Wednesday, September 5, 2012

နောက်ဖေး အိမ်မလွယ်ပေါက် မှ လာသောဧည်.သည်များ။

၈၈၈၈ ရုံး ခန်းမှာညစာစား ခဲ.သော ကြောင်စုန်းကြီးများ၊ (သို.) နောက်ဖေး အိမ်မလွယ်ပေါက် မှ လာသောဧည်.သည်များ။

by Aye Aye Soe Win on Wednesday, September 5, 2012 at 12:59am ·

ရထားဝန်ကြီး၏ အထူးဧည်.သည်များ

မြန်မာတွေ လိုက်လျှောသည်းခံ အားနာတတ်တဲ.စိတ်က ကမ္ဘာကျော်သည်။ နိုင်ငံများစွာကို သွားနိုင်အောင် ချိတ်ဆက်ထားသော ခရီးရှည် ရထား များ ကို အစုန်အဆန်စီးပြီး ခရိးသွား ရထားဆောင်းပါးများဖြင်. ကမ္ဘာကျော်ခဲ.သော ပေါလ် သရိုးက သူရောက်ဖူးသမျှ နိုင်ငံတွေအားလုံးထဲမှာ မြန်မာပြည်က လူတွေ လောက် ဒုက္ခကို ခါးစည်း ခံ နိုင်တဲ.လူမျိုး မတွေ.ဖူးသေးဟု ပြောဖူးသည်။ ဤဆောင်းပါးသည် ရထားအကြောင်းမဟုတ်။ ရထားတွေစီးရင်း ဘ၀တက္ကသိုလ်ခရီးသွားတဦးဖြစ်လေသည်. ပေါလ်သရိုး အကြောင်းမဟုတ်။ မြန်မာပြည်က ရထားဝန်ကြီးနှင်. အခါခါလက်ဝါးရိုက်ပြီး ပြည်တွင်းပြန်ရောက်နေသော ကြောင်စုန်းကြီးအချို.က၊ သူတို.နှင်. လားလားမဆိုင်သော ၈၈၈၈ ရုံးခန်းကို အိမ်နောက်ပေါက်က၀င်ကာ တိုင်းပြည်နှင်. အတိုက်အခံ လောက ကို ရည်ရွယ်ချက်ကြီးတွေဖြင်. အကွက်ချ ဆက်ဖျက်ဆီးမည်. လူ.ကပ်ပါး ဖေါက်ပြန်ရေးသမားများတို. အကြောင်းဖြစ်သည်။

ကိုမိုးသီး၏ ဆန်ဇေးရှင်းနယ် အချိန် ဆိုက်ရောက်ခြင်း Sensational Week

သူကတော.အများသိပြီးဖြစ်တဲ.အတိုင်းပွဲဆူစေသည်။ ဆန်ဇေးရှင်းနယ်ဖြစ်စေအောင် နေတတ် ထိုင်တတ် ပြောတတ်ပါသည်။ သူအနေအထိုင်မတတ်၍ ၈၈၈၈ သမိုင်းနှင်.ဝေးသောသူများကပင် သတင်းစောင်ရေများအောင်၊ သူ လက်လှုပ်ခြေလှုပ်လေးတွေကအစ တခုတ်တရ ဆောင်းပါးရေးကြသည်။ ( တခါမှ ကြမ်းကြမ်းတမ်းတမ်းမဝေဖန်ဖူးသော သူုတွေကပါ ဆွမ်းကြီးဝင်လောင်းကြသည်)

လေသာပြူတင်းမှာ ရပ်၍ မိန်.ခွန်းလည်းချွေတတ်သည်။ လူတွေက သူ. အကြောင်း လိုက်ကြရေးကြသည်။ ဒီိတော. နိုင်အောင် ၊သောင်းထွန်း၊ဇော်ဦး အညစ်ပတ်ဆုံး ခြေကြီးလက်ကြီးများက ပျောက်နေသည်။

ပိုပြီးညစ်ပတ်လေသည်. လေဘာပြည်သစ်ညွန်.ဝေ (၀ါ) မောင်မောင်ကြီးကလည်း ခပ်ကုတ်ကုတ်နဲ. ဒီနေ. ရောက်လာသည်။ မိချောင်းမျက်ရည်လား ဘာလား တစနှစ်စ သောမျက်ရေ သူ.မျက်ဝန်းမှာတွေ.လိုက်ပါသေးရဲ.။ အို--၀ိုင်းတော်သားတို.စုံကြပြီ။ သူတို. ကလဲခေသူတွေမဟုတ်။ ၀ူးဝူးဝါးဝါး အော်ဆဲချင်သူတွေ၊ ဥာဏ်နိမ်.သောသူတွေကို မိုးသီးနှင်.လွှတ်ပေးထားပြီး သူတို.က သီးသန်. ကြံ နေကြသည်။ မီဒီယာကလည်း နိုင်အောင်ကို သက်သာစေသည် မို.နဲနဲတော.အံ.သြမိသည်။ သတင်းထောက်ဆိုတာ လူတကာသိပြီးသား တွေကို စာစီပေဖွဲ.နေမဲ.အစား၊ အဖုံးအုပ်ထားတဲ. အိုးထဲက အရာတွေကိုသာ လူတွေတွေးမိအောင် စဉ်းစားမိအောင်ရေးပြသင်.သည်ဟုယူဆထားပါသည်။ ပြည်တွင်းမှာ ဘယ်တုန်းကမှ ပရိတ်သတ်မရှိသူတို.ကသူတို. ခြေရွှေ.ကွက်တွေကို အထူးညက်ညော စွာဆင်ထားနိုင်ကြသည်။ အချောင်သမားတစုက ၈၈၈၈အားလုံးကို တလွှာစီ တစစီ ဖျက်စီးဖို. အိမ်နောက်ဖေး မှာ ဈေးဆိုင်တည်လေမည်. အကြံကြီး ဖြစ်သည်။ အန္တရာယ်အစစ်ကို ပြည်သူတွေကို ပြောမှ ဖြစ်မည်ဟုယူဆသောကြောင်. ဒီစာရေးဖြစ်သည်။

