Wednesday, September 26, 2012

ကိုမိုးစဲ၏ ပြောကြားချက်


  • မိုး စဲ ကိုနိုင်အောင်ကို ထပ်ပြောချင်တာက ကိုဌေးသိန်း(နောင်ကျော်) ဟာ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ ဆိုတာ လေ့လာပါဦးလို့ ဗကပ ယူဂျီဖြစ်ဖို့ဆိုတာ လွယ်လွယ်ကူကူ ဖြစ်တတ်သလား ကိုဌေးသိန်း ဘယ်လိုမျိုးတွေ လုပ်ခဲ့သလဲ ဆိုတာမေးကြည့်ပါဦးလို့ ပြောချင်ပါတယ်။ ကိုနေ၀င်းအောင်ကို ပုဂ္ဂိုလ်ရေးခင်မင်ရင်းစွဲ နဲ့ ဘက်လိုက်ပြီး ထောက်လှမ်းရေး မဟုတ်ကြောင်း အတင်းဝင်ပြောနေတာလဲ မဟုတ်ပါဘူး ကိုနေ၀င်းအောင်ရဲ့ မိဘ မျိုးရိုး အပေါင်းအသင်း အသိုင်းအ၀ိုင်းနဲ့ သူ့ပင်ကိုယ် စိတ်ဓါတ်တွေကို သိသူတိုင်း သူ ထောက်လှမ်းရေးမဟုတ်တာ မဟုတ်နိုင်တာ သိပါတယ်။ ကျနော်သာ ဗိုလ်ချုပ်ခင်ညွန့် ဆိုရင်လဲ ခဏခဏမေ့တတ်တဲ့ ရှေ့သွားရင်နောက်ပြန်မကြည့်တတ်တဲ့ မြန်မာစာတောင် လက်နှိပ်စက်မရိုက်တတ်တဲ့ ဟေးလားဝါးလား ပျော်ပျော်နေတတ်တဲ့ အစားအသောက်ကောင်းမက်တဲ့ ထောက်လှမ်းရေးမျိုးကို မကဒတ တပ်မတော်ကို မလွှတ်ပါဘူး တလွဲတွေ ဖြစ်ကုန်မှာ စိုးလို့ပါ..

    ခင်ဗျား ရဲနီအောင်စိုး ကိုကြားဖူးလား ဖဆပလ အစိုးရလက်ထက်မှာ သေနတ် ၂၁လက် လက်ပစ်ဗုံး တသေတ္တာနဲ့ အစိုးရက ဖမ်းမိတဲ့ သေဒါဏ်အချခံရတဲ့ ဂျပန်တော်လှန်ရေးတုန်းက သခင်စိုးကြီးသွားလေရာ လှေခတ် လိုက်ပို့ အနီးကပ်ပြုစုခဲ့တဲ့ သခင်စိုးကြီးရဲ့ အနီးကပ် အားကိုးရတဲ့ ယူဂျီ ရဲနီအောင်စိုး ဆိုတာ ကိုနေ၀င်းအောင် အဖေ ဗျ..သူတို့အမေကလဲ တဆွေလုံး တမျိုးလုံး အလံနီတွေ သူကိုယ်တိုင်လဲ ရဲမေ သူ့ကိုမွေးဖို့ သူ့အမေက တောထဲကနေ မြို့ပေါ်ကို ခိုးတက် ခြောက်လုံးပြူးကို ပေါင်မှာချည်ထား ကလေးမွေးခါနီးထိ သေနတ် အနားမှာဖွတ်ထားပြီးမွေး သူကို့ ခရမ်းက အမေ့အမ ဆီမှာ မွေးစားဖို့ ပေးထားပြီး တောထဲကို ပြန်ရတာ အဲ့ဒါတွေကြောင့် သူတို့ကို အလံနီ ရဲဘော်တွေက သူတို့အဖေ မရှိတဲ့ အချိန်မှာ တတ်နိုင်သလောက်စောင့်ရှောက်ကြ အားပေးကြတာ
    ခရမ်းကဒီချုပ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းတို့ အဘ ဦးခင်မောင်မြင့်(ပြည်သူ့တိုးတက်ရေးပါတီ)တို့က သူတို့မောင်နှမတွေ ငယ်ငယ်ထဲက မိသားစုလို စောင့်ရှောက်ခဲ့တာ အဲ့ဒီလို လူမျိုးကို မဆလ စစ်တပ်က ထောက်လှမ်းရေးခန့်ရလောက်အောင် မတုံးဘူးဗျ..

    ဒါ.တွေလျှောက်ပြေလဲ လေကုန်ပါတယ်..ခင်ဗျားတို့ တောထဲက အာဏာကို ထိပါးတယ် ထင်လို့ ထောက်လှမ်းရေးလို့ စွပ်စွဲခဲ့ကြတာက အဓိက ပါပဲ.. ခင်ဗျားကိုနေ၀င်းအောင်ကို ထောင် ၁၀ နှစ်ချပြီးမှ ရိုက်ချင်လို့ ရိုက်တာ ဆိုပြီး ၀င်ရိုက်ခဲ့တဲ့ ခြောက်ချက်ကိုတော့ အသည်းအနာဆုံးပဲ လို့ ကိုနေ၀င်းအောင်ပြောတယ် ခင်ဗျားဆီက ကျန်တာတွေ အကြွေးပြန်မရရင်တောင် အဲ့ဒီခြောက်ချက်တော့ ခင်ဗျား ပြန်ဆပ်ရလိမ့်မယ်..လို့ ပြောတယ်ဗျ..

    ခင်ဗျားရဲ့ သမိုင်းမသိ ဘုမသိဘ မသိ အာဏာရူးတာတွေ အတွက် ပွင့်လင်းလာတဲ့ လူ့အဖွဲ့စည်းမှာ ပြန်ကြွေးဆပ်ဖို့ ပြင်ထားပေးတော့လို့ အကြံပေးပါတယ်..

No comments:

Post a Comment