Wednesday, October 3, 2012

သို့ …ဖိုးခွာလေး…..မှ..ဖိုးခွားငယ် (၄)



  • ဖိုးခွားလေးရေ..ပါးပါးအလုပ်များသွားလို့ မင်းအတွက်ပုံပြင်ရေးဖို့ တပတ်ကျော်သွားတယ်ကွ။ အမှန်တော့ ဒီနေ့ လည်းအားဘူးကွ။ ဒါပေမယ့် မင်းအတွက်အကြွေးတင်းသွားမှာစိုးလို့ နည်းနည်းဆက်ရေးမယ်နော်။ အရင်ပုံပြင်တုံးက စစ်သားကောင်းကြီးတွေဖြစ်လာဖို့ လိုအပ်ချက်တွေကိုပြောပြခဲ့တယ်နော်။ ဒီတခုထဲမှာ တော့ အချက်အလက်တွေသိပ်မပြောတော့ဘူးကွ။ အမြင်စောင်းသူတချို့ နဲ့ ဖြစ်ရပ်မှန်ကိုမသိသေးသူတို့  ကိုသိရအောင်လို့ ပါးပါးကိုယ်တွေ့ ဥပမာလေးတွေနဲ့ ပြောပြမယ်နော်။
    ဒါကဒီလိုရှိတယ်ဖိုးခွားလေး။ ပါးပါးတို့ တတွေလက်နက်ကိုင်တော်လှန်ရေးလုပ်ဖို့ လာတုန်းက ရင်ထဲက စိတ်ဓာတ်ဆိုတဲ့ အကြီးမားဆုံးခွန်အားကလွဲပြီး တခြားဘာမှပါမလာခဲ့ကြဘူးကွ။ ရှင်းရှင်းပြောရရင် သူများ အားကိုးနဲ့ လာခဲ့တာပဲ။ ပါးပါးတို့ အားကိုးတယ်ဆိုတဲ့ သူများဟာ တချိန်မှာ ပါးပါးတို့ ရဲ့ အနီးကပ်ဆုံးမဟာ မိတ်အဖွဲ့ ပေါ့ကွာ။ သူတို့ ကို ကချင်ပြည်လွတ်လပ်ရေးတပ်မတော်လို့ ခေါ်တယ်။ ခုတလောမြန်မာပြည်စစ် မျက်နာပြင်မှာဟော့တ်နေတဲ့ အဖွဲ့ ပေါ့။
    ပါးပါးတို့ က ရင်ဘတ်အတွင်းသယ်ဆောင်လာတဲ့ စိတ်ဓာတ်တွေကို ပေါင်းတင်ရေလောင်းပြီး ဆက်လက် ရှင်သန်ဖို ဆိုရင် အကူအညီတွေလိုအပ်ခဲ့တယ်။ ကူညီမဲ့သူမရှိလို့ မရဘူး။ စောကပြောသလို စိတ်ဓာတ်ပါ လာယုံနဲ ဖြစ်ချင်တာကိုလက်တွေ့ မှာလုပ်လို့ မရဘူး။ ပေါင်းစပ်ထိတွေ့ ညှိနှိုင်းလှုပ်ရှားမှုတွေလိုတယ်ကွ။ အဲဒီလိုပေါင်းစပ်ညှိနှိုင်းမှုမျိုးတွေကို ပါးပါးတို့ တောထဲမလာခင်ကတည်းက ရှေ့ ပြေးဦးဆောင်သူတချို့ က ကြိုတင်လုပ်ထားခဲ့တာပေါ့။
    “Enemy’s enemy is our friends” လို့ ဆိုရိုးစကားရှိတယ်ကွ။ မိမိရဲ့ ရန်သူတွေရဲ့ ရန်သူလို့ ခေါ်ဆိုသူများ ဟာ မိမိတို့ ရဲ့ မိတ်ဆွေများပင်တည်းလို့ ဆိုရိုးရှိတယ်ဖိုးခွားရေ။ အဲဒီတော့ ပါးပါးတို့ ဟာ မိမိတိုက်ချင်တဲ့ ရန် သူကို