အိမ်နောက်ဖေးမှာ ဈေးဆိုင်တည်၊ ကြောင်စုန်းကြီးတို. ခြေဖျောက်ဝင်၊

အေဘီ မြောက်ပိုင်းစခန်း လူသတ်မှု များအကြောင်း စုံလင်စွာ ထွက်လာ သည်. အချိန်က စလျှင် ခု ၉လနီးပါးရှိပြီ။ လူသတ်သမားတွေ၏လက်တွေခြေတွေကို ခိုင်ခိုင်တုပ်နိုင်သော အခြေအနေ သည် ရာသီရောက်၍ ပေါ်လာသည်. အခွင်.အရေးမဟုတ်။ ရာဇ၀တ်မှုကြီးများကို စိမ်ပြေနပြေ ကျူးလွန်ထားပြီးလျှင်၊ ရာဇ၀တ် မှုမြောက်ပြီးသားဖြစ်နေပြီး၊ ရင်မဆိုင်လိုသော ရာဇ၀တ်သား က တွန်.ဆုတ် ရှောင်ပြေး၊ ပတ်လည်ပြေး တပြေးထဲပြေးနေရသရွေ. မှန်ကန်သောသူတွေ ဖက်က စိတ်ဓါတ်အရနိုင်ပြီးသားဖြစ်သည်ဟုတွက်လို.ရသည်။ သို.သော်- ရာဖ၀တ်သားက သူဆက်ပြေးလို.မရတော. ဘူးလို. သိသွားလျှင်၊ ၊ လိုက်သောသူတွေဖက် ကလည်း မြေခွေးလိုက်ပွဲကို မရပ်သေးဖူးဆို လျင်၊ မျက်နှာချင်းဆိုင်ဆုံရမဲ. အချိန် တခုမကြာခင်ကြုံ၇တော.မည်ဟုထင်မိသည်။ ဤအချိန်နေရာ ကိုရောက်လျှင် သစ္စာ သမားတွေ ကို တနည်းနည်းဖြင်. တရားစောင်.သောနတ်က ကူညီလိမ်.မည် ယုံဆဲဖြစ်သည်။

သူတို.ကို မရသေးတာက အချိန်မသင်.သေးတဲ. အပိုင်း ကတပိုင်း ၊ သူတို.မှာအကာအကွယ်တခုခု ရထားလေသလားဆိုတဲ. အပိုင်းကတပိုင်း ဖြစ်နိုင်သည်။ ပြောင်းမရတဲ. ခိုင်မြဲနေမဲ. အမှန်တရားကို အခွင်.အရေး အခွင်.အလန်းလို. မြင်လို.မဖြစ်။ ခု အခွင်. ရှိရှိ မရှိရှိ အမှန်က အမှန်အတိုင်းပဲ သမိုင်းမှာ တည်နေမှာဖြစ်သည်။ ဒါကြောင်.ပဲ- လူ.ကပ်ပါး။ လူသတ်သမားတို.သည် ၈၈၈၈ ရုံခန်းအတွင်းကို နောက်ဖေးပေါက်က ၀င်သွားခြင်းဖြစ်သည်။ မည်သည်.သတင်းထောက်က ဒီအိမ်နောက်ဖေးမှာ ဈေးဆိုင်တည်မည်. သူတွေ အကြောင်း ရီရအာင်ဖွဲ.ဖွဲနွဲ.နွဲ. မပြော ၍ နဲနဲ အံ.အားသင်.မိသည်။

လူတွေအများကြီးသတ်ခဲ.သော အေဘီ ဥက္ကဌ ဟောင်းနိုင်အောင်က က ၈၈၈၈ ရုံ့းခန်းကို နောက်ဖေးပေါက်က တက်သည်။ အကြံပေး သောင်းထွန်းက ကိုမင်းကိုနိုင်အတွက်ဆုတခုယူလာပြီး ပီအာလုပ်ပြသွားသည်။ ဦးကိုကို ကြီး၊ ကို မင်း ကို နိုင် တို.က သောင်းထွန်းး၊ နိုင်အောင်နဲ.အတူ မနေ.က ၈၈၈၈ ရုံ့းခန်းမှာ ညစာတူတူစားကြသည်ဟုကြားလိုက်ရသည်။ သူတို.ထိုင်သွားတဲ.နေရာကို နို.နဲ. တောင်ဆေးချင်တယ်လို. လူငယ်လေးတယောက်က သူ.ခံစားချက်တွေကို သူ.အီးမေးထဲမှာ ပြောသည်။ ၈၈၈၈ ရုံုး့ခန်းနောက်မှာ ခိုးချောင်ခိုးဝှက် ဈေးဆိုင်တည်မဲ. သူတွေမို. သူတို.က အကြိမ်ကြိမ်လာမှာ။ဒိတော. ခဏခဏ နို.တွေနဲ.ဆေးနေရမှာပေါ.လို. ခပ်ပေါ.ပေါ.ပဲ ပြန်ပြောလိုက်သည်။

ဤသို.ဖြင်. ကြောင်စုန်းကြီးများ သည် ၈၈၈၈အိမ်နောက်ဖေးက ၀င်ခဲ.သည်။ ပြီးတော. ခြေဖျားထောက်ပြီး သားကောင်ရှာသကဲ.သို. ညင်ညင်သာသာလေး ၀ပ်ဝပ်လေး ဂုတ်ရှိုး မျက်လုံးဒေါင်.ကပ်ကြည်.ပြီး ၀င်သွားကြတော. သည်။ (ကြောင်စုန်းကြီးတွေ အ၀င်ကျွမ်းလေ၍ ဟိုတယောက် ကိုမိုးသီးလိုလည်း အဆဲမခံရ။) ကံက ကောင်းလေတော. ကြောင်စုန်း နိုင်အောင် သောင်းထွန်းး တို. က မီဒီယာစက်ကွင်းမှာ လုံးဝ အဆဲမခံရပဲ၊ ၈၈၈၈ ထိပ်သီးတွေနဲ. ညစာတောင်တူတူ စားလိုက်ရသေးသည်။ အမေရိက က လာတာချင်းအတူတူ ဟိုအုပ်စု နဲ. တမူထူးကာ သူတို.က ရောင်းစရာအိုင်ဒီယာ တွေကို လူ မမြင်ရတဲ. အိတ်မဲကြီးထဲ ထည်. ယူလာပုံရသည်။ အမြတ်ထွက် နိုင်ငံရေး ဈေးကွက် အစီအစဉ်တွေကို ဒီိ ကြောင်စုန်း ၂ကောင်က အကွက်တွေ ဇယားတွေနဲ. ချပြရန်ရှိသည်။ ကိုမင်းကိုနိုင်တို. သဘောကောင်းပုံကတော. စာဖွဲ.လောက်ပါသည်။ လူသတ်သမားတွေနဲ.တွဲထိုင်ရသည်။ သူတို.က နိုင်ငံခြားပြန်ဆရာကြီးတွေဆိုတော. ပွင်.လင်း အဖွဲ.အစည်းတွေအတွက် နိုင်ငံခြားက ငွေ ရမဲ. နေရာတွေကို သောင်းထွန်း နဲ. လူသတ်သမားနိုင်အောင်က ကြိုးကိုင်ပြီး ၈၈၈၈ ကို အကူအညီိပေးမယ်ဆို ပဲ။ ဤသို.ကြားနာလိုက်ရပါသည်။

