်လှမ်းဖမ်းယူမှုတင်မက ကျန်တဲ့ ပြည်ထဲရေး သတင်း၊ လူမှုရေးသတင်းနဲ့ ဘာသာရေးသတင်းတွေကိုပါ စတင်ပြီးဖမ်းယူလာခဲ့ပါတယ်။ ပြည်ထဲရေးသ တင်းလို့ ပြောရင် တော်တော်ကျယ်ပြန့် ပါတယ်။ ကျနော်က လိုင်းပေါ်မှာဖမ်းယူလို့ ရမယ့် သတင်းလုပ်ငန်း အတွက်သတင်းအစအနတွေရနိုင်မယ့် စက်ဆွယ်မှန်သမျှကို ခြေရာခံလိုက်ခဲ့တာပါပဲ။
မူလရည်ရွယ်အချက်အရ ကျနော့်ကစစ်ရေးအတွက်ထောက်လှမ်းဖို့ ဆိုပေမယ့် သတင်းလုပ်ငန်းကိုပူးတွဲလာ တဲ့အခါ သတင်းရနိုင်တဲ့အခြားစက်ဆွယ်များဖြစ်တဲ့ စစ်ထောက်လှမ်းရေး၊ ရဲနဲ့ လူဝင်မှုကြီးကြပ်ရေး၊ အ ကျဉ်းဦးစီးနဲ့  နယ်စပ်ကုန်သွယ်ရေးသာမက အရပ်ဖက်ဆက်သွယ်မှုများကိုပါဖမ်းယူတဲ့အခါ လက်မလည် အချိန်မလောက်တော့တဲ့အထိဖြစ်လာခဲ့ရပါတော့တယ်။ အဲ့ဒီလို စစ်ရေး၊ စီးပွား၊ လူမှုရေး၊ ဘာ သာရေးနဲ့ နိုင်ငံရေးသတင်းပေါင်းစုံတွေကြားဖြတ်ဖမ်းယူနေရတာကိုက ကျနော့်အတွက် ကျနော်ငယ်ငယ်တုံးက မွေး ရပ်မြေမြို့ မှာစားခဲ့ဘူးတဲ့ ဆူးပုတ်၊ပိန္နဲသီး၊ ဂုန်မင်းအူ၊ ဟင်းပြင်းဖူးနဲ့ အသီးတို့ ကို မုန့် နစ်လေးနဲ့ နယ်ပြီး ပေါင်းထားတဲ့  ရှမ်းရိုးရာအစားအစားဟင်းစုံပေါင်းထုတ်ကလေးကို စားခဲ့ရသလိုမျိုး မြိန်လိုက်ပါဘိဗျာ။
အတွေ့ အကြုံဟာ အလုပ်ခွင်ထဲမှာပဲရှိတယ်ဆိုတာ ကျနော်ပြောချင်ပါတယ်။ ကျနော်ကလောဘကြီးပြီး သတင်းများများရအောင်လိုက်နေတဲ့ပုံစံကလည်း အထက်ပါအရသာရှိလှတဲ့ ဟင်းစုံပေါင်းထုတ်ကလေး စား ရဖို့ ကိုယ်တိုင်ပြင်ဆင်ချက်ပြုတ်ရသလိုပါပဲ။ ကိုယ်ချက်တဲ့ဟင်းကျက်ပြီး ကိုယ်တိုင်ပြန်စားရင်အရမ်း အရ သာရှိသ လိုပဲ ကျနော်ဖမ်းလိုက်တဲ့ကြေးနန်းကနေ ဝေဟင်ပေါ်ကသတင်းတပုဒ်ဖြစ်သွားရင် အရမ်းကိုပီတိ ဖြစ်ရပါတယ်။ အနဖဖုံးကွယ်ထားတဲ့ သတင်းတခု လုထုကိုပေးလိုက်နိုင်ပြီဆိုတဲ့ အသိ။ သီချင်းလိုပြောရရင် ပန်းသီးဖီလင်ပေါ့ဗျာ။
ဒီလိုပန်းသီးဖီလင်နေ့ နဲ့ ညတွေကိုဖြတ်သန်းရင် ကျနော်ရဲ့ အလုပ်ကိုကျနော်ပိုင်ပိုင်နိုင်နိုင်ရှိလာပါတယ်။ ကျ နော်ဆရာကောင်းများစွာနဲ့ ထိတွေခွင့်ရခဲ့တယ်။ သူတို့ ကစားလေကျနော်ကကြိုက်လေပါပဲ။သူတို့ ပြေးလေ ကိုယ်ကလဲလိုက်လေမို့ စိန်ပြေးတမ်းကစားတဲ့ ကစားဖက်များလည်းဖြစ်ခဲ့ကြတယ်။ တခါတလေကြတော့ လည်း ငယ်ငယ်တုံးက စကားထာဝှက်တမ်းကစားသလိုမျိုးပေါ့။ သူတို့ က၀ှက်တယ်။ ကျနော်ကဖော်တယ်။ အတော့်ကိုစိတ်ဝင်စားစရာ စိတ်လှုပ်ရှားစရာကောင်းလှပါတယ်။ တခါတရံ cipher (၀ှက်စာ)ကို decoding (၀ှက်စာဖြေခြင်း) လုပ်တဲ့အခါ အစပေါ်လာတဲ့ အကြောင်းအရာဟာ ဟော့တ်နေတဲ့ဟာမျိုးဆိုရင် အရမ်းကို exiting ဖြစ်ရပါတယ်။ ၀ှက်စာဖော်ရတာဟာ သည်းထိတ်ရင်ဖိုဇာတ်လမ်းတကားကြည့်သလို ဖီလင်လည်း ရှိပါတယ်။
