Tuesday, October 2, 2012

လက်နက်ကိုင်လမ်းစဉ်ကိုယုံကြည်တဲ့သူရဲကောင်းတွေပေါ်လာပြီ၊


MONDAY, SEPTEMBER 24, 2012

ဒီမိုကရေစီတိုက်ပွဲဝင်ရဲဘော်များအပါအ၀င် အားလုံးသော တော်လှန်ရေးရဲဘော်များသို့ 
 ၁။ ဘုံရန်သူဦးတည်ရေးနှင့် military first policy ကို အခြေခံထားသော ၂၀၀၈ဖွဲ့ စည်းပုံ၊ ကြပ်ပြေးလွှတ်တော်စသော အတုအယောင်မှန်သမျှကို ကျရာတာဝန်၊ရောက်ရာဒေသတိုင်းမှ
တော်လှန်ရေးလမ်းစဉ်သစ်တရပ်ကို ရေးဆွဲတိုက်ပွဲရေးသည် အဓိကဖြစ်နေသည်။
၂။လက်နတ်ကိုင်တော်လှန်ရေးလမ်းစဉ်သည်အဖိနှိပ်ခံလူမျိုးပေါင်းစုံပြည်သူတရပ်လုံးအတွက် မရှိမဖြစ်လိုအပ်နေသောကျောရိုးဖြစ်သည်။စည်းရုံးရင်းတိုက်၊တိုက်ရင်းစည်းရုံးကာရွာကိုပတ်
မြို့ ကိုဝိုင်းပြီးနင်းပြားလူအလွှာအသီးသီးအားအခြေခံသော၂၁ရာစုပြည်သူလူထုအရေးတော်
ပုံကြီးတရပ်ဖြင့်စစ်ဗြူရိုကရေစီစံနစ်ဆိုးကို တိုက်ဖျက်သွားရမှာဖြစ်သည်။
၃။ အဖိနှိပ်ခံမြန်မာ့လူ့ အဖွဲ့ အစည်းအတွေ့ အကြုံများအရ စစ်ဝါဒီများသည် ၄င်းတို့ ၏ အာဏာအုတ်မြစ်များကို ၄င်းတို့ ဖါသာဖျက်ပစ်တာကို တခါဘူးမျှလုပ်လေ့လုပ်ထမရှိဖြစ်သည်။ မဆလစံနစ်ဆိုးကြီးနှင့် မဆလဖွဲ့ စည်းအုပ်ချုပ်ပုံကို ၈၈၈၈လူထုအရေးတော်ပုံကြီးနှင့် ဖျက်ပစ် ခဲ့ရပါသည်။
၎။ ယူနီဖောင်းချွတ်စစ်အုပ်စုသည် cosmetic change, artificial change များနှင့် ဗျူဟာ မြောက်လုပ်နေပါသည်။ထိုသို့ သောအခြေအနေမျိုးတွင် မိမိတို့ ဒီမိုကရေစီအင်အားစုများသည် နိုင်ငံရေးဖက်၊စစ်ရေးဖက်လှုပ်ရှားမှုများမှာအင်အားကိုချွေတိုက်မည်လော၊တစုတစည်းထုတ်သုံးတိုက်မည်လော စသောအရေးများကို ရင်ဆိုင်ဖြေရှင်းရမည်။ မိမိအင်အားမပြုန်းတီးရေးဆို
သည်မှာ၂၃နှစ်တာ အတွေ့ အကြုံများနှင့် ချိန်ထိုးပြီး ရန်သူထောင်ချောက် မကျရောက်အောင်၊ ရန်သူပျော့ကွက်ကို ရှာဖွေတိုက်ဖို့  အရေးကြီးနေသည်။ ၁၉၉၂ခုနှစ် မကဒတ(မြောက်ပိုင်း) ထိတ်လန့် ဖွယ်သတ်ဖြတ်မှုကိစ္စများကြောင့် လက်ရှိအချိန်မှာ တိုက်ပွဲဝင်နေသောကျောင်းသား ရဲဘော်များအချင်းချင်း ပဋ္ဋိပက္ခအသွင်မဆောင်ကြပဲနှင့် ရှစ်လေးလုံးဂုဏ်သိဏ္ခာကို သမိုင်းမှာ တောက်ပြောင်နေအောင် ဆောင်ရွက်သွားရမည်ဖြစ်သည်။
