Monday, September 24, 2012

”ဒေါက်တာနိုင်အောင် ဆီသို့ ရေးတဲ့ စာ ”(ကိုနေ၀င်းအောင်၏ ညီမ အရင်း)

by အိုးဝေအောင် အိုးဘားမား on Saturday, September 22, 2012 at 2:44pm ·
”ဒေါက်တာနိုင်အောင် ဆီသို့ ရေးတဲ့ စာ ”(ကိုနေ၀င်းအောင်၏ ညီမ အရင်း)

”ABSDF (တောင်ပိုင်း)က ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင်ကတော့
ထောက်လှမ်းရေးဆိုတာ သေချာပါတယ်..” တဲ့လား... Dr နိုင်အောင်။

မီဒီယာစာမျက်နှာထက်ကနေ ပြောလို့ရတယ်ဆိုပြီး အပိုင်ကိုပြောချ
လိုက်ပါတဲ့ ပြည်တော်ပြန် နိုင်ငံရေးလုပ်စားသူကြီး ကိုနိုင်အောင်ရေ….။

ABSDF (တောင်ပိုင်း) အုပ်စုက မြောက်ပိုင်းလောက် အုပ်စု မတောင့်
၊သေသူသေ၊ ရှင်သူက တပြည်တရွာစီမှာ တကွဲတပြား ..ကိုယ့်စားဝတ်နေရေး ကိုယ်
ရုန်းကန်နေကြရတော့ ပြန်မဖြေရှင်းလောက်ဘူး
ဆိုပြီး ..အဲဒီချိန်က တော်လှန်ရေး လုပ်ဖော်ကိုင်ဖက်ချင်းကို ထောက်လှမ်းရေးလို့ စွပ်စွဲပြီး သတ်
ဖြတ်နှိပ်စက် ....ဒီလူတွေကို နိုင်ငံရေးသေအောင် သတ်ခဲ့ပြီးတာတောင်
အခုမြန်မာပြည် နိုင်ငံရေးမှာ သူရဲကောင်း ဖြစ်ချင်သူကြီးက ထပ်ပြီး မြေမြှုပ်လိုက်
ပြန်တာလား။

ကျွန်မဟာ အသက်(၅၁)နှစ်ရှိတဲ့ အိမ်ထောင်ရှင်မ တယောက်ပါ၊
နိုင်ငံရေးနားမလည်ပါဘူး၊

ရှင် ထောက်လှမ်းရေးလို့ပြောတဲ့
လုပ်သားကောလိပ်၊မြန်မာစာဌာနက ဆရာကိုနေ၀င်းအောင်ရဲ့ ညီမအရင်းပါ။

။တောထဲမှာ ကျွန်မအစ်ကို သေပြီလို့တောင် ကြားခဲ့ရပြီးမှ ထောက်လှမ်းရေးလို့ စွပ်စွဲခံရ
ပြီး နှိပ်စက်ခံခဲ့ရတာတွေ ..စွပ်စွဲနှိပ်စက်သူက ABSDF မှာတာဝန်အရှိဆုံးလို့
ဆိုတဲ့ Dr နိုင်အောင်ဆိုတာ အခု ပါဂျောင်ရှင်းတမ်းမှာ ထပ်ကြားရသလို..

မိုးသီးဇွန်နဲ့နိုင်အောင် နယ်လု၊အာဏာလုရာကနေဖြစ်တဲ့ နိုင်ငံရေးလှည့်ကွက်
ကလိမ်ကကျစ်တွေထဲမှာ ဓားစာခံဖြစ်ပြီး စွပ်စွဲခံရတာလို့ တဆင့်
စကားကြားခဲ့ရတယ်။

