Tuesday, September 11, 2012

မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး


Liked · September 5 


စစ်ဘုန်းသော်

ဒီရက်ပိုင်းတွေအတွင်းမှာ အေဘီအက်စ်ဒီအက်ဖ်ရဲ့ မြောက်ပိုင်းကိစ္စ လူသတ်ပွဲတွေနဲ့ ပတ်သတ်ပြီး ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားနေရပါတယ်။ မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သတ်ပြီး ကျွန်တော့်အနေနဲ့တော့ ဘာမှပြောစရာမရှိပါဘူး။ ဘယ်သူမှားတယ်/မှန်တယ်လို့လည်း ၀င်ရောက်သုံးသပ်ဖို့ ကိစ္စလည်းမရှိပါဘူး။ ဆုံးဖြတ်တာတွေ၊ စိတ်ထားတွေ မှား
ရင်လည်း မှားခဲ့တဲ့အလျောက် ကာယကံရှင်တွေနဲ့ ကျူးလွန်သူတွေခံကြရမှာပါ။ ဒါပေမဲ့ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး တချို့တွေက အေဘီအက်ဒီအက်ဖ်ကိုပါ သိမ်းကြုံးပြီး အပုတ်ချလာကြတာကို စိတ်မကောင်းစွာနဲ့မြင်တွေ့လာရပါတယ်။ အထူးသဖြင့် အစိုးရနဲ့ပတ်သတ်ဆက်နွယ်နေတဲ့ Myanmar Express မီဒီယာလိုမျိုး၊ စစ်တပ်/ကြံ့ဖွံ့တို့နဲ့ ဆက်နွယ်မှုမကင်းတဲ့သူတွေရဲ့ စာမျက်နှာတွေကနေ ပုတ်ခတ်ဝေဖန်လာတာတွေဖြစ်ပါတယ်။ ဒါကတော့ ဟိုအရင်ကတည်းက သတင်းစာရှင်းလင်းပွဲတွေမှာ အပုတ်ချတဲ့ နည်းဗျူဟာကို အသွင်ပြောင်းထားတဲ့ နည်းတစ်မျိုးပါပဲ။ ဒီတော့ တချို့တလေက အဲဒီဝါဒဖြန့်မှုတွေအပေါ် နားယောင်ပြီး အေဘီအက်စ်ဒီအက်ဖ်ဆိုတာ လူသတ်နေတဲ့ အဖွဲ့သက်သက်ပါကွာလို့ ထင်မြင်ယူဆလာတာတွေလည်း ကြားနေ သိနေရပါတယ်။ ပဲခူးမြို့ကလူတစ်ယောက် အမှားလုပ်မိတာနဲ့ ပဲခူးက လူတွေကတော့ အသုံးမကျဘူးလို့ ၀ါးလုံးရှည်နဲ့ရမ်းပြီး အပြစ်ပြောလို့မရပါဘူး။ ဒီလိုပဲ အေဘီအက်စ်ဒီအက်ဖ်က လူတချို့ရဲ့ မှားယွင်းမှုကြောင့် အေဘီအက်စ်ဒီအက်ဖ်တစ်ခုလုံးကို လူရမ်းကားလက်နက်ကိုင်အဖွဲ့တစ်ခုလို့ စွပ်စွဲလို့မရပါဘူး။ မှားတဲ့သူတွေလည်း မှားခဲ့တာရှိတဲ့အလျောက် အပြစ်တွေခံယူကြပါစေ။ သို့သော် အေဘီအက်စ်ဒီအက်ဖ်ရဲ့ သမိုင်းကြောင်းနဲ့လုံးထွေးပြီး မညစ်နွမ်းပါစေနဲ့လို့တိုက်တွန်းလိုပါတယ်။ အင်တာနက်စာမျက်နှာတွေပေါ်ကနေအေဘီအက်စ်ဒီအက်ဖ် (ကျောင်းသားတပ်မတော်)နဲ့ပတ်သတ်ပြီး သိသင့်တယ်ထင်တာလေးတွေ စုစည်းပြီး ပြန်ဖော်ပြပေးလိုက်ပါတယ်။

မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၏ သမိုင်းအစ

၁၉၈၈ ခုနှစ် သမိုင်းဝင် ရှစ်လေးလုံး ဒီမိုကရေစီအရေးတောင်းဆို တိုက်ပွဲဝင်မှု အရေးတော်ပုံကြီးအား စစ်အာဏာရှင်များက လက်နက်ဖြင့်အကြမ်းဖက်ဖြိုခွင်းလိုက်ခြင်းကြောင့် ထောင်ပေါင်းများစွာသော ကျောင်းသားများ၊ အလုပ်သမားများ လယ်သမားများ နှင့် လူငယ်များသည် မြန်မာနိုင်ငံ နယ်စပ်အသီးသီးသို့ ထွက်ခွာလာခဲ့ကြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး All Burma Students’ Democratic Front (ABSDF) ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ မြန်မာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ကို ၁၉၈၈ခုနှစ်၊ နိုဝင်ဘာလ ၁ ရက် နေ့တွင် စတင်ဖွဲ့စည်းစဉ်ကတည်းက ညီလာခံများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုပြဌာန်းကာ ၄င်းနှင့်အညီ တပ်ဦးကို ရှေ့ဆောင်ခဲ့သည်။
၁၉၉၁ခုနှစ် သြဂုတ်လတွင် ကျင်းပသော တတိယအကြိမ် ညီလာခံအပြီးတွင် (မကဒတ) နှစ်ဖွဲ့ ကွဲသွားခဲ့ရသည်၊၊ (မကဒတ) နှစ်ဖွဲ့ စလုံးသည် တတိယအကြိမ် ညီလာခံ၌ အတည်ðပပြဌာန်းခဲ့သော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက် လက်ခံကျင့်သုံးခဲ့ကြသည်၊၊
(မကဒတ) နှစ်ဖွဲ့ ပြန်လည်ပေါင်းစည်းရေးညီလာခံကို ၁၉၉၆ ခုနှစ် စက်တင်ဘာလတွင် ကျင်းပသောအခါ ကွဲကွာ နေစဉ်ကာလအတွင်း (မကဒတ) နှစ်ဖွဲ့စလုံးမှ လက်ခံကျင့်သုံးခဲ့ကြသော ဖွဲ့စည်းပုံအခြေခံဥပဒေနှစ်ခုကို အခြေခံပြီး ပြင်ဆင် ဖြည့်စွက်ချက်များðပလုပ်ကာ တစ်ခုတည်းသောဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု ပြဌာန်းခဲ့သည်၊၊

၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလတွင် ကျင်းပသော မကဒတ ပÌမအကြိမ်ညီလာခံ၊ ၂ဝဝ၁ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် ကျင်းပခဲ့သော ဆဋ္ဌမအကြိမ်ညီလာခံ၊ ၂ဝဝ၃ ခုနှစ် မေလ ၂၃ ရက်နေ့မှ ဇွန်လ ၈ ရက်နေ့အထိ ကျင်းပခဲ့သော သ္တမ အကြိမ်ညီလာခံ၊ ၂ဝဝ၆ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်တွင် ကျင်းပခဲ့သော အဋ္ဌမအကြိမ် ညီလာခံ နှင့် ၂ဝ၁ဝ ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ကျင်းပခဲ့သော နဝမအကြိမ်ညီလာခံ အသီးသီး၌ ပြင်ဆင်ဖြည့်စွက်ချက်များ ထပ်မံ ပြုလုပ်၍ အတည်ပြုပြဌာန်းခဲ့သည်။

"သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့မှ ဒေါက်တာမြင့်ချို၏ မြောက်ပိုင်းကိစ္စ ပြောကြားချက်"
by ဘရာဇီး ငှက်ရိုး on Sunday, March 18, 2012 at 1:02am •

ဒေါက်တာမြင့်ချို ပြောသွားတာက ""ကျနော်တို့ စစ်တပ်တွေမှာလို အဖွဲ့အစည်းတွေမှာလို သူကအောက် ငါကအထက် ဒီလိုမရှိပါဘူး... ဒေသ ပထဝီ အနေအထားအရ တောင်နဲ့မြောက် ကွဲကွာနေတဲ့ အပေါ်မှာ သီးသန့် လှုပ်ရှားတယ် သီးသန့် လုပ်ကိုင်တယ် သီးသန့် ဆုံးဖြတ်တယ်... "အနည်းငယ်စဉ်းစားပြီး ဆက်ပြောပါတယ်"... ကျနော်တို့ (တတိယအကြိမ်ညီလာခံ) တောင်ပိုင်းမှာ လုပ်ခဲ့တဲ့အချိန်တွေက ၉၁ခုနှစ် (Auguest)သြဂုတ်လ... အဲ့ဒီအချိန်မှာ မြောက်ပိုင်း အေဘီအက်စ်ဒီအက်ဖ်က တောင်ပိုင်းနဲ့ ပူးပေါင်းတဲ့ တဖွဲ့တည်းသော အဖွဲ့ ဖြစ်ချင်တယ် ဆိုပြီးတော့ ကိုယ်စားလှယ် လွှတ်လာတယ်... အဲ့ဒီအချိန်မှ စပြီးတော့ အေဘီအက်စ်ဒီအက်ဖ် နှစ်ခြမ်းဟာ စပြီး သန္ဓေတည်တဲ့ အချိန်ကနေ သီးသန့်ဖြစ်ရာကနေ ပေါင်းပြီးတော့ တစ်ဖွဲ့တည်းဖြစ်ဖို့ အတွက် ကျနော်တို့ ကြိုးစားခဲ့တယ်... အဲ့ဒီအချိန်မှာပဲ ညီလာခံကာလမှာ မြောက်ပိုင်းမှာ လူပေါင်းများစွာကို သံသယနဲ့ စပိုင်ဆိုပြီးတော့ ဖမ်းတာတွေ ဖြစ်ခဲ့တယ်... အဲ့ဒီအထိ ကျနော်တို့ ညီလာခံက မပြီးသေးဘူး... ပြောချင်တာက ဘာလဲ ဆိုတော့ မြောက်ပိုင်းမှာ ဖြစ်တဲ့ ပြသနာသည် တောင်ပိုင်းဗဟိုကော်မတီက ဘာမှ (control)ကွန်ထရိုးလုပ်လို့ မရဘူး... သူ့ရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူး... သူ့ရဲ့ (command)ကွန်မန်းအောက်မှာ မရှိဘူး... (constitution)ကွန်စတီကျုးရှင်း