အစိုးရထက်တောင်ကွက်ကျော်ရိုက်နိုင်၍ ဗူးတလုံးဆောင် အိုအောင်မဆင်းရဲ ၊အပြစ်မရှိချင်ယောင်ဆောင်နေ သော လူသတ်သမားနိုင်အောင်၊ အခါပေး ဦးပုံည သောင်းထွန်း၊ ကပ်ပါးဇော်ဦးတို. ရောင်းဝယ်မည်. ပစ္စည်းက အထူးအဆန်းမဟုတ်။ ပွဲဦးထွက် မားကက်တင်းန် marketing လုပ်သွားသော နေရာ၊နှင်. အချိန်ကိုက်မှု ကိုသာ နဲနဲ အံ.သြမိသည်။

ပြတ်သားသော၊ ကိုကိုကြီး။

ရခိုင်ကိစ္စ ဦးကိုကို ကြီး ဘယ်လို ပြောခဲ.တယ်ဆိုတာ မှတ်မိနေပါသေးသည်။ ရခိုင်အရေးမှာ ပြည်သူလူထု နှလုံးသည်းပွတ်ထိအောင်စိတ်ဆင်းရဲခဲ.ရ သည်။ ထိုအချိန်မျိုးတွင် ဦးကိုကို ကြီးက ပြည်သူလူထုအတွက် အားကြီးသောအသံတခုပေးခဲ.သည်။

ကိုမိုးသီး လာမဲ.နေမှာ စီ နီယာ ၈၈၈၈ များက ကြိုသင်. မကြိုသင်. အလွတ်ပြော ပြောကြရင်း အချင်းချင်း ဆွေးနွေး ကြသောအခါ ဦးကိုကိုကြီး၏စကားသံကအလွန်ပြတ်သားလှပါသည်။ ဦးမင်းဇေယျာကြီးက ကိုမိုးသီးကို ပုဂ္ဂိုလ် ရေး သံယောဇဉ်ဖြင်.သွား ကြိုရင်ကောင်းမလားဆိုပြီး အလွတ်ပြော၊ ပြောခဲ.ဖူးသည်။ ဦးကိုကိုကြီး၏ပြတ်သားသောစကားတခွန်းကြောင်.ဘယ်သူမှ သွားမကြိုရဲကြ ။ (နိုင်အောင်.မှာ ပြည်တွင်းပရိသတ်မရှိ။ နိုင်အောင်ကို ကြိုသင်.မကြိုသင်. ဘယ်သူမှ စကားထဲ ထည်.ပြောစရာမလို။) ဒါပေမဲ. ဦး ကိုကိုကြီးပြတ်သားလိုက်ပုံများ၊ ကိုမိုးသီး သူငယ်ချင်းတောင် မချန်ထား၊ ဤသို.ဆိုခဲ.သည်။ မိုးသီး ထွက်သွားတုန်းက သူ.သဘောနဲ.သူ ငါတို. အားလုံးက ၀မ်းနည်းပေးခဲ.ရတယ်။ခု ပြန်လာပြန်တော.လည်းသူသဘောနဲ.သူ။ ဒီတော. သူ. အတွက် ငါတို.တွေ ၀ိုင်းပြီးဝမ်းသာပေးဖို. အချိန်မရှိဘူး---လို. ဆိုခဲ.သည်။ ဒီိလို ပြတ်သားခဲ.တဲ.ကိုကိုကြီး က serial killer စီရီရယ် ကေးလာ နိုင်အောင်၊သူ. အကြံပေးသောင်းထွန်းးတို.နဲ.ညစာတူတူ စားတာ ကြားရတော. နဲနဲ တော.အံ.သြမိပါသည်။

နိုင်အောင်.မိန်းမပို.ထားသော သိန်း၆၀၀

ပွင်.လင်း ရုံးထူထောင်ရေး အစမှာ နိုင်အောင်က သူ.မိန်းမကတဆင်. သိန်း၆၀၀ ကို ၈၈၈၈ တွေအားလှုသတဲ.။ ထိုပမာဏအတွက်တော.--ပြည်တွင်းက ၈၈၈၈ စိနီယာအုပ်စုသည် သူတို. ၊ မူကိုတော်ရုံနဲ.ပြောင်းရန်အကြောင်းမရှိ။ ပွင်.လင်းကာလဆိုတော. ပွင်.လင်း ရပေမဲ.၊ သူတို.ရပ်တည်နေရသောအနေအထား အရ ဘယ်လိုနည်းနဲ.မှ ၈၈၈၈ စိနီယာအုပ်စုသည် လာတွေ.သောသူတွေကို နှင်ချလို.မရ။ ထူးဆန်းတာက ကြောင် စုန်းကြီး ၂ကောင်က သူတို.ကြောင်စုန်းဆိုတာကို မေ.မေ.လျော.လျော.ဖြစ်နေသောသူတွေ ကြားမှာ They were having a good time. ဆိုတာပဲ ဖြစ်သည်။

