Tuesday, October 2, 2012

မော်နီတာဂျာနယ်အတွဲ၂ အမှတ် ၂၃ ပါ ကိုလင်းဝေအောင်၏မြောက်ပိုင်းမြေမှပုံရိပ်များ အပိုင်း( ၁ ) နှင့်ပတ်သက်ပြီး နဲနဲပြောပါရစေ....



by ‎Ko Lin Wai Aung‎ on ‎‎Tuesday, October 2, 2012‎ at ‎9:59pm‎ ·‎
ကျနော့်ဖေ့စ်ဘွတ်စာမျက်နှာမှာတင်ထားတဲ့ မြောက်ပိုင်းမြေမှပုံရိပ်များ အပိုင်း( ၁ ) ကို မော်နီတာဂျာနယ်အယ်ဒီတာက
ABSDF ( NB ) ဂယက်များဆိုပြီး အတွဲ ၂ အမှတ် ၂၃ စာမျက်နှာ ၁၈၊၁၉ မှာ အစအဆုံးရေးထားပါတယ်....ကျနော့်ဆောင်းပါး
ခေါင်းစဉ်ကို ဖေါ်ပြထားတာမတွေ့ရှိရဘဲ ကိုလင်းဝေအောင်၏စာမျက်နှာများမှ ဟုသာစာလုံးအသေးဖြင့်ဖေါ်ပြထားတာ
တွေ့ရှိရပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး ကျနော့်အားအသိပေးတောင်းခံခြင်း မပြုလုပ်ခဲ့သည်ကို ၀မ်းနဲစွာတွေ့ရှိရပါသည်။
ရှေ့တစ်ပတ်ဆက်ဖတ်ပါရန်ဟုလည်းရေးထားသည်ကိုတွေ့ရပါသည်။
ထိုကိစ္စနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး...အမှန်တရားပေါ်ပေါက်ရေးအတွက် ရေးသည်ကိုကြိုဆိုပါသည်။
မီဒီယာစည်းကမ်းများကိုနားမလည်သော်လည်း အသိပေးသင့်၊ တောင်းခံသင့်သည်ဟုမြင်ပါသည်။
ကျနော့်ဆောင်းပါးကို ခေါင်းစဉ်မတပ်ဘဲ အစဆုံးရေးလိုက်သဖြင့် ကိုယ်မွေးခဲ့သောသားသမီး သူများပေးလိုက်ရသလို ခံစားရပါသည်။

ပုံနှိပ်မီဒီယာများ ထိုသို့လုပ်ဆောင်ရန် အခွင့်အရေးရှိမရှိ ကျနော်နားမလည်ပါ........

ကိုလင်းဝေအောင်
koye9999@gmail.com
ရန်ကုန် ( ၃.၁၀.၂၀၁၂ )

Unlike ·  ·  · Share

No comments:

Post a Comment