
The Express Times · 2,555 like this
- သတင်းစာရှင်းလင်းပွဲနှင့် ထုတ်ပြန်ချက်များသာ အတည်ဖြစ်ကြောင်း မြောက်ပိုင်းကျောင်းသားများအဖွဲ့မှ ပြောကြား
မြောက်ပိုင်းကျောင်းသားများ၏ တရားစွဲဆိုရေး၊ အမှန်တရားဖော်ထုတ်ရေး ကိစ္စရပ်များအားလုံးသည် သတင်းစာရှင်းလင်းပွဲများနှင့် ထုတ်ပြန်ချက်များ ကိုသာ အတည်ပြုရန် မြောက်ပိုင်းပြန်ကျောင်းသားများမှ ကိုရဲလင်းက weekly express times သတင်းဂျာနယ်သို့ ဆက်သွယ်ပြောကြားသည်။
သက်ဆိုင်သူများကို တရားစွဲဆိုရေးကိစ္စရပ်များ၊ အမှန်တရားေ...
ဖ်ာထုတ်ရေးကိစ္စရပ်များနှင့် ပတ်သက်လျှင် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် သဘောထားကြေညာချက် အမှတ် ၁/၂၀၁၂နှင့် သြဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ၂/၂၀၁၂၊ ထိုနေ့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲများတွင် ပြောကြားချက်များသာ အတည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
တစ်ဦးချင်းမှ မီဒီယာများနှင့် တွေ့ဆုံပြောကြားချက်များသည် တစ်ဦးချင်းစီ၏ အမြင်နှင့် အယူအဆများဖြစ်ကြောင်း ၎င်းကဆိုသည်။
တရားစွဲဆိုရေးကိစ္စရပ်များသည် မိသားစုနှင့် ကာယကံရှင်များနှင့်သာ သက်ဆိုင်ပြီး၊ မြောက်ပိုင်းကျောင်းသားများက ၀ိုင်းဝန်းပံ့ပိုးပေးမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ရာဇ၀တ်မှုကို ကျူးလွန်သူများအပေါ်မှာသာ ဥပဒေအကြောင်းအရ သက်ရောက်မှုရှိသွားမည် ဖြစ်ကြောင်း ၎င်းကမှတ်ချက်ပြုသည်။
No comments:
Post a Comment