က သပ်သပ်ဖြစ်တယ်... အုပ်ချုပ်မှုက သပ်သပ်ဖြစ်တယ်... သို့သော် အဲ့ဒီကိစ္စတွေ ဖြစ်သွားတဲ့ အပေါ်မှာတော့ တောင်ပိုင်းမှာ ရှိတဲ့ ရဲဘော်တွေ အကုန်လုံးက တာဝန်ရှိသူ အကုန်လုံးက ဒီထိန်းသိမ်းထားတဲ့ သူတွေကို ဒီလောက် အများကြီး ဖြစ်နေတဲ့ ကိစ္စ အပေါ်မှာ မဖြစ်သင့်တာ မဖြစ်ရအောင် ဆိုပြီးတော့ ဘာမှမလုပ်ပါနဲ့ ထိန်းထားပါ... ဒို့ အဖွဲ့အစည်းက လူ့အခွင့်အရေးနဲ့(ဒီမိုကရေစီ တိုက်နေတဲ့) အဖွဲ့အစည်း... မသတ်ပါနဲ့ မညဉ်းဆဲပါနဲ့... လူများစားသလို စားရမယ်... နေမကောင်းထိုင်မကောင်း ဖြစ်ရင် စောင့်ရှောက်(ရ)မယ်ဆိုပြီးတော့ သဘောထားပေးထားတာ ရှိပါတယ်... အဲ့ဒီအချိန်မှာပဲ ကျနော်တို့ နှစ်ဖွဲ့ကွဲသွား(တယ်) အေဘီအက်စ်ဒီအက်ဖ်က... ကွဲသွားတော့ မြောက်ပိုင်းက ရဲဘော်တွေက ကျနော်တို့ တောင်ပိုင်းက ဘက်တစ်ဖက်ကို ထောက်ခံတယ်... ထောက်ခံတဲ့ ဘက်ကနေ (message)မက်ဆေ့ခ်ျပို့တယ်... ခဏထားထားပါ ဘာမှ မလုပ်ကြပါနဲ့ စီစစ်မယ်ဆိုပြီး ပြောတယ်... အဲ့ဒီအချိန်က စပြီးတော့ တောင်ပိုင်းရဲ့ (command)ကွန်မန်းတွေဟာ မြောက်ပိုင်းမှာ သွားပြီးတော့ သက်ရောက်မှုရှိတာကိုး... သို့သော် တရားဝင် သက်ရောက်ပေမဲ့ လက်တွေ့မှာ သူ့နည်း သူ့ဟန်နဲ့ (ဆက်)သွားနေတယ်... သွားတော့ တောင်ပိုင်း မြောက်ပိုင်းဟာ စက်နဲ့ အဆက်အသွယ် မရှိဘူး... ဆက်လို့လဲ မရဘူး... အဲ့ဒီကာလမှာ ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ မြောက်ပိုင်းမှာ ၁၅/၁၂ယောက်ကို သေဒဏ်ပေးပြီးတော့ အမိန့်ချပြီးတော့ သတ်လိုက်တယ်... ကျနော်တို့ မသိဘူး တောင်ပိုင်းမှာ... ဘီဘီစီတို့ဘာတို့ ကနေ အသံလွှင့်တဲ့အခါကျမှ တောင်ပိုင်းကလူတွေ သိတာ... မြောက်ပိုင်းက ပြောတာက မြောက်ပိုင်း ဗဟိုကော်မတီ မြောက်ပိုင်းစည်းကမ်း မြောက်ပိုင်းရဲ့ (commandနဲ့ပဲ) ဗဟိုကော်မတီက မြောက်ပိုင်းမှာပဲ ဆုံးဖြတ်ပြီးတော့ ဒီလူတွေဟာ အထောက်အထားတွေ တွေ့ရှိလို့ သေဒဏ်ပေးလိုက်တယ် ဆိုပြီးတော့ အဲ့ဒီလို သူတို့ ဖော်ထုတ်လိုက်တယ်... မီဒီယာကိုရော.. အဲ့ဒါပဲ ကျနော်တို့ သိတယ်... သိတော့ ကျနော်တို့က ဘာစဉ်းစားလဲ ဆိုတော့ တောင်ပိုင်းမှာ ရှိတဲ့လူတွေက ငါနဲ့မဆိုင်ဘူး လုပ်လို့ မရတော့ဘူး... သိတာ မသိတာ တကဏ္ဏပဲ... တာဝန်ခံ ရတော့မယ်... အဲ့ဒီတော့ (ရှင်းလင်းချက်) တစောင်ထုတ်လိုက်တယ် ဒါတွေအားလုံးကို နိုင်ငံတကာ အကူအညီနဲ့ မှန်မှန်ကန်ကန် ဖြေရှင်းဖို့ လိုတယ်ဆိုပြီးတော့ အဲ့ဒီပေါ်မှာ ကျနော်တို့က စာထုတ်လိုက်ပြီးတော့ ဒီကိစ္စကို ဥက္ကဌ ကိုနိုင်အောင်က မြောက်ပိုင်းသွားပြီးတော့ ဖြေရှင်းရတယ်... ကိုနိုင်အောင်က (April)အေပရယ်လမှာ ရောက်တယ် မြောက်ပိုင်းကို သတ်တာက ဖေဖော်ဝါရီ ၁၂ရက်နေ့မှာ သတ်တာ... သို့သော် ကျနော်တို့ တာဝန်ရှိတဲ့ သူတွေ အကုန်လုံးက တာဝန် မရှောင်ကြဘူး... ဒီကိစ္စကို အမှန်အမှား ဖြစ်အောင် သေချာစီစစ် ပြီးမှ ဖော်ထုတ်မယ်... တချိန်ကျရင် ဘက်မလိုက်တဲ့ ပညာရှင်တွေ ကျွမ်းကျင်တဲ့ သူတွေနဲ့ အထောက်အထားတွေ အကုန်လုံးကို သေသေချာချာ ခံစားရတဲ့ရဲဘော်တွေကော ကျဆုံးသွားပြီးတော့ ကျန်ခဲ့တဲ့ မိဘတွေကော ထွက်ပြေးလွတ်မြောက်သွားတဲ့သူတွေအကုန်လုံးကိုကော အမိန့်ပေးခဲ့တဲ့ သူတွေကော ကိုယ်တိုင်ကိုယ်ကျ သတ်ခဲ့တဲ့ သူတွေကိုကော တာဝန်ခံရတဲ့ တောင်ပိုင်းက ဗဟိုကော်မတီကော စသည်ဖြင့်ပေါ့ဗျာ အားလုံး စုံစုံညီညီနဲ့ ဒီကိစ္စတွေကို မျက်နှာချင်းဆိုင် ရှင်းဖို့တော့လိုတယ်... အဲ့ဒီအခါက ဘာလဲ ဆိုတော့ ဥပဒေလဲ မှန်မှန်ကန်ကန် ကြီးစိုးဖို့တော့ လိုတယ်... ဒီအချိန်မှာ သူလဲ မှန်တယ် ငါလဲ မှန်တယ် ကျနော်တို့ အမှန်တရား ဖော်ထုတ်(နိုင်မှာ) မဟုတ်ဘူး... ဒါကြောင့် မို့လို့ လက်ရှိဗဟိုကော်မတီ အနေနဲ့ သူတို့အနေနဲ့ ဒါတွေ မပါတ်သတ်ခဲ့ သော်ငြားလဲပဲ ရှေ့က အဖွဲ့အစည်း ဖြစ်ခဲ့တဲ့ ကိစ္စ အပေါ်မှာ သူတို့ တာဝန်ယူပြီးတော့ ခေါင်းခံပြီးတော့ ထုတ်ပြန်ချက် ထုတ်ရတယ် ကော်မရှင်ဖွဲ့ရတယ်... သူတို့နဲ့ ဘာမှ တိုက်ရိုက် မပတ်သတ်ခဲ့ပါဘူး... သို့သော် အဖွဲ့အစည်းရဲ့ ထုံးစံအရ အစဉ်အလာအရ ဆက်ခံလာတဲ့ အပေါ်မှာ ဒီတာဝန်ကြီးတွေဟာ နောက်ထပ် ခေါင်းဆောင်အသစ်တွေ အပေါ်မှာ သွားပြီးတော့ ပိနေတယ်... ဒါကြောင့်မို့လို့ ကျနော် ပြောချင်တာက ဖြစ်ခဲ့တဲ့ အဖြစ်အပျက်က