http://88daun88.blogspot.ca/
ဆရာကိုနေဝင်းအောင်နှင့်အင်တာဗျူး - ၅
ဒေါက်တာနိုင်အောင် က ကိုစိုးလင်းနဲ့ ကိုနေ၀င်းအောင် နှစ်ယောက်ကို ထောက်လှန်းရေးတွေ လို့ အခိုင်အမာပြောနိုင်တယ်လို့ ပြည်တွင်းဂျာနယ် တခုမှာပါတာ ကို ဖတ်ရပါတယ်။
တော်တော်စိတ်ဝင်စားစရာကောင်းတာပါ။ ကျနော်အကြံပြု မေတ္တာရပ်ခံလိုတာက ဒေါက်တာနိုင်အောင် အနေနဲ့ သူတို့ကို ဘယ်လိုအချက်တွေနဲ့ ထောက်လှန်းရေး လို့ စွပ်စွဲရတယ်
သတ်မှတ်ရတယ်ဆိုတဲ့ အချက်အလက် အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြစေလိုပါတယ်။
ကျနော့်အမြင်လေး သုံးသပ်ပြပါ့မယ်။
မြန်မာပြည်မှာ ထောက်လှန်းရေး အထူးသဖြင့်၊ စစ်ထောက်လှန်းရေး၊ ရဲထောက်လှန်းရေး တယောက်ဖြစ်ဖို့ဆိုတာ သက်ဆိုင်ရာသင်တန်းတွေ၊ ကျောင်းတွေကို တက်ရမယ်။ စနစ်တကျ လေ့ကျင့် သင်ကြားပြီးမှသာ ဖြစ်တယ်လို့ နားလည်ထားပါတယ်။
ဒီတော့ လူတယောက်ဟာ စစ်ထောက်လှန်းရေး ဗိုလ်ကြီး ဘယ်သူပါ၊ ဗိုလ်မှူးဘယ်သူပါလို့ လွယ်လွယ်ကလေးတော့ ပြောလို့မရနိုင်ဘူး။ သူ့မွေးတဲ့အချိန်ကစ၊ သူငယ်တန်းက ဆယ်တန်းထိ ဘယ်ကျောင်းမှာတက်ခဲ့တယ် ဟုတ်သလား၊ ဆယ်တန်းကနေ တက္ကသိုလ်ကို ဘယ်ဘာသာအဓိကပြုလို့ ဘယ်နှစ်ကနေ ဘယ်နှစ်အထိ ဘယ်တက္ကသိုလ်မှာ တက်ခဲ့တယ် ဟုတ်သလား စသဖြင့် ကွင်းဆက်ကလေးတွေ ဆက်ကြည့်လိုက်တာနဲ့ သူဟာ ထောက်လှန်းရေး ဟုတ်သလား၊ မဟုတ်ဘူးလား သိရမယ် ထင်ပါတယ်။
သိရသလောက် စစ်ချက်တွေအရ ကိုနေ၀င်းအောင်တို့၊ ကိုစိုးလင်းတို့ဟာ စစ်ထောက်လှန်းရေး အရာရှိများ ဖြစ်ကြတယ်လို့ ဒေါက်တာနိုင်အောင်တို့ ထုတ်ပြန်ထားတယ် ဆိုပဲ။
စစ်ထောက်လှန်းရေးအရာရှိဖြစ်ဖို့ စစ်တက္ကသိုလ်တက်ရမယ်၊ အဲဒီကမှ သတ်မှတ်တဲ့အရည်အချင်းပြည့်မီတဲ့ သူများကိုသာ လေ့ကျင့်သင်ကြားပေးတာ လို့သိရတယ်။
ဒီကွင်းဆက် အရဆိုရင်တော့ နည်းနည်း လွဲနေသလားလို့။
ထားပါတော့ ကျနော် ဉာဏ်မမီ၊ မသိ နားမလည်တဲ့ နည်းလမ်းနဲ့ စစ်ထောက်လှန်းရေး အရာရှိတွေလည်း ဖြစ်နေနိုင်တာပါပဲ။
ဘာပဲ ဖြစ်ဖြစ် ခုကာလ ဟာ ဒီမိုကရေစီ လုံးဝဥဿုံရသေးတာ မဟုတ်တဲ့အတွက် ဒီလိုလူတွေ ရှိနေနိုင်တယ်ဆိုတာ ပြည်တွင်း၊ ပြည်ပ၊ နယ်စ လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန်ပါသော ဒီမိုကရေစီတော်လှန်ရေးသမားအပေါင်းတို့ သိနားလည်ဖို့ သေချာလေး အထောက်အထားများနဲ့တကွ ထုတ်ပြန်ပေးဖို့ မေတ္တာရပ်ခံပါတယ်။
