Wednesday, October 10, 2012

ကိုဇော်နိုင်၏သဘောထား


  • ကျနော်၊ယခုရေးပြသောကိစ္စနှင့် မထိစပ်မိသော ဖေ့ဘုပ်ပေါ်က ကျနော့မိတ်ဆွေအပေါင်းကို
    စိတ်အနှောက်အယှက်ဖြစ်ခဲ့လျှင် အထူးတောင်းပန်ပါသည်။
    ပြည်တွင်းထုတ် E leven ဂျာနယ်က မင်းလွင်ဆိုသူရေးသော ကျောင်းသားတပ်မတော်တွင်းက
    သူလျှိုဖော်ထုတ်ပြီး။စစ်ကြောရေးလုပ်၊သတ်ဖြစ်ခဲ့တာကို ကျနော်ဆွေးနွေးပါမည်။
    ကိုမင်းလွင်ရဲ့ အမြင်မှားခြင်း၊မှန်သည်၊ကျနော်မဆွေးနွေးပါ။
    သူက ဘေးလူတယောက် အဖြစ်ဆွေးနွေးတာဖြစ်လို့  သူ့ အမြင် သူရေးတာကို ကျနော်တို့ လက်ခံကြရပါမည်။
    တဆက်တည်းတင်ပြလိုသည်မှာ ဒီနေ့ ကျနော်အပေါ်ကျရောက်လာသော တာဝန်ကိုပါတင်ပြ
    ပါမည်။ဆက်စပ်ကြည့်နိုင်ကြပါတယ်။
    ကိုမင်းလွင်ရေ၊ကျနော်တို့ ကျောင်းသားတပ်မတော်မှာ ဖွဲ့ စည်းပုံဥပဒေရှိတယ်။
    ဒီကိစ္စနဲ့ ဆက်စပ်တာ ပြောပြမယ်။
    တပ်ဖွဲ့ ဝင်မည်သူ တဦးတယောက်ကို မှ ညင်းပန်း နှိက်စက်ခြင်းမပြုရ။
    ၇န်သူ့  သူလျှို၊သုံ့ ပန်းကိုရမိက လူ့ အခွင့်အရေးအပြည့်အဝပေးပြီး စစ်ဆေးရမည်။
    တရားဥပဒေ အရဆုံးဖြတ်ပြီး၊နိုင်ငံတကာ အဖွဲ့ အစည်းများသို့ လွှဲအပ်ရမည်။
    တပ်ရင်းများမှသေဒဏ်ဆုံးဖြတ်ခွင့်မရှိ။ဗဟိုကော်မတီမှသာ သေဒဏ်ကို စီရင်ခွင့်ရှိသည်။
    သေဒဏ်ကျခံရမည့်သူသည် အနီးကပ်ဆုံး ညီလာခံတွင် အယူခံပိုင်ခွင့်ရှိရမည်။
    ညီလာခံမှ ပယ်ဖျက်ခြင်း။အတည်ပြုခြင်း ပြုရမည်။။ဒါတွေကိုကျော်လွားပြီး သတ်ဖြတ်၊ရက်စက်
    ခဲ့သူတွေရဲ့ လုပ်ရပ် က ကျောင်းသားတပ်မတော်ကို လာရောက်လွှမ်းခဲ့တာဘဲ။
    ထိုသူတို့ ကလည်း ၊ထို အချိန်က အာဏာရှိနေကြတယ်။
    ဒီနေ့  ကျနော်အပေါ်ကျရောက်လာတဲ့ တာဝန်က။
    မပမှာ ဖြစ်ခဲ့တာ ကျနော်နဲ့ ဝေးနေတော့ ကျနော်တိုက်ရိုက်ဝင်လို့ မရဘူး။
    ဗဟိုဌာနချုပ်မှာ ဌေးနိုင်ဆိုသူ သေဆုံး၊ ( အသတ်ခံရတာလည်းဖြစ်နိုင် )ရတဲ့ ကိစ္စကို ဥပဒေကြောင်း
    အရ သက်ဆိုင်သူ မိသားစုတွေက တင်လာတော့ ဥပဒေနဲ့ ပါတ်သက်သည့်မေးခွန်းတွေကို
    ဥပဒေပညာရှင်တွေက မေးလာတော့ ကျနော်တရားဝင်ဖြေပေးရပါတော့မည်။( ကျနော့ကိုမေးလာပါသဖြင့် )
    အထက်ပါကျောင်းသားတပ်မတော်ဖွဲ့ စည်းပုံ ဥပဒေကို အခြေခံလို့ ကျနော် သိသမျှ သစ္စာဆိုဖြေပါမည်။
    သူလျိုဖြစ်ခြငိး။မဖြစ်ခြင်းကို ဒီနေ့ ထိ ဘယ်သူမှ တရားဝင် မပြနိုင်ပါ။ကျနော်လည်း ဘယ်သူက
    သူလျှို၊ဘယ်သူက မဟုတ်ပါ တခွန်းမှမပြောပါ။
    ရက်စက်ယုတ်မာမှုရယ်။ မတရားသတ်ဖြတ်မှုကို ကျနော်မကြိုက်ပါ။မတရားမှုကျူးလွန်ထားသူတွေ။
    ကံ ကံ၏ အကျိုးအရ သာခံဘို့ ပြင်ကြပေတော့။

    6Unlike ·  · 

  • Thit SarThu Rein TunNaw Mai and 3 others like this.
  • Ye Myint သူလျိုဖြစ်ခြငိး။မဖြစ်ခြင်းကို ဒီနေ့ ထိ ဘယ်သူမှ တရားဝင် မပြနိုင်ပါ။ကျနော်လည်း ဘယ်သူက
    သူလျှို၊ဘယ်သူက မဟုတ်ပါ တခွန်းမှမပြောပါ။
    ရက်စက်ယုတ်မာမှုရယ်။ မတရားသတ်ဖြတ်မှုကို ကျနော်မကြိုက်ပါ။မတရားမှုကျူးလွန်ထားသူတွေ။
    ကံ ကံ၏ အကျိုးအရ သာခံဘို့ ပြင်ကြပေတော့။
  • Kayin Lay I felt same as u so far
  • No comments:

    Post a Comment