ရှင် ဂျာနယ်စာမျက်နှာထက်မှာ ၀န်ခံသလို.. ထောက်လှမ်းရေးဆိုပြီး
နှိပ်စက်၊ထောင်(၁၀)နှစ်ချ၊အချုပ်ထဲမှာ ကျွန်မအစ်ကိုနဲ့ ကိုစိုးလင်း
အပါအ၀င် ထင်ကျော်၊မြင့်ဦး တို့ဟာ ..”ဒီတခါ စခန်းတစ်ခုကတစ်ခု ပြောင်းရင်တော့
ငါတို့ကို အသေသတ်ပြီး ထားခဲ့တော့မှာ” ဆိုပြီး အချုပ်ခန်းဖောက်ထွက်ပြေး
လို့လွတ်မြောက်ခဲ့ရတာပါ၊

အချုပ်ထောင်ကျနေစဉ် ရှင်ကတော့ ဂျာနယ်စာ
မျက်နှာထက်မှာအကျဉ်းသားအခွင့်အရေးပေးခဲ့တယ်လို့ ရေးခဲ့ပါတယ်။

ရှင်တို့ရဲ့ တောတွင်းအကျဉ်းခန်းမှာကျခဲ့ရတဲ့ ကျွန်မအစ်ကိုကတော့ သူ့ကို
နှိပ်စက်တာ၊သူများကို နှိပ်စက်တာ၊တချို့မိန်းကလေးတွေကို ပြုကျင့်ဆက်ဆံ
ခဲ့တာတွေကြောင့် တခါတလေ ချက်ချင်းသေသွားရင်ကောင်းမယ်လို့ ကိုယ့်
ဘာသာကိုယ် တွေးမိတဲ့ အထိ သွေးပျက်မတတ် ငရဲခန်းအနိဌာရုံတွေကို တွေ့
ကြုံခံစားခဲ့ရပါတယ်..တဲ့။

 ”ကျောင်းဆရာကို ရိုက်ဖူးတယ်ရှိအောင် ရိုက်ကြစမ်းကွာ”ဆိုပြီး
ကျောင်းသားငါးယောက်ကို ၀ိုင်းရိုက်ခိုင်းပြီး အပျင်းဖြေတာ ဘယ်သူပါလဲ။

ကိုနိုင်အောင် ၊ရှင်ရော Dr သောင်းထွန်းကရော တရားဥပဒေအရ စစ်ဆေးခံရရင်..

”အဲဒီအချိန်မှာ တာဝန်ရှိခဲ့တဲ့ စစ်ထောက်လှမ်းရေးတွေပါ ၀င်ဖြေရှင်းသင့်တယ်” ပြောတာ
ကျွန်မတို့က သိပ်ထောက်ခံတာပေါ့ရှင်၊

ရှင်တို့ကကျွန်မအစ်ကို ကို တောထဲမှာ သမချင်သလို သမ နေခဲ့သလိုဘဲ
ကျွန်မတို့ မိသားစု၊ဆွေမျိုးစုမှာ အဲဒီထောက်လှမ်းရေးတွေရဲ့စစ်ဆေးဖမ်းဆီး
ဒဏ်ကို ခံခဲ့ရတာပါ။ကျွန်မဆို အဲဒီချိန်က ဘိုကလေးမြို့ တိုင်းရင်းဆေးခန်းမှာ
တာဝန်ကျနေတဲ့ အစိုးရ၀န်ထမ်း တယောက်ပါ။ဆရာမကို ထောက်လှမ်းရေး
ဆွဲသွားတယ် ဆိုပြီး နာမည်ကိုကြီးလို့။မအူပင်ထောက်လှမ်းရေးတပ်ကိုခေါ်
သွားပြီး အစစ်ခံခဲ့ရတာ အဲဒီချိန်က ကျွန်မကို စစ်မေးရင် နင့်အကို သူပုန်ဆို
တာ ထပ်နေတာပဲ။
ကျွန်မအစ်ကို ဘယ်မှာရှိနေလဲ။ဘာတွေလုပ်သလဲ။ဘယ်သူ
တွေနဲ့ ဆက်သွယ်လဲ ဆိုတာ အမျိုးမျိုး ခြိမ်းခြောက် စစ်မေးခံရတယ်။

