Tuesday, September 11, 2012

ဒေါက်တာနိုင်အောင် ကိစ္စ ပြောလက်စနဲ့မို့


ဒေါက်တာနိုင်အောင် ကိစ္စ ပြောလက်စနဲ့မို့ နောက်တစ်ခု ပြောဖို့ စိတ်ထဲ ရောက်လာတာကတော့ .. "နိုင်ငံတစ်နိုင်ငံမှာ လူသတ်မှုဖြစ်တိုင်း သမ္မတကို အရေးယူရမှာလား" ဆိုတဲ့ ဥပမာပေးပြီး ပြောသွားတာကိုပါ တလက်စတည်း ပြောချင်လာတယ်။ (ဒေါက်တာနိုင်အောင် ပြောခဲ့တဲ့ စကားလုံး အတိအကျတော့ မဟုတ်ပါ။ သို့သော် အဲဒိ အဓိပ္ပါယ် သက်ရောက်ပါတယ်။)

သူ့အဓိက ဆိုလိုရင်းက .. သူ့ကို တရားစွဲမယ်လို့ ပြောနေသူတွေဆိုတာ အဓိပ္ပါယ် မရှိတဲ့ တဲ့ အလုပ်ကို
လုပ်နေပြီး .. သူ့မှာ ဘာမှ အပြစ်မရှိ၊ တာဝန်မရှိ တာကို လာပြောနေတယ်လို့ ဆိုလိုချင်ပုံရပါတယ်။ ငါက ခေါင်းဆောင်ကောင်းမို့လို့ တတ်နိုင်သလောက် တာဝန်ယူပေးနေတာကို ယောက်တတ်နေတယ်လို့ ဆိုလိုချင်ပုံပါပဲ။

သူပေးတဲ့ ဥပမာ မှာပဲ မှားနေတာက .. လူသတ်မှုတိုင်း နိုင်ငံအကြီးအကဲ ဖြစ်တဲ့ သမ္မတမှာ တာဝန်မရှိပေမယ့် .. သမ္မတလက်အောက်က လက်နက်ကိုင် တပ်တွေက လူသတ်မှုနဲ့ ... အဲဒီ လူသတ်မှုတွေဟာ လူမဆန်အောင် မတရား ညဉ်းပမ်း နှိပ်စက် သတ်ဖြတ်မှုတွေကို ကျူးလွန်တယ်ဆိုရင် .. အဲဒီ သမ္မတမှာ တိုက်ရိုက်တာဝန်ရှိသွားတယ်ဆိုတာကို .. သူမေ့နေပုံရတယ်။

အဲဒီလို ဖြစ်ရပ်တွေအတွက် အထင်အရှားရှိခဲ့ သူတွေကတော့ ... ဟစ်တလာ၊ ပိုလ်ပေါ့၊ ပီနိုရှေး၊ မားစ်ကို့၊ မီလိုစီဗစ်၊ ဆန္ဒဟူစိန်၊ ... အခုနောက်ဆုံး ... အာဆက် အထိ ဖြစ်တယ်ဆိုတာ ဒေါက်တာနိုင်အောင်လို ပညာတတ် တစ်ယောက်အနေနဲ့ မမေ့သင့်ဘူး ထင်ပါတယ်။
20 ·  · 
  • Phome Maung, Thida Maung and 45 others like this.
    • Myo Set 
      ကျနော်ကြားဖူးတာကတော့ ကိုယ့်လက်အောက်ငယ်သားတစ်ယောက် တစ်ခုခု မဟုတ်တာလုပ်ရင် အကြီးအကဲတွေက တိုက်ရိုက်တာဝန်ယူပါတယ်ဆိုပြီး ဖြေရှင်းပေးကြတာပါ။ ဘယ့်နှယ် ကိုနိုင်အောင်ကျမှ အရင်က စစ်အစိုးရဗိုလ်ချုပ်ကြီးများလို ငါနဲ့မဆိုင် လုပ်နေတာပါလိမ့်ဗျာ။ သူလိပ်ပြာ
      လုံရင် ပေါ်တင်ရှင်းပေါ့။ ကိုထိန်လင်းပြောစကားထဲမှာဆိုရင် ကိုနိုင်အောင် နားအုံတွေကို ရိုက်နှက်သွားလို့ နားကန်းသွားတဲ့သူ အခုထိရှိနေသေးတယ်ဆိုပဲ။ ပစ္စည်းသက်သေ၊ လူသက်သေတွေနဲ့ တရားစွဲလို့ရမယ်လို့မျှော်လင့်ပါတယ်။
      Saturday at 3:07am ·  · 10
    • Arr Gyi 
      ‎..မြန်မာ နိုင်ငံမှာ....နှစ်အတန် ကြာတိုက်လာတဲ့  စစ်ပွဲ တွေ ...လူမျိုး တုံး နီးပါး နှိပ် စက် သတ်ဖြတ်ခံနေ၇တဲ့ တိုင်း၇င်းသား တွေ၇ဲ့  ...ပညာေ၇း..စီးပွားေ၇း ..ကျန်းမာေ၇း ..ဘာသာေ၇း ကစလို့ ...အကုန် လုံး ဖျက်ဆီး နေဆဲ ဖြစ်တဲ့ ...စစ်တပ်၏ လုပ်၇ပ်သည်.
      ..တချိန်တွင် ...သမိုင်းတ၇ားခံဖြစ်ပြီး ..စစ်..အာဏာ ရှင် တို့ ၏ ..ကျဆုံးခန်းများမှာ..လပ်လပ်ဆပ်ဆပ် ရှိ ..နေဆဲပါ..။ ဒေါက်တာနိုင်အောင်ကဲ့ သို့  ၈၈ကျောင်းသားတို့ ၏့ အသက်ပေါင်းများစွာကို...သတ်ဖြတ် ခဲ့ မှု မှာလဲ....တချိန်တွင် တန်၇ာတန်ကြေး ..ပေးဆပ်၇မှာပါ..။
      Saturday at 3:10am ·  · 5
    • Win Aung Share plz

No comments:

Post a Comment