ဆန့် ကျင်တော်လှန်တိုက်ခိုက်နေသူတွေကို ရှာဖွေရတော့တာပေါ့ကွ။ ဘာလို့ လဲဆိုတော့ သူတို့ က ပါးပါးတို့ ရဲ့ မိတ်ဆွေတွေလေ။ ဟုတ်တယ်…ပါးပါးတို့ အနီးကပ်ဆုံးရန်သူကိုတိုက်ဖို့  အနီးကပ်ဆုံးမိတ်ဆွေ ကိုရှာဖွေခဲ့ပြီး ဘုံရန်သူကို အတူတိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
    ၁၉၈၈ခုနစ်စက်တင်ဘာလ စစ်အုပ်စုက ခေတ္တလက်လွတ်ဆုံးရှုံးသွားတဲ့  တိုင်းပြည်အာဏာကိုပြန်လည် သိမ်းပိုက်လိမ့်မယ်ဆိုတာကို နိုင်ငံရေးအသိရှိ၊ စစ်အုပ်စုရဲ့ သဘောသဘာဝကိုနားလည်သူများက ကြိုတင် တွက်ဆခဲ့တဲ့အတွက် ပါးပါတို့ ကြိုတင်ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။ အဲဒီပြင်ဆင်မှုရဲ့ အဖြေဟာ လက်နက် ကိုင်တော်လှန်ရေးဖြစ်တယ်။ ပါးပါးတို့ တောမခိုကတည်းက ပါးပါးတို့ ရဲ့ သပိတ်စခန်းထဲမှာ လျို့ ဝှက် သေန တ်ငယ်သင်တန်းတက်ကြတယ်။ အခြေခံလက်နက်မဲ့ စစ်ရေးပြကိုတော့ သပိတ်စခန်းဝင်းထဲမှာပဲ ပေါ်ပေါ် တင်တင်လုပ်ခဲ့ကြတယ်။ ပါးပါးအရင်ကရေးခဲ့တဲ့အပိုင်းကလိုပေါ့ တိုက်ခိုက်ဖို့ နဲ့ မိမိကိုယ်ကိုကာကွယ်ဖို့ လို အပ်တဲ့ပြင်ဆင်မှုတွေပေါ့ကွာ။.
    ရှေ့ ပြေးအဖွဲ့ တွေရဲ့ ကြိုတင်စီမံမှုနဲ့  ကေအိုင်အေအဖွဲ့ တို့ ဆက်သွယ်ပြီးတဲ့အခါ ပါးပါးတို့ တောခိုဖို့ ဆုံးဖြတ်ထားတဲ့ လူငယ်တွေအားလုံး မြို့ ပေါ်ကနေတိတ်တဆိတ်ထွက်ခွာလို့ ခရောင်းလမ်းကြီးကို စတင်ဝင် ရောက်ခဲ့ကြတယ်ဖိုးခွားလေးရေ။ပါးပါးတို့ ဟာ ဘာအတွေ့ အကြုံမှမရှိပဲ မြို့ ပေါ်ကလာတဲ့  လူငယ်လူရွယ် တွေမို ကေအိုင်အေက့ ကောင်းကောင်းကြိုဆိုလက်ခံခဲ့ကြတယ်။ ကေအိုင်အေရဲဘော်တဦးကပြောတယ်၊ သူရဲဘော်လုပ်တဲ့သက်တမ်းမှာ ပါးပါးတို့ ကိုကြိုဆိုသလို ဘယ်ရဲဘော်သစ်တွေကိုမှကြိုဆိုတာမတွေ့ ဖူးဘူး တဲ့ ။ ဖြစ်နိုင်ပါတယ်။ ကေအိုင်အေက ဗဟိုကိုရောက်လာတဲ့ ပါးပါးတို့ ကို ယူနီဖေါင်းအပြည့်အစုံ၊ လေ့ကျင့် ခန်းဝတ်စုံ၊ ဖိနပ်ခြေအိတ်၊ ခြုံဖို့ စစ်ဂွမ်းစောင်နဲ့  ဘာဘူစောင်၊ အိယာခင်းနဲ့ ဖျာ၊ ဘောပင်နဲ့ စာအုပ်အပြင် အပ်ချည်လုံးနဲ့ အပ်အထိ လိုလေသေးမရှိစတင်ထောက်ပံ့ပေးခဲ့တယ်။