ပရိတ်သတ်က နဲနဲ စိတ်ရှုတ်ထွေးနားမလည်နေတဲ. အချိန်မှာ ကြောင်စုန်းကြီး၂ကောင်က ပြုံးနေသည်။ ဥရောပ နှင်. အမေရိကန် အစိုးရစီက တရားဝင် ထောက်ပံ.ကူညီ ငွေတွေ အတွက် ဦးသောင်းထွန်းက တာဝန်ယူမည်။ နိုင်ငံတကာ က လာမဲ. အန်ဂျီအိုတွေ ဒေါက်တာ နိုင်အောင်က ဦးစီးမည်။ ဗဟုကတဆင်.နေပြည်တော်ကို ဇော်ဦး ပဉ္စမံ ခံတပ်ဖြင်. ၀င်စီးထားပီးသား။ ရန်ကုန်က ၈၈၈၈ စီနီယာကြီးတွေကို ရလျှင်ပွဲပြတ်ပြီ လို. အချင်းချင်း အီးမေးပို. ကြွားနေကြသည်။ ။ ၈၈၈၈ အချင်းချင်းကြားမှာတောင် ကို မိုးသီးကို အရူးဆိုပြီး ဇော်ဦးလို ကီးမာစတာက ဖြုတ်ထားပြီးသားဆိုပြီး၊ ၀င်.၀ါနေကြသည်။ အလွန်ညစ်ပတ်သော ခြေထိုးပွဲတွေ မစခင်မှာကို ဇော်ဦးက အချိန် မစိသေးပဲ ကြိုအောင်ပွဲခံချင်နေတဲ.အသွင်ဆောင်တဲ. အီးမေးတွေ က ၀င်နေသည်။ ကိုမင်းကိုနိုင်ကတော. အသံတိတ်နေလေတော.၏။

(စိတ်ပူရန် စောလွန်းပါသေးသည်။ ဦးကိုကိုကြီး၊ ကို မင်းကို နိုင် ၂ယောက်လုံး ဒီ လောက် စိတ်ဓါတ်မပျော.-လောက်တန်ရာ၊ -သောင်းထွန်း နဲ. နိုင်အောင် ပြောချင်တဲ.သူက အတင်းကြီးပြောလေတော. နိုင်ငံတကာက အန်ဂျီအိုတွေခေါ်လာပေးမယ် ဆိုတဲ. စကားနဲ. ဘယ်လောက်ပဲ . ဝေေ၀ဆာဆောတွေ မက်လောက်အောင်ပြောနေသည်.တိုင်၊ ထိုင် နားထောင်နေရေးသည် အစားအစာပါသော ညစာ စကားဝိုင်း တွင် သိပ် ခက်ခဲလှတာမဟုတ်၊ ဒေါက်တာနိုင်အောင်၏တို.ဆေးမှာ ၈၈၈၈ စီနီနိယာကြီးတွေက မတိုးနိုင်လောက်အောင် ဆေးပြီးပြီးသား ဟု စာရေးသူက တွက်ထားပြီးသားဖြစ်ပါသည်။)

မီချောင်းကန်အပိုင်း ၁ နဲ.၂ မြေကွက်ကြီးမှာ လူစုံပြီ။

သင်ကန်းကျွန်းမိချောင်းကန် အပိုင်း ၁နဲ.၂ ရပ်ကွက်က မြေကွက်ကြီးကို ၁၉၉၁ ကတည်း က စစ်တပ်လည်းမဟုတ်။ စည်ပင်သာယာကလည်းမဟုတ်။ မီးရထားဌာနက သိမ်းထားတာ ခု ၂၁ နှစ် ရှိပြီဟုကြားသိရသည်။ အသိမ်းခံမြေကွက်ကြီးသည် ဟာလာဟင်းလင်း၊ ဒီမြေဆုံး၍ ဘ၀ပျက်ခဲ.သူတိုင်း ဒီမြေကွက်ကြီး နားမှာ ရင်ကွဲ ပက်လက်ဖြစ်ကြသည်။ စစ်ဖိနပ်အောက်မှာစုန်းစုန်းမြှပ်နေသောဆင်းရဲသားတွေက ကိုမင်းကိုနိုင် ကိုမိုးသီးတို. ကို သူတို. အဖြစ်တွေ ပြောပြလို၍ အသိမ်းခံ ငမိုးရိပ်မြေကွက်ကြီးနားစုရုံးရောက်လာကြသည်။ လူ ၃၀၀ ၄၀၀ လောက်ဖြစ်နိုင်သည်။ အားလုံးက သူတို.ကို မျှော်လင်.ကြသည်။ သူတို.မြေသူတို.ပြန်လိုချင်ပါတယ် လို. မျှော်လင်.တကြီးဝိုင်းပြောကြလေသည်။

ကိုမိုးသီးကတော.ထုံးစံအတိုင်း သူနဲ.ဘာမှလည်းမဆိုင်ပဲ၊ သူလည်းဘာမှလုပ်မပေးနိုင်ပဲ ကတိတွေပေးပါတော.သည်။ နောက်တခေါက်ပြန်လာရင် အတတ်နိုင်ဆုံး လုပ်ပေး ကူညီိပေးပါ.မယ်လို. လူတွေကို နှစ်သိမ်. ကတိပေးခဲ.သည်ဟုကြားသည်။ မီးရထား ဌာနကသိမ်းတယ်ဆိုတော. သူ.ခမြာ ဦးအောင်မင်းကို ပြော ကြည်.ရင်ရမလားလို. အထင်နဲ. လွယ်လွယ်ကတိပေးတာလည်းဖြစ်နိုင်သည်။ ကို မင်း ကို နိုင်ကတော. ဆိတ်ဆိတ်သာ နေတော.သည်။ သူမျက်လုံးတွေက မြေကွက်ကြီးကို ငေးရင်း၊ ကွင်းပြင်ကျယ်ကြီးကို ကျော်ကြည်.ရင်း၊ လူတွေကိုလည်း နားစွင်.နေရင်း၊ ပြုံးလို.သာနေတော.သည် ဟုနောက်ဆုံးကြားသိရပါသည်။

