Tuesday, September 11, 2012

ကျနော်ကတော့ အမှန်တရား ဘက်မှာ ရပ်ပါမယ်...။


September 7 

မနေတတ်မထိုင်တတ် မိုးသီးဘက်မှာငါရပ်တယ်
ဘုန်းမောင်(ဒုတပ်သား)

အေဘီကွဲတယ် အေဘီတင်ပဲလား
ဟော.ခု တနိုင်ငံလုံးကွဲတယ်
မိုးသီး နိုင်အောင်ကွဲတယ်
အောင်ဝေး မေသင်္ကြန်ဟိန်းကွဲတယ်
မင်းတို့ ငါတို့ကွဲတယ်
ရှစ်ဆယ့်ရှစ်လည်းကွဲတယ်

မြန်မာပြည်မှာလည်းကွဲတယ်
အမေရိကားမှာလည်း ကွဲတယ်
ဥရောပမှာလည်း ကွဲတယ်
ဘန်ကောက်ချင်းမိုင်လည်းကွဲတယ်
နယူးယောက်မှာလည်းကွဲတယ်

ဒီမိုကရေစီလည်း ကွဲတယ်
ကဗျာတွေလည်း ကွဲတယ်
ကဗျာဆရာတွေလည်း ကွဲတယ်

အောင်ဝေးက ကဗျာမွန်ကိုချစ်တယ်
မေသင်္ကြန်ဟိန်းက ဆရာဝန်ကိုချစ်တယ်

မိုးသီး နိုင်အောင် မတူတာတွေကဒါပဲ
မိုးသီး ရှစ်ဆယ့်ရှစ်လမ်းမကြီးပေါ်က လာတယ်
ကျောင်းသားတို့သဘာဝ စွာတယ် ကျယ်တယ်

နိုင်အောင်က နားကြပ်ကိုင်ပြီး
မြန်မာ့ပြည်မှာ(အမေရိကန်မပါ) အလကားနေရင်း
လူအထင်ကြီးခံရတဲ့ နားကျပ်ကိုင်လူတန်းစားကလာတယ

မိုးသီးကနာမှာမကြောက်ဘူး 
ကြမ်းတယ်၊ရမ်းတယ်၊ ပြောချင်တာဒဲ့ဒိုးပြောတယ်
စည်းကမ်းမရှိဘူး၊ တပည့်မွေးတယ်

နိုင်အောင်ကနာမှာကြောက်တယ် ပျော့တယ်၊နှော့တယ် 
ဝှေ့လည်ကြောင်ပတ်ပြောတယ်၊
အချောင်သမားမွေးတယ်၊ လပ်ပေးတယ်
ဇာဂနာကိုပေးတယ် မွေးတယ်
အမ်အယ်ဒီကိုပေးတယ် မွေးတယ်

မိုးသီးမှားတာ တစ်ယောက်ထဲ
နိုင်အောင်မှားတာ (၃၈)ယောက်

မိုးသီးရတာ သူများအကျ
နိုင်အောင်ရတာ သူများဟာကိုမ

မိုးသီးရတာ တစ်ဒေါ်လာ 
နိုင်အောင်ရတာ မရေနိုင်ပါ

မိုးသီးနောက်မှာ ရှိနေတာ ရှစ်ဆယ့်ရှစ် 
လမ်းမကြီးပေါ်ကလာတဲ့ရှစ်ဆယ့်ရှစ်
စာနည်းပေနည်း လမ်းပေါ်တက်ရဲ 
လက်ရဲဇက်ရဲ တိုက်ရဲသူတွေက အများသား၊

နိုင်အောင်နောက်မှာ ရှိနေတာ
ဆရာဆရာပညာတတ်တွေအများသား
အချောင်သမားတွေအများသား
အလှူ့ရှင်လဖက်နဲ့မျက်နှာလုပ်ပေးထားတဲ့ 
အိုအက်အိုင်ပညာတော်သင်တွေအများသား

မိုးသီးလည်း မှားခဲ့တယ်
နိုင်အောင်လည်း မှားခဲ့တယ်
မိုးသီးနည်းတယ် နိုင်အောင်များတယ်

ရီးပဲ..မိုးသီး မင်းပြင်လို့ရသေးတယ်
ရီးပဲ..နိုင်အောင်..မင်းလိမ်လို့ရသေးတယ်

မိုးသီး..မင်းဟာပါးစပ်ပိတ်
တိတ်တိတ်နေ မစွာရင်လေ
မင်းဟာမိုးသီး ရှစ်ဆယ့်ရှစ်
ပြန်ဖြစ်မယ်