ကျွန်မတို့ရဲ့ အိမ်ထောင်ဦးစီး အစ်မကြီးကိုတော့ ရန်ကုန်အိမ်ကနေ နှစ်ညအိပ်
သုံးရက်ခေါ်သွားပြီး အတော်အတန် နှိပ်စက် စစ်မေးခံရပါတယ်။အဲဒီစစ်ဆေး
ခံရတဲ့ ဒဏ်ကြောင့် မျက်လုံးတဖက် ဒဏ်ရာရပြီး ကွယ်လုနီးပါးဖြစ်သွားခဲ့ပါ
တယ်။ခြေထောက်နှစ်ဖက်မှာလည်း မျဉ်းလုံးနဲ့အလှိမ့်ခံထားရလို့အညိုအ
မည်းစွဲပြီး ခုထိ အဆစ်အမြစ်တွေ နာနေတုန်းပါ။ ကျွန်မ အခုရေးပြနေတဲ့ နှိပ်
စက်ခံရမှုကတော့ရှင်တို့ တောတွင်းဥပဒေနဲ့ စစ်ဆေးခံရပုံနဲ့မိုးနဲ့မြေကွာ
နေမှာပေါ့နော်။
ရှင်တို့ ၀ိုင်းနှိပ်စက်လိုက်တဲ့ မီမီခိုင်ဆိုတဲ့ မိန်းကလေး ဘယ်လိုဖြစ်ခဲ့ရတယ်ဆိုတာ
တောတွင်းမှာလဲ လူ့အခွင့်အရေးပေးခဲ့ပါတယ် ဆို
တဲ့ ရှင်တို့အသိဆုံးပါဘဲ။
စစ်ထောက်လှမ်းရေးက အဲဒီအချိန်မှာ ကျွန်မအစ်ကို ကို အသေရရ အရှင်ရရ
ဖမ်းချင်တယ်ဆိုတာ သူတို့အချင်းချင်းပြောဆိုမှုတွေ
အရ ကျွန်မတို့ကို စစ်ဆေးမှုတွေအရ သိခဲ့ရတာပါ။

ဒါပေမဲ့ ကျွန်မ အစ်မ ကိုရော ..ကျွန်မ(အဲဒီတုန်းက အပျိုပါ) ကိုပါ မုဒိမ်းလဲ မကျင့်ပါဘူး၊
မီမီခိုင်လိုဆေးလိပ်မီးနဲ့ အထိုးခံရတဲ့ ဒဏ်ရာ၊ရင်သား၊ဆီးစပ်တွေမှာ မရှိပါဘူး။

ကျွန်မတို့ ၀န်ခံထွက်ဆိုထားချက်တွေကို လက်မှတ်ထိုးခိုင်းထားတာ သူတို့
ဆီမှာရှိနေမှာပါ။ဒါကြောင့် အဲဒီအချိန်က ထောက်လှမ်းရေးတွေကိုလည်း
ကျွန်မတို့အစ်ကို ထောက်လှမ်းရေး ဟုတ် မဟုတ် အစစ်ခံစေချင်တယ်ဆိုတဲ့
ရှင်တို့စကားကို သိပ်ထောက်ခံပါတယ်ရှင်။
အဲဒီအချိန် ပုဇွန်တောင်မြို့နယ်
မှာတာဝန်ကျပြီး ကျွန်မတို့ ဆွေမျိုးတစ်စုကို ဒုက္ခတွေပေးခဲ့တဲ့
ထောက်လှမ်းရေးတွေပါ ပါဝင်သင့်တယ်။
ကိုယ်လုပ်ခဲ့တဲ့ အမှားကို ၀န်ခံလိုက်စမ်းပါ။ယောက်ျားတွေပဲ။