စာရေးသူ၏ အတွေး

ကိုမိုးသီးကို စောလူးမင်း ဟု ပြောခဲ.ဖူးသည်။ သို.သော်သူသည် သူများသတ်လို.သေမဲ.သူတော.မဟုတ်။ အေဘီ မြောက်ပိုင်းစခန်းပြန်တွေ ကို အပါယ်ခံ အနှိမ်ခံ မျက်နှာမွဲတွေလို. ကျမ သိထားသည်။ ရေများရာမိုးမရွာ ရ ဆိုတာ လည်းကျင်.၀တ်တခုဖြစ်သည် ဟု ဆက် စဉ်းးစားသည်။ ကိုမင်းကိုနိုင်နှင်.ဦး ကိုကိုကြီး၊ တို.သည်လည်း ကြောင်စုန်ကြီးများ အစားခံမည်.မွေးကင်းစ လှုပ်လိလှုပ်လှည်. ကြောင်ပေါက်သားငယ်လေးများမဟုတ်ကြ။ အဖြူနဲ.အမဲက တွဲလို.မဖြစ်နိုင်တဲ.အကြောင်း၊ စဉ်းစားသည်။ အိမ်နောက်ဖေးမှာဈေးဆိုင်တည် မည်.သူများ ဖြစ်သည်. ဒေါက်တာသောင်းထွန်း၊ ဒေါက်တာနိုင်အောင်၊ ဇော်ဦး သူတို.စိတ်မှာတော. ငါတို.က လမ်း ဖေါက် ပြီးသားပဲ လို. တလွဲယုံကြည်နေပုံရှိသည်။ သူတို.ခမြာ အမှောင်မှာ ထိုင်နေကြသူများပေမို. လက်ဖျောက်ခြေဖျောက် လိပ်ပြာမရှိ မာန်မာနမရှိ ဂုဏ်သိက္ခာမရှိ ၊ ဒါတွေအပေါ် မှာသာ ထိုင်ကျေနပ်နေသူများဖြစ်ခဲ.လျှင်ဆိုတဲ. အတွေးတွေ ဆက်ပေါ်လာတော.သည်။ ဒန်တေ၏အင်ဖာနို ကို နဲနဲ ပြန်မှတ်မိနေသေးသည်။ ----ဤလိုလူစားတွေ၏ယုံကြည်မှု အကြောင်းကိုသာ (စိတ်မသက်မသာမဖြစ်ပဲ) အကြောင်းအကျိုး သဘောအရ အနည်းငယ် စဉ်းစားဖြစ်သည်။ သူတို. လျောက်သော လမ်းကျဉ်း ၏ လွတ်လပ်မှုပမာဏကိုသာ အလွတ်တွေး တွေးနေတော.သည်။ သစ္စာ သမားတွေ ကို တနည်းနည်းဖြင်. တရားစောင်.သောနတ်တွေက ကူညီလိမ်.မည် ဟု သေချာပေါက်ယုံ၏။ .

