May Thingyan Hein · 3,190 subscribers
Yesterday at 6:58am · - ဒီနေ့ မိတ်ဆွေတယောက်က ပို့ပေးလိုက်တဲ့
ဆရာမောင်စိန်ဝင်း ပုတီးကုန်းရဲ့ ကဗျာကို ဖတ်လိုက်ရတာ
ကျမ တော်တော်လေး အားတက်သွားရတယ်၊
မြောက်ပိုင်း ကိစ္စနဲ့ပတ်သက်ပြီး အင်တာဗျူးတွေ လုပ်နေတဲ့ ကျမကို
ဆက်ပြီး မရေးဖို့ စိတ်ပူစွာနဲ့ ပြောတဲ့ သူတွေ၊
ဆက်မရေးဖို့ ပေါ်ပေါ်ထင်ထင် တားမြစ်နေတဲ့ သူတွေ၊
ဆက်မရေးပါနဲ့ လို့ ခြိမ်းခြောက်ပြောဆိုတဲ့ သူတွေ၊
နောက်ဆုံး ဒေါက်တာ နိုင်အောင်ဆီကနေ ငွေ ၁၀
သိန်းယူပြီး ရေးတယ်ဆိုပြီး ကျမကို သက်သက်မဲ့ သိက္ခာကျ အသရေ
ဖျက်တဲ့ သူတွေ အမျိုးမျိုးကြုံရပါတယ်။
(ဘာဖြစ်လို့များ မရေးဖို့ ဒီလောက်ထိ
ဝိုင်းတားနေကြတာလဲဆိုတာကို စဉ်းစားရင်း....)
ကျမ စိတ်လည်း ညစ်ခဲ့တယ်။ စိတ်ဓါတ်လည်း ကျခဲ့တယ်။
ဒါပေမဲ့ ကျမ ဆက်ပြီးတော့ရေးဖြစ်ဖို့ ကိုယ့်ကိုယ်ကိုလည်း
အားတင်းရင်း မြောက်ပိုင်းက ကျောင်သား၇ဲဘော်ဟောင်းတွေနဲ့
လည်းတယောက်ပြီး
တယောက် တွေ့ခွင့်မေးခွင့်ရအောင်ကြိုးပမ်းရင်းနဲ့ ရှေ့ဆက်ခဲ့တယ်။
ရှေ့ဆက်ပြီးတော့လည်း ဖတ်ကြရမှာပါ။
ဘာပဲပြောပြော ဒီနေ့ ဖတ်လိုက်ရတဲ့ ကဗျာလေးက ကျမကို ရှေ့ဆက်ဖို့
စိတ်ဓါတ်ရော...အားအင်ပါ ပေးလိုက်တာပါပဲ။
ငှက်တို့ရဲ့ တေး
---------------------
မလိုက်ရဲရင်လည်း...
အသိုက်ထဲမှာပဲ ကျန်ခဲ့လေ...။
တစ်နေ့ နီးမှာပေါ့...
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်၊
(ငှက်ဆိုတာကတော့ ).... ပျံရင်းသေ။ ။
ကဆုန်စိုင်းသလိုပေါ့....
မုန်းတိုင်းက ရှေ့မှာမွှေ...
တောမီးတွေက ရှေ့မှာဝိုင်း..။
ခြင်္သေ့က မြက်မစား.....
ကျားက ကြွက်မချောင်း...
ဖွတ်တွေက မိကျောင်းလို မနေ...၊
အိုးဝေ...အိုးဝေ.... တွန်သံနှောလေတဲ့...၊
စိမ်းမြညို ဟောဟိုတောဆီသို့.... .
အမောခံ ဇောမာန်တင်းပါလို့---
ပျံရင်းသေ ခရီးဆက်မယ်...တဲ့...
အဲဒါ ... ....အဲဒါ - - - -
ငှက်တွေရဲ့  - - သမိုင်း - - - ။ ။မောင်စိန်ဝင်း(ပုတီးကုန်း)
အဲလိုပဲ ကျမတို့ဟာ ကိုယ့်သမိုင်းကိုယ်ရေးကြမဲ့ သူတွေပါ။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်စွာဖြင့်
မေသင်္ကြန်ဟိန်
No comments:
Post a Comment