နိုင်အောင်..မင်းဟာပါးစပ်ပိတ် 
တိတ်တိတ်နေရင်
ကြိုးစင်ကိုလေ မြင်နေရတယ်

မိုးသီးဟာ ရှစ်ဆယ့်ရှစ်ရနံ့
သင်းသင်းလေးကျန်သေးတယ်
နိုင်အောင်မှာ မင်းမှာ
ဒေါ်လာရနံ့ပြင်းပြင်း သင်းနေတုန်းပဲ

ငါလည်းကြားမှာ မနေတတ်မထိုင်တတ်
မိုးသီးဘက်မှာငါရပ်တယ်
ရီးပဲ.. မိုးသီး မင်းဘက်မှာငါရပ်တယ်

မှတ်ချက်၊ ၊မိုးသီးနိုင်အောင်နှစ်ယောက်စလုံးအမှားအတွက်
မကဒတအတွက်တာဝန်ရှိပါသည်ဟုအပြည့်အ၀ယူဆသည်၊
မိုးသီးဘက်မှာငါရပ်တယ် ဆိုတာမှာ နှစ်ခုထဲကတခုကိုလက်ခံရမယ်ဆိုရင် မိုးသီးကိုလက်ခံမည်ဟုကျနော်၏အယူအဆမျှသာဖြစ်ပါသည်၊


  • 175 shares
    • Nicky Shein ရေးတဲ့ကောင်လဲ မှားတယ်၊ ငါဝင်ရေးတာလဲမှားတယ်၊ ရီးပဲဆိုတာ ကဗျာထဲတောင် ထည့်ရိုင်းလာတဲ့ ယဉ်ကျေးမှုကြီး လဲမှားလာတယ်၊ အော် ဆုတ်ခေတ်ကြီးထဲ ရောက်လာခဲ့တဲ့ ယဉ်ကျေးလှတဲ့ လူ့အရိုင်းခေတ် တကျော့ပြန်လာခဲ့ပြီပဲ
    • Maung Chit ‎@ NICKY; He express his freedom of speech. Nothing wrong with that. We need to tell the truth story to the coming generation. Not the fabricated one.
      Saturday at 8:43am ·  · 1
    • Phome Maung ကိုနစ်ကီ
      ရီး..ဆိုတာရိုင်းတဲ့သဘောကိုသွားတာထက် ရင်းနှီးတဲ့ရွယ်တူခြင်းတွေ ရင်းရင်းနှီးနှီးပြောတဲ့ သကေ`်တပါ။ ခင်ဗျားကိုကျနော်တစ်မျိုး အမြင်မကောက်စေချင်ပါ။ ခင်ဗျားရေးတဲ့ကွန်းမင်းကိုလည်း ကျနော်ဆက်ထားပါတယ်။ ကျနော်ဆိုလိုတဲ့..ရီး..ကိုခင်ဗျားနားလည်ဖို့ပါ၊ ချီးထုပ်ကိုတဦးတယောက်တွင်အောင်လုပ်ခဲ့လို့ ကျနော်တို့မြိန်ရေရှက်ရေသေုံးခဲ့ကြတာမမေ့ပါ၊ ကိုအောင်ဝေးရဲ့..ရီ..ကို..ကျနော်ကြိုက်လို့ ရင်နှီးတဲ့အဓိပါယ်ကိုယူသုံးတာပါဗျာ
    • Nicky Shein 
      Nicky Shein




      မဟုတ်ဘူးဗျ၊ ကျွန်တေိာ ကိုအောင်ဝေး ဒီလိုရေးတာကို မကြိုက်နဲ့ အခံနဲ့ ရေးလိုက်တာပါ ၊ကျွန်တော်လဲ ဆဲတတ်ပါတယ်၊ ဆဲတာလောက်တော့ ပြောစရာမဟုတ်ပေမဲ့ ကဗျာတတန် စာတတန် ရေးဖွဲ့ပြီး ထည့်ဆဲတဲ့ ကိုအောင်ဝေး ကဗျာရဲ့ ရပ်တည်ချက်ကို ကျွန်တော် မကြိုက်လို့ ခုလိုဝင်ပြောခြင်းပါပဲ၊ ကိုဖုန်းမောင် စိတ်အနှောင့်အယှက်ဖြစ်သွားတဲ့ အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်၊ ကိုအောင်ဝေးရေးတဲ့ကဗျာ အပေါ် ကျွန်တော့် ခံယူချက်ကို တွေ့တဲ့နေရာ လိုက်ပေါက်ကွဲမိသလိုဖြစ်နေတဲ့ ကျွန်တော့်အတွက် တောင်းပန်ပါတယ်။

No comments:

Post a Comment