ကျေးဇူးပါ။

အေးအေးစိုးဝင်း

စက်တင်ဘာ ၅-၂၀၁၂

US and one of them ( Dr. Thaung Tun, mentor of Naing Aung and Zaw Oo.
· · Share

  • 168 shares
    • Ye Myint ၈၈၈၈ ရုံး ခန်းမှာညစာစား ခဲ.သော ကြောင်စုန်းကြီးများ0
      16 hours ago · · 3
    • Ohn Mar Oo မြန်မာပြည်အတွက် သန့်စင်သောစိတ်များဖြင့်သာပြည်သူအတွက်တကယ်လုပ်ပေးနိုင်ကြပါစေလို့ပဲ၊ ငွေနောက်လိုက်ရင်အဆုံးသတ်ကပြည်သူနစ်နာဖို့ပဲ။
      16 hours ago · · 8
    • မာမီ ထား
      ငါ့ညီမရေ မနေကပိုစ်ကတော့ ဝက်ဝက်ကို ကွဲးထွက်သွားတာဘဲကွဲ့ နောက်တစ်ခု အေးအေးတို့က တောထဲမှာ တော်လှန်းရေးကာလ မိုးသီးတို့ နိင်အောင်တို့ အကွဲအပြဲမစခင် အမက ဘန်ကောက်မြိုပေါ်ရောက်နေပြီကွဲ အဲ့တုံးက မောင်မိုးသီးလူမျာ ဘန်ကောက်မှာ လာလာပြီး သုတ်သင်တာတွေက ရိ
ှသေးတယ် အမမှတ်ထားတာတွေတော့ ရှိပါတယ်။ တခါတခါဆရာကြီးလည်း ပါလာတတ်ပါတယ် အဲ့တုံးက စူထိဆန်ဘက် အခြေမပြုသေးဘူး ရန်ဂဟန်တက္ကသိုလ်ရှေက ကျောင်းသားဆောင်တွေမှာ အခြေချကြတဲ့ အချိန်ပါ။အဲ့ဒါလေးတွေကလည်း အထောက်အထား ဖြစ်စေမှာရှင့်။သိတယ်မို့လား ကိုမြတ်ငယ်တို့က နောက်ဆုံးလက်ကျန် us သံရုံးနဲ့ CIA ကန်ကွက်ထားလို့ လိမ်ဖယ်လိမ်ဖယ်နဲ့ ဘန်ကောက်ကျန်နေခဲ့တာ အကြာကြီးလေ ၂၀၀၃ဆွမ်းလောင်ပွဲးတောင်မပါဘူး ခုတော့လည်း ရသွားပါဘီ အမနဲ့တော့ စူထိဆန်ထဲ ခန ခန ဆုံဖြစ်ပါတယ်။အဲ့ဒီသုတ်သင်ရှင်းလင်းတာတွေ ရေးတင်ကြတာ မတွေသေးဘူးလေ။မိုးသီးနဲ့ နိင်အောင် ကလော့ကလန်လုပ်ရင် ရေးကြပါဦးလို့ အသိပေးတာ။ မနေညက ကိုညို( အိန္ဒိယနယ်စပ် လူပ်ရှားသူ)ရဲ့ပိုစ်ကို ရှင်ဖတ်ပြီးပလား။မိုးသီးကိစ္စပါဘဲလေ သူရေးတာ ပုံစံတမျိုးဖြစ်နေလားလို့ မဖတ်ရသေးရင် တက်ခ်ပေးလိုက်မယ်။
      16 hours ago · · 12
    • Aye Aye Soe Win ကျမ အမစာပြန်တင်ပေးထားတာတွေ.တယ်။ ကျမ ကြိုက်လို. တောင် ရှဲသေးတယ်။ သူတို.လက်သွက်ခြေသွက်ဖြစ်နေကြတယ်။ ဒါပေမဲ.ကျမသိပ်မပူဘူး
      16 hours ago · · 3
    • Aye Aye Soe Win ကျမက နိုင်အောင်ကို ဘယ်လိုမှ မျက်ခြေပြတ်ခံမှာမဟုတ်ဘူး။ အမတို.လုပ်ကြပါ။လုပ်သင်.တာတွေလုပ်ကြပါ။ ရှေ.ရှောက်---သဲသဲကွဲကွဲတွေဖြစ်လာမှပါ.-
      16 hours ago · Edited · · 12
    • Zawone Lay Dr. Thaung Tun is master mind in their pro-rohingya group. They are trying to sell our country to extremist Bengali-muslim groups.
      15 hours ago · · 1
    • Udp Myanmar
      နိုင်အောင်၊ သောင်းထွန်းနှင့် ဇော်ဦးတို.ဟာ ပြည်ပ နိုင်ငံရေး လုပ်စားဈေးကွက် မှာ Market အများဆုံးကို စိုးမိုးချယ်လှယ်ခဲ့သည့် စားဖားကြီး ကြောင်ပါးကြီးတွေ ပါ။ ABSDF နာမည်ထွက် ဈေးကွက်ကောင်းတုန်းကလည်း ဒီကောင်တွေပဲ ABSDF ရှယ်ယာတွေကို ချရောင်းခဲ
့သူ။ IPO-Initial Private Offer, Privdate Placement and Corporate Funding စသည်ဖြင့် ရသမျှနည်းလမ်းဖြစ် ABSDF သို.မဟုတ် ကျောင်းသားနာမည်သုံးပြီး ဘောချက်ခဲ့ ချုပ်ကိုင်ခဲ့သူပါ။ ။ တခါ နောက်ပိုင် ၁၉၉၀ရွေးကောက်ပွဲရလာဒ် NCGUB တို. နာမည်ထွက်ပြီး ပြည်သူ.ကိုယ်စားလှယ်ဆိုတဲ့ နာမည်တွေက ဈေးကွက်ဝင်လာတဲ့အခါမှာလည်း နိုင်အောင်က တစ်ထွာအကွာမှာ နေပြီး သောင်းထွန်းနဲ. ဇော်ဦးတို.ဟာ ပြောရရင် NLD အမတ်တွေ 1990 မှာ အနိုင်ရတဲ့တိုင်းရင်းသားအမတ်တွေထက်တောင် ညွှန်.ပေါင်းအစိုးရနာမည်သုံးပြီး ငွေတွေ အလုံးအရင်းနှင့် ရအောင်ယူပြီး ဖြုန်းခဲ့သူတွေပါ။ ဒီတော့လည်း NCGUB ရှယ်ယာတွေကို ဈေးကွက်တင်ပြီး အမြတ်ရအောင် ရောင်းစားသူ အကျိုး အမြတ်ကြီးသူတွေဟာ သောင်းထွန်း ဇော်ဦးတို.ပါ။ သောင်းထွန်းဟာ NCGUB ၏ ရာသက်ပန် ကုလသမဂ္ဂတာဝန်ခံအဖြစ် ယူခဲ့သူမဟုတ်လား NCGUB စဖွဲ.ကတည်းက အခု ပျက်သလိုဖြစ်တဲ့အထိ ဒီ ထိပ်ဆုံးနေရာကို ယူခဲ့သူပါ။ ထို.အတူ စာတွေ.သာ ရှိပြီး လက်တွေ. လုပ်ငန်းအတွေ.အကြုံ ဘာတခုမှ မယ်မယ်ရရမရှိသေးတဲ့ စီးပွားရေးကျွမ်းကျင်သူ ဒေါက်တာ ဇော်ဦးကို BURMA FUND ဆိုပြီး ဖွဲ.စည်းကာ ဥရောပ မြောက်အမေရိကနဲ. နိုင်ငံတကာက ရမည့် အကူအညီတွေကို တခြားနိုင်ငံခြားသား NGOs တွေကို တဆင့်ခံစရာမလိုပဲ တတ်ရိုက် လက်ခံရယူ သုံးစွဲ စီမံအုပ်ချုပ်ဖို. ထိမ်းချုပ်ဖို.