Wednesday, September 26, 2012

ဆရာနောင်ကျော့်စာထဲမှ ထုတ်နှုတ်ချက်

  • ဆရာနောင်ကျော်(ကိုဌေးသိန်း)ရဲ့ စကားတွေကိုကြိုက်လွန်းလို့ ပြန်
    လည်ဖော်ပြလိုက်ပါတယ်။



    အဲဒီလို အမှားမျိုးတွေ ကိုမိုးသီးဇွန်ဘက်မှာ ကျူးလွန်ခဲ့တာရှိရင်လည်း တာဝန်ယူဖြေရှင်းသင့်ပါတယ်။

    ကျွန်တော် ဒီစာကို ရေးနေချိန်မှာ အာဃာတမပါဘူးဆိုတာ သေချာပါတယ်။ ကိုယ်တိုင်မခံရတာ ကြောင့်လည်း ဖြစ်ပါလိမ့်မယ်။

    မြောက်ပိုင်းရဲဘော်တွေ အောင့်အည်းမျိုသိပ်ထားခဲ့ရတဲ့ နှစ်(၂၀)ကျော်က ဒဏ်ရာကို ပြပြီး ရင်ဖွင့်အော်ငိုနေကြတာပါ။



    ရန်သူအားရဖို့ မဟုတ်။

    လူစိတ်ရှိသူတွေ ကြားကြဖို့ပါ။

    နားမထောင်ချင်ရင် ပါးစပ်ပိတ်နေပေးပါ။

    လေကြီးဖင်ကျယ် ပုဒ်ထီးပုဒ်မတွေနဲ့ ဒီပဲယင်းကို ဖွင့်ချပါလားဆိုပြီး

    လေမထွားပါနဲ့၊ မရှုတ်ချပါနဲ့၊ အပုပ်မချပါနဲ့။



    သင်ခန်းစာယူကြရမယ့် သမိုင်းမှာ

    ကြေးစားတွေ ၀င်မရိုင်းပါနဲ့၊

    သူတို့လုပ်ခဲ့ကြတဲ့ လက်နက်ကိုင်တော် လှန်ရေးဆိုတာ ဟန်းနီးမွန်းမဟုတ်၊

    အပန်းဖြေခရီးက ရမ္မက်မီးတောက်အနမ်းမဟုတ်၊

    နိုင်ငံရေးဗန်းပြ ပြီး လုပ်စားတာ မဟုတ်။



    အဓမ္မသုတ်သင်ရေး လမ်းကြောင်းမှာပဲ အဓမ္မကျင့်ခံရသူတွေ ရှိခဲ့တယ်ဆိုတာ

    ရိုးသားစွာ မှတ်တမ်း တင်ပါစို့လား။



    ခင်ဗျားတို့သာ အစိုးရနဲ့ ပေါင်းစားသူ၊ အင်ဖော်မာလို့ စွပ်စွဲခံရရင် ဘယ်လိုနေကြမလဲ။

    ရိုက်နှက်နှိပ်စက်တာ မပါသေးဘူးနော်။ သိချင်လို့ပါ။
    11Unlike ·  · 
    • You, Kyaw Than, Ko Lin Wai Aung and 3 others like this.
    • Kotoe NB ကျေညး
      5 hours ago via mobile · Like
    • Kotoe NB ကျေးဇူးတင်ပါတ
      5 hours ago via mobile · Like
    • Longman Aung ပြောချင်တာက ဇတ်လမ်းရှည်တယ်။ စစ်ထောက်လှမ်းရေးခေတ်က ထောက်လှမ်းရေးနဲ့ တန်ပြန်တွေကို အထင်တကြီးရျိခဲ့တာကိုး။ အဲဒီတော့ တော်လှန်ရေးဘက်မျာ နာမည်ယူချင်တာဘဲဖြစ်ဖြစ် ရျောက်တွန်းချင်တာဘဲဖြစ်ဖြစ် ထောက်လှမ်းရေးလို့ စွပ်ဆွဲပြီး လူသေ ဒါမှမဟုတ် နိင်ငံရေးသေအောင် လုပ်ကြတယ်။ တဘက်ရဲ့ ဘယ်လိုမှမသိနိင်တဲ့ အခြေနေမျိုးမှာ ပြောသမျှကို လက်ခံရမလိုဖြစ်တတ်တယ်။ ကဲ အခု မပ ကိစ္စမှာ ဒီလိုဘဲ။ ဒါပေမယ့် စဉ်းစားဖို့မအားတာလား.. ဒါမှမဟုတ် စဉ်းစားနည်းတွေကို နိင်ငံတကာက မသင်ရသေးလို့လားတော့မသိဘူး။ လူရာကျော်ကို ထောက်လှမ်းရေးစွတ်ဆွပြီး နှိပ်စက် သတ်ဖြတ်မူဖြစ်ခဲ့တယ်။ ဥက္ကဌတွေ များ တာဝန်ခံတွေများလို့ တစ်ယောက်နဲ့တစ်ယောက် အလုပ်ပြိုင်ကြရင်း များသွားသလားမသိဘူး CIA တောင်တနေရာတည်းဒီလောက်မလွတ်နိင်ဘူးဆိုတာ ဒီတုန်းက ခေါင်းဆောင်တွေ မစဉ်းစားတတ်တာ အံ့သြပါတယ်။ ဒီလူတွေက လွတ်တော်ထဲဝင်ပြီး လူထုကို ဦးဆောင်ချင်တယ်ဆိုတော့ တော်တော် လန့်နေပြီ။

No comments:

Post a Comment