Wednesday, September 26, 2012

ဟစ်တိုင်မှ ဖတ်စရာ..။

ရှုထောင့်သစ်

 - “ဖွတ်ဒေါင်း”…တွေစားခွက်လုနေတုန်းက “ခွပ်ဒေါင်း” တွေရဲ့ဘဝအပိုင်းအစ-
-ကိုကြီးကျော်-၂၄-၉ -၂၀၁၂

ညီလေးတို့ရေ……

ဒီ ကောသလ္လ ဆိုတဲ့…မင်းကြီး ကလဲ…ဘာကြောင့်များ ဒီလောက်အကြာကြီး ထိအောင်မှန်တဲ့အိမ်မက် ကိုမက်ခဲ့ရတာပါလိမ့်ကွာ ………၊
ဗူးတောင်းနစ်၍ ဇောင်းခြမ်း ပေါ်တဲ့။

“ဇောင်းခြမ်း“ တွေပေါ်နေကြပြန်တယ်ကွာ ….ခပ်ရွံရွံရှိတာနဲ့ ဒါတွေအကြောင်း သေသေချာချာ ဖတ်လဲမဖတ် ကြည့်လဲမကြည့်ဘူး။
ဒါပေမဲ့ မထင်မှတ်ထားတဲ့ အသုံးအနှုန်းတစ်ခု တွေ့လိုက်ရတယ် …..“ဖွတ်ဒေါင်း“ တဲ့ ကြည့်မိနေတဲ့ ကွန်ပျူတာမှန်သားပြင် ပျောက်သွားတယ်။ ပြန်သတိထားမိတော့…တစ်ကိုယ်လုံးတုန်နေတယ် မကြီးမငယ်နဲ့မျက်ရည်လည်နေတယ်။
အလို…… ငါဘာဖြစ်တာလဲ … ငါနဲ့ဘာဆိုင်လို့လဲ။

ကိုယ့်ဟာကိုယ် …မေးပြီး စိတ်ဖြေပေမဲ့ ..ဒေါသနဲ့ ၀မ်းနဲမှုကပျောက်မသွားဘူး။
ဖွတ်ဆိုလဲ ဖွတ်ပေါ့ကွာ ဘာလို့…ဒေါင်း…ကပါနေရတာလဲ။ ဒီအသုံးအနှုန်း ထွင်တဲ့သူ ဒေါသထွက်မိသလိုဘဲ။
ဒီလိုလဲမဟုတ်ပြန်ဘူး..ဖွတ်ဒေါင်း..ဆိုတာ ဘယ်..ဇောင်းခြမ်းတွေကိုဆိုလိုမှန်းသိပါတယ် ။
တကယ်တော့ ဒေါင်း…ပါနေလို့ ဒီအသုံးအနှုန်းဟာ “ဇောင်းခြမ်း“ တွေအတွက် မြင့်တောင်နေပါသေးတယ် .. ။


ဒါပေမဲ့ ညီလေးတို့ရေ……. မင်းတို့မျက်နှာတွေပြန်မြင်လာတယ်။ စိတ္တဇ ရုပ်ရှင်တွေထဲကလို…မင်းတို့မျက်နှာတွေ ငါ့ခေါင်းတစ်ဝိုက်မှာ ၀ဲလည်နေပြီး “ကျွန်တော်တို့ခွပ်ဒေါင်းပါဗျာ…..ကျွန်တော်တို့ခွပ်ဒေါင်းပါဗျာ…“ လို့  ၀မ်းနည်းပမ်းနည်းနဲ့ အော်နေကြတာကြားနေရသလိုဘဲကွာ။

ငါနဲ့မဆိုင်လို့ မေ့နေပါပြီ..လို့ ကိုယ့်ဟာကိုလိမ်ပြီး နှစ်များစွာပစ်ထားတဲ့ အထုတ်ကလေးဖွင့်ကြည့်မိတယ်။
စိတ်ကူးပေါက်ရာအစအနတွေ ပြန်ဆက်ပြီး …ခုခေတ်ပေါ်နေတဲ့ လျှပ်စစ်လှိုင်း e-media ကနေ လွှင့်ထုတ် လိုက်မိတယ်ကွာ။

မင်းတို့တွေဟာ ..ဖွတ်ဒေါင်း….နဲ့လားလားမျှမဆိုင်ပါဘူးဆိုတာ..ရိပ်မိတဲ့ လူတွေများရိပ်မိပါ စေတော့ ဆိုတဲ့စေတနာနဲ့ပါ ။
အေးလေ……..ငါတစ်ယောက်ထဲသိထားပြီး ငါတစ်ယောက်ထဲ ခံစားနေရတာကို သက် သာရာသက်သာကြောင်း ထွက်ပေါက်ရှာတာမျိုးလဲ ဖြစ်ချင်ဖြစ်မှာပေါ့။
မင်းတို့ရဲ့ ပုဂ္ဂလိက…စာ ၊… ပုံ ၊ …စကားတွေဖြစ်နေလို့ …မကျေနပ်ကြရင်လဲ…ရောက်ရာနေရာက နားလည်ခွင့်လွှတ်ပေးပါ…. ညီလေးတို့ရေ ……..