    ကေအိုင်အေရဲ့ ကြိုဆိုမှု ပါးပါးတို့ အတွက်တကယ်ကိုအားရကျေနပ်စရာဖြစ်ခဲ့တယ်။ အဲဒီကတဆင့် သူတို့ ကြီးကြပ်မှုနဲ့ ပဲစစ်သင်တန်းဆိုတာကို တက်ခဲ့ရတာပါပဲ။ ဒီနေရာမှာ လူတော်တော်များများမသိတဲ့ ကေအိုင် အေရဲ့ သဘောထားကို ဖိုးခွားလေးသိအောင်ပါးပါးပြောခဲ့မယ်။ ပါးပါးတို့ ရောက်ခါစက စစ်တိုက်မယ်၊ စစ်တိုက်မယ်၊ ရန်သူကိုတိုက်ချင်တယ်လို့ ပြင်းထန်နေတဲ့အချိန်မှ ဥက္ကဌကြီး ဦးဘရန်ဆိုင်းအပါအ၀င် ခေါင်း ဆောင် တချို့ က..မင်းတို့ ကျောင်းသားလေးတွေစစ်မတိုက်ပါနဲ့ ကွာ...ငါတို့ ပဲတိုက်ပါတယ်…လို့ ခနခနပြော တယ်။ သွေးပူနေတဲ့ပါးပါးတို့ ကလည်း လုံးဝရဘူး။ တပ်ဖွဲ့ မယ်၊ တိုက်မယ်၊ သင်တန်းပေးပါ လက်နက်ပေး ပါပဲပြောခဲ့ကြတယ်။
    ဒီလိုနဲ့  ပါးပါးတို့ စစ်သင်တန်းစယူဖြစ်ခဲ့ကြတယ်။ အဲဒီသင်တန်းကာလအတွင်းမှာ သင်တန်းကိုကေအိုင်အေ ဗိုလ်မှုးတယောက်က နိုင်ငံရေးအရအနီးကပ်ကြပ်မတ်ပေးပြီး စစ်ရေးသင်တန်းကို ဗိုလ်ကြီးတဦးက ကွပ်ကဲ ခဲ့ကြတယ်။ ပါးပါးတို့ သူတို့ ရဲ့ ဝေငှမှုအောက်မှာ ခက်ခဲပင်ပန်းမှုတွေတလှေကြီးရင်ဆိုင်ရတယ်။ ရာသီဥတု ဒဏ်၊ ကျန်းမားရေးဆိုးရွားမှုတွေလည်းရှိခဲ့တယ်။ အဲဒီလိုကျော်ဖြတ်ရင်းတနေ့ မှာ ပါးပါးသေတဲ့အထိ ရင်ထဲ ကမထွက်နိုင်တဲ့ ဖြစ်ရပ်တခု၊ ကျောင်းသားတွေရဲ့ လက်ဝေခံအဖြစ်မခံနိုင်တဲ့  ထားရာနေစေရာသွားမလုပ် နိုင်တဲ့ အသိနဲ့  မတရားတာကိုတုန့် ပြန်တော်လှန်မယ့် ခွပ်ဒေါင်းစိတ်ဓာတ်ကို ဗဟိုပြုခဲ့ကြတဲ့တနေ့ ပေါကွာ။
    ပါးပါးတို့ သင်တန်းအစပိုင်းက သင်တန်းဆရာမလုံလောက်မှုကြောင့် တပ်ခွဲတခွဲသင်တန်းယူတဲ့အချိန်မှာ ကျန်တခွဲက အလုပ်ဆင်းရတယ်။ ပါးပါးတို့ တပ်ခွဲအလုပ်ဆင်းရတဲ့ အဲဒီမနက်ခင်းတခု။ အမြဲတမ်း တိမ်တွေ နဲ့ အုံ့ ဆိုင်းနေတတ်တဲ့ ပါဂျောင်ကုန်းဟာ ထူးခြားစွားရှင်းလင်းပြီး နေထွက်နေတယ်။ ပါးပါးတို့ ကိုအလုပ် ဆင်းဖို့ ဆိုပြီး ကေအိုင်အေဗိုလ်ကြီးက တောင်ကုန်းတခုကိုခေါ်သွားတယ်။ဟိုရောက်တော့ အလုပ်စဖို့ ဆိုပြီး ပေါက်ပြားတွေ ပေါက်တူးတွေပေးတယ်။ ဒီမှာပဲပြသနာကစတော့ပါပဲဖိုးခွားရေ။
