Monday, September 24, 2012

တခါလာလဲ ဒီမွဲပြာပုဆိုးပဲ...။

ဗိုလ်ချိုဗျ... ထောက်လှမ်းရေးက ဘယ်တော့မှ အသေမခံဘူး... မသကာ အခြားလူကိုသာ ထိုးကျွေးပစ်လိုက်တာ... အခုထိ ဒီလူတွေထဲမှာ(ဒီလူတွေပဲလားတောင်မသိဘူး)သူလျိုက ရှိနေတယ်... ဆိုပါစို့... ၁၅ယောက်က သူလျိုမို့လို့ သတ်ခဲ့ပါသတဲ့... ဘာအထောက်အထားမှ မရှိဘူး ဘလိုင်းတွေ သတ်ခဲ့တာ... ရှိရင်ချပြပြီး ရှင်းလို့ ကျုပ်တို့တောင် မော်စကို ရောက်နေလောက်ပြီ... အခုသေတဲ့မိသားစုဝင်တွေ၊ ၈၈၈၈ရဲဖော်ရဲဖက်တွေက၊ ဓါတ်ပုံတွေ စာတွေ ဝေဝေဆာဆာ ရေးတင်နေတယ်ဗျာ... ဥပမာ-ကသာဆိုတဲ့ မြို့က စက်ဘီးနဲ့ ငါးမိနစ်တောင် မပတ်ရဘူးဗျာ... ကျနော်
ဆို မြစ်ဆိပ်မှာ ရေချိုးရင်း ရန်ဖြစ်လို့ အိမ်ပြန်မရောက်သေးဘူး အမေက ဒုတ်နဲ့စောင့်နေပြီ... ကျောင်းက ဆရာမတွေဆိုရင် ကျနော့်ရုပ်ကြည့်ပြီး ဟဲ့အကောင် နင်ဦးဘယ်သူ့ မြေးမှတ်လား၊ ဘယ်သူသားမှတ်လား၊ နင့်အဘိုးက ဘယ်လို၊ နင့်အဖေက ဘယ်ဒင်းနဲ့ အဖေဘက် အမေဘက်က ဆွေမျိုးခုနစ်ဆက်တောင် သိကြပါသဗျာ... ကျနော်က ကျနော်တို့ နယ်က အကိုအမတွေ အတွက် တိတိကျကျ ထောက်ခံနိုင်ပါသဗျာ... ထောက်လှမ်းရေးဆိုတာ တိတိကျကျ ဒီဘဲတွေ သိရင် ပေါ်သွားတာ ကြာပေါ့ဗျာ... အခုထိတောင် ဟိုလူ ဒီလူ ထင်တယ်နော်... ငါထင်တာ ဒီကောင်လားမသိ ဆိုတဲ့ အပိုင်းတွေ လက်ရှိအေဘီထိ ရောဂါပိုး ကူးသလို ကူးနေတယ်ဗျ... အဲ့ဒီ၉၂လောက်က ထလရ လုပ်ခဲ့သူရဲ့ လက်စလက်န သံသယတခုခု ပေါ်ခဲ့ကျန်ခဲ့လိမ့်မယ်ဗျ... ဒါကို ရှင်းဖို့ ဒီလူက သူအပါအဝင် ဂရုတခုကို အပီအပြင်ဖွဲ့ပြီး အခြားသူတွေကို ထိုးကျွေးခဲ့ သတ်ခဲ့လိမ့်မယ်... ၈၈ ဖြစ်ပြီးကာစ တောခိုကာစဆိုတော့ သူလျို အသံကြားရင် ဘယ်သူမှ မနေဘူးဗျာ... ဆော်သာဆော်လို့ ပြောကောင်း ပြောခဲ့လိမ့်မယ်... အဲ့ဒီမှာ အကွက်က ဝင်သွားခဲ့ပြီလေ... အခုအေဘီတပ်ဖွဲ့ဝင်ဟောင်းတွေ လက်ရှိအဖွဲ့ဝင်တွေ အထိကို ဒီလူက ရှိနေပြီး နဲနဲပါးပါး ခြေရာလက်ရာ ပေါ်တာနဲ့ အခြားလူကို ထိုးကျွေးပြီး သူကတော့ ပန်းပန်လျှက် ရှေ့ဆက်နေပါတယ်... သံသယဆိုတာ သိပ်ကြောက်ဖို့ကောင်းတယ်... အခုဗိုလ်ချို စောင့်ကြည့်ထားပါ... ဒီပြသနာကို မေးမှိန်သွားအောင်လုပ်သူ၊ ဒီပြသနာ မပေါ်ပဲ အခြားဘက်ကို ယိုင်ဆင်းသွားအောင်၊ ဒီကိစ္စလိုက်နေသူတွေ ယောင်သွားအောင်၊ ဒါတွေက ဒီလိုတွေ ရှိတယ်နော်ဆိုပြီး ချပြပါလိမ့်မယ်... အေဘီတွင်း မရှင်းနိုင်ခဲ့လို့သာ အခုလို လူသိရှင်ကြား အုတ်အော်သောင်းနင်း ဖြစ်ခဲ့တာပါ... အေဘီဝင်ဟောင်း/သစ်တွေထဲက ဒီကေ့စ်က ပါးပါးလေးပါလို့များ ဆိုလာခဲ့ရင် ဒီလူတွေကို ဗိုလ်ချိုသတိထားပါ... ကျနော်ပြောသမျှလဲ မယုံပါနဲ့ အခြားသူပြောရင်လဲ စဉ်းစားပြီး ချင့်သာယုံပါလေ... ဒီကေ့စ်ပေါ်သွားမှာ ကြောက်သူတွေကတော့ အထက်က ကျနော်ပြောသလို လူတွေပါ... ဒီလူတွေက တကယ့်နေရာကနေ ကစားသွားတာပါ...
1Like · ·

No comments:

Post a Comment