Friday, September 28, 2012

ABSDF ( NB ) ကျောင်းသားရဲဘော်ဟောင်းများနှင့် အဖြစ်မှန်ပေါ်ပေါက်ရေးကြိုးပမ်းနေကြသူများသို့


by Ko Lin Wai Aung on Friday, September 28, 2012 at 2:04am ·
ABSDF ( NB ) ကျောင်းသားရဲဘော်ဟောင်းများနှင့် အဖြစ်မှန်ပေါ်ပေါက်ရေးကြိုးပမ်းနေကြသူများသို့


( ၁ ) မြောက်ပိုင်းဗဟိုကော်မီတီစုံညီ အစည်းအဝေးသည် ကျနော်၊ကိုထွန်းအောင်ကျော်၊ကိုညီညီကျော်တို့
( ၁၀.၉.၁၉၉၁ ) နေ့ အဖမ်းခံရချိန်အထိ ( ၁ )ကြိမ်သာ ကျင်းပခဲ့ပါသည်။ ပထမဆုံးမြောက်ပိုင်း     ဗဟိုကော်မတီဝင်များ ရွေးချယ်ခံရချိန်တွင် ဥက္ကဋ္ဌ၊အထွေထွေအတွင်းရေးမှူးများ၊ ဋ္ဌာနတာဝန်ခံ များရွေးချယ်သတ်မှတ်ရာတွင် ( ၁၉၉၀ခု-မေလကုန် )  က ကျင်းပခဲ့သည့် အစည်းအဝေးသာရှိ ခဲ့ပါသည်။

( ၂ )   ကိုညီညီ( ဆမားညီညီ) ၏ ကိုကိုကြီး( ၈၈မျိုးဆက်)သို့ပေးစာတွင် (၁၉၉၀)ခုနှစ်နှစ်ဆန်းခန့်က မနန်းအောင်ထွေးကြည်၊ မခင်ချိုဦးတို့အား ထောက်လှမ်းရေးဖြစ်ကြောင်းစုံစမ်းထောက်ခံပေးပါ ဆိုတဲ့စာ ကျနော်တို့ဆီကို မြောက်ပိုင်းဗဟို မှ ရောက်လာတယ် ဟုရေးသားထားသည်ကို တွေ့ရပါသည်။ှ  ကိုချိုကြီးမှ သံသယရှိလျှင် ပြန်လွှတ်လိုက်ရန် ပြောကြားခဲ့သည်ဟုသိရပါသည်။ထိုကိစ္စသည် (မပ)ဗဟို ကော်မတီ မှ ဆုံးဖြတ် ဆောင်ရွက်ခဲ့သော ကိစ္စမဟုတ်ပါ။ အနှစ်(၂၀ ) ကျော်ကြာမှ ထိုကိစ္စကို မှန်မမှန် ကိုစိုးလင်းမှ တဆင့်စုံစမ်းခဲ့ရာ မှန်ကန်ကြောင်း စုံစမ်းခိုင်းကြောင်း သိရပါသည်။ ထိုကိစ္စကို(မြောက်ပိုင်း)UG  ( မန္တလေး ) နှင့် တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်သော ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင် တို့၏် သဘောထားဖြင့် ဆောင်ရွက်ခဲ့ခြင်း ဖြစ်မည်ဟု ထင်မြင်ပါသည်။ ထိုသို့စုံစမ်းသည့်ကိစ္စသည် ကိုမျိုးဝင်း၏ သဘောထား ပါဝင်လိမ့် မည်ဟု ကျနော်အနေနှင့်ယုံကြည်ပါသည်။ မြောက်ပိုင်း(ဗဟိုကော်မတီဝင်များ) ၏ ဆုံးးဖြတ်ချက် မပါဝင်ခဲ့ပါ၊ အသိပေးခဲ့ခြင်းလည်း မရှိခဲ့ပါ။ ABSDF(ကချင်)လက်ထက်မှ သံသယရှိသည့် ကိစ္စများကို ABSDF (NB ) သို့ ဆက်လက် သယ်ဆောင်လာမှုများ ရှိနေတယ်ဆိုတာတွေ့ရပါသည်…. ကိုသန်းထွန်းစိုး၊ ကိုလွှမ်းမိုး(ဦးစီး)၊ ကိုအောင်ကျော်၊ တို့နှင့်ဆက်စပ်ပြီး မနန်းအောင်ထွေးကြည်၊ မခင်ချိုဦးတို့အား ဆက်လက်သံသယ ရှိနေသည်ဟု မြင်ပါသည်…..UG မန္တလေးများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ သူများမှ ရှင်းပေးလျှင် ပိုကောင်းမည်ဟုမြင်ပါသည်။