အဲဒီအချိန်တုန်းက မှားခဲ့ပါတယ်လို့သတ္တိရှိရှိ ၀န်မခံဘဲ ခုချိန်ထိ ကလိန်ကကျစ်
နိုင်ငံရေးလုပ်စားဖို့ကြိုးစားနေတုန်းပါလား။
နိုင်ငံရေးအပေါ်ဆက်ပြီး
အမြတ်ထုတ်နိုင်ဖို့ ကြိုးစားနေသေးတယ်နော်။
ABSDF(မြောက်ပိုင်း)က အုံနဲ့သင်းနဲ့ အဖြစ်မှန်တွေကို အထုပ်ဖြေပြသွားပြီဖြစ်လို့
ရှင်ဘယ်လိုမှ ငြင်းလို့မရနိုင်ဘူးလေ။

အဲဒီတော့ ကိုစိုးလင်းနဲ့ကိုနေ၀င်းအောင် တို့ကတော့ ABSDF (တောင်ပိုင်း)
ထောက်လှမ်းရေးတွေပါလို့ မိုးကြိုးကို ထန်းလက်နဲ့ကာလိုက်ပြန်တာပေါ့။

ရယ်စရာကြီးပေါ့။ရယ်စရာကြီးပါ။ကိုနိုင်အောင် မရှက်တတ်ဘူးလား။

”ငါတို့သေအောင်နှိပ်စက်တာ မသေလို့ ကျန်နေတဲ့ ဒီကောင်တွေ ပြန်မဖြေရှင်းရဲ
လောက်ဘူး”ထင်ပြီး မီဒီယာ စာမျက်နှာထက်တင်လိုက်ကြတာပေါ့လေ။
ဟုတ်ပါတယ်၊တကယ်လဲ ကျွန်မအစ်ကိုဟာ နိုင်ငံရေးကိုစိတ်ကုန်သွားပါတယ်။
စိတ်ဒဏ်ရာ၊ကိုယ်ဒဏ်ရာတွေနဲ့ ည-ည ဆို ထ-ထ လန့်အော်ပြီး ပြန်မအိပ်
နိုင်တော့အောင် စိတ်ဒဏ်ရာတွေရသွားခဲ့ပါတယ်။ဒါပေမဲ့ ကိုယ့်သမိုင်းကိုယ်
ရှင်းရမယ်။အမှန်တရား ပေါ်စေရမယ်ဆိုပြီးသူတို့လဲသူတို့နည်းနဲ့ သူတို့
ဖြေရှင်းပါလိမ့်မယ်။
ကျွန်မကတော့ ရှင်တို့ဂျာနယ် အစောင်စောင်မှာပြောသလို ..”စစ်မှန်
တဲ့ တရားဥပဒေရှိရင် ဖြေရှင်းမှာပါ” ဆိုတာရယ်၊”စစ်ထောက်လှမ်းရေးတွေပါ
ပါဝင်ဖြေရှင်းသင့်တယ်”ဆိုတာရယ်ကို ကြိုဆိုထောက်ခံမျှော်လင့်နေပါတယ်။

တောတွင်းကနေ တော်လှန်ရေးလုပ်မယ်ဆိုပြီး တောခိုသွားမှ ရှင်
တို့ရဲ့ နိုင်ငံရေးလှည့်ကွက်တွေထဲမှာ ရက်ရက်စက်စက်အသတ်ခံသွားရတဲ့
ကိုထွန်းအောင်ကျော်၊ကိုချိုကြီး၊ဦးစိန် တို့လိုလူတွေ ။

အသက်မသေပေမဲ့ ဒီနိုင်ငံထဲမှာဘဲ ဘ၀ပျက်နေခဲ့သူတွေ၊
စစ်အစိုးရကိုလဲ ကြောက်၊
ရှင်တို့လိုက်သတ်မှာလဲ ကြောက်ပြီး
ကိုယ့်တိုင်းပြည် မဟုတ်တဲ့ဆီ ပြေးပြီး
မသေအောင် ရုန်းကန်နေသူတွေကို
နိုင်ငံရေးသတ်ခဲ့ပြီးတာတောင် အားမရနိုင်သေးဘူးလား။