ဆိုတဲ့ အကြံနဲ. ဖွဲ.ကာ Burma Fund ဆိုပြီး တခေတ်ထခဲ့သည့် ရှယ်ယာလည်း ရှိခဲံဖူးသည်။ NGOs တွေ အမည်ခံပြီး မြန်မာ့အေ၇းအတွက် ၀င်လာမည့်ငွေအားလုံးကို လွှမ်းမိုး ထိမ်းချုပ်ဖို. ကြံစည်ခဲ့တာ ဖြစ်သလို တဖက်မှာလည်း ဝေစုမတည့်လို. ကွဲသွားတဲ့ ဥရောပ-ဘားမားရုံး Euro-Burma Office ဆိုတဲ့ ဟန်ညောင်ဝေနဲ. ယှဉ်ပြိုင်ဖက်ဖို. အထူးသဖြင့် အကုအညီရမည့် Financial Market ကို အပြိုင်လှဖို. ဖန်တီးခဲ့တာလည်း ဖြစ်ပါသည်။ ။ ဒီလိုနဲ. ကျောင်းသားဆိုတဲ့ ABSDF ရှယ်ယာတွေ လည်းကျ NCGUB ဆိုတဲ့ ပြည်သူ.လွတ်တော် ၁၉၉၀ ရလာဒ် ရှယ်ယာတွေလည်း နာမည်ကျတော့ နိုင်အောင်တို.က Civil Society-CS အရပ်ဖက် လူမှုအဖွဲ.အစည်းဆိုတဲံ့ ခေါင်းစဉ်ပြောင်းပြီး ငွေရဖို. ငွေဝင်ဖို. နာမည်တမျိုးနဲ. ရှယ်ယာ ရောင်းလာပြန်တဲ့အချိန်မှာ ဇော်ဦးတို.ကလည်း ဗဟု ဆိုပြီး ပညာရှင်တွေလိုလို Think-Tank အတွေးအခေါ် ခေါင်းကြီးအုပ်စုတွေလိုဖြင့် အရပ်ဖက် လူမှုအခြေပြု အဖွဲ.အစည်းတွေ အမည်ခံကာ ဈေးကွက်မှာ ရှယ်ယာ တင်ရောင်းလားပါတယ်။ ဒီအချိန်မှာတော့ ABSDF တို. NCGUB တို. Burma Fund တို.က လူကြိုက်မများတော့ပဲ အထူးသဖြင့် ဒီနာမည်တွေနဲ. ရောင်းမထွက်တော့တဲ့ မစွန်တော့တဲ့ ရှယ်ယာ Penny Trading- ပြားတန်အဆင့်ပဲ ဖြစ်သွားခဲ့ပါသည်။ ။ အခုတော့ ဒီအုပ်စုတွေဟာ လာပြန်ပြီး တိုင်းပြည် ဖွံ.ဖြိုးတိုးတက်ရေး အမျိုးသားပြန်လည် သင့်မြတ်ရေး ပူးပေါင်းဆောင်ရွက်ရေး ငြိမ်းချမ်းရေး စတဲ့ လူကြိုက်များ ရေပန်းစားတဲ့ နာမည်တွေကို သုံးပြီး ပြည်တွင်းက ပွင့်လင်းလာတဲ့အခြေအနေတွေကို လက်မလွတ်တန်း အမိအရဖမ်းပြီး နာမည်သစ်နဲ. ရှယ်ယာတင်ရောင်ဖို. ဈေးကွက်ဖွင့်ဖို.အတွက် ပြည်တွင်းက ၈၈၈၈ အုပ်စုတို. ဆင်းရဲသား လူထုတို. လူသားအရင်းအမြစ်မြင့်တင်ရေး Capacity Building and Human Resources တွေကို အစိုးရတွေ အရက်ဖက် အဖွဲ.တွေ နိုင်ငံရေးအုပ်စုတွေရဲ့ Financer တွေ ငွေကြေးထောက်ပံပေးမည့် Investor တွေလိုလို Venture Capital Fund or Investor Group-IG လိုလိုနဲ. ဈေးကွက်ကို ထိမ်းချုပ်ဖို. ကြိုးစားနေတဲ့ စားနေကျ ကြောင်းပါးတွေပါ။ ။
      15 hours ago · · 28
    • Khin Mg Ye Sein ကောင်းတယ်ဗျာ၊ ဆက်ရေးပါအုံး၊ ရှယ်လိုက်ပါပြီ။
      15 hours ago · · 1
    • Thit Sar SHARE သွားပြီ ကျေးဇူးပါ
      15 hours ago ·
    • ကို သန်းထွန်း
      ရေးသားထားတာတွေက စိတ်ဝင်စားစရာတွေပါ သို့ပေမဲ့ သင်္ဃန်းကျွန်း ငမိုးရိပ်ရပ်ကွက်မှာ ငယ်မွေးခြံပေါက်ဆိုတော့ ကျွန်တော်အနေနဲ့ တစ်ခုရှင်းသင့်ပြီပေါ့ ငမိုးရိပ်ရပ်ကွက်ဆိုတာက ၁၉၇၈ ခုနှစ်ကတည်းက အကွက်ချထားတဲ့ရပ်ကွက်တစ်ခု ရပ်ကွက်ပိုင်ပလပ်ကွက် ( မီးတားကွက်)
      အဖြစ် ပေ၁၀၀x၁၁၀ ပေအကွက် ၂ခုရှိတယ် အခုထိလဲ တည်ရှိနေပါတယ် ဒီအကွက်တွေက သူတို့နဲ့ မပါတ်သက်ပါ မီးရထားဝန်ကြိးနဲ့ မပါတ်သက်ပါ ၈၈၈၈ အုပ်စုနဲ့ လည်း လုံးဝမပါတ်သက်ပါ ရပ်ကွက်ပိုင် အကွက်တွေသာဖြစ်ပါတယ် အဲဒီမြေကွက်ကို လူ ၂၀၀ ၃၀၀ လောက်ကလာကြည့်ကြတဲ့ အဖြစ်လဲ လုံး ဝကို မရှိခဲ့ဘူး အကွက်တစ်ကွက်မှာတော့ ကျုပ်ဦးဆောင်ပြီး ရပ်ကွက်ဆွမ်းလောင်းရုံ တစ်ရုံ တည်ဆောက်နေတာ ဒီနေ့ဆိုရင် အောက်ပ်ုင်း ကျောက်ခင်းနေပါပြီ၊
      15 hours ago · · 5
    • ကို သန်းထွန်း မိုးသီးမိသားစု ဝယ်ယူခဲ့တဲ့ အိမ်တစ်လုံးတော့ ငမိုးရိပ်၂လမ်းမှာ ရှိခဲ့ဘူးတယ် အဲဒီ အိမ်က ၂၅ပေxပေ၅၀ နှစ်ထုပ် ပျဉ်ထောင်သွပ်မိုး အိမ် မိုးသီး အပြင်ထွက်ပြီးမှ သူ့မိဘတွေ ဝယ်နေကြတာ လွန်ခဲ့တဲ့ ၆နှစ်လောက်က ၁၂ သိန်းနဲ့ ရောင်းပြီး အခြားနေရာကို ပြောင်းသွားကြတယ် သင်္ဃန်းကျွန်းက ငမိုးရိပ်နဲ့ မိုးသီး ပါတ်သက်မှုက ဒီလောက်ပါပဲ ဒီထက်မပိုပါဘူး။
      15 hours ago · · 3
    • Ko Zaw Tun ကောင်းတယ်ဗျာ၊ ဆက်ရေးပါအုံး၊ ရှယ်လိုက်ပါပြီ။SHARE သွားပြီ ကျေးဇူးပါ
      14 hours ago · · 1
    • Sun Moon နှစ်သက်ပါတယ်ခင်ဗျာ
      13 hours ago via mobile ·
    • Kyii May မနေ့ညက၈၈ရုံးခန်းကိုလာပြီးမင်းကိုနိုင်၊ကိုကိုကြီးတို့နဲ့တွေ့သွားတယ်ဆိုတာလုံးဝမဟုတ်ဘူးလို့သိရပါတယ်။
