Monday, September 24, 2012

ကိုဇော်နိုင့်ဆုံးမစာ


  • မိုးသီးဇွန် ၊ဒေါက်တာနိုင်အောင် တို့ ကို အကြံပြုခြင်း။
    ကျနော်က စာရိုက်နှေးတာရယ်၊စကားကိုလည်လည်ပတ်ပတ်မရှိတာတွေကြောင့် လိုတိုရှင်းဘဲ
    ပြောရေးပါရစေ။
    ဘယ်လို အခြေအနေကြောင့်ဘဲ ကျောင်းသားတပ်ရဲ့ အကြီးအကဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ဒီမိုကရေစီတိုက်ပွဲ
    စဉ်ထဲမှာ ဦးဆောင်သူတွေဖြစ်ခဲ့ကြတာဘယ်သူမှ ငြင်းလို့ မရတာ၊မင်းတို့ သမိုင်းကြောင်းပါ။
    ကျောင်းသားတပ်မတော် မြောက်ပိုင်းနဲ့ ဗဟိုဌာနချုပ်မှာ သတ်ဖြတ်မှုတွေနဲ့ ပါတ်သက်နေတယ်လို့ စွပ်စွဲခံနေရတဲ့  အရိပ်မဲကြီးက နောက်မှာတကောက်ကောက်လိုက်နေတယ်။
    အဲဒါရဲ့ မကောင်းတဲ့ အကျိုးဆက်က မင်းတို့ မြန်မာပြည်ပြန်တော့ ရှင်ရိုသေ။လူရိုသေဖြစ်တဲ့
    ဒေါ်စုက လက်ခံတွေ ဘို့  ရှောင်နေတယ်။၈၈မျိုးဆက်တွေက တွေ့ တော့တွေ့ တယ် ။
    ခပ်အင်တင်တင်။
    ဦးသိန်းစိန်က ငြင်းလိုက်တယ်။
    ဒါတွေဟာ စွပ်စွဲခံနေရတဲ့ မကောင်းတဲ့ အကျိုးဆက်ဘဲ။
    ဒါကြီးကို ရှင်းလင်းအောင်မလုပ်နိုင်ရင်နောင်မှာလဲ လူ အတော်များများက ရှောင်ဖယ်နေကြတဲ့
    အဖြစ်ကို ရင်ဆိုင်နေကြရမှာဘဲ။
    ကိုယ်ကို ကို စိတ်ဖြေပြီး လူတွေကြိုကြတာဘဲ။လာတွေ့ ကြတာဘဲလို့  ပကတိကို သိသိနဲ့ မရှောင်ကြနဲ့ 
    ဘယ်သူတွေ၊ဘယ်လို လူတွေ လာတွေ့ ကြ၊ကြိုဆိုကြတာ မင်းတို့ သိနေတာဘဲ။
    ကဲ၊ လိုရင်းကို ပြန်ကောက်ကြရအောင်။
    ကျောင်းသားတပ်မတော်မှာတုံးက မင်းတို့ ရင်ဆိုင်ခဲ့ကြရတာတွေကို။မင်းတို့ နေရာမှာ ။
    အဲ့ဒိအချိန်က ဘယ်သူမဆို ရှိနေ၇င် ၊မင်းတို့ လိုဘဲ ဒီနေ့ ရင်ဆိုင်နေကြရမယ်ဆိုတာ လူတိုင်း
    သဘောပေါက်ပါတယ်။
    ခက်တာက မင်းတို့ ကအမှန်ကို ရဲရဲမပြောဘဲ ဝေ့လည်ဝေ့လည်လုပ်နေတော့ ပိုရှုပ်သွားတာပေါ့ကွာ
    ပထမ၊
    နိုင်အောင်ကို ဆွေးနွေးပြမယ်။
    မျိုးဝင်း ၊သံချောင်း၊အောင်နိုင်တို့ က မင်းအမိန့် မပေးလဲ သတ်မှာဘဲ ။သေတဲ့ လူတွေက လူစဉ်မမှီတော့ဘူး။အမိန့် ပေးမိရင်လဲ ပေးတယ်။ မပေးခဲ့ ရင်လည်းမပေးဘူး။ရဲပြောချလိုက်ပါ။