( ၃ ) ကိုမောင်မောင်( SKW ) ၏ ကျနော်သိသောABSDF(NB) ကောက်ကြောင်းများအပိုင်း(၅) တွင် ဥက္ကဋ္ဌ မှ ဗဟိုကော်မတီဆုံးဖြတ်ချက်ဖြင့်မြို့ပေါ်UG လုပ်ငန်းများဆောင်ရွက်နေသော ကိုချိုကြီးကို ABSDF(NB) ဗဟိုကော်မတီအဆင့်ဖြင့် UG တာဝန်ခံအဖြစ် တာဝန်ပေးခဲ့သည်၊ နောက်ပိုင်းကိုချိုကြီး တောခို ရောက်ရှိ လာသော အခါ နိုင်ငံရေးသင်တန်းမှူး အဖြစ်တာဝန်ပေးခဲ့သည် ဟုဖတ်ရပါသည်။ ထို့ပြင်မြို့ပေါ်တွင် ရှိနေ သော ကိုညီညီအား ABSDF( NB ) ၏ ဗဟိုကော်မတီအဆင့်သပ်မှတ်ပေးထားပြီး နိုင်ငံခြားဆက်ဆံရေး အရာရှိ အဖြစ် သပ်မှတ်ပေးခဲ့ပါသည်…..ဟုဖတ်ရှုရပါသည်……မြောက်ပိုင်းဗဟိုကော်မတီမှ ဆုံးဖြတ် တာဝန်ပေးခဲ့ခြင်း မရှိပါ။ ဥက္ကဋ္ဌနှင့်အချို့မှ လည်းကောင်းတို့ မြို့ပေါ်၌ရှိစဉ် လိုအပ်သည်ထင်၍ ဗဟိုကော်မတီအဆင့် UG တာဝန်ခံအဖြစ် တာဝန်ပေးခဲ့ခြင်း ဖြစ်နိုင်ပါသည်။       ထိုကိစ္စများနှင့်ပတ်သက်ပြီး မခင်ရွှေလှိုင်ပြောကြားခဲ့သည့် ABSDF(မြောက်ပိုင်း)ကိုABSDF(အထက် မြန်မာပြည်)အဖြစ်ပြောင်းလည်းဘို့ ကြိုးစားခဲ့မယ်ဆိုရင်တော့ ဆိုသည့်စကားကို ပြန်ကောက်ပြောလိုပါသည်။
ကျနော် ဗဟိုကိုပြန်ရောက်ပြီး ရှစ်လေးလုံး(၃)နှစ်ပြည့်ပွဲ မတိုင်မှီ ရဲဘော်တစ်ချို့ထံမှ ကြားသိရသည်မှာ ကိုထွန်းအောင်ကျော်မှ နိုင်ငံတကာလှည့် အလုပ်လုပ်မည်၊ကိုညီညီ(ဆမားညီညီ) ကို နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ပေးမည်။ ကိုထွန်းအောင်ကျော်နှင့် အတူကိုညီညီ (ဆမား) ကလိုက်ရမည်၊ ကိုချိုကြီးက နိုင်ငံရေးနှင့်စည်းရုံးရေးတာဝန်ယူပြီး  မပ(ဗဟို)ကို ထိန်း ထားရမည်၊ စသဖြင့်ကြားသိခဲ့ရပါသည်။ ကိုထွန်းအောင်ကျော်မှ တရားဝင်ပြောကြားခြင်း၊ ဗဟိုကော်မတီ အစည်းအဝေးခေါ် ဆွေးနွေးခြင်းမရှိပါ… ထိုကိစ္စနှင့်ပတ်သက်ပြီး ကိုမျိုးဝင်း၊ကိုအောင်နိုင်တို့မှ သံသယအမြင်ဖြင့် ကြည့်ခဲ့ကြသည်ဟု ယူဆပါသည်။မခင်ရွှေလှိုင်ပြောစကားသည် ကိုမျိုးဝင်း၊ကိုအောင်နိုင်တို့၏ သဘောထားမှ လာသည်ဟုသေချာစွာပြောရဲ ပါသည်။ ကိုထွန်းအောင်ကျော်အသတ်မခံရခင် ကိုမျိုးဝင်းပြောခဲ့သည့် ဟေ့ကောင်ထွန်းအောင်ကျော် မင်းအခု ဘာတတ်နိုင်သေးလဲဟုပြောစကားသည် ABSDF (အထက်မြန်မာပြည်) လုပ်ရန် ကြိုးစားသည်ဆိုသောစွပ်စွဲ ချက်မျိုး ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကိုထွန်းအောင်ကျော်နှင့်UG များ က (ABSDF မြောက်ပိုင်း ) ကို ချုပ်ကိုင်ရန်ကြိုးစားသည်ဆို သောယူဆချက် စွပ်စွဲချက်ဖြစ်ပါသည်။