      13 hours ago · · 1
    • Ko Maung Maung ဧည့်သည်လာရင်တော့တွေ့ရမှာပေါ့ဗျာ။ ပူးပေါင်းလုပ်မယ်ဆိုရင်တော့ လုံးဝ ကန့်ကွက်မှာပါ။ ပြန်လာတဲ့သူတွေချည်းပေါင်းလုပ်ချင်လုပ်ပေါ့။ မတူတာတွေ ထားပြီးတူတာတွေပေါင်းလုပ်တယ်ဆိုတာက အတွေးအခေါ်မတူပေမယ့် အကျင့်စာရိတ္တတူတဲ့လူတွေအတွက်ဘဲပြောတဲ့စကားဘဲလို့ယုံကြည်ပါတယ်။
      13 hours ago · · 3
    • Ship Lone ဘယ်ကငမိုးရိပ်လဲ။မိချောင်းကန်ရပ်ကွက်ကွတလွဲတွေ
      12 hours ago ·
    • Aye Aye Soe Win မိချောင်းကန်ရပ်ကွက်၊၊
      11 hours ago ·
    • Nyinyi Tun please considerwhatever you do and whatever your said for the next generation to be survive as decent human beings.
      11 hours ago ·
    • Aye Aye Soe Win မီချောင်းကန်အပိုင်း ၁ နဲ.၂ မြေကွက်ကြီးမှာ လူစုံပြီ။ လို. ဖတ်ပါ။
      11 hours ago · · 2
    • Aye Aye Soe Win ၁၉၉၁မှာ အမိန်.ထုတ်ပြီး ၁၉၉၂ မှာ အသိမ်း၊ခံခဲ.ရတဲ.သင်ကန်းကျွန်းမြို.နယ်က ခုထိ ရှိနေတဲ. .မြေကွက်ကြီးဖြစ်ပါတယ်။
      11 hours ago · · 2
    • Sannay Min ရှယ်သွားပါတယ် ..ဆက်ရေးပါဦး ဆောင်းပါးတွေ
      9 hours ago ·
    • Composer Minn Chit Thu ဖြစ်ရပ် အသေးစိတ်တွေကို မသိပေမဲ့  ဒီဆောင်းပါးက အခြေအနေတွေကိုတော့ ရိပ်စားမိစေတယ်။အတွေးေ၇ာ အရေးပါကောင်းလွန်းလို့ ဒီလိုကလောင်မျိုး အမြဲရှင်သန်ထက်မြက်နေစေချင်ပါတယ်။
      9 hours ago · · 1
    • Thu Rein Tun ၈ပူးများသို.>>ပူးကပ်နေဆဲ၊ထူးခတ်ခဲ.ရင်၊ညီညွတ်ခြင်းအတွက်ငြင်းချက်ထုပ်မယ်လေ။(ပန်းဥယျဉ်သစ်၊မိုးရဲရင်ဆောင်းရဲရမယ်)
      9 hours ago ·
    • ထွန်း ထွန်း သေဆုံးသွားတဲ့၇ဲဘော်တွေ၇ဲမိသားစုတွေကျနေတဲမျက်၇ည်တွေစိးဆင်းနေတုန်းဘဲအမှန်တ၇ားကိုဖုံးကွယ်လို့မ၇ပါ
      9 hours ago · · 1
    • Chawchaw Mirror လူထုအားကို အပြည့်အ၀ ရနေတဲ့ ပြည်တွင်း 88 ကွဲအောင် သပ်လျှိုဖို့.. မိုးသီးဇွန် လိုအကောင်တကောင် ကို ပြည်ဝင်ခွင့်ပေးလိုက်ရုံပါဘဲ။ ပွဲစပါပြီ.. လက်ရှိအစိုးရက စစ်အစိုးရက မွေးထုတ်တာဆိုတာ သံသယမရှိတော့ပါ.. တချိုးတည်း တပုံစံတည်း..။ :(
      8 hours ago · · 2
    • Aye Aye Soe Win နိုင်အောင် သောင်းထွန်း ဇော်ဦး ၏ ထရီယို ခြေလှမ်းတွေကို နို.နဲ. ၀င်ဆေးမဲ. သူတွေပြည်တွင်းမှာ ကျန်နေပါတယ်။ မပူသေးပါ။
      8 hours ago · Edited · · 4
    • ဖန် မီး အိမ် အောင်နိုင်တို.နိုင်အောင်တို. အုပ်စုက ကျောင်းသားအလောင်းတွေရဲ. အရိုးတွေ ဖျောက်ဖျက်ပစ်လိုက်တာကို ဒီကောင်တွေ မသိချင်ယောင်ဆောင်ပြီး အာဖျံကွီး လာလုပ်နေတာ။ တကယ်တော. အလိုတူ အလိုပါပဲ။ ဘာကြာင်. သူရဲကောင်း တွေကြိုသလို လုပ်နေကြတာလဲ ။မိုးသီးဇွန်တို. အုပ်စုများ မင်းတို.အမေလင် မှတ်နေသလား။ ဒါတွေကိုကျေနပ်လောက်အောင် ရှင်းလင်းပြီးမှ အပြစ်ဒဏ်ခံ ဖို. ပြည်ဝင်ခွင်. ပေးသင်.တယ်။ မြန်မာ. နိုင်ငံရေးလောက က ဒီလို အမြဲတမ်း အလိမ်ခံနေရတဲ. လောကလား။
      8 hours ago · · 1
    • ZawTun Abfsu ရှယ်သွားတယ်အစ်မ
      7 hours ago ·
    • Phome Maung He's the mastermind of behind the scene or mentor of Dr Naing Aung.
      7 hours ago · · 1
    • Tom Soe ပြောချင်တာကခေါင်းဆောင်လို့ ကိုယ့်ကိုကိုယ်ပြောရဲရင်ခေါင်းမရှောင်ကြနဲ့ ပြင်ပီးညာတတ်တဲ့ ပြင်ညာတတ်ဆိုပြီး ကျဆုံးသွာတဲ့ရဲဘော်တွေနဲ့ သက်ရှိကျန်နေသေးတဲ့ကျောင်းသားတပ်မတော်ကရဲဘော်တွေဟာ အာဏာရူး လူသတ် မဒိန်းကျင့်သူများမယားကြာခိုအလွဲသုံးစားလုပ်တဲ့ကောင်တွေရဲ့ ပြောတာတွေငြိမ်ခံနေမှာမဟုတ်ဘူးဆိုတာ သတိတော့ထားကြပေါ့ကွာ....
      5 hours ago ·
    • Sandy Minsat
      NCGUB led by Dr. Thaung Htun and NCUB, Mg Mg have always claimed that they have worked with "AMA" and NLD, always always. Anything one asked them in details, they used to answer, it has been confidential. Strictly confidential. Now the stri...See More
    • Caryn Liew So beautiful..

No comments:

Post a Comment