    ဒါးခွင်မှာ ရက်စက်ခဲ့တာတွေကို ဘယ်လို တာဝန်ယူတယ်၊မယူဘူးပေါ့။အောင်သူ (၂၀၉ )
    ကိစ္စက ဘယ်လို ပေါ့ ရဲရဲသာပြောချလိုက်ပါ။ မင်းကို မြန်မာပြည်နိုင်ငံရေးက ပြန်ကြိုဆိုလာပါလိမ့်မယ်။
    ဒုတိယက မိုးသီးဇွန်။
    မင်း ။ဌေးနိုင်ကို ဘာကြောင့်ဖမ်းတယ်။သတ်မိန့် ပေးတယ်၊မပေးဘူးရဲရဲပြောပါ။
    ငါသိနေတာဘဲ။ဒီအမှုက သူများချီးပုံခွထိုင်ပြီး ငါ့ချီးပုံလုပ်နေတာ။
    မလုံတဲ့  ဖြေရှင်းမှုတွေဖြစ်တဲ့  ဘုရားရှစ်ခိုးအပြီးဌေးနိုင် သူ့ ကိုယ်သူ သတ်သေသွားတယ်မလုပ်ပါနဲ့  ငါပြောမယ် ။ဌေးနိုင်မသေခင်မှာ ၊ရဲဝင်းလေး ( သန်းဝင်းယောက်ဖ )နဲ့ အောင်ခိုင် ( ၂၁၆ )တို့ ဌေးနိုင်ကို တက်လုမယ်လုပ်နေတာလည်း ။ငါအနီးကပ် သိနေတာဘဲ.ဒီကောင်တွေ ဌေးနိုင်ကို
    ဖမ်းပြီး မင်းတို့ ကို သူလျှိုထွက်ခိုင်းမှာလည်းငါသိနေတာပါဘဲ။ ကံမကောင်းရင် ငါပါ သူလျှိုထပ်ဖြစ်နိုင်တာဘဲ။
    နောက်တခုက အဲ့ဒိအချိန်မှာဌေးနိုင်ဟာ အတော်မသန်စွမ်းဖြစ်နေပြီ။ သူ ဟာ သူ သတ်သေနိုင်လောက်အောင် အင်အားမရှိတော့ဘူးလေ။
    မင်းသတ်မိန့် မပေးဘဲ ဘယ်သူတွေက ဘယ်လို လုပ်လိုက်တာကို မင်းဘဝလျှောက်လုံး
    ထုတ်မပြောရဲဘဲ။ လူထုကျဉ်ဖယ်တာ ခံတော့မှာလား။
    ကဲ နှစ်ယောက်လုံးကွာ။
    အမှန်ပြောလို့  ( အကယ်လို့ ပေါ့ကွာ )အပြစ်ကျလိုက်ရတာကမှ တော်ပေဦးမယ်။
    တသက်လုံး ကျဉ်ဖယ်ခံနေရတာက ထောင်ထဲနေရတာထက်ဆိုးနေတယ်။
    မင်းတို့ ထောင်ကျမယ်လို့ ပြောတာမဟုတ်ဘူးနော်။ ဘဝရဲ့  လွတ်လပ်မှုကိုပြောပြတာ။
    ငါ အမှန်တရားဘက်က ဝင်ပါမယ်။
    မင်းတို့  သူများချီးပုံကို ။ငါ့ချီးပုံဆက်မလုပ်ပ်နဲ့ ကွာ။မင်းတို့ ကိုချစ်၊မုန်းမရှိဘဲ အကိုကြီးကပြောနေပါတယ်။
    ဖေ့ဘုပ်ပေါ်မှာ ဖတ်နေရတဲ့ လူတချို့ က အမှန်ကို သိဘို့ ။ရောထွေးနေကြတယ်။
    မင်းတို့ ကိုတွန်းလဲမချဘူး။ကယ်ထုတ်မှာလဲမလုပ်ဘူး။ အမှန်ကို ငါ သစ္စာဆိုပြောလိုက်ပါမယ်။။
    17Unlike ·  · 
    • You, Soe LynnKyaw Phyo WaiK Ki Ki and 4 others like this.