( ၄ ) မခင်ရွှေလှိုင်ရေးသားထားသည့်အပိုင်း-၃ တွင် ABSDF (မြောက်ပိုင်း)တွင် စစ်ထောက်လှမ်းရေးသူလျှို များရှိနေသည်ဆိုတာကို ကိုထွန်းအောင်ကျော်အပါအ၀င်ကိုညီညီကျော်မှအစ မြောက်ပိုင်းဗဟိုကော်မတီဝင် အားလုံးကလက္ခံခဲ့ကြပါတယ် ဆိုသောစကားသည် အမြင်နှင့်ရေးသားသည်ဟု ယူဆပါသည်။
          အပိုင်း(၇) တွင်ရေးထားသည့် လုပ်မည်ဟုမြောက်ပိုင်းဗဟိုကော်မတီမှ ဆုံးဖြတ်ပြီးနောက် ကိုမျိုးဝင်း ဦးဆောင်တဲ့ ကျောင်းသားထောက်လှမ်းရေးကို အာဏာကုန်လွှဲအပ်ပေးခဲ့တဲ့အတွက်ဆိုသည်မှာ လည်းမမှန်ပါ။အစည်းဝေး ဆုံးဖြတ်ချက်ပြုလုပ်ခြင်း မရှိခဲ့ပါ။ မြောက်ပိုင်းဗဟိုကော်မတီ အစည်းဝေးမှ ဆုံးဖြတ်ခြင်းမဟုတ်ဘဲ ကိုအောင်နိုင်၊ကိုမျိုးဝင်း ၊ကိုလှဆိုင်း အတွင်းရေးမှူး( ၃ ) ယောက်မှ ဗန်းမော်ခရိုင်နှင့် ချိတ်ဆက်ကာ လျှို့ဝှက်ပြီး စတင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။ အစည်းဝေး မှတ်တမ်း( သို့ ) ယုံကြည်ရလောက်သော လူသက်သေ၊ အခြေအနေ၊အခင်းအကျင်း၊ ပြသမှု မရှိဘဲ ထင်ရာ ရေးခြင်း မပြုလုပ်သင့်ပါ။
          ကိုညီညီ(ဆမားညီညီ) ၏ စာတွင် ဥက္ကဋ္ဌက စစ်ကော်မရှင်မှစစ်ဆေးပြီးလျှင် ဗဟိုကော်မတီသို့ တင်ပြရမှာဖြစ်ကြောင်း…..ပြောကြားခဲ့သည်ဟု ရေးသားထားသည်ကို ဖတ်ရှူ့ခဲ့ရပါသည်…
စစ်ကော်မရှင်မှဆောင်ရွက်သည်ဟုလည်းကျနော်အနေနှင့် သိရှိခဲ့ခြင်းမရှိခဲ့ပါ…..စစ်ကော်မရှင်မှ ဆောင်ရွက် သည်ဆိုလျှင် ဥက္ကဋ္ဌကိုယ်တိုင်ဦးဆောင်ပါဝင်သည်ဟု သတ်မှတ်ရပါမည်….ABSDF(မြောက်ပိုင်း)ဖွဲ့စည်းပုံ တွင်စစ်ကော်မရှင်ကိုအောက်ပါအတိုင်းဖွဲ့စည်းထားရှိပါသည်…..
          ( ၁ ) ဥက္ကဋ္ဌ ( အဖွဲ့ခေါင်းဆောင် )
        ( ၂ ) ဒုဥက္ကဋ္ဌ(၁)  - စစ်ရေးတာဝန်ခံ
        ( ၃ ) အထွေထွေအတွင်းရေးမှူး
        ( ၄ ) တွဲဘက် အထွေထွေအတွင်းရေးမှူး ( ၁ )
        ( ၅ ) တွဲဘက် အထွေထွေအတွင်းရေးမှူး ( ၂ )
       
          အရေးကြီးသော စစ်ရေးစစ်ရာများနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နိုင်ရန် ထည့်သွင်းရေးဆွဲထားပါတယ်…..
                    ကျနော့်အနေနှင့် ဦးစိန်နှင့် ကိုတင်မောင်အေး( ခ ) ကိုအားဆိုက် ကိုဖမ်းဆီးဘို့ ဥက္ကဋ္ဌမှ သူခွင့်ပြုပေး လိုက်ကြောင်း ခေါ်ပြောသည့်အချိန်မှသာ ဥက္ကဋ္ဌသဘောတူ ပါဝင်သိရှိကြောင်း သိခဲ့ရပါသည်…
အစပိုင်းတွင် ရဲမေဆောင်မှ မနန်းအောင်ထွေးကြည်၊မခင်ချိုဦး တို့အားဝင်ရောက်ဖမ်းဆီးသည်များကို ၄င်းတို့ သဘောဖြင့်ဆောင်ရွက်နေခြင်းဟု သာယူဆခဲ့ပါသည်….ထို့ပြင် ဆေးသင်တန်းမှ အချို့ကိုသွားရောက် ဖမ်းဆီးခြင်းကိုလည်း ကြိုတင်သိရှိခြင်း မရှိခဲ့ပါ…. စတင်မဖမ်းဆီးခင် အချိန်ကလည်း အလွတ်သဘောမျိုး ဆွေးနွေးတိုင်ပင်ကြသည့် အခြေအနေမျိုးပင် မရှိခဲ့ပါ…..
( ၅ )   အပိုင်း(၆)တွင် မခင်ရွှေလှိုင်ရေးသားထားသည့် မြောက်ပိုင်းဗဟိုကော်မတီထဲမှာ အမျိုးသမီးတွေကို ထည့်သွင်းမစဉ်းစားတဲ့ မဟာယောင်္ကျားကြီးဝါဒ က ကျမကိုကယ်သွားတာဘဲ…. ဟုရေးထားသည်ကို တွေ့ရပါသည်။သူရေးထားတာကအပြင်လူတွေ နားလည်ကြမှာမဟုတ်ပါဘူး။ ဆိုလိုတာက သူဗဟိုကော်မတီ မဖြစ်ခဲ့လို့ ကံကောင်းသွားတယ်လို့ပြောတာပါ။ အဖမ်းအဆီးတွေမဖြစ်ခင် ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်တို့က ဗဟိုကော်မတီမှာအမျိုးသမီးတစ်ဦးပါသင့်ကြောင်း ပြောခဲ့တာရှိပါတယ်။ မခင်ရွှေလှိုင်ဖြစ်သင့်ကြောင်း သူတို့က ပြောတာကြားခဲ့ရပါတယ်။ အစည်းဝေးပုံစံပြောတာ မဟုတ်ပါ၊ စကားပြောရင်း ထည့်ပြောကြတာပါ၊ ကျနော်က သဘောထားမပေးခဲ့ပါဘူး။ အားလုံးသဘောတူရင်တော့ ပြောစရာ မရှိပါ၊ ဒါပေမယ့် ဘယ်လိုအခြေအနေမျိုးနဲ့ ပေးမလဲ ဆိုတာပြသနာရှိပါတယ်။ကော်မတီသက် တမ်းကဖွဲ့စည်းပုံမှာ(၂ ) နှစ်ဆိုတာပါတယ်။ အချိန်ကတော့ လိုပါသေးတယ်။မြောက်ပိုင်းဖွဲ့စည်းပုံမှာ အမျိုးသမီးတွေ အရွေးခံပိုင်ခွင့်မရှိလို့ ရေးထားတာမရှိပါဘူး… အဲဒီကိစ္စကဆက်ပြီး အကောင်အထည် မပေါ်လာခဲ့ပါဘူး၊ အဲဒါကို မြောက်ပိုင်းဗဟိုကော်မတီ ၀င်များ၏ မဟာယောင်္ကျားကြီးဝါဒကြောင့် သူ ဗဟိုကော်မတီဝင် မဖြစ်ခဲ့ရတာဟာ သူ့အတွက် ကံကောင်းသွား ပါတယ်လို့ ပြောသွားတာပါ၊ ဗဟိုကော်မတီဖြစ်ခဲ့ရင် သူလည်းအဖမ်းခံရမှာ သေချာတယ်လို့ ဆိုလိုတာပါ……