၅။ ကိုဖုန်းမော်မှသည် မ၀င်းမော်ဦးစသောသူရဲကောင်းတွေရာဇ၀င်၊ ကိုတင်လေး (ထားဝယ် ကျောင်းသားခေါင်းဆောင်)မှသည် ကိုထွန်းအောင်ကျော် GTI (မကဒတ၊ မြောက်ပိုင်းဥက္က) စသော လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည့် သူရဲကောင်းတွေ၏ ဖြစ်ရပ်မှန်သမိုင်းများအား ၈၈ရဲဘော် များမှမော်ကွန်းရေးထိုးသွားရမည်ဖြစ်သည်။သို့ မှသာ၈၈မျိုးဆက်များဒီမိုကရေစီရေးပေးဆပ် မှုများသမိုင်းမှာကျန်ရှိမည်ဖြစ်သည်။
၆။ ၁၉၉၁ခုနှစ်ကာလမှာ တရုတ်နိုင်ငံ၊မန်ဆီမြို့ မှာ ကေအိုင်အိုမှဦးဆောင်ပြီး မကဒတ (မြောက်ပိုင်း)၊ အက်စ်အက်စ်အေ၊ လားဟူ၊ ပလောင်တို့ အစည်းအဝေး လုပ်ဖြစ်ခဲ့ပါသည်။ ထို အစည်းအဝေးကို (မကဒတ၊မြောက်ပိုင်းဥက္က) ကိုထွန်းအောင်ကျော် GTI တက်ရောက် ခဲ့ပါသည်။ ကေအိုင်အိုချပြတာသည် ဗိုလ်ခင်ညွှန့် တို့  အစီအစဉ်အရ အပစ်ရပ်ဖို့ ဖြစ်သည်။ ကိုထွန်းအောင်ကျော်အပါအ၀င် ကျောင်းသားအတော်များများမှ အာဏာသိမ်းစစ်ကောင်စီ သဘောလက္ခဏာများကို ဖော်ထုတ်ရှင်းပြကာ လက်မခံဘူးလို့  သဘောထားပေးခဲ့သည်။ ထို့  နောက်တွင် မကဒတရင်း (၇၀၁)၊ (၇၀၂) တို့ ကို ကချင်ဂွင်ထဲမှာထုတ်ပြီး အိန္ဒိယဘက်သို့ ရွေ့  ပြောင်းရန် အစီအစဉ်ဆွဲခဲ့ကြသည်။ အိန္ဒိယဘက်သို့ ရွေ့ လျှင် ကချင်တပ်မဟာ(၄)မထုနော်၊ ၀တပ်အစရှိတာမှပါမစ်ရဖို့ ကြိုးစားရပါမည်။ကိုထွန်းအောင်ကျော်သည်အစောပိုင်းကတည်း က အိန္ဒိယနယ်စပ်လမ်းကြောင်းနှင့်ဦးယုမြစ်ဖျားအခြေခံစစ်ရေးလှုပ်ရှားမှုနှင့်စစ်ကိုင်းဟူးကောင်း လွင်ပြင်နှင့်စစ်ကိုင်း၊မန္တလေးစစ်ရေးဗျူဟာကြီးကိုကြိုးစားခဲ့သူဖြစ်သည်။ထိုအချိန်ကမြောက်ပိုင်းမှထိုင်းနယ်စပ်ကိုဆင်းဖို့ ရာမှရှမ်းနီအဖွဲ့  ငြိမ်းဖြစ်သွားလို့  မကဒတ ရဲဘော်များ ကိုစစ်တပ်ထံ ထိုးအပ်ခဲ့တာကြောင့် လမ်းကြောင်းကြပ်သွားခဲ့သည်။ စစ်အာဏာရှင်စံနစ်ကို စစ်ရေးစီမံကိန်း များနှင့် တော်လှန်တိုက်ပွဲဝင်ဖို့ ကြိုးစားအားထုတ်နေသူ၊စစ်ဖီးဂျပ်ကဒ်ကို ၀တ်ပြီး သိမ့်မွေ့ စွာ နှင့်အချက်အလက်ကျကျပြောဆိုဆွေးနွေးနိုင်သူ ရဲဘော်ထွန်းအောင်ကျော်ကို ဆက်ဆံခဲ့ဖူးသူ တိုင်း၊ရဲဘော်ထွန်းအောင်ကျော်သည် စစ်ထောက်လှမ်းရေးမဟုတ်ဘူးဆိုတာပြောဆိုနေမှာဖြစ် သည်။ ရဲဘော်ထွန်းအောင်ကျော်သည် အထက်ဗမာပြည် ၈၈မျိုးဆက် ချီဂွေဗါးယားဖြစ်သည်။ jangle kangaroo court မှ မှတ်တမ်းတင်ထားသော စံနစ်သားကောင်များ စစ်ဆေးမေးမြန်း ခွေသည်မန္တလေး၊စစ်ကိုင်းဘက်မှပြည်သူလူထုမှလည်းအယုံအကြည်မရှိဖြစ်နေသည်။ ရန်ကုန်၊ ပဲခူးတို့မှလုပ်ဖော်ကိုင်ဖက်ရဲဘော်သူငယ်ချင်းများမှလည်းအယုံအကြည်မရှိဖြစ်နေသည်။
၇။ မကဒတမြောက်ပိုင်းမှကျောင်းသားများသတ်ဖြတ်ခံလိုက်ရပြီး နှစ်အနည်းအငယ်အကြာမှာ ပဲ  အင်န်အယ်ဒီ ၉၀ရွေးကောက်ပွဲ ရေဦးအမတ်ဖြစ်တဲ့ ဦးဝင်းကို သည် ကူမင်းမြို့ တည်းခိုခန်း မှာ ဓါးဒဏ်ရာပေါင်းများစွာနှင့် အသတ်ခံခဲ့ရသည်။ ဦးဝင်းကိုသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် မူးမြစ်ဝှမ်း လက်နတ်ကိုင်လှုပ်ရှားမှုအား ချိတ်ဆက်ဖော်ထုတ်ဖို့ ကြိုးပမ်းခဲ့သူဖြစ်သည်။ မူးမြစ် ၀ှမ်း ကိစ္စအား ပြည်သူ့ အာဏာဂျာနယ်တွင်လည်း တစိတ်တဒေသရေးသားထုတ်ပြန်ခဲ့သည်။ ၁၉၆၂ခုနှစ်မှစပြီး စစ်ဝါဒကို တော်လှန်ခဲ့သော ဗကသကျောင်းသားခေါင်းဆောင် ကိုစိုးဝင်း မှ သည်၈၈မျိုးဆက်ကိုထွန်းအောင်ကျော်အပါအ၀င်ကျောင်းသားများစွာတို့ သည် စစ်မြေပြင်တွင် ရန်သူအသတ်ဖြတ်နှင့် မကျဆုံးရပဲ အသားထဲကလောက်များ၊ လူယုတ်မာများစံနက်ကြောင့်  ကျဆုံးခဲ့ရသည်မှာအင်မတန်မှခါးသီးစရာကောင်းပါသည်။မကဒတမြောက်ပိုင်း အသတ်ဖြတ်ခံ ရဲဘော်များအရေးနှင့် ပက်သက်ပြီး အနီးစပ်ဆုံးနှင့်၊ လက်လှမ်းအမှီဆုံးမှာရှိနေသော ဗမာပြည် ကွန်မြူနစ်ပါတီ တုံဏိဘာဝေရှိနေခြင်းအပေါ် အားမရဖြစ်ရသည်။ ယနေ့ ထက်တိုင် အာသံ ကုန်းမှာ ၈၈ကျောင်းသားသူရဲကောင်းများ ပုံရိပ်တွေသည်
ပါးစပ်မှသည်သွေးအလိမ်းလိမ်းစီးဆင်း
လည်မျိုမှသည် ခေါင်းနှင့်ကိုယ်ဖြတ်
တံဆိပ်မကပ်ကြပါနှင့်၊ဦးထုပ်မဆောင်းကြပါနှင့်
ငါတို့ ကျောင်းသားတွေသည် ရာဇ၀င်မှာ ဖိနှိပ်မှုကို တော်လှန်
သမဂ္ဂရဲ့ အောင်ပွဲဆက်ဆက်ခံအုံးမည် ကြွေးကြော်သံနှင့် ထာဝစဉ်ရှင်သန်ထမြောက်နေမည်
ဆိုတာကို မော်ကွန်းထိုးဖော်ပြနေသည်။ 
သူရဲကောင်းစိတ်ဓါတ်ကို ဦးညွတ်ဂုဏ်ပြုလျှက်
စစ်အောင်

No comments:

Post a Comment