စစ်အစိုးရ ထောက်လှမ်းရေးတွေက ခြိမ်းခြောက်စစ်မေးတာတောင်
ကျွန်မ တုန်နေအောင်ကြောက်ခဲ့ရပါတယ်။
ကျွန်မ အစ်ကိုအပါအ၀င် ရှင်တို့
နှိပ်စက်ခံခဲ့ရသူတွေဟာ သူတို့အသားနာ မခံနိုင်လွန်းလို့အသက်မသေဖို့
အတွက် ရှင်တို့ဖြစ်စေချင်သလို ၀န်ခံထွက်ဆိုခဲ့ရတာ အဲဒီအချိန်က ရှင်တို့
ကို ထောက်ပံ့ပေးနေတဲ့အဖွဲ့အစည်းတွေကို ပြနိုင်ဖို့ NGO တွေ၊သံရုံးတွေ၊
နိုင်ငံခြားသတင်းဌာနက လူတွေကိုခေါ်ပြီး ၀န်ခံခိုင်းတဲ့အတိုင်း ရှင်တို့စိတ်
တိုင်းကျ ဇာတ်လမ်းတွေ ၊ ခိုင်လုံတဲ့ အထောက်အထား
တွေနဲ့ ထောက်လှမ်းရေးတွေပါလို့ သက်သေပြနိုင်တယ်တဲ့လား?

ABSDF(မြောက်ပိုင်း)က တော်ဝင်နှင်းဆီ စားသောက်ဆိုင်မှာ
ပါဂျောင်သတ်ဖြတ်ပွဲ အကြောင်း ရှင်းတမ်းလုပ်တုန်းက မီဒီယာတွေလဲ တွေ့ခဲ့
မြင်ခဲ့၊ကြားခဲ့ ရပါတယ်။

လူတယောက်ရဲ့ ဂုဏ်သိက္ခာမရှိအောင် ကိုယ့်သေး
ကိုယ်ပြန်သောက်ရ၊ခြေထောက်နှစ်ဖက်ကြိုးတုတ်၊လက်ပြန်ကြိုးတုတ်ပြီး
ထမင်းကို ခွေးကျွေးသလို ကျွေးဆိုတဲ့ လူမဆန်တဲ့ ရက်စက်နှိပ်စက်မှုတွေကနေ
လွတ်မြောက်လာကြတဲ့ ABSDF (မြောက်ပိုင်း)အုပ်စု၊
ABSDF(တောင်ပိုင်း)က မိန်းကလေး တယောက်တောင်တွေ့ပါတယ်။

ဘယ်သူတွေဟာ ကားအကောင်းစားကြီးစီးပြီး၊ ချမ်းသာတောက်ပြောင်နေသူ
ပါ ပါသလဲ။သူတို့ကိုကြည့်လိုက်တာနဲ့ ဘ၀ပျက်ခဲ့ကြတာ၊စွန့်လွှတ်ခဲ့ကြ
တာ၊နွမ်းပါးနေခဲ့ကြတာ အသိသာကြီးပါ။

ရှင်တို့လက်ထဲက လွတ်အောင်ပြေးခဲ့တဲ့ ကိုစိုးလင်းရဲ့ ဇနီးဆရာဝန်မ မှာ
ရောဂါကြီးဖြစ်နေတာ ဆေးကုဖို့တောင်
အနိုင်နိုင်ပါ။
ကျွန်မ အစ်ကို ကိုနေ၀င်းအောင်ဆို မနက်(၆)နာရီကနေ ည
(၆)နာရီထိ ဆူရှီလိပ်မှ ထမင်းနပ်မှန်ပါတယ်။