( ၆ ) မခင်ရွှေလှိုင်က ကိုသန်းထွန်းစိုး( ခ ) ကိုတိုက်ပိတ် ကိုထောက်လှမ်းရေးလို့မဖြစ်မနေ အတည်ပြုဘို့ လုပ်နေတာ တွေ့ရ ပါတယ်။ အပိုင်း( ၄ )မှာသူရေးထားတာက အများကတော့သန်းထွန်းစိုး( ခ )တိုက်ပိတ် ကို ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့တယ်လို့ယူဆပါတယ်…. သန်းထွန်းစိုး( ခ )တိုက်ပိတ် အနေနဲ့ရန်သူ့ သူလျှိုမဟုတ်ကြောင်းသက်သေပြနိုင်ဘို့ ထောင်ကျဘို့လည်းလိုအပ်ပါတယ်…. တမင်အဖမ်းခံတယ်၊ ထောင်လည်းအကျပြဘို့လိုတယ် ဆိုပြီး ထောင်အကျပြတယ်ပေါ့ …. စိတ်ကူးယဉ် ဆန်သည့် တွေး ခေါ်ခြင်းဖြစ်သည်ဟုမြင်ပါသည်။
          ကျနော်ရင်း(၁၁ ) အထိုင်ကခွာပြီး တောထဲတောင်ထဲမှာ KIA ဒုရင်းမှူး နဲ့အတူရှိနေတဲ့ ၁၉၉၁ နှစ်ဆန်းမှာ ဖြစ်ခဲ့တာပါ။ကိုတိုက်ပိတ် ရင်း( ၅ )ကရောက်လာတယ်၊ ကိုမျိုးဝင်းကဗဟိုကိုပြန်လွှတ်လိုက် ကြောင်း ပြောတယ်၊ ကျနော်ကသူ့ကိုဧရာဝတီအရှေ့ဘက်ကမ်းရောက်အောင်စီစဉ်ပေးရတယ်၊ လုံခြုံရေးမပေး နိုင်လို့ KIA UG (လူခံ) နဲ့ပို့ဘို့ KIA ဒုရင်းမှူးကိုယ်တိုင် စီစဉ်ပေးတယ်၊KIA UG က ကိုလှဦး ပါ ၊
ဆင်ဘိုအထက်နားကနေဖြတ်ကူးဘို့စီစဉ်တယ်၊နေမကောင်းတဲ့ ရဲဘော် မောင်မောင် ကို နောင်ရာပါစခန်းမှာ ဆေးကုဘို့ထည့်ပေးလိုက်တယ်။ နောက်နေ့မနက် KIA ဒုရင်းမှူးကခေါ်ပြောတယ်၊ တောင်ယာတဲမှာညအိပ် နေတုံး ဆင်ဘိုကလာတဲ့စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းမိသွားတယ်ဆိုတာပြောတယ်၊ KIA UG ကိုလှဦးက တဲပေါ် ကခုန်အချမှာ ၀ိုင်းချုပ်ခံရပြီး ကြိုးတုတ်ဘို့လုပ်နေတုံး တွန်းထိုးထွက်ပြေးခဲ့ရတယ်လို့ပြောပါတယ်၊ ညဘက်မို့ နီးရာခြုံတွေဘက်လှိမ့်ချပြီး ပြေးခဲ့တာလို့ပြောတယ်၊ သူ့ခါးမှာရှပ်မှန်ခဲ့တဲ့ သေနတ်ဒဏ်ရာ လတ်လတ်ဆတ်ဆတ် ကိုလည်း ကြည့်ခဲ့ရပါတယ်၊ တမင်အဖမ်းခံတာဟုတ်မဟုတ်ဆိုတာ KIA သက်သေတွေ ရှိပါတယ်။ စောသက်ထွန်းနဲ့အတူ အဖမ်းခံရတယ်ဆိုတာလည်း ရမ်းရေးထားတာပါ၊ မြောက်ပိုင်းမြေမှပုံရိပ်များ အပိုင်း( ၃ ) မှာလည်း ကျနော်ရေးထားတာရှိပါတယ်။

