Monday
ဗုဒ္ဓဘာသာရဲ့ အယူအဆအရ ကိုယ်ပြုလုပ်တဲ့ ကုသိုလ်ကို အမျှပေးဝေရင် တစ်ဖက်မှာလည်း ကုသိုလ် အကျိုးကို ရရှိ ခံစားရပါတယ်။ အမျှပေးဝေတာ ဗုဒ္ဓဘာသာမှာပဲ ရှိပါတယ်။ အခြားဘာသာတွေမှာ ဆုတောင်းတာပဲ ရှိပါတယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတစ်ယောက်ဖြစ်တဲ့ ကျွန်တော် မသေသင့်သေးပဲ အချီးနှီး သေခဲ့ရတဲ့ ကျဆုံးလေသော မြန်မာ့သားကောင်းများကို နေ့စဉ်နေ့တိုင်း အမျှဝေပါတယ်။
ကောင်းရာဘုံဘ၀ မရသေးခင်စပ်ကြား ကုသိုလ်အကျိုးကို ရရှိခံစားနိုင်ကြပါစေ.
ကောင်းရာဘုံဘ၀ မရသေးခင်စပ်ကြား ကုသိုလ်အကျိုးကို ရရှိခံစားနိုင်ကြပါစေ.
...
တိရိစ္ဆာန်လိုလူတစ်စု အတွက်တော့ အလံဖြူပြတောင် ရန်သူလို့ပဲ သတ်မှတ်မယ်။
ကိုကြီး ထွန်းအောင်ကျော်.....
လူသတ်ပွဲကြီး မတိုင်ခင်ရက်ပိုင်းက လူသတ်ကုန်းပေါ်မှာ ကျော်ဝေ့ခေါင်းဖြတ်ပြီး ထွန်းအောင်ကျော်ကို လည်ပင်းငုတ်တိုက သွေးတွေ စုပ်သောက် ခိုင်းတာတွေ၊ ချိုကြီးလက်ကို ဓါးနဲ့ခုတ်ဖြတ်ပြီး ထွန်းအောင်ကျော် ပါးစပ်ထဲ ကိုက်ခိုင်းထားတာတွေကို တိတိကျကျ မြင်တွေ့ခဲ့ရတဲ့ သူတစ်ယောက်ဖြစ်တဲ့ “ အိုကေ” တစ်ယောက်လည်း ရှိနေသေးတာပဲ။
သူတို့ထဲက တချို့ရဲ့မိဘတွေကို သူတို့သားသမီးတွေဟာ အိမ်ကို ပြန်လာနိုင်တော့မှာ မဟုတ်ဘူးဆိုတာကို ဘယ်သူတွေ သွားပြောပေးမှာလည်း။ မန္တလေးမြို့ အိမ်တော်ရာဘုရားနားမှာ နေတဲ့ အောင်မင်း တောခိုသွားတာကို သူ့အမေက ဒီကနေ့ထိအောင် မျှော်နေတုန်းပဲ ရှိသေးတယ်။ အမေက ပြောတယ်တဲ့ “ သူများတွေတော့ ပြန်လာကုန်ကြပြီ၊ ငါ့သားလေးက ဘာလို့ ပြန်မလာသေးသလဲ မသိဘူး” တဲ့ ။ အမေ စောင့်နေတဲ့ အမေ့သား အောင်မင်းကလေ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်လောက် ကတည်းက အမေ့အိမ်က ထွက်သွားပြီး မကြာခင်မှာပဲ တောထဲမှာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ချင်း ထောက်လှမ်းရေး လို့ စွတ်စွဲဖမ်းချုပ်ပြီး နံချပ်ကူ ရိုက်တာအကျင့်ခံရရင်း အသက်ဆုံးခဲ့ရပြီးသား။
ကျွန်တော်တော့ ကိုထွန်းအောင်ကျော် အသတ်မခံရခင်ပြောခဲ့တဲ့ နောက်ဆုံးစကား လေးကိုကြားယောင်ပြီး ရင်ထဲမှာ ဆို့နစ်ကြေကွဲမိတယ်။ ရန်သူဆိုတာ အလံဖြူပြရင် ခွင့်လွှတ်ရမယ်ဆိုပေမဲ့ ကျွန်တော်ကတော့ သဘောထားသေးသိမ်တယ် ပဲပြောပြော ဘ၀များစွာ ရှိနေရင်တောင် ခွင့်မလွှတ်ဘူး။
“ ငါထောက်လှမ်းရေး မဟုတ်ဘူး.. ငါ့ရဲ့ညံ့ဖျင်းမှုကြောင့် ခံခဲ့ရတဲ့ ငါ့ရဲဘော်တွေ ငါ့ကိုခွင့်လွှတ်ပါ”....
ဒါဟာ အိမ်မက်ဆိုး မဟုတ်ဘူး။ ကျွန်တော်တို့ အကို့အတွက် ဘယ်လိုဖြေတွေး တွေးရမှန်း မသိလို့ မဖြေသိမ့်နိုင်ပါဘူး။ ကိုအောင်မင်း ခမျာလည်း မချိမဆန့် သေရရှာတာ သူ့အမေကို ဘယ်လိုပြောရ မလဲ
အမေ ရင်ကွဲနာ ကျမှာပါ။ အမေ့ကို မသိစေချင်လို့ မပြောတဲ့ သူတွေရင်ထဲမှာလဲ ရင်ကွဲနေမှာပါ။
တိရိစ္ဆာန်လိုလူတစ်စု အတွက်တော့ အလံဖြူပြတောင် ရန်သူလို့ပဲ သတ်မှတ်မယ်။
ကိုကြီး ထွန်းအောင်ကျော်.....
လူသတ်ပွဲကြီး မတိုင်ခင်ရက်ပိုင်းက လူသတ်ကုန်းပေါ်မှာ ကျော်ဝေ့ခေါင်းဖြတ်ပြီး ထွန်းအောင်ကျော်ကို လည်ပင်းငုတ်တိုက သွေးတွေ စုပ်သောက် ခိုင်းတာတွေ၊ ချိုကြီးလက်ကို ဓါးနဲ့ခုတ်ဖြတ်ပြီး ထွန်းအောင်ကျော် ပါးစပ်ထဲ ကိုက်ခိုင်းထားတာတွေကို တိတိကျကျ မြင်တွေ့ခဲ့ရတဲ့ သူတစ်ယောက်ဖြစ်တဲ့ “ အိုကေ” တစ်ယောက်လည်း ရှိနေသေးတာပဲ။
သူတို့ထဲက တချို့ရဲ့မိဘတွေကို သူတို့သားသမီးတွေဟာ အိမ်ကို ပြန်လာနိုင်တော့မှာ မဟုတ်ဘူးဆိုတာကို ဘယ်သူတွေ သွားပြောပေးမှာလည်း။ မန္တလေးမြို့ အိမ်တော်ရာဘုရားနားမှာ နေတဲ့ အောင်မင်း တောခိုသွားတာကို သူ့အမေက ဒီကနေ့ထိအောင် မျှော်နေတုန်းပဲ ရှိသေးတယ်။ အမေက ပြောတယ်တဲ့ “ သူများတွေတော့ ပြန်လာကုန်ကြပြီ၊ ငါ့သားလေးက ဘာလို့ ပြန်မလာသေးသလဲ မသိဘူး” တဲ့ ။ အမေ စောင့်နေတဲ့ အမေ့သား အောင်မင်းကလေ လွန်ခဲ့တဲ့နှစ်ပေါင်း နှစ်ဆယ်လောက် ကတည်းက အမေ့အိမ်က ထွက်သွားပြီး မကြာခင်မှာပဲ တောထဲမှာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ချင်
ကျွန်တော်တော့ ကိုထွန်းအောင်ကျော် အသတ်မခံရခင်ပြောခဲ့တဲ့ နောက်ဆုံးစကား လေးကိုကြားယောင်ပြီး ရင်ထဲမှာ ဆို့နစ်ကြေကွဲမိတယ်။ ရန်သူဆိုတာ အလံဖြူပြရင် ခွင့်လွှတ်ရမယ်ဆိုပေမဲ့ ကျွန်တော်ကတော့ သဘောထားသေးသိမ်တယ် ပဲပြောပြော ဘ၀များစွာ ရှိနေရင်တောင် ခွင့်မလွှတ်ဘူး။
“ ငါထောက်လှမ်းရေး မဟုတ်ဘူး.. ငါ့ရဲ့ညံ့ဖျင်းမှုကြောင့် ခံခဲ့ရတဲ့ ငါ့ရဲဘော်တွေ ငါ့ကိုခွင့်လွှတ်ပါ”....
ဒါဟာ အိမ်မက်ဆိုး မဟုတ်ဘူး။ ကျွန်တော်တို့ အကို့အတွက် ဘယ်လိုဖြေတွေး တွေးရမှန်း မသိလို့ မဖြေသိမ့်နိုင်ပါဘူး။ ကိုအောင်မင်း ခမျာလည်း မချိမဆန့် သေရရှာတာ သူ့အမေကို ဘယ်လိုပြောရ မလဲ
အမေ ရင်ကွဲနာ ကျမှာပါ။ အမေ့ကို မသိစေချင်လို့ မပြောတဲ့ သူတွေရင်ထဲမှာလဲ ရင်ကွဲနေမှာပါ။
No comments:
Post a Comment