    • Tawwat Wat ကိုဇော်နိုင်လို အကိုကြီးတစ်ယောက်က သံယောဇဉ်နဲ့ ပြောနေတာကို လက်ခံလိုက်ပါဗျာ။ အရမ်းမှန်ပါတယ်။
    • Phome Maung နိုင်အောင်ကတော့မရတော့ဘူး၊ သူကြိုးသူကျစ်နေပြီလေ၊ မိုးသီးကတော့ သူများချီးပုံပေါ်ထိုင်ရင် နံလည်းနံတယ်၊ ပေလည်းပေနိုင်တယ်၊ ဘယ်သူမပြုမိမိမှုပေါ့ကွာ၊ နိုင်အောင်တို့ကဌေးနိုင်ကိုအရလုပြီး မိုးသီးအမာခံတွေကိုချကြွေးမလို့ဆိုတာ ငါတို့နားလည်ပြီးသား၊ မိုးသီးအနားမှာ အမာခံတွေမရှိရင် မိုးသီးကနိုင်အောင်ရဲ့ အောက်ကိုအလိုလိုရောက်သွားမဲ့သဘောပေါ့ကွာ၊ ဒီကောင်တွေအုပ်စုအသုံးအဖြုန်းကြီးတာတွေ ငါတို့အားလုံးအသိပဲ၊ သေသွားတဲ့ဆရာလေးဆိုရင် ညညသူတို့ဆရာတွေအတွက် အမိုးတို့ဆိုင်မှာ ညစားရိက္ခတွေကို ၀ယ်ပြီးလာတော့ ငါတို့လမ်းကဖြတ်ပြီး ဆက်ကြေးကောက်ဘူးတယ်၊ ဆရာလေးဆီက စီးကရက်တစ်ချို့ အချို့မှုန့်တွေ ရဘူးပါတယ်၊ဟားဟား တကယ်ရီရတဲ့ကောင်တွေပဲ။ ကိုယ်ကောင်းစားဖို့အတွက် သူများတွေကို ချကြွေးတဲ့စောင်ကျင့်ဆိုးတွေ၊ ပြီးတော့သူခိုးကလူဟစ်သေးတယ်၊ တော်လှန်ကော်မီတီပေါ်လာတဲ့ အဲဒီစောင့်ကျင့်ဆိုးတွေကို မကြိုက်လို့ ထကြွတဲ့သဘောပဲ
      23 hours ago · Like · 1
    • Zaw Naing မိုးသီဇွန်။မင်းပြည်တော်မပြန်ခင် E mail ကနေ မြန်မာပြည်ထဲရောက်ရင် ရင်ဆိုင်ရမှာတွေကို အကိုကြီး ကြိုပြောတယ်။မင်း တခါမှ မပြောဘူးတဲ့ အခေါ် ဟေ့ကောင်ဇော်နိုင် ဘာညာပေါ့။အထဲရောက်တော့လက်တွေ့ကြုံရတယ်မဟုတ်လား။အကိုကြီးက ရွှေကနဖော့ရိုးနဲ့ ဆုံးမလို့ မရရင် ၊ဝါးရင်းတုတ်နဲ့ ထရိုက်တတ်တယ်နော်။မဆလ၊ နဝတ၊နအဖ၊တို့ ကရန်သူနော်။အမြင်မတူတဲ့ ၊ ရိုးသားမှုခြင်းမတူတဲ့ တော်လှန်ရေးထဲကလူတွေက မင်းရန်သူမဟုတ်ဘူးနော်။ဌေးနိုင်ကိစ္စမှာ ဘယ်သူက ရန်သူ၊ဘယ်သူကရန်ဘက်မဟုတ်ဘူးဆိုတာ ၂၀၀၆တုံးက တို့ ၂ယောက်ခြင်းပြောခဲ့ကြဘူးတယ်နော်၊မမေ့နဲ့ 
    • Dogyi NB ကကိ

No comments:

Post a Comment