"နိုင်အောင်၏ မဇ္ဈိမ သတင်းဌာန နှင့် အင်တာဗျူးခြင်း အပေါ် (မပ) ပြန်များ၊ အမှန်တရားလိုလားသူများ အား သုံးသပ် တင်ပြခြင်း၊"
အားလုံး ဖတ်ပြီးကြလောက်ပြီလို့ ထင်ပါသည်၊ ဒါမှမဟုတ် မဖတ်ရသေးလို့ မသိသေးရင်လဲ ရှာဖတ်ကြဖို့ အကြံပြုပါသည်၊ လိုရင်းကိုမရောက်ပဲ စာလေးနေမှာစိုးခြင်းကြောင့်ဖြစ်ပါသည်၊ အဓိက နိုင်အောင်၏ အင်တာဗျူးနှင့် ပါတ်သက်ရွေ့ ကျွန်တော်ထောက်ပြလိုသည်မှာ သူ၏ မြန်မာနိုင်ငံ တရားစီရင်ရေး၏ အားနည်းမှုကို ဆွဲထုတ်ပြထားခြင်းဖြစ်ပါသည်၊၊ မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့သည်များနှင့်ပါတ်သက်ရွေ့ သူ့မှာ တာဝန်ရှိကြောင်း နှင့် သူကိုယ်တိုင်ပါဝင်ပါတ်သက်ကြောင်းတွေအား ထုတ်ဖေါ် ပြောဆို ရေးသား သက်သေခံမည့်သူများ ထွက်ပေါ်လာချိန်တွင်၊ သူ့အနေဖြင့် ဒီအမှုကြီးတွင် သူမပါဝင်ပါက သူ့၏ အကျိုးအကြောင်းခိုင်လုံသော သက်သေ အထောက်အထားများကိုသာ ကိုးကားပြီး ခုခံကာကွယ် ရင်ဆိုင်ရန်ပင်ရှိပါသည်။ အကယ်ရွေ့ တရားစီရင်ရေးမဏ္ဍိုင်ကြီးချို့ယွင်းနေစေဦးတော့၊ ကျမ်းကြိမ် ထွက်ဆိုကြရသည့် တရားရုံးမှန်သမျှ ဥပဒေ ပုဒ်မ များနှင့် အကိုးအကားများမှ ကင်းလွတ်ပြီး စီရင်လေ့မရှိကြပါ။ အထူးသဖြင့် မြန်မာနိုင်ငံတရားစီရင်ရေး ကျင့်ထုံးများသည်၊ အင်မတန်ဥပဒေကိုလေးစားလိုက်နာသော ဗြိတိသျှ၏ ကျင့်ထုံးများပါ လက်မလွှတ်တမ်းကျင့်သုံးနေကြဆဲဖြစ်ခြင်းကို သတိချပ်ကြစေချင်ပါသည်၊ ဆိုလိုသည်မှာ ယနေ့ဆုံးဖြတ်နေသော မြန်မာနိုင်ငံတရားရုံးများ၏ အဆုံးအဖြတ်များသည် မှန်ကန်မျှတမှုရှိသည်ဟု ဆိုလိုနေခြင်းမဟုတ်ပဲ မတရားဆုံးဖြတ်သည်များတောင်မှ ဥပဒေပါ အချက်အလက်များကို လိုရာ အတင်းကာရော ကိုးကားပြီး ဆုံးဖြတ်ခြင်းကို ဆိုလိုပါသည်။ ထိုကွဲလွဲချက်မှာ တရားမျှတမှုမရှိသော တဖက်သတ် ဆုံးဖြတ်ခဲ့သော တရားစီရင်ရေးများ၏ ချို့ယွင်းချက်နှင့် အခြားတဖက်မှ မြန်မာနိုင်ငံ တရားစီရင်ရေးထုံးများ ကွာဟမှု ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါ မရှင်းမလင်း အခြေအနေကို အခွင့်ကောင်းယူလာခြင်းမှာ နိုင်အောင်၏ ပါးနပ်မှု ဖြစ်ပါသည်။ သူ ကြိုကန်လိုသည့်အချက်မှာ အကယ်ရွေ့ သူ့အား ပြစ်မှု