ရင်နာစရာကောင်းတယ် ကြေကွဲစရာကောင်းတယ် ဝမ်းနည်းစရာကောင်းတယ်... (အမှားကြီးတခုလိုပဲ) ခံစားနေကြရတာ ဒါပေမဲ့ ဒီအမှန်တရားကို ကျနော်တို့ တနေ့ ဖော်ထုတ်ကြမယ်... ဒီကာလမှာ (အပြင်ကဘယ်)လောက်ပဲ ရေး ရေးပါ... လက်ရှိ တိုက်ပွဲဝင်နေတဲ့ အေဘီအက်စ်ဒီအက်ဖ် ရဲဘော်တွေကို ခွဲခြားပြီး မြင်စေ့ချင်တယ်... မြောက်ပိုင်းက ဖြစ်ခဲ့တဲ့ ကိစ္စနဲ့ အေဘီ တဖွဲ့လုံးကို ဖျက်သိမ်းလိုက်ပါ ဆိုတဲ့ (စွပ်စွဲချက်မျိုးတွေ) အေဘီအက်စ်ဒီအက်ဖ် ရဲဘော်တွေကို လူသတ်သမားဆိုတဲ့ စွပ်စွဲချက်မျိုးတွေ မဖြစ်စေချင်ဘူး ကနေ့ ခေါင်းဆောင်တွေ ရဲဘော်တွေ နယ်စပ်မှာ အသက်စွန့်ပြီး တိုက်နေတာ တပြည်သား တပြည်ထောင်လုံး အတွက် တိုက်နေတာ ဖြစ်တယ် သူတို့ အတွက် မဟုတ်ဘူး... ဒါကြောင့်မို့လို့ ကျနော် နောက်ဆုံးပြောချင်တာက ဖြစ်ခဲ့တဲ့ဟာတွေ အမှန်ပဲ... သို့သော် အင်တာနက်မှာ ရေးသလိုတော့ မဟုတ်ဘူး ဖြစ်ခဲ့တယ် အဲ့ဒါကို ဖြေရှင်းဖို့လဲ ကျနော်တို့ ပရောဆက်ကို ကျနော်တို့ လုပ်နေတယ် အခုဥက္ကဌ ကိုသံခဲတို့ ဖွဲ့ထားတဲ့ ကော်မရှင်ကို မယုံဘူး ယုံတယ်ဆိုတာ တကဏ္ဏပေါ့ဗျာ ဒါက ရဲဘော်တွေနဲ့ ဖွဲ့ထားတာ ပါတ်သတ်ခဲ့သူ တယောက်မှ မပါဘူး... အဲ့တော့ ပါတ်သတ်ခဲ့သူ အားလုံးက ဒီကော်မရှင်ကို ပူးပေါင်း ဆောင်ရွက်ပြီးတော့ အချက်အလက်တွေ ပေးမယ်... အဲ့ဒါ အားလုံးစုပြီးတော့ တချိန်ကျရင် အဲ့ဒီကိစ္စကို တရားဝင် မြန်မာနိုင်ငံထဲမှာ ပြန်ရှင်းကြမယ် အဲ့ဒီ အခါမှာ နစ်နာသူတွေ ကျုးလွန်သူတွေ ဘယ်လို ကျနော်တို့ အနေနဲ့ ကုစားကြမလဲ... လူမှုရေးအရ ကျနော်တို့ ကုစားကြမလား ဥပဒေကြောင်းအရ ကုစားကြမလား ဒါကတော့ တချိန်ကျရင် အားလုံးက ဆုံးဖြတ်ကြမှာပါ... ဒီအချိန်မှာတော့ ဒီရဲဘော်တွေ ဒီခေါင်းဆောင်တွေ သူတို့ လှုပ်ရှားနေတဲ့ လှုပ်ရှားမှု့တွေမှာ ဒီကိစ္စကြောင့်တော့ အမဲစက် မစွန်းထင်းစေချင်ဘူး သူတို့အပေါ်မှာ အထင်မလွဲ စေချင်ဘူး... ကျနော်အဲ့ဒါကို တောင်းပန်ပါတယ်...
 — with Thar Swe, Mg Yo Shin,Ko Sitt and 33 others.



    • Pyma Paukkhaung ဝေဖန်သုံးသပ်ချက် က အရမ်းကောင်းပါတယ်...