မကျေမနပ်ဖြင့်
ကိုကြီးကျော်( ၂၂.၉.၂၀၁၂ ၊ ၁၇။၂၅ နာရီ၊ ဂျာမနီ )


****************************************

“ဖွတ်ဒေါင်း”…တွေစားခွက်လုနေတုန်းက “ခွပ်ဒေါင်း” တွေရဲ့ဘဝအပိုင်းအစ-
ကျွန်တော်ပင်လယ်ပြင်ထဲမှာ ၄ လကျော်တာဝန်ကျတယ် အများကြီးရှာပေးနိုင်တယ်။
အဲဒီအချိန်က ပင်လယ်ပြင်မှာ အေဘီ တပ်မှူးတွေအလွန်တော်ကြတယ် ညီလဲညီညွတ်ကြတယ်။
အဲဒီမှာဒေသခံတွေက…ကျောင်းသားတွေကို အရမ်းထောက်ခံတယ် ….. ကို မိုးသီးနဲ့ ကို နိုင်အောင် ကွဲံသွားပြီးတော့ စိတ်ပျက်ပြီး ဘယ်ဘက်မှမထောက်ခံ တော့ဘူး။
တချို့ ဗ.က.ပ ဖက်ကို ရောက်သွားတယ်။
၉၂ ဇူလိုင်တုန်းကဆိုရင် တစ်လထဲ ဘတ်သိန်း ၃၀၀ ကျော်လောက်ရှာပေးဖူးတယ် ……….…………………

ဒါပေမဲ့ တတိယညီလာခံမှာ ငွေတွေအဝေမတဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကို နိုင်အောင်နဲ့ ကို မိုးသီးတို့ ကွဲကြရာက ပင်လယ်ပြင်မှာလဲ ၂ ၀၁ ကို နိုင်အောင်တပ်နဲ့ ၂၀၃ ကို မိုးသီးတပ်တို့ ကွဲကြတယ် စားကျက်လုကြတယ်။……


နိုင်အောင်

အဲဒီတုန်းကပင်လယ်ပြင်ဘက်မှာ ABSDF ကိုကျင်သန်း က လက်နက်ဝယ်ပေးမယ်ဆိုပြီး ဗ.က.ပ.ထံက ဘတ်သိန်း ၅၀ လိမ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး..စက်ကတဆင့် စကားများ စိမ်ခေါ်ကြရင်း..ဗ.က.ပနဲ့ မွန်ကတစ်ဖက်…KNU နဲ့ကျောင်းသားကတစ်ဖက်တိုက်ကြတယ်။

ကျောင်းသားဖက်က KNU ပါမှန်းသိတော့ မွန်ကထွက်ပြေးသွားတယ်။
ဗကပ က ကိုနိုင်အောင်ကိုအကူ အညီတောင်းတယ်။
ကိုနိုင်အောင်က ဒီကိစ္စကို DAB မှာတင်ပြီးညှိတော့ အဆင်ပြေသွားတယ်။
ကိုမိုးသီးကမကျေနပ်ဘူး ကိုနိုင်အောင်က ဗကပ မိမိတို့စားကျက်ထဲစွဲသွင်းတယ်လို့ ဆို ပြီးတော့ ကို မိုးသီးက သူ့အဖွဲ့နဲ့ ငွေသတ်သတ် ကောက်တယ်။ ………………………………………………….
အဲဒီ…သရက်ချောင်းခွင်မှာ ကိုနိုင်အောင်နဲ့ ကိုမိုးသီးတို့အဖွဲ့တွေ နေရာလုကြတယ် ။



တောင်ပိုင်း အေဘီ ဥက္ကဌ မိုးသီးဇွန်
အဲဒီမှာ ကရင်တွေလဲကွဲ နေကြတယ် ။၂၀၃ က ထိန်လင်းတို့က KNU ဗိုလ်နန္ဒတို့နဲ့အရမ်းတဲ့တယ်။
အဲဒီအချိန်မှာဘဲ ကျွန်တော်..ပင်လယ်ပြင်ကပြန်လာပြီး။ တာကြီးနဲ့လူချင်းလဲရတယ်။