ထင်ရှားသဖြင့် အပြစ်ပေးခံရသည့်တိုင် ( သေဒါဏ်၊ ထောင်ဒါဏ်)၊ ထိုအပြစ်ပေးခံရမှုသည် နိုင်ငံတွင်းရှိ တရားစီရင်ရေး ချို့ယွင်းမှု ကို (ဂယ်ပေါက်) အဖြစ် အသုံးချရန် ကြိုကန်ခြင်းဖြစ်ပါသည်၊ ( ကျွန်တော် နောက်ကွယ်မှ ဆွေးနွေးနေခြင်းမဟုတ်ပါ၊ ကျွန်တော့် ကို ဘယ်သူဆိုတာ သူလဲသိပါသည်၊ သူလဲ ယခု မေးလ် အုပ်စုထဲ ပါတာ ကျွန်တော်သိပါသည်၊ သူနှင့်ကျွန်တော် တခါမှလဲ ရန်မဖြစ်ဘူးပါ)။ သူ့တွင် နိုင်ငံတကာမှ အဖွဲ့ အစည်းအချို့နှင့် အဆက်အသွယ်များရှိသဖြင့် အကယ်ရွေ့ ပြစ်ဒါဏ် ကျခံရစေဦးတော့၊ ထိုအဖွဲ့အစည်းများ၏ အကူအညီဖြင့် ထွက်ပေါက် ရှာရန် ယခုကတဲက တရားရေးမဏ္ဍိုင် ကို ဝေဖန်ပြီး ထောက်ပြထားသည်မှာ ထိုအပေါက်ကို မျှတမှု သူ့ဖက်ကပြပြီး ရုန်းထွက်ရန် လမ်းခင်းပြီး မစ္ဖျိမ လို ဖေါက်ပြန်သောသတင်းဌာန နှင့်ပေါင်းပြီး ဒီဆန္ဒကို နိုင်ငံတကာသိအောင် ပူးရိုက်ပြသည့်ပွဲ ဖြစ်ပါသည်။ ဒါပေမဲ့ သူယခုလိုလုပ်လိုက်တာက ကျွန်တော်တို့ ညီကို မောင်နှမများ ကြိုတင် သတိထားစရာအဖြစ် ရှုမြင်လိုက်ရခြင်းသည် ကျွန်တော်တို့၏ အမြတ်ဖြစ်ကြောင်း ထောက်ပြခြင်းဖြစ်ပါသည်၊ လုပ်တုန်းက ရက်ရက်စက်စက် လုပ်ခဲ့ကြသူများသည် တနေ့ ပြေးစရာမြေ မရှိဖြစ်လာနေပါသည်၊ ကောက်ကျစ်သူများသည် နောက်ထပ်ကောက်ကျစ်မှုကို ကျူးလွန်ရန် ကြံစည်နေပြီဖြစ်ပါသည်၊ ဒါကို ကျွန်တော်တို့က ကာကွယ်ရန် သတိရှီကြရပါမည်၊ ထိုသတိကား၊ တရားရုံးရောက်မှ သက်သေ သက္ကာရနဲ့ မြောက်ပိုင်းပြန်များ အားလုံးစုစည်းညီညွတ်စွာ သူ၏ ယုတ်မာခဲ့မှုများကို တညီထဲ ဝိုင်းဝန်းထွက်ဆိုကြရန်သာဖြစ်ပါသည်။ အနှိပ်စက်လဲ ခံခဲ့ရသေး မသတ်ခင်လဲ ထွက်ပြေးလွတ်မြောက်လာလို့ မသေရသေး၊ ဒီအချိန်ရောက်မှ ထပ်လဲ အလိမ်ခံတဲ့ဘဝ အရောက်ခံသေးရတဲ့ အခြေအနေဆိုရင် ခင်ဗျားတို့အထဲကလူတွေ ပါဂျောင်မှာ သေသွားတာကမှ ကောင်းသေးတယ်လို့ (ရင်နာနာနဲ့ရေးပါတယ်) သတိပေးပါရစေ၊ ကျွန်တော်တို့အားလုံး ခင်ဗျားတို့နဲ့ အတူ တသားထဲရှိနေပါတယ်၊( ပါးနပ် ညီညွတ်) စွာဖြင့် မိမိတို့ရဲ့အမှန်တရားကို ပြသနိုင်ကြပါစေလို့ ဆန္ဒပြုပြီး ယခုကဲ့သို့ (ပေါ်တင်) ရေးသားလိုက်ပါကြောင်း၊
နစ်ကီရှိန် ( ရှီကာဂို)
No comments:
Post a Comment