      September 5 at 8:25am ·  · 1
    • Kyawnaing Oo မှန် ပါ တယ် တောင် ပိုင်း ရဲ့ တာ ၀န် ယူ မှုကျောင်း သား တပ် မတော် ရဲ့ ရပ် တည် ချက် တွေ လည်း လေး စား ပါ တယ် ဒါ ပေ မဲ့ အဖြစ် အပျက် ပေါ် မှ သုံး သပ် ချက် ထက် နိုင် အောင် ၇ဲ့ တဖက် ပါ တဲ့ ရပ် တည် ချက် က မြောက် ပိုင်း ပြန် တွေ အပေါ် ပို ပြီး ဒေါ သ ထွက် စေ ပါ တယ်ဒီ က နေ့ ထိ ကျွန် တော် သိ ရ သလေါ က် (မကဒတ) ရဲ ဘော် ဟောင်း တွေ ရင် ထဲ မှာ သူ တို့ရင် နဲ့ လွယ် ပြီး မွေး ဖွား ခဲ့ တဲ့ (မကဒတ) ကို တော့ အရေ ဆုတ် ပြီး ချက် မစား ပါ ဘူး (မကဒတ) ကလည်း ဖြစ် ရပ် တခုနဲ့ လည်း ကွယ် လွန် သွား တဲ့ ၇၀၁/၇၀၂ ရဲ ဘော် စာရင်း က ပြောင်း လဲ မှု မရှိ ခဲ့ ဒါ တော့ ၀မ်း နည်း စရာ ပါ ခု ချိန် မ ပြောင်း လဲ နိုင် တောင် အဖြစ် မှန် ပေါ် တဲ့ တနေ့ မှန် ကန် တဲ့ ရဲ ဘော် တွေ ကို ဖြည့် ဆည်း ပေး ဖို့ တောင်း ဆို ပါ တယ်
      September 7 at 10:54pm ·  · 3
    • Dane Doung will read later, let me share please
    • Philipo Oo ‎"ဒီကိစ္စ ကို နိုင်အောင် ရှင်းရင် ပိုကောင်း မယ်" ဦးမိုးသီးဇွန် ABSDF ဥက္ကဌ ဟောင်း (Messenger News Journal မှ)

      "တာဝန်ရှိတာနဲ့ အဲပြစ်ရှိတာမတူဘူးလို့ ကျွန်တော်ထင် တယ်"
      ဒေါက်တာနိုင်အောင် ABSDF ဥက္ကဌ ဟောင်း (Messenger News Journal မှ)
      သူတို့ တွေသာ တိုင်း ပြည်ဦးဆောင်မယ်ဆိုရင်တော့...
    • Kyaw Zaw Htun စာရင်းကိုကြည့်ရုံနဲ့  နထင်ကိုသွေးတွေပိုစီးလာပြီး၊ ကြက်သီးပြန်ထလာတယ်။ တောက် လည်းခေါက်ဖြစ်သွားတယ်။
    • Nicky Shein 
      စာရေးသူရဲ့ ဆိုလိုဟန်ကို သဘောပေါက်ရသလောက် အတင်းကြီး ABSDF ကို လူသတ်မှုထဲ ဆွဲထည့်နေတာကို တွေ့ရတယ်၊ ကျုပ်က ဘေးလူပါ လူသတ် တာ မတရားလုပ်တာ မကြိုက်တာ သဘာဝမို့ ကျုပ်လဲပါ ဖြစ်တာကလွဲ၊ ဒီကိစ္စကြီးထဲ မြင်သလောက်ပြောရယင်၊ တရားစွဲမဲ့သူတွေရော မခံချင်စိတ်နဲ
့ ဘေးကဝင်ပါတဲ့သူတွေပါ၊ ABSDF နဲ့ ဘာမှမဆိုင်ဘူး ၊ ABSDF ထဲက မကောင်းတဲ့သူတွေကိုပဲ ပြောနေတာ ဖြစ်တယ်လို့ ထပ်ခါထပ်ခါ ထပ်တလဲလဲ ထပ်ထပ် ထပ်ထပ် ပြီးပြောနေကြတာပဲ၊ ဒါကို ပဲ ABSDF ကြီးကို ပဲစော်ကားသယောင်ယောင် ဆွဲဆွဲ ထည့်နေတာ အမောင်တို့နဲ့ နိုင်အောင်တို့က လိုချင်နေကြတာပါ၊ တကယ်တမ်း ABSDF ကို ခုတုံးလုပ် နဘူးလုံးထွေး လုပ်ချင်ကြတာ မောင်ရင်တို့ပါ၊ နောက်တခါ ထပ်မပြောပါနဲ့ ABSDF ဆိုတာ အနန္တငါးပါးပြီးရင် ကိုးကွယ်လောက်အောင်သဘောထားတယ်၊ မင်းတို့သာ လူသတ်မှုကြီးနဲ့ သမိုင်းချီးဖြစ်အောင် ဆွဲချနေသူတွေဆိုတာ သတိပေးပါရစေ။
    • Khin Mg Ye Sein 
      ပဲခူးမြို့ကလူတစ်ယောက် အမှားလုပ်မိတာနဲ့ ပဲခူးက လူတွေကတော့ အသုံးမကျဘူးလို့ ၀ါးလုံးရှည်နဲ့ရမ်းပြီး အပြစ်ပြောလို့မရပါဘူး။ ဒီလိုပဲ အေဘီအက်စ်ဒီအက်ဖ်က လူတချို့ရဲ့ မှားယွင်းမှုကြောင့် အေဘီအက်စ်ဒီအက်ဖ်တစ်ခုလုံးကို လူရမ်းကားလက်နက်ကိုင်အဖွဲ့တစ်ခုလို့ စ
ွပ်စွဲလို့မရပါဘူး။ 
      ................................................................