ကွပ်ကဲမှုစက်နဲ့  စစ်ကြောင်းစက်ဆွယ်တို့ က သာမန်ချိန်ဆို တနာရီတခါဆက်သွယ်မှုလုပ်ကြပါတယ်။ ဆက်သွယ်မှုတခုစတဲ့အချိန်တချိန်မှာ ကွပ်ကဲစက်နဲ့ စစ်ကြောင်းစက်က အရပ်ထဲကကောင်မလေးတွေအ ကြောင်းပြောကြတယ်။ အစကတော့အလုပ်မလုပ်ပဲလိုင်းပေါ်မှာဖွန်စကားတွေပြောနေတယ်လို့ ထင်မိတာ ပေါ့။ သူတို့ ပြောနေရင်းက ကွပ်ကဲစက်ဆရာက ဟေ့ကောင်..ဟိုတနေ့ ကတွေ့ တဲ့ကောင်မလေးကပြော တယ်..တောင်ယာထဲကလိမ္မော်သီးအရမ်းချို..တယ်တဲ့ကွ။ စားချင်တယ်ဆိုရင်အဲဒီတောင်ယာလိုက်ခဲ့ပါလို့  ပြောတာရုတ်တရက်ကြားလိုက်ပါတယ်။
စစ်ကြောင်းစက်ကပြန်ပြောတယ်။ ကောင်းပါပြီး လိမ္မော်သီးစားချင်တိုင်း အဲ့ဒီတောင်ယာကိုပဲသွားပါ့မယ်လို့ ။ပထမတော့ကိုယ်လည်းအမှတ်တမဲ့ပေါ့။ ဒါပေမယ့်အလုပ်ချိန်စစချင်းမှာသူတို့ ဒီလိုပြောနေတာဟာ ဘာမှ မဟုတ်ဘူးထင်ရပေမယ့် စပ်စုတတ်တဲ့ကျနော့်အတွက်တော့ဆန်းနေတယ်။ ကျနော်တရုတ်စာရေးစာ ရွက်ထဲ ရေးချထားမိလိုက်တယ်။ ပိုပြီးမသင်္ကာဖြစ်တာက လိမ္မော်သီးစားချင်တိုင်းသွားမယ်ဆိုတော့ သူက ဒီနေရာကို မဖြစ်မနေသွားရမယ်ဆိုတဲ့သဘောလေ။ အဲ့ဒီအချိန်ကစလို့ သူတို့ ရဲ့ လိုင်းကစားမှုနဲ့ ကိန်းဂ ဏန်းပြကြေးနန်းတွေမှာ လိမ္မော်သီးဘယ်လောက်ချိုတယ်ဆိုတာ ကိုယ်တိုင်မြည်းစမ်းစားသောက်ခဲ့ရတယ်။
အဲဒီလိမ္မော်သီးက ဘယ်လိုချိုတာလဲဆိုတာ့ တောင် (၁)၊ ယာ (၂)၊ ထဲ (၃)၊ က(၄)၊ လိမ်-လ(၅)၊ မော်-မ(၆)၊ သီး-သ(၇)၊ အ(၈) ရမ်း-ရ(၉)၊ ချို-ခ(၀)။ ကဲ..ကျနော်တာ ဖွန်ကြောင်တာပါဆိုပြီး ထူးဆန်းတဲ့စကား လေးကို ချမရေးမိခဲ့ဘူးဆိုရင် ဒီလောက်အရသာရှိလှတဲ့ လိမ္မော်သီးစားခွင့်လွတ်သွားပြီပေါ့။ အဲ့နောက်ပိုင်း ကိုယ့်ဆရာများကို ပြေးကြစမ်းပေါ့။ လေထီးမာလာမာလာလွမ်းမိုးလို့ ဟလိုက်တာနဲ့  သူတို့ မရောက်ခင် လှိုင်းနှုန်း ၇၆၆၀မှာ ကျနော်က ပြုံးပြုံးကြီးစောင့်နေရစ်ပြီ။ ကျနော့်ရေဒီယိုက သူတို့ စက် ၄၀၅၁ ထက် လှိုင်း နှုန်းရွှေ့ လို့  ပိုမြန်ပါတယ်။
စောငွေလရောင် (၁၇ အောက်တိုဘာ ၂၀၁၂)
Unlike ·  · Share
  • You, Chan Nyein MoePhome MaungNicky Shein and 5 others like this.
  • Nicky Shein ဗဟုသုတ ပေါင်းစုံ၊ ခတ်ယူ မြည်းစမ်း ခွင့်ရတဲ့ ဟင်းလေးအိုးကြီး တခွက်ပါပဲ၊ ခုလို မြည်းစမ်းစေတဲ့ စာရေးသူကိုလဲ နောက်ထပ် မြည်းစမ်း ရစေဖို့ စောင့်စား အားပေး နေမည်ဖြစ်ကြောင်းပါ။
  • Kayin Lay ကျေးဇူးတင်တယ်ကိုနစ်ရေ...ကျနော်တော့အလုပ်ကိုလစ်ပြီဗျို ....
  • Phome Maungကရင်လေးလည်းစာရေးကောင်းသားပဲ၊ဆက်ရေးပါ၊အားပေးပါတယ်
  • Kayin Lay အသိမှတ်ပြုးပေးတဲ့အတွက် ကျေးဇူးပါ အကိုဖုန်းမောင်...
No comments:
Post a Comment