Dr နိုင်အောင်လို အဖွဲ့အစည်းတွေက ထောက်ပံ့တဲ့ ဒေါ်လာတွေနဲ့
ကျည်ကာ ကားဝယ်မစီးနိုင်ပါဘူး။
မဲဆောက်မှာ အိမ်နှစ်လုံး မရှိပါဘူး။ဘန်ကောက်မှာလဲ နေဖို့အိမ် မရှိပါဘူး။

ရှင်တို့ကျတော့ မြန်မာပြည်ထဲမှာ ဒီမိုကရေစီလဲရလာချိန်၊ပြည်ပကနေဘဲ
နိုင်ငံရေးဆက်လုပ်နေရင် ရှင်တို့တောင်းစားနေကျ အဖွဲ့အစည်းတွေက
မထောက်ပံ့တော့ဘူး၊မြန်မာပြည်ထဲ ပြန်ဝင်မှ ထောက်ပံ့ငွေရမယ်ဆိုလို့
ဒေါ်လာ ဆက်စားနိုင်အောင် ၀န်ကြီးတွေနဲ့ လက်ဝါးချင်းရိုက်ပြီး ပြန်ဝင်လာ
ရုံသာမက နိုင်ငံရေး သူရဲကောင်း တောင် လုပ်လိုက်ချင်သေးတယ်။

လောကပါလ တရားဆိုတာ မနေပါဘူး။
အခုတောင် ရှင်တို့ ရက်ရက်စက်စက်သတ်
ခဲ့တဲ့ ကိုထွန်းအောင်ကျော် တို့ တတွေရဲ့ အရိုးက တွန်နေပါပြီ။ ။

(ကိုနေ၀င်းအောင်၏ ညီမ အရင်း)
------------------------------------
(အမှန်တရားအတွက်..ဂရု အားလုံးသို့ ..share..ပေးကြပါ ။)
----------------------------------------------------

”ကိုနေ၀င်းအောင်နှင့် ကိုချိုတူးဇော် အင်တာဗျူး”(ရုပ်သံ)

http://www.youtube.com/watch?v=D924ou9VfSs&feature=youtu.be&noredirect=1
-----------------------------------------------------
”ကိုနေ၀င်းအောင်၏ အစီရင်ခံစာ ” ( ဖတ်ရန်)










Unlike · · · Share

  • အိုးဝေအောင် အိုးဘားမား ”ကိုနေ၀င်းအောင်နှင့် ကိုချိုတူးဇော် အင်တာဗျူး”(ရုပ်သံ)

