Friday, September 21, 2012
ကိုရန်အောင်ခေါ်ထွန်းအောင်ကျော်
by Kyaw Gyi AB on Friday, September 21, 2012 at 8:28pm ·
လွန်ခဲ့တဲ့ ရက်ပိုင်း (မှတ်မှတ်ရရ မိုးသီး လာတဲ့နေ့ )
လက်ဖက်ရည် တစ်ဆိုင်ကနေ ဖုန်းဆက်လာပါတယ် (ကိုအောင်ခန့်  တဲ့)
ဒီဓါတ်ပုံကို သိသလားတဲ့
သူဆိုတာရော သေချာသလားတဲ့
မျက်ရည်ဝဲ မိတယ်
သူ ရန်အောင်ပါ ၊
ကျွန်တော့်ကိုယ်စား သေပေးသွားတဲ့ ရန်အောင်ပါ။
တွေ့ ဘူးသမျှမှာ ကြောက်စရာကောင်းလောက်အောင် ရဲရင့်တဲ့ သူ
အားလုံးကို ညှာတာတတ် အားပေးတတ်တဲ့ သူ
ခေါင်းမပါပဲ ကျင်းထဲက ပြန်ထလောက်အောင် စိတ်ဓါတ်ပြင်းထန် သူ
သူ့ သား ထွန်းအောင်ကျော် အမေရိကန် မှာ ရှိတယ် လို့ မှတ်ထင်ခံရ သူ
ထွန်းအောင်ကျော် တဲ့
ရန်အောင် နဲ့  တူလို့  ရန်အောင် တွင်ပေမဲ့
လုပ်ရပ်တွေက မနုနယ် ၊
သေပွဲမှာလည်း ......ရဲရဲ
Unlike ·  · Share
  • Md Shafee Zinwintun very sad to read this history
  • Ko Lin Wai Aung သူ့ကိုလဲ ထွန်းအောင်ကျော် လို့ခေါ်ပါတယ်...
    2 hours ago · Like · 1
  • Ko Lin Wai Aung မျိုးဝင်းကြောက်ခဲ့တဲ့ မျက်လုံးတွေ......
    2 hours ago · Like · 3
  • Thomas Weggin Field စိတ်မကောင်းပါဘူးဗျာ သိရတာ...
    2 hours ago · Like · 1
  • Kyaw Gyi AB နာမည်ရင်း ပါ။ ထူးဆန်းတာက ခေါင်းဖြတ်ပွဲမှာ ကျင်းထဲက ပြန်ထတဲ့ နှစ်ယောက်လုံးက ထွန်းအောင်ကျော် ဖြစ်နေတာပါပဲ
    2 hours ago · Like · 4
  • Kyaw Gyi AB သူ့ မျက်နှာကို တုတ်နဲ့  အချက်(၃၀)လောက် ဆက်တိုက်ရိုက်ချိန်မှာ မျက်တောင်မခတ် မျက်နှာမလွှဲ မျိုးဝင်း မျက်နှာကိုပြန်စိုက်ကြည့်နေတာ အံ့သြလောက်အောင်တွေ့ ခဲ့ရတယ် ၊နောက်ဆုံး မျိုးဝင်း တုတ်ပစ်ချပြီး ထွက်သွားခဲ့ရတယ်၊ကိုရဲ ပြောတဲ့ မျက်လုံးတွေ
    2 hours ago · Like · 6
  • Nyein Wai ဒီကျိန်စာက
    မလောင်ကျွမ်းသေးတဲ့ ဝိညာဉ်တွေ
    လောင်ကျွမ်းပြီးတဲ့ ဝိညာဉ်တွေ
    အချင်းချင်းဖက်ပြီးငိုကြွေးဖို့ကိုတောင်မှ 
    ခွင့်မပြု ခဲ့လေဘူး။
  • Dogyi NB ကောင်းရာဘုံဘဝမှာငြိမ်းချမ်းကြပါစေ
    about an hour ago via mobile · Like · 5
  • Kyaw Gyi AB မန္တလေး ဘုမ္မိ မှာ ပထမနှစ် တက်ခဲ့ပြီး (၈၈)မှာ မုံရွာ GTI တက်နေတဲ့ ကျောင်းသား တစ်ယောက်ပါ
  • Ko Kyaw Tun ကျွန်တော်ပြုသမျှ ကုသိုလ်အားလုံးရန်အောင် နာမည်နဲ့ အမြဲတမ်းလူခဲ့ပါတယ်။၈၈ နှစ်ပတ်လည်မှာ ဝါဆိုသင်္ကံန်းလူတန်းခဲ့ပါတယ်။
  • K Ki Ki သိမ်းငှက်တကောင်လို စူးရဲတဲ့ အကြည့် တွေ နဲ့ .. စိတ်ဓါတ်လည်း ပြင်းထန်လိမ့်မယ် ဆိုတာ ခန့်မှန်းလို့ ရ ပါတယ်...။
    ရဲဘော် မသေ..သေသော်ငရဲမလား ..တဲ့.၊
    ကျောင်းသားသမိုင်းကို ဖျက်ဆီးခဲ့တဲ့ မိစ္ဆာ ငရဲကျောင်းသားအရေခြုံ တွေ အတွက် လားရာကတိကတော့ ကောင်းမယ် မဟုတ်ပါဘူး ။
  • Tin Min Thein အလေးပြုပါ၏။
    about an hour ago via mobile · Like · 2
  • Dogyi NB တွေးတိုင်းနာကျည်းဒေါသထွက်ခဲ့ရပါတယ်
    ရက်စက်ယုတ်မာသူတစုကြောင့်နိုင်ငံသူရဲကောင်တွေဆုံးရုံးခဲ့ရတယ်
    တမလွန်ဘဝမှာအေးငြိမ်းချမ်းသာကြပါစေ
    about an hour ago via mobile · Like · 3
  • အဲဒါပြော ဒါ ၇က် စက်ကြတာတော် သတ်ချင်လဲ သေနတ်နဲ့ တခါထဲပစ်ပေါ့  ခုမကြားဝံ့ မနာသာ ရှိလိုက်ထာ အဖြစ်ဆိုးမျိုး ဘ၀ဆက်ဆက်မကြုံပါစေနဲ့ 
    35 minutes ago · Like · 1
No comments:
Post a Comment