    ပါးပါးတို့ အလုပ်ဆင်းရမှာက ခါတိုင်းလို သင်တန်းကွင်းအတွက်လည်းမဟုတ်သလို တပ်ဆောင်ဖို့ ဝါးတိုင် စုဆောင်းပြီး မြေပေါက်တာလဲမဟုတ်ပဲ သူပိုင်တဲ့ဘိန်းခင်းကိုပေါက်ခိုင်းခဲ့တာပါပဲ။ အဲ့ဒီအချိန် မဟာ မိတ် မိသားစု အထူးသဖြင့် ဗဟိုနယ်မြေကလူတွေက ရပ်တည်ရေးအတွက် တပိုင်တနိုင်ဘိန်းခင်းလေးတွေ စိုက်ကြတဲ့အချိန်။ ပါးပါးတို့ နေထိုင်တဲ့ ပတ်လည်မှာဆိုရင် ဘိန်းခင်းတွေချည်းပဲရှိခဲ့ဘူးတယ်။ ဒါပေမယ့် ပါးပါးတို့ ရောက်ပြီး ၂နစ်အကျော်မှာတော့ ကေအိုင်အေက ကချင်ပြည်နယ်အတွင်း ဘိန်းမစိုက်ပျိုးရအမိန့်  ထုတ်လိုက်တဲ့အတွက် ဆက်လက်မမြင်ရတော့ဘူး။
    ပါးပါတို့ က ဘိန်းခင်းဆိုရင်မလုပ်နိုင်ဘူးဆိုပြီး ကန့် ကွက်တယ်။ ဘယ်သူမှအလုပ်မဆင်းဘူးရပ်နေတယ်။ ကျောင်းသားကွ၊ မတရားတာကိုတော်လှန်ဖို့ လာတာ မတရားလာမလုပ်နဲ့ ၊ ဘိန်းစိုက်ဖို့ လာတာမဟုတ်ဘူး ဆိုပြီး ကန့် ကွက်ခဲ့တယ်။ အဲဒီအခါ ဗိုလ်ကြီးက ရတယ် မင်းတို့ မပေါက်ချင်ဘူးလား ဒါဆိုရင်မင်းတို့ ကို ရွေးချယ်ခိုင်းမယ်။ မင်းတို့ ဒဏ်လုပ်မလား၊ ဒါမှမဟုတ်ရင် အခင်းပေါက်မလားလို့ မေးတော့ ပါးပါးတို့ က ဒဏ်လုပ်မယ်လို့ ရွေးလိုက်တယ်။ ပါးပါးတို့ ဒဏ်ခံယူတဲ့အနေနဲ့  လက်ပိုက်အနေအထားနဲ့ ကိုယ့်နားရွက်ကို ဆွဲ၊ ခြေတဖက်မြောက်ပြီး နေလုံးကိုမော့ကြည့်ခဲ့တာ နာရီဝက်ကျော်တယ်။ အဲဒီဗိုလ်ကြီးလည်း ပါးပါးတို့  သင်တန်းကနေထွက်လိုက်ရပြီး ရာထူးချခံလိုက်ရတယ်။
    ဒီနေရာမှာ ပါးပါးဖိုးခွားလေးကို အဓိကဘာပြောချင်သလဲဆိုရင်…ခုတလော ဟိုမရောက်ဒီမရောက် ပေါက် ကရတွေလျှောက်ပြောနေတဲ့လူတချို့ ၊ ဖြစ်စဉ်ကိုအမှန်မသိ ရိချင်ထိချင်လောက်သာအားသန်ပြီး အတွင်းကျ ကျမသိပဲ ဖားပေါင်စင်းလို့ အကောင်သေးသလောက် အာခေါင်ပေါက်အောင် အသံကြီးကြီးအော်နေတဲ့သူ တွေကို သိအောင်ရယ်…ဖိုးခွားလေးကိုယ်တိုင် ပါးပါးတို့ ဖြတ်သန်းမှုအမှန်သိထားရအောင်လို့ ပြောရတာပဲ။ တော်ကြာပါးပါးမပြောထားရင် မင်းအဖေက လက်ဝေခံကြီးပါကွာလို့ မင်းအပြောမခံရအောင်လို့ ပဲ။