တာကြီးတို့အဖွဲ့က ၁၆ ယောက်ရှိတယ်။ အဲဒီမှာထိုင်းသင်္ဘော တစ်စီးကိုအခွန်ကောက်ရင်း KNU နဲ့ပြသနာ တက်တယ်။
ဒါနဲ့…..တာကြီးတို့တစ်ဖွဲ့လုံးကို DAB ရဲ့အမိန့်ဆိုပြီး …..အာဏာဖီဆန်တယ်၊ အလင်းဝင်ဖို့ကြိုးစား တယ်၊ စင်္ကပူ ထွက်ပြေးဖို့ကြိုးစားတယ်…လို့စွပ်စွဲပြီး ဖိုးကွန်းဆိုတဲ့ နေရာနဲ့ကပ်ရက် ရွာတစ်ရွာမှာ ဖမ်းပြီး လက်နက် သိမ်း လိုက်တယ် ။

ပြီးတော့ရွာထဲမှာ တစ်ရက်နှစ်ရက်ကြိုးတုတ်ထားတယ် သုံးရက်မြောက်နေ့မှာ ထုတ်ပြီးသတ်လိုက်တယ် လို့ပြောတယ်။
ဒီအကြောင်းကိုစက်လှေသမားတစ်ဦးကလာအကြောင်းကြားလို့ တာကြီး တို့ခေါင်းဆောင် ကိုဘဦး လိုက်သွားတာ နှစ်ယောက်စလုံး ထပ်ပျောက်သွားတယ် အစ အနမတွေ့တော့ဘူး ။ ……………

ABSDF ဒုဥက္ကဌ ကိုကျော်ကျော်ဟာ ပင်လယ်ပြင်ကြီးကြပ်ရေး တွဲဘက်အတွင်းရေးမှူးလည်းဖြစ်ခဲ့တယ်။ တာကြီးတို့ …ကျွန်တော်တို့ကိုသူကတဆင့်တာဝန်ပေးတာပေါ။့
အဲဒါ…တာကြီးတို့ အသတ်ခံရတယ် ကြားတော့ ကျွန်တော်ကဘယ်လိုတာဝန်ယူမလဲလို့ သွားမေးတာ….
မင်းတို့ကိုတာဝန်ယူဖို့ထက် ကိုယ့်ကိုယ်ကိုတောင် တာဝန်မယူနိုင်ဘူး…လို့ …..၁၉၉၃ ဧပြီလ ၁၇ ရက်နေ့  မှာ.အဲဒီလို ပြောလွှတ်လိုက်တယ် ခိုင်းတုံးက ခိုင်းပြီတော့ဗျာ။……………………………….

မထွက်လာခင်မှာ သန်းထွဋ်ဆွေနဲ့အကြီးအကျယ်စကားများခဲ့တယ်။ မဲဆောက်ထဲမှာ အငတ်ငတ်အပြတ် ပြတ်ဖြစ်နေတုန်း ထိုင်းရဲက ၆ ခါလောက်အဖမ်းခံရတယ်။ အုတ်သယ်ကျောက်သယ် မြေပေါက်အိမ် သာ ကျင်းတူး အလုပ်ကြမ်းပေါင်းစုံလုပ်ရင်း ငွေပြန်ဆပ်ခဲ့ရတယ်။ ၀မ်းခါကဆေးမှူး ဒေါက်တာမြင့်ချိုရဲ့ညီ တင်ဝင်းနှင့်အတူ ဘတ်ငွေ ၁၅၀၀ ပေးပြီး အလုံပိတ်ကားနဲ့ ဘန်ကောက်ကိုတက်ခဲ့ရတာပါ။………

ဦး????? လိုတော့ ရန်သူ့ဆီဘယ်တော့မှ ဒူးမထောက်ဘူး၊ ထိုင်းအကျဉ်းထောင်ထဲမှာ သေရင်သေသွားပါစေ။ ကိုဆန်းလင်းတို့ ၊ လဗန်တို့ ၊ တာကြီးတို့ လုပ်ရမဲ့အလုပ်တွေ ကျွန်တော်တို့ ဆက်လုပ်ရဦးမယ်ဆိုတာ ကျွန်တော့်ခေါင်းထဲမှာ စွဲမြဲနေတယ် ။