    http://www.youtube.com/watch?v=D924ou9VfSs&feature=youtu.be&noredirect=1
    www.youtube.com
    ၁၉၈၈ ပြည်တွင်း ပြည်ပ က သမိုင်းမှာ ပါဝင်ခဲ့တဲ့ ABSDF တပ်ဖွဲ့ ဝင်ဟောင်းတွေ လက်ရှိတ...See More
  • ဘရာဇီး ငှက်ရိုး အပိုင်း၁ကနေ အခုဆို ၅ထိတောင်ရောက်သွားပြီအကိုအိုးဝေ... ယူကျု့မှာ အခုတင်ထားတဲ့ အပိုင်းလောက်သာ ကြည့်လို့ရတာ... အခြားအပိုင်းတွေ အဆင်ပြေရင် တင်ပေးစေချင်ပါတယ်အကို...
  • Bamar Gyi အမှန်တရားအတိုင်းမဖြစ်သေးလို့ ကိုယ့်ကိုကိုယ် ကျဆုံးသွားတဲ့ ရဲဘော်တွေအပေါ်တာဝန်မကျေသေးဘူးလို့ဘဲ မှတ်ပါတယ်.....ဥပဒေကျွမ်းကျင်တဲ့သူတွေပါဝင်တဲ့ တရားလိုရှေ့နေ တရားလိုသက်သေ အဖွဲ့သေသေချာချာဖွဲ့ပြီး.....တရားရုံးကငြင်းလို့မရအောင် တရားစွဲရင် သံချောင်းကို နောက်မူ့ကပ်ပြီး စစစ်လို့ရနေပါပြီ.....ထောင်ထဲမှာနေ့တိုင်းအမူ့ပေါင်းများစွာနောက်မူ့ကပ်နေတာဘဲ...(သံချောင်းကို စပြီးတရားစွဲမှ မှန်ပါမယ်)
  • Johnny Lynn ဒီလူကအခုထိ သူခံရတာကို မနာတတ်သေးပဲကိုး၊ သူမိုးသီးနောက်ကိုမလိုက်ပဲ ဒေါက်တိုနိုင်အောင်ဖက်ကို လိုက်သွားတာကို ဂုဏ်ယူပြောနေသေးတယ်၊ သူက ပိုချောင်မယ်ထင်တဲ့ ဘက်ကိုလိုက်သွားလို့ ခံရတာ၊ သူ့ကိုယ်သူ အထင်ကြီးတာလည်း ပါပါလိမ့်မယ်၊ အေဘီလည်းကွဲပြီး သူတကောင်ထဲကျန်ခဲ့တော့ အဖဲ့ခံရတာပေါ့၊ ရပ်တည်ချက်မှ မမှန်တာ၊ သံလွင်စခန်းက ရဲဘော်တွေက ကျောင်းဆရာဆိုတဲ့ ဂုဏ်ပုဒ်လေးကြောင့် နေရာပေးတာကို သူသိပ်တော်လို့ရတယ်ထင်နေတာ၊ နိုင်အောင် မိုးသီးကိုဖဲ့ဖို့ သူ့ကိုအသုံးချပြီးတဲ့အခါ သူခံရမဲ့အလှည့်ရောက်လာတာပဲလေ၊ ကျနော်တို့ကလေ့လာသူတွေ အဆင့်ဆိုပေမဲ့ တယောက်ချင်းရဲ့ အားသာချက် အားနည်းချက်ကို ကောင်းကောင်းဖမ်းနိုင်ပါတယ်ဗျာ၊ ခင်ဗျားလွတ်လာတာ ရဲဘော်ရဲဘက် တစ်ယောက်အနေနဲ့ ၀မ်းသာပေမဲ့ ခင်ဗျားရဲ့ရပ်တည်ချက်ကိုတော့ လုံးဝမကြိုက်ဘူးဗျ၊
  • Htay Tint ဆရာနေဝင်းအောင် အပိုင်း ၄ ၅ ၆ ကို ၂၃ စက်တင်ဘာ ၂၀၁၂ တွင် မူလ ဖိုင် အမျိုးအစား PYV မှ MP4 သို့  တည်းဖြတ်လို့  ပြီးပါပြီ ။ နောက်ထပ် ၃ နာရီ ( နယ်သာလန် စံတော်ချိန် ၁၃း၀၀ ) တွင် ယူကြု့ ပေါ်သို့  အားလုံးရောက်ရှိမှာဖြစ်ပါတယ် ။
  • Htay Tint အပိုင်း ၄ ( တောင်းပိုင်း အခြေအနေနဲ့  မြောက်ပိုင်း ပြသနာအစ )
    http://www.youtube.com/watch?v=LaxDwjPmACE&feature=channel&list=UL
    www.youtube.com