( ၇ ) မခင်ရွှေလှိုင်ရဲ့စာမှာအဓိကပြောချင်တာက ကျောင်းသားက ကျောင်းသားကိုသတ်အောင် စစ်ထောက်လှမ်းရေးတစ်ချို့က အစီစဉ်တကျ ဆောင်ရွက်ခဲ့တယ်….လို့တွေ့ရပါတယ်…..သတ်ပစ်ရလောက် အောင်ထိမိုက်မဲမဲ လုပ်ခဲ့ကြသူတွေက ဘယ်သူတွေလဲ…. ထောက်လှမ်းရေး ပြသနာတွေမတိုင်ခင်ကတည်း က ကိုမြတ်ကို၊ ကိုလွှမ်းမိုး၊ ကိုအောင်ကျော်တို့ ဘာအတွက်သေခဲ့ကြရတာလဲ….သံသယတွေနဲ့ ထစ်ကနဲရှိ သတ်မယ်ဆိုတဲ့ လူသတ်ဝါဒအရိုးစွဲနေတာဘယ်သူတွေလဲ….ဒီမတိုင်ခင်အစောပိုင်းက ဒီချန်းကိုး ဆိုတဲ့ ရဲဘော်ကို ဗန်းမော်ခရိုင်မှာ သတ်ပစ်ခဲ့တာ မှီလိုက်တဲ့သူတွေသိကြမှာပါ…. ၁၉၉၁ ခုနှစ်ဆန်းလောက်မှာ ရင်း(၅)နယ်မြေမှာ ဈေး သည်တချို့ကို သံသယနဲ့ ဖမ်းဆီးပြီး မတရားနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ ကိုမျိုးဝင်း၊ ရင်းမှူးအောင်သန်း တို့လုပ်ရပ်တွေကကော ဘာကြောင့်လုပ်ခဲ့သလဲ…. ထောက်လှမ်းရေးတွေက အကွက်ချစီစဉ်ပြီး သတ်အောင် ဖန်တီးခဲ့လို့ လုပ်ခဲ့ရတာလား….. လူစိတ်မရှိတဲ့သူတွေရဲ့လုပ်ရပ်လား … စဉ်းစားနိုင်အောင် ပြောပြတာပါ…..

( ၈ )   ကိုအောင်နိုင်ကိုလည်းတော်တော်လေး ကာကွယ်ပြောသွားတာတွေ့ရပါတယ်…. စစ်ကြောရေး ကို ကိုယ်တိုင်လုပ်ခဲ့တဲ့ထဲမှာ မပါခဲ့ပါဘူးတဲ့….သွားကြည့်တာတော့ရှိခဲ့ပါတယ်လို့ပြောထားပါတယ်….
          သူကိုယ်တိုင်စီစဉ်ညွှန်ကြားနေမှတော့ စစ်စရာလိုသေးပါသလားလို့ မေးချင်ပါတယ် စစ်ကြောရေးမှာမပါခဲ့ပါဘူးလို့ ပြောခဲ့ပေမယ့်….အဖမ်းခံအချုပ်သားတစ်ဦးကို တော့ရိုက်သတ်ခဲ့ပါတယ်….
၁၉၉၁ - ဒီဇင်ဘာလ( ၂၅ ) ရက်နေ့ည(ခရစ္စမတ်ည) မှာ ကျော်ကျော်ဦး( ကသာ ) ကိုမူးမူးနဲ့ရိုက်သတ်ခဲ့ တာပါ….. အပတ်စဉ် ( ၆ ) သင်တန်းတက်တာချင်းအတူတူ ထောက်လှမ်းရေးဖြစ်ရကောင်းလား ဆိုပြီး ဂရုဏာ ဒေါသနဲ့ရိုက်သတ်လိုက်တာပါ၊ထောက်လှမ်းရေးတဲ ၀င်ဝင်ချင်း ညာဘက်ဘေးကနေရာလေးမှာပါ…
          သက်သေရှိသလားလို့မေးချင်ရင် On Line ပေါ်တက်ခဲ့ပါ….သက်သေက မေ့နေမှာစိုးလို့ သေချာရှင်းပြ ပေးပါလိမ့်မယ်…..