သေချာတခုကတော့ မြောက်ပိုင်းကိစ္စတွေကို ကိုနိုင်အောင် တို့က ဘူးကွယ်ကွယ် ငြင်းဆန်လို့ လွတ်နိုင်ပေမယ့်
တောင်ပိုင်းက ကိုနေ၀င်းအောင်၊ ကိုစိုးလင်း၊ ကိုထင်ကျော်၊ ကိုမြင့်ဦး၊ မမီမီခိုင် တို့ကိစ္စတွေကတော့ တိုက်ရိုက်ပါတ်သက်နေမလားပဲ။
ကဲ ထားပါတော့ ကိုနေ၀င်းအောင်၊ ကိုစိုးလင်း တို့က ထောက်လှန်းရေး ဆိုသည့်တိုင် ကိုထင်ကျော်၊ ကိုမြင့်ဦးနဲ့ မမီမီခိုင် တို့ကိစ္စတွေကို ကျတော့ ဘယ်လို ရှင်းမလဲ မေးပါရစေ။
ကိုထင်ကျော်၊ ကိုမြင့်ဦးနဲ့ မမီမီခိုင်တို့ ခုထိ သက်ရှိထင်ရှား အမေရိကားမှာ ရှိနေပါသေးတယ်။
မမီမီခိုင်ဆိုရင် မတရားပြုကျင့်ခံထားရတာတွေကအစ အဓမ္မမှုတွေ ရှိနေတယ်။
ရှင်းတော့ ရှင်းရမှာပေါ့လေ။
ဆရာကိုနေ၀င်းအောင် ရဲ့ အင်တာဗျူးတွေမှာ သူကျောင်းသားဘ၀၊ သူ့သူငယ်ချင်းတွေနဲ့ သူဖြတ်သန်းခဲ့တဲ့ နိုင်ငံရေးခရီးကိုပါ မြင်ရမယ်။ တကယ်လို့ သူသာထောက်လှန်းရေးဆိုရင် မိုးသီးဇွန်ဆိုတဲ့ ၈၈ ခေါင်းဆောင်တယောက် တောထဲတောင်ရောက်မှာ မဟုတ်တော့ဘူး ထင်မိတယ်။
NLD ပုဇွန်တောင် ရုံးတောင် လူကျန်ပါ့မလား၊ လွှတ်တော်ကိုယ်စားလှယ်ဦးနိုင်းနိုင်းတောင် ၉၀ ရွေးကောက်ပွဲဝင်ခွင့် ရပါတော့မလား။
ကျနော်လည်း ကိုနေ၀င်းအောင် ကို ဒီအမေရိကားရောက်မှ သိရ၊ ကျွမ်းရတာမို့ သူ့အကြောင်း ကို သူပြောသလောက်ပဲ သိတဲ့သူပါ။
သူပြောသမျှအမှန်တွေလို့ လက်ခံရရောလား မေးရင်၊ သူ့မသိပေမယ့် သူ့သူငယ်ချင်းများဖြစ်ကြတဲ့ တက္ကသိုလ်ဆရာများသမဂ္ဂ က ဒဿနိကဗေဒက ဆရာကိုဌေးလွင်၊
မြန်မာစာက ကိုဌေးသိန်းတို့ဆိုတာ ကျနော့် ညီရင်းအကိုလို ခင်ကြတဲ့ စာပေညီနောင်တွေပါ။ ဒီတော့ဗျာ. . .။
ကိုနိုင်အောင် ကို သိစေချင်တာ လူ တယောက်ချင်းဆီ ဟာ လူ့အသိုင်းအ၀ိုင်းတခု ကို ကိုယ်စားပြုတယ်။
လူတယောက်ကို မတရားမှုပြုလိုက်တာဟာ၊ လူ့အသိုင်းအ၀ိုင်းတခု ကို မတရားမှုပြုလိုက်တာပဲ။ အဲဒီကိစ္စ မရှင်းသရွေ့၊ မရှင်းဘူးလေ။
ဆရာကိုနေ၀င်းအောင် ရဲ့ အင်တာဗျူး အပိုင်း(၅) ကို ဆက်ကြည့်ပါ။
ပြည်တွင်းကိုလည်း ပို့ပေးပါ့မယ်။
တချို့လည်း ယူကျုမှာတင်ထားတယ်ပြောတယ်။
ဒေါင်းလုပ် လုပ်လို့ရအောင် တင်ပေးထားပါတယ်။ ကွန်နက်ရှင်ကောင်းတဲ့ ဒေသကလူတွေ လက်ဆင့်ကမ်းဖြန့်ဝေကြပါ။
ဆရာကိုနေ၀င်းအောင်ရဲ့ အင်တာဗျူးအပိုင်းတွေ ကို တင်ပြီးရင်၊
ကိုထင်ကျော်ရဲ့အင်တာဗျူးအပိုင်းတွေကို တင်ပြပါ့မယ်။
ချိုတူးဇော်
http://movielocker.com/12306
No comments:
Post a Comment