(ခွပ်ဒေါင်း-လိပ်ပု)-
။။။။။။။။။။။။။။။။။။။။။။

တိုက်ပွဲကတော့အပြင်းအထန်ဘဲ ကျွန်တော်တို့ ၂၁၀ က ၁၃ ဦးဒါဏ်ရာရတယ် တစ်ယောက်ကျဆုံးတယ် ဒါဏ်ရာတွေကတော့ ကျွန်တော်၊ မောင်လ၊ှ ရဲနိုင်၊ ကိုရင် နဲ့ ကျန်တာတွေကလူသစ်တွေထဲကပါဘဲ…..
အဖွဲ့အစည်းနှစ်ခုဖြစ်တာမှာလဲ ဒီမိုကရေစီထုံးစံ နာခံမှု မနာမခံမှုအရင်းခံပါ အများ ဆန္ဒအရ ရွေးချယ်မှုကို ရင်မဆိုင်ရဲတဲ့လူနည်းစုက အုပ်စုကြီးဝါဒ ကိုင်ဆွဲတယ်ဆိုတဲ့စွဲချက်နဲ့ပေါ့ …………………….
ခင်ဗျားပေးသမျှဟာ…..တော်လှန်ရေးအတွက်၊ ရဲဘော်တွေအတွက် ၊ တပ်ရင်းအတွက်ပါဘဲ ၊ ခင်ဗျားချွေးနည်းစာနဲ့ တော်လှန်ရေးအပေါ် သဘောထားကို ကျွန်တော်မုန့်ဖိုးလုပ်မပစ်ရက်ပါဘူး……ဗျာ ။

အခု ကျွန်တော်တပ်ရင်းမှာ ပန်းပဲဖိုလေးထောင်ထားတယ် အပြင်ဝင်ငွေနဲနဲပါးပါးရမလား လို့ပေါ့ဗျာ………


(ခွပ်ဒေါင်း-ဆန်းလင်း…ဖမ်းမိ..ပျောက်ဆုံး/အသတ်ခံရ)-
---------------------

သူများတွေရှေ့တန်းထွက်တာငွေရတယ် ၊ ငါတို့ထွက်တာ ကိုယ့်မှာရှိတဲ့ စောင်စုတ် အကျီင်္စုတ်လေးတွေတောင် ကျန်ခဲ့တယ်လို့ပြောလိုက်ပါ ။

(ခွပ်ဒေါင်း-တာကြီး။ အသတ်ခံရ) -
---------------------------

ဒို့ကတော့စခန်းမှာ လေယာဉ်ဗုံးတွေကျလို့ ပြေးနေရတယ်ကွာ….. ၊ စိုးရိမ်စရာတော့မရှိ ပါဘူး.. ဒို့တပ်ရင်းမှာက မင်းသိတဲ့အတိုင်းဘဲ ဆေးမှူး တစ်ယောက်မျှမရှိဘူးကွ…. ဒါကြောင့် ငါလဲ ဒီသင်တန်းကိုကြိုးစားပြီး တက်နေတယ်ကွာ……..

(ခွပ်ဒေါင်း-လဗန်။ ကျဆုံး) -
---------------------------

လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာ….အပြစ်လုပ်တဲ့သူကို ပေးတာဗျ …၊ ကျွန်တော်တို့က ပြစ်မှု ကျူးလွန်သူတွေမှမဟုတ်ဘဲ။ ဒါကြောင့် …လွတ်ငြိမ်းချမ်းသာခွင့် ပေးချင်းပေးရင် ကျွန်တော်တို့ က..န၀တ.. ကိုပေးရမှာ…

(ခွပ်ဒေါင်း-နီမင်း။ မှင်နီနှင့် ၀ိုင်းထားသူကျဆုံး) -














(ခွပ်ဒေါင်း-လိပ်ပု ရဲ့ စါ)













ခွပ်ဒေါင်း-ဆန်းလင်း ထံမှနောက်ဆုံးစါ။







(ခွပ်ဒေါင်း-တာကြီး။ အသတ်ခံရရဲ့ စါ)




(ခွပ်ဒေါင်း-လဗန်။ ကျဆုံးရဲ စါ)



တိုက်ပွဲတွင် ကျဆုံးသော သူငယ်ချင်း၏အလောင်းကို ရန်သူ့လက်မှ လိုက်လု ရင်း ထပ်မံကျဆုံးသွားရှာသော ခွပ်ဒေါင်း-လဗန် ။



၊ ခွပ်ဒေါင်းနီမင်း ၊ မှင်နီနှင့် ၀ိုင်းထားသူကျဆုံး။



လက်နက်မစုံ။ဘာမျှမစုံကြရှာသော ရှေ့တန်းတစ်နေရာ ရင်း ၂၁၀ မှ ခွပ်ဒေါင်းငယ်များ ။

No comments:

Post a Comment