( ၉ ) ထောက်လှမ်းရေးလို့စွပ်စွဲသတ်ဖြတ်မှုတွေဖြစ်ပြီးတဲ့နောက်ပိုင်း မြောက်ပိုင်းကျောင်းသားတပ်မတော်ကို မြို့ပေါ်နေ ကျောင်းသားပြည်သူနဲ့ ဒေသခံတွေရဲ့ယုံကြည်မှုဟာ အောက်ဆုံးထိထိုးကျသွားခဲ့ရတယ်…. တပ်ဖွဲ့ဝင်အင်အားရာဂဏန်းဆုံးရှုံးခဲ့ရတယ်….အသိစိတ်ဓာတ်နဲ့ ၀င်ရောက်လာတဲ့ရဲဘော်တွေ မရှိသလောက်ဖြစ်သွားတယ်….တပ်အင်အားထပ်မံဖြည့်တင်းဘို့ ဒေသခံရွာတွေမှာဝင်ပြီး ဘယ်သူတွေက ဘယ်လို တပ်သားသစ်တွေစုဆောင်းခဲ့ကြသလဲ…..ဘယ်လိုအသိမဲ့တဲ့ အလုပ်မျိုးတွေလုပ်ပြီး ABSD( NB ) ရဲ့သမိုင်းကိုအကျည်းတန်အောင်လုပ်ခဲ့ကြသလဲ….အဲဒီတပ်ဖွဲ့ဝင်တွေနဲ့ ဘင်ခရာတွေ တီးဝိုင်းတွေ စစ်ရေးပြ တာတွေ အခန်းအနားတွေ လုပ်ပြီး တော်လှန်ရေးခေါင်းဆောင် အရသာကို ခံစားနေကြတာ ဘယ်သူတွေလဲ….ABSDF(NB) ရဲ့သမိုင်းကို အရုပ်ဆိုးအကျည်းတန်အောင် ဘယ်သူတွေလုပ်ခဲ့ကြသလဲ….

( ၁၀ ) ၂၀၀၀ခုနှစ်ဧပြီလဆန်းမှာ ကျနော်မန္တလေးထောင် တိုက်ဝင်းထဲမှာ တောင်ယာလုပ်တဲ့ ကိုဗလကြီးဆိုတာနဲ့တွေ့ခဲ့ရတယ်….လူသတ်မှုနဲ့သေဒဏ်ကျပြီး နိုင်ငံတော်ပေးလို့ အနှစ်၂၀ ပြောင်းကျခံနေရသူပါ…. သူ့ဇာတိကို မေးကြည့်တော့ မော်လူးမော်ဟန်ကတဲ့…..ကိုသံချောင်းတို့ ဒေသကဖြစ်နေတယ်…ကျနော်က ကိုသံချောင်းကိုသိသလားဆိုတော့…….သူကချက်ချင်းဘဲ အဖြေပေးခဲ့ပါတယ်…..
          အာ…….သံချောင်း….သူလူတွေအရမ်းသတ်တယ်လေ………တဲ့…ခေါင်းတရမ်းရမ်းနဲ့ ပြောခဲ့ပါတယ်…
ဒီကောင်မလွယ်ဘူးလေတဲ့……..
ဒါက ကိုသံချောင်းရဲ့သမိုင်းဖြစ်သလို….မြောက်ပိုင်း ABSDF  ရဲ့သမိုင်း လည်းဖြစ်ခဲ့ပါတယ်…..ဘာကြောင့် သတ်သတ် လူသတ်တယ်ဆိုတာ ဘယ်ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းကမှ လက်မခံကြပါဘူး….
( ၁၁ ) မခင်ေ၇ွှလှိုင်အနေနဲ့ ABSDF ရဲ့သမိုင်းနဲ့ဂုဏ်သိက္ခာကိုကာကွယ်လိုတဲ့ ဆန္ဒရှိတာတွေ့ရပါတယ်…. ဒါပေမယ့် ရာဇ၀တ်မှုကျူးလွန်ခဲ့ကြသူတွေအပေါ် အကာအကွယ်ပေးတာမျိုးလုပ်ပြီး မတရားခံခဲ့ရသူတွေ အပေါ်မှာတော့ စာနာထောက်ထားမှုတစ်စုံတရာ ပြောဆိုရေးသားတာမျိုးမတွေ့ခဲ့ရပါဘူး…..မခင်ရွှေလှိုင်ရဲ့ သမိုင်းနဲ့ဂုဏ်သိက္ခာ ကျဆင်းသွားစေမဲ့ အရေးအသားတွေတွေ့ရပါတယ်…. ပြောတော့ကျောင်းသား လုပ်တော့ခွေးကျင့်ခွေးကြံ ဆိုပြီး တစုံတစ်ယောက်ကို ရည်စူး ပြောဆိုတာလည်းတွေ့ရပါတယ်…ABSDF ဥက္ကဋ္ဌကတော်တစ်ယောက်အနေနဲ့ အရေးအသားဆင်ခြင်သင့်ပါတယ်…နောက်ပြီး သံသယအမြင်တွေ ရောထွေးပြီး ထောက်လှမ်းရေးရှာပုံတော်ဖွင့် နေတာတွေ့ရပါတယ်….. မြောက်ပိုင်း ကျောင်းသားတပ်မတော် ကိုဖြိုခွဲခဲ့တဲ့ တရားခံအစစ်ကဘယ်သူတွေလဲတဲ့…… အဲဒီလိုသံသယအမြင်တွေကြီးမားခဲ့လို့ မြောက်ပိုင်း ကျောင်းသားတပ်မတော် ပြိုကွဲခဲ့ရတယ်ဆိုတာ ကျနော်ရဲရဲကြီးပြောရဲပါတယ်….
          အဖွဲ့အစည်းတခုရဲ့ သမိုင်း၊ သိက္ခာနဲ့အနာဂတ်အလားအလာဟာ အဲဒီအဖွဲ့အစည်းကို ဦးဆောင်တဲ့ သူတွေမှာ အဓိကကျပါတယ်။ ဦးဆောင်သူတချို့ကြောင့် အဖွဲ့အစည်းရဲ့သမိုင်းဟာ ညစ်နွမ်းသွားစေ နိုင် ပါတယ်…..ရှောင်လွှဲလို့တော့မရပါဘူး…..ABSDF ရဲ့သမိုင်းနဲ့ဂုဏ်သိက္ခာကို အမှန်တကယ်ကာကွယ်လို တယ်ဆိုရင်…..အမှန်တရားကိုဖေါ်ထုတ်ရပါမယ်….အပြစ်ရှိသူတွေကို ဖေါ်ထုတ်ရပါမယ်….မတရားခံခဲ့ရတဲ့ သူတွေနဲ့ မိသားစုဝင်တွေကို ခံစားနားလည်ပေးရပါမယ်….
          ABSDF ရဲ့သမိုင်းကြောင်းဟာ ဒီမိုကရေစီအရေး၊လူ့အခွင့်အရေး၊ တိုင်းရင်းသားအားလုံးတန်းတူညီ မျှရေး ဆိုတဲ့ ၈၈အရေးတော်ပုံကြီးကနေပေါက်ဖွားလာတာမို့ သမိုင်းကြောင်းလှပြီးသားပါ…..နိဂုံးမှာတော့ လှပဘို့အရေးကြီးဆုံးအချိန်ရောက်နေပါပြီ….နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး၊ ပါတီထောင်ရေး၊ စီးပွားရေး လုပ်ငန်းတွေလုပ်ပြီး အခြေချနေထိုင်ရေး ဆိုတာမျိုးတွေက နောက်ဆုံးရည်မှန်းချက်မဟုတ်တာကို
တော့ အားလုံးကလက္ခံထားကြမှာပါ….လူတစ်စု၊ အဖွဲ့အစည်းတခုရဲ့ အသုံးချခံမဖြစ်ဘို့လည်း အရေးကြီးပါတယ်။ အများပြည်သူ လက္ခံတဲ့ နိုင်ငံရေးလမ်းကြောင်းမှန်တစ်ခုပေါ်မှာ ခိုင်ခိုင်မြဲမြဲရပ်တည် နိုင်မှသာ သမိုင်းကြောင်းမှန်တဲ့ ABSDF အဖြစ်ရှင်သန်ကျန်ရစ်မှာဖြစ်ပါတယ်….