      အေဘီအက်စ်ဒီအက်ဖ်လူတစ်ချို့ ရဲ့ မှားယွင်းမှုကြောင့် အေဘီအက်စ်ဒီအက်ဖ် တစ်ဖွဲ့ လုံးကို ထိခိုက်နိုင်တယ်လို့ ယူဆခဲ့ရင် ဘာဖြစ်လို့ အရေးတယူဆောင်ရွက်တာ မရှိခဲ့သလဲ၊ 
      လူသတ်မှုကို ရှူံချတာ၊ ဖော်ထုတ်စစ်ဆေး အရေးယူတာမျိုး ဘာဖြစ်လို့ 
      မလုပ်ခဲ့ပါသလဲ၊ မြောက်ပိုင်းဒေသရဲ့ လူသတ်မှုကို တာဝန်ယူပါတယ်လို့ နိုင်အောင်က အေဘီဥက္ကဌအနေနဲ့ တရားဝင်စာထုတ်ခဲ့ပြီးမှ ဒီပြဿနာဟာ မြောက်ပိုင်းနဲ့ ပဲ ဆိုင်ပါတယ်၊ တောင်ပိုင်းနဲ့ မဆိုင်ပါဖူးလို့ 
      ပြောလို့ ရပါ့မလား၊ အလိုတူ အလိုပါ ဖြစ်ခဲ့လို့ လဲ အေဘီတစ်ဖွဲ့ လုံး သိက္ခာမရှိ ဖြစ်ခဲ့ရတာ မဟုတ်ဖူးလား။
    • Khin Maung Htwe Thank you..
    • Win Bo Myint အမှန်တရားဆိုတာ,..ဖုန်းကွယ်ထားလို့မရဘူးထင်ပါ။
    • Win Bo Myint ထင်ပါတယ်..လို့ရေးတာပါ။
ဆောက်ကျိုးနဲ ငှက်ရိုးနာမည်နဲ့ကို တည်ပြီး ရေးတင်လိုက်တာပါလား ?
ကိုသံခဲကမ္ဘာပတ် အလှုခံတုန်းက ဒေါက်တာမြင့်ချို ပြောခဲ့တာကို
နားထောင်ပြီး ပြန်ရေးပေးလိုက်ရတာ... ပြည်တွင်းကလူတွေ ဖတ်ဖို့
အငြင်းပွားစရာက အချိန်တန်ရင် ရှင်းပေးမယ်ဆိုတာရယ်၊ အခုလက်ရှိ
အေဘီမှာ ဒီသတ်ဖြတ်မှုနဲ့ မပတ်သတ်ဘူး၊ ဟိုးတုန်းက ဖြစ်ခဲ့တာ ဆိုလို့
သတိရအောင်လို့ (လှဆိုင်းတို့၊ယောရှုတို့၊....၊ မသေသေးဘူးလေ Drရဲ့။)
 ·  · 

No comments:

Post a Comment