    ကျောင်းသားဆိုတာ ဒါပဲဖိုးခွား။ မဟုတ်ရင်တော်လှန်ကာပြန်မယ်။ မိတ်ဆွေမရွေးရန်သူမရွေးဘူး။ မဟာ မိတ်ကပါးပါးတို့ ကို အကူအညီအများကြီးပေးတယ်။ ဒါပေမယ့် ဒီဖြစ်ရပ်ဟာ သူတို့ ကျေးဇူးကိုပြန်ဆပ်ရမယ့် အရာမဟုတ်ဘူး။ မမှန်ကန်ဘူးလို့ ပါးပါးတို့ မြင်တယ်။ အဲဒီတော့ ကန့် ကွက်တယ်။ သူ့ ဆန်စားရဲရမယ်တဲ့။ ဒါပေမယ့်နေရာတကာတိုင်းမရဲနဲ့ ငါသား။ သမိုင်းနဲ့ ချီတဲ့ဥပမာပေးမယ်။ ပါးပါးတို့ တိုင်းပြည်ကိုလွတ်လပ် ရေးရအောင် စွမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ရဲဘော်သုံးချိတ်ဟာ ဟိုင်နန်ကျွန်းကိုသွားပြီး ဂျပန်ဆီက စစ်ပညာသင်တယ်။ သူတို့ ကျွေးတာစားတယ်။ ဒါပေမယ့်တနေ့ လိုအပ်ချက်အရ မူမမှန်လို့ ပြန် လည်တော်လှန်ခဲ့ကြရတယ်။ ကဲ…ဗိုလ်ချုပ်တို့  သူ့ ဆန်စားတိုင်း ရဲခဲ့ကြသလားဖိုးခွားလေး။ မှတ်ထားနော်၊
    ပါးပါးတို့ မှာ ဥပမာအများကြီးရှိပါတယ်။ ခုပေးတဲ့ဥပမာက ပါးပါးတို့ ရဲ့ အစပိုင်းကဥပမာပါ။ အလယ်မှာဖြစ် စဉ်တွေရှိနေသေးတယ်။ ဒါပေမယ့်ပါးပါးချန်ခဲ့မယ်။ နောင်းပိုင်းဥပမာတခုကိုပေးခဲ့မယ်။ ပါးပါးတို့ မဟာမိတ် က စစ်တိုက်နေရပေမယ့် သူတို့ လိုချင်တာက အဲဒါမဟုတ်ဘူး။ နိုင်ငံရေးအရဖြေရှင်းပြီး ပြည်နယ်ကိုတည် ဆောက်ချင်တယ်။ အဲဒီမူလုပ်ငန်းစဉ်ကြောင့် ရန်သူနဲ့ စကားပြောဖို့ စားပွဲဝိုင်းကိုရွေးခဲ့တယ်။ အဲဒီအခါ ပါးပါးတို့ တပ်က ရန်သူရဲ့ ကောက်ကျစ်မှုအပေါ်အယုံအကြည်မရှိဘူး။ မဟာမိတ်က အပစ်ရပ်ပေမယ့် ပါးပါး တို့ မရခဲ့ဘူး။ ပါးပါးတို့ လှုပ်ရှားမှုက မဟာမိတ်ရဲ့ လုပ်ငန်းစဉ်ကိုထိခိုက်စေတယ်လို သူတို့ ယူဆခဲ့ကြတယ်။