( ၁၂ )           ဒီဖြစ်စဉ်ကြီးဟာ သံသယအမြင်တွေ….အာဃာတတွေ ….အာဏာအားပြိုင်မှုတွေ….အရိုးစွဲလာခဲ့တဲ့ ထစ်ကနဲရှိသတ်မယ်ဆိုတဲ့လူသတ်ဝါဒ အတွေးအခေါ်တွေ၊ ငါတို့တွေးသမျှ လုပ်သမျှ မှန်တယ်ဆိုတဲ့ ငယ်ရွယ်ပြီးအတွေးအခေါ်ချို့တဲ့ တဲ့သူတွေရဲ့အယူအဆတွေ  အပေါ်မှာအခြေခံပြီး ဖြစ်ပျက်ခဲ့တယ်လို့ မြင်ပါတယ် …
ကျနော်အနေနဲ့ လွန်ခဲ့တဲ့အနှစ်( ၂၀ )ကတည်းက ဗဟိုကော်မတီမှာတာဝန်ရှိပါတယ်လို့ ခံယူထား ခဲ့ပါတယ်….မနန်းစော၊မသင်းသင်းညီ၊ ကိုဘိုဘို တို့နဲ့ အကြောင်းအားလျှော်စွာ ဒီဖြစ်စဉ်ကြီးကို ပြောဖြစ်ကြတဲ့ အခါတိုင်း ဗဟိုကော်မတီမှာ တာဝန်ရှိခဲ့တယ်ဆိုတာ ပြောခဲ့ပါတယ်…..
          ဗဟိုကော်မတီဝင်တစ်ဦးအနေနဲ့ လုပ်သင့်လုပ်ထိုက်တယ်ထင်တာကို ဥာဏ်မှီသလောက် လုပ်ခဲ့ပါတယ်…..
          ဒါပေမဲ့ ကျနော့အနေနဲ့ ဗဟိုကော်မတီဝင် တစ်ဦးရဲ့တာဝန်တွေ လစ်ဟင်းခဲ့ပါတယ်…..
ကျောင်းသားရဲဘော်တွေရဲ့ ကံကြမ္မာကို အကာအကွယ် မပေးနိုင်ခဲ့ပါဘူး…..ကာယကံမြောက်ခံစားခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေရဲ့ သမိုင်းနဲ့ဂုဏ်သိက္ခာတွေ ရိုက်ချိုးခံခဲ့ကြရပါတယ်….ကာယကံရှင်မိသားစုတွေရဲ့ ခံစားချက်တွေကို ဘယ်လိုမှ အစားထိုးဖြေသိမ့်လို့ မရနိုင်တော့ပါဘူး….
          ကျနော်တို့အားလုံး ဒီအဖြစ်အပျက်တွေကို ပြန်သုံးသပ်ပြီး လစ်ဟာချက်တွေ ချို့ယွင်းချက်တွေ အမှားတွေကို ပြန်လည်ရှာဖွေပြီး ဖြစ်ရပ်အမှန်ကို ဖေါ်ထုတ်ရမှာဖြစ်ပါတယ်…. ကျူးလွန်ခဲ့ကြတဲ့ ပြစ်မှုတွေအလိုက် စံနစ်တကျ စီစစ်ပြီး သက်ဆိုင်သူတွေက တာဝန်ခံကြရမှာဖြစ်ပါတယ်….