    မြောက်ပိုင်းကျောင်းသားများ သံသယနှင့် ဖမ်းဆီးထားသည့် အချိန်တွင် တောင်ပိုင်း အခြေအနေနှင့် ဖြေရှင်းခဲ့ပုံများ။
  • Htay Tint အပိုင်း ၅ ( မြောက်ပိုင်း ကို တောင်ပိုင်းမှာ ဖြေရှင်းကြခြင်း )
    http://www.youtube.com/watch?v=UeYBHoMig74&feature=channel&list=UL
    www.youtube.com
    မြောက်ပိုင်းကျောင်းသားများ သံသယနှင့် ဖမ်းဆီးထားသည့် အချိန်တွင် တောင်ပိုင်း အခြေအနေနှင့် ဖြေရှင်းခဲ့ပုံများ။
  • Htay Tint အပိုင်း ၆ ( ဆရာနေဝင်းအောင် ငရဲခန်းများ )
    http://www.youtube.com/watch?v=tipcquRZPZQ&feature=channel&list=UL
    www.youtube.com
    မြောက်ပိုင်းကျောင်းသားများ သံသယနှင့် ဖမ်းဆီးထားသည့် အချိန်တွင် တောင်ပိုင်း အခြေအနေနှင့် ဖြေရှင်းခဲ့ရင်း အဖမ်းခံရပြီ ။
  • Hlaing Bwa Tab ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
  • Hlaing Bwa ဌေးတင့် ကျေးဇူးပဲ သယ်ရင်း
  • Aungkyaw Aungaung ကိုလှိုင်ဘွား အဲ့ဒိဒေါက်တာနိုင်အောင်ဟာ တော်တော်စိုးပါ့လားဗျာ
  • Hlaing Bwa မခုပ်တတ်တဲ့ ကြောင်သူတော်ကြွက်သူခိုး ရုပ်ကလေးကို ပြောရက်လိုက်တာ (ဘုရားသုံးဆူမှာ တပ်ရင်းတွေမထောင်ခင်အတူတူ နောက်တော့ ရင်း ၁၀၁ နဲ့  ၁၀၂ ဖွဲ့ ကြတော့ ၁၀၂ ဆိုတာဖြစ်လာတာ အဲသည် နိုင်အောင်နဲ့  ဇော်ဦးလို ကောင်တွေကို လှိုင်ဘွားတို့ က မပတ်သက်ခဲ့ချင်လို့ ပဲ။ ယောင်္ကျားချင်း သည်ကေင်ဘယ်လောက် သောက်ကျင့်မကောင်းဘူးလဲ ဆိုတာကို နိုင်ငံရေးနဲ့ မဆိုင်တဲ့အတွက် မပြောတော့ဘူး) ဘုရားသုံးဆူမှာ တပ်တွေမထောင်ခင် နေခဲ့ကြဖူးတဲ့ ကောင်းသား တထောင်ကျော်အသိဆုံးပဲ။
  • Shwe Khae အသက်မသေပေမဲ့ ဒီနိုင်ငံထဲမှာဘဲ ဘ၀ပျက်နေခဲ့သူတွေ၊

    စစ်အစိုးရကိုလဲ ကြောက်၊

    ရှင်တို့လိုက်သတ်မှာလဲ ကြောက်ပြီး


    ကိုယ့်တိုင်းပြည် မဟုတ်တဲ့ဆီ ပြေးပြီး

    မသေအောင် ရုန်းကန်နေသူတွေကို

    နိုင်ငံရေးသတ်ခဲ့ပြီးတာတောင် အားမရနိုင်သေးဘူးလား။
  • YeHtut Lwin နိုင်အောင် နွားကြီး ခင်ဗျားအလှည့်လာမယ်
  • YeHtut Lwin ခင်ဗျားတို့က နိုင်ငံရေးလုပ်စားသူတွေ ရွံတယ်ဗျာ
  • YeHtut Lwin ဆင်ဖြူရွာ လူသတ်မှု့ထက်ဆိုးတယ် မေ၇ရာဘဲအာဏာအသုံးချ လုပ်ချင်ရာလုပ်တယ်
  • Lin Linaung နိုင်အောင်.. ခင်ဗျားအလှည့်လာမယ်.. နိုင်ငံရေးလုပ်စားသူတွေ ရွံတယ်ဗျာ

No comments:

Post a Comment