    ပါးပါးတို့ ကနဂိုကတည်းက မဟာမိတ်နယ်မြေမှာ မဟာမိတ်နဲ့ လက်တွဲတိုက်ပွဲဝင်ခဲ့တာ။ ကိုယ်ပိုင်နယ်မြေ မရှိဘူး။ မဟာမိတ်က ပါးပါးတို့ အတွက်စဉ်းစားရမယ့် နည်းလမ်းတွေအချို့ ရွေးချယ်ပေးခဲ့ကြတယ်။ ဒါပေ မယ့် ပါးပါးတို့ လက်မခံနိုင်ခဲ့ဘူး။ မူလရည်မှန်းချက်အတိုင်းဆက်သွားဖို့ ပဲဆုံးဖြတ်တယ်။ အဖြေကတော့ မဟာမိတ်ရဲ့ လုပ်ငန်းစဉ်မထိခိုက်အောင် ပါးပါးတို့ သူတို့ နယ်မြေကထွက်ခွာလိုက်ကြတယ်။ အဲ့ဒီအတွက် ပါးပါးတို့ နဲ့ မဟာမိတ်ဟာ ဘာမှစိတ်ဝမ်းမကွဲခဲ့သလို ဆက်ဆံရေးလည်းမပျက်ပြယ်ခဲ့ဘူး။ သူ့ အလုပ်ကိုယ့် အလုပ်ကို ဦးတည်ချက်အတိုင်းဆက်လုပ်ခဲ့ကြတယ်။ အဲဒီအချိန်က ပါးပါးတို့ တပ်ကိုဦးဆောင်သူတွေရဲ့ စီမံခန့် ခွဲမှုနဲ့  လျို့ ဝှက်ပြောင်းရွှေ့ တပ်ဖျောက်နိုင်ခဲ့ကြတယ်။ လူ၊ လက်နက်တွေကို စနစ်တကျ တခြား ပြောင်းရွှေ့ နိုင်ခဲ့ကြတယ်။ ခုဆိုရင် ကျောင်းသားတပ်မတော်မြောက်ပိုင်း ဆက်လက်တိုက်ပွဲဝင်နေတယ်။
    ဒီအခြေအနေမှာ ရန်သူကပဲဖြစ်ဖြစ်၊ မလေ့လာမသုံးသပ်ပဲ ကြားစကားနဲ့ ကြားဘူးနားဝလောက်ရှိသူတချို့ က ပါးပါးတို့ ကျောင်းသားတပ်မတော်မြောက်ပိုင်းကို မဟာမိတ်ကေအိုင်အေရဲ့ လက်ဝေခံလိုလို ပြောဆိုရေး သားနေတာကိုပါးပါးတို့  ကြားရမြင်ရသိရတယ်။ အပြစ်မဆိုသာဘူးလေ။ သူတို့ သိတာကဒီလောက်ပဲကိုး။ ငါ့သားဖိုးခွားလေးလဲမှတ်ထားနော်။ အကြောင်းအရာတခုကို ဝေဖန်ထောက်ပြတယ်ဆိုရင် ကိုယ်ဘယ် လောက်သိပြီလဲ၊ ငါသိတဲ့ အချက်အလက်တွေမှန်ကန်ပြည့်စုံမှုရှိပြီလား၊ ငါရဲ့ ထောက်ပြဝေဖန်မှုဟာ သူများ အတွက် အကျိုးဖြစ်စေရဲ့ လားဆိုတာတွေကို အရင်လုပ်ရမယ်နော်။ အကြားသက်သက်နဲ့ ပြောတဲ့စကားဟာ အားမဖြစ်စေဘူးဖိုးခွားလေး။
    Be Skeptical တဲ့။ သူများပြောတိုင်းလည်းမယုံနဲ့ ။ လေဖမ်းဒန်းစီးပြီး အပြောမကြီးနဲ့ ။ ကိုယ်တိုင်သိအောင် လုပ်။ အဲ့ ဒါကို Curiousity လို့ ခေါ်တယ်။ စပ်စုတာဟာ လေ့လာမှုရဲ့ အစပဲကွ။ နောက်ပြီး Bias မရှိစေနဲ့ ။ ဘက်လိုက်ပြီးပြောတာဟာ တခြားတဖက်ကိုနစ်နာစေတယ်။ ပြောချင်ရင်သေခြာသိအောင်လုပ်ဖိုးခွားရေ။ Bias များရင် Virus တွေပွားပြီး မင်းရဲ့ လုပ်ဆောင်မှုတခုလုံး ပျက်သုန်းသွားလိမ့်မယ်ဖိုးခွားရေ။
    1Unlike ·  · 
    • You like this.

No comments:

Post a Comment