ကိုထွန်းအောင်ကျော်နှင့် သူငယ်ချင်းများ ကောင်းရာသုဂတိ ရောက်ပါစေ……
               
အမှန်တရားဟာသင်တို့နဲ့အတူရှိနေပါတယ်……
လူသတ်ဝါဒ ကျဆုံးပါစေ………..

လက်နက်ဖြင့် အာဏာတည်ဆောက်ရေး လမ်းစဉ်များ ချုပ်ငြိမ်းပါစေ…….
         
       
Unlike ·  · Share

  • You, Min Thit, Ko MoeJee, မိုး စဲ and 22 others like this.
  • Nang Aung Htwe Kyi ကိုရဲရေ .. ကျေးဇူးပါ ။ မငယ်မသိတဲ့ အမှန်တရားတွေ ကိုရဲ ဖွင့်ချပြတာကို ကျေး ဇူးပါ ။ မငယ် ပြောခဲ့ပါတယ် ။ ဘုမသိ ဘမသိ အဖမ်းခံရတယ် ။ ကိုရဲ နဲ့ မငယ် ပထမဆုံး အကြိမ် မပ သမိုင်းအမှန်အကြောင်း ကိုရဲ ပြောပြခဲ့တဲ့ ညလေ ... ကိုရဲ ကပြောတယ် ။ အရေးကြီးတယ် .. အသံသွင်းထားပါဆိုတဲ့ညလေ .. ။ တညလုံး အိပ်မရဘူး။ ငိုယုံကလွဲပြီးဘာတတ်နိုင်လဲ .. မဖြစ်သင့်တာတွေ ။ မဖြစ်အပ်တာတွေ ။ ကိုရဲ ရဲ့ ကျနော့်မှာ တာဝန်မကင်းဘူး .. ကျနော့်ရဲဘော် တွေအပေါ် ဘာမှ လုံခြုံအောင်မဆောင်ရွက်နိုင်ခဲ့ဘူး ဆိုတာ ...။ နောက်ကိုရဲ ပြောခဲ့တယ် .. ကိုစိုးလင်း ကိုရဲကို ရှင်းပြ တဲ့ အကြောင်းတွေ ။ အဲ့ဒီနောက်ပိုင်း မငယ် ကိုစိုးလင်းနဲ့ ဖုန်းပြောဖြစ်ခဲ့တယ် ။ ကိုစိုးလင်း မငယ်ကို ထပ်ရှင်းပြတယ် ။ ဒါကြောင့်ပြောတယ် ။ မပ သမိုင်းအမှန် မပတွေဘဲသိတယ်လို့ ။ မျိုးဝင်းကစား ကွက်လှတယ် ။ အောင်နိုင် ခေါ် ရော်နယ် အောင်နိုင်ကလည်း သိသိနဲ့ လှလှ လေးကပြသွားတယ် ။အောင်ကြီးက မျိုးဝင်းအနောက် က အကြံပေးတိုင်ပင်ဖော် ဖြစ်တယ်လို့ ကိုစိုးလင်းရှင်းပြခဲ့တယ် ။ ဒီဇာတ်ရှုပ်ကြီး ထဲမှာ နောက်ဆုံး အယောက် ၁ဝဝ အသက်သွေးတွေ စတေးခဲ့ကြရတယ် ။ စနစ်တကျ လုပ်သွား ကြတယ် ။ လိုင်းတင်ပြီးမေးပြီး ဟုတ်တယ် မပြောမခြင်းနှိပ်စက်ကြတယ်။ ကျေးဇူးပါကိုရဲ ။ ကိုစိုးလင်းနဲ့ ကိုညီကျော်လဲ ရှင်းပြပေးပါ ။ မငယ်သိနေပေမဲ့ အငယ်တွေ သိခြင်နေကြတယ် ။
    12 hours ago · Unlike · 5
  • Dogyi NBကျွန်တော်တို့မသိတာတွေသိရတဲ့အတွက်ကျေးဇူးပါသင်တန်းဆင်ြးီပီးရင်း၁၂သွားတော့ဘာမှမသိခဲ့ရဘူး
    12 hours ago via mobile · Unlike · 3
  • Htay Tint ခင်ရွေလှိုင် ရေးထားတဲ့ ဆောင်းပါးကို တွဲပြီးလေ့လာလိုသူများအတွက်http://htaytintnl.blogspot.nl/2012/03/blog-post_30.html
    11 hours ago · Like · 3

No comments:

Post a Comment