OK (ခ) အုန်းကြိုင်
၁၉၉၁ခုနှစ် ABSDF(NB) မှာ ကျောင်းသား ရဲဘော်/ရဲမေ အင်အား(၃ဝဝ)ခန့် ရှိတဲ့အထဲက စုစုပေါင်း(၁ဝ၆)ယောက်နဲ့  ABSDF ဗဟိုမှာ (၁)ယောက်ကို ဖမ်းဆီးပြီး စစ်ထောက်လှမ်းရေးဖြစ်ကြောင်း အကြမ်းဖက်နည်းတွေသုံး အတင်းအဓမ္မဝန်ခံခိုင်း ညှင်းပမ်း၊နှိပ်စက်၊ သတ်ဖြတ် တဲ့ ဖြစ်ရပ်ဆိုးကြီးဖြစ်ခဲ့ပါတယ်။ သူတို့လိုချင်တဲ့ အဖြေမရမခြင်း၊ ဝန်ခံချက်မပေးမခြင်း စိတ်ကူးထဲပ်ါလာသမျှ လူတစ်ယောက် ဆိုတဲ့အသိမဲ့ အထိန်းအကွပ်မဲ့ လုပ်ချင်သလိုလုပ်ပစ်လိုက်ကြတာ သေသူတွေသေ၊ ကြေသူတွေကြေ နဲ့ ခပ်ကြမ်းကြမ်းပဲ ဝန်ခံခိုင်းခဲ့ကြတာ ကျောင်းသားရဲဘော်(၂ဝ)ဟာ ခြေပြတ်လက်ပြတ်နဲ့ သေကြ ကြွေကြရရှာပါတယ်။
၁၉၉၂ခုနှစ် ၊ဖေဖေါ်ဝါရီလ(၁၂)ရက် ပြည်ထောင်စုနေ့ကြီးမှာတော့ စက်မှုလက်မှုသိပ္ပံကျောင်းသားများသမဂ္ဂ(မန္တလေး)ရဲ့ ဥက္ကဌ သပိတ်တပ်ပေါင်းစု(မန္တလေး)ရဲ့ ကျောင်းသားကိုယ်စားလှယ် ၊ ဗ.က.သ (အထက်ဗမာပြည်)ရဲ့ ဥက္ကဌ ၊ ABSDF(NB)ရဲ့ ဥက္ကဌ စတဲ့တာဝန် တွေကို စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့တဲ့ အထက်ဗမာပြည် ကျောင်းသားခေါင်းဆောင် ကိုကြီး လို့ အများခေါ်ကြတဲ့ ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသားရဲဘော် (၁၅)ယောက်နဲ့  အစုလိုက် အပြုံလိုက် ခေါင်းဖြတ်သတ်ပွဲကြီး လက်ရဲဇာတ်ရဲ ဆင်နွဲခဲ့ကြပြန်ပါတယ်။ဲဒီ ခေါင်းဖြတ်ပွဲကြီးမှာ ကျောင်းသားရဲမေ မခင်ချိုဦးကို မသတ်မှီအချိန်ပိုင်းကလေးမှာတောင်မှ နှမချင်းမစာနာ အပျော်မယ်လေးအလား ခိုင်းခဲ့ကြသေးတာပေါ့ ခင်ဗျာ။
အဲဒီလို သမိုင်းတွင်လောက်အောင် ရက်စက်ကြမ်းတမ်းတဲ့ လူသတ်ပွဲကြီးကို အဓိကကြိုးကိုင်ခဲ့ကြသူတွေကတော့ ABSDF(NB)ရဲ့ အရေးပေါ်ဥက္ကဌ အောင်နိုင်(ရော်နယ်)၊ သံချောင်း၊ မျိုးဝင်း တို့ ဖြစ်ပြီး တောင်ပိုင်းမှာပြုလုပ်သူ နဲ့ တာဝန်ယူတယ်ပြောသူက ဗဟို ဥက္ကဌ ဒေါက်တာနိုင်အောင် ဖြစ်ပါတယ်။
တစ်ချို့က ဒီအဖြစ်အပျက်ကြီးကို ပြန်မပြောစေချင်ကြပါဘူး။ ကျောင်းသားသမိုင်း ရိုင်းသွားမှာကို စိုးလို့ ပါတဲ့ခင်ဗျာ။ တစ်ချို့ ကြတော့ ဒီလူမဆန်တဲ့ အဖြစ်အပျက်ကြီးကို ပြည်သူများသို့ မတိုင်တည်စေလိုပါဘူး။ ကွယ်ဝှက် ဖုံးကွယ်ထား စေလိုကြပါတယ်။ ဒိမိုကရေစီတော်လှန်ရေးကြီး နှောင့်နှေးတုံ့ဆိုင်းသွားမှာ ကြောင့်မို့ပါတဲ့ခင်ဗျာ။ ကျနော်တို့တစ်ဖွဲ့လုံးကလည်း ABSDF ကို ချစ်ကြတယ်။ အမြတ်တနိုးတန်ဖိုးထားကြပါတယ်။ ထို့ အတူ ဒီမိုကရေစီကိုလည်း ပြည်သူများနည်းတူ ချစ်ခင်မြတ်နိုး တန်ဖိုးထားကြပါတယ်။ အနှစ်(၂ဝ)လုံးလုံး ရေငုံနှုတ်ပိတ် တိတ်တဆိတ်နေခဲ့ကြတာက သက်သေပဲဖြစ်ပါတယ် ။ဒါပေမဲ့ ဒီနေ့ ကာလမှာ နိုင်ငံရေးလမ်းကြောင်းဟာ ဒီမိုကရေစီ နဲ့  လူ့အခွင့်အရေးဆီသို့ ဦးလှည့်နေပါပြီ။ ပွင့်လင်းတဲ့ လူ့ဘောင်စနစ်ကို ကူးပြောင်းစ ရှိနေပါပြီ။ နိုင်ငံရေး၊ စီးပွားရေးနယ်ပယ် များမှာလည်း ပွင့်လင်းမြင်သာမှု အတော်အတန် ရှိနေပါပြီ။ ဒါ့ကြောင့် ABSDF(NB)တွင် ဖြစ်ပွားခဲ့တဲ့လူသားမဆန်တဲ့ လုပ်ကြံသတ်ဖြတ်မှု ကြီးဟာလည်း မြင်သာထင်သာရှိစေအပ်တယ်လို့  ကျွန်တော့်အနေနဲ့  ယူဆပါတယ်။ အနာဂါတ်မှာ ဒီဖြစ်စဉ်လို ဆိုးဝါးလှတဲ့ ဖြစ်ပျက်မှုမျိုး မြန်မာနိုင်ငံမှာ နောက်နောင်မပေါ်ပေါက်ရေးအတွက် အကောင်းဆုံး ဖြေရှင်းနည်းက သမိုင်းအမှန်ကို ဖော်ထုတ်ပြီး အများပြည်သူလူထုအား အသိပေးခြင်းဖြစ်တယ်လို့  ထင်မြင်ယူဆမိပါတယ်။
သမိုင်းဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် အထူးအရေးကြီးသောအခန်းကဏ္ဍ တစ်ခု ပါ။ သမိုင်း နဲ့  နိုင်ငံ၊ သမိုင်း နဲ့  နိုင်ငံသား ဆက်စပ်နေမှုကို ကျွန်တော်တို့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဒီလို မိန့်မှာထားပါတယ်။ "သင်ပုန်းချေတယ်ဆိုတာ အရင်တုန်းက ကိစ္စတွေကို ဘာမှမဖြစ်ခဲ့သလိုနေရမယ်ဆိုတာက - အဲဒါတော့ မဖြစ်နိုင်ဘူး။ သမိုင်းဆိုတာကတော့ ရှိမှာပဲ။ နောက်ပြီးတော့ သမိုင်းမှန်ကန်မှုရှိဖို့ဆိုတာ တိုင်းပြည်ရဲ့ အနာဂါတ်အတွက်လည်း အရေးကြီးတယ်။ ကလဲ့စားချေတယ်ဆိုတာကျတော့ လုံးဝ စိတ်မဝင်စားဘူး။ အဖြစ်အပျက်တွေအတိုင်း အသေအချာ သမိုင်းမှတ်တမ်းအရ လုပ်ချင်တာ။ ဒါကတစ်မျိုး၊ ဒါကတော့ တိုင်းပြည်အတွက် အရေးပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံသူနိုင်ငံသားရဲ့ စိတ်နေသဘောထား၊ အကျင့်သီလနဲ့ သူတို့ရဲ့ အပေါ်မှာ သူတို့ ယုံကြည်မှုဆိုတာက ကိုယ့်နိုင်ငံရဲ့ သမိုင်းနဲ့ အများကြီးဆိုင်တယ်။အဲဒါကြောင့် သမိုင်းအချက်အလက်တွေကို သေချာအောင်လို့  လုပ်တယ်ဆိုတာက အဲဒါမျိုးကတော့ လုပ်သင့်တဲ့ အလုပ်ပါပဲ " တဲ့ ခင်ဗျာ။ ဒီအချက်အရပဲ သမိုင်းအမှန်ဖော်ထုတ်ခြင်းဟာ အနာဂါတ်နိုင်ငံတော်အတွက် တာဝန်ကျေပြွန်မှုတစ်ခု မဟုတ်ပါလား။
" သမိုင်းကို လိမ်သူ၊သမိုင်းကိုထိန်သူတွေဟာ အနာဂါတ်ရဲ့ သစ္စာဖောက်တွေပဲကွ "လို့ ဆရာအောင်သင်း ရဲ့ စကားကို နာယူဖူးပါတယ်။ဘယ်လိုပင် သတိပေးနေပါစေ လိမ်ဖို့ ထိန်ဖို့ ကြိုးစားနေကြသူတွေရှိပါလိမ့်မယ်။အဲဒီလို သမိုင်းကို စော်ကားသူ ၊ဖျောက်ဖျက်ဖို့ ကြိုးစားသူတွေရဲ့ သမိုင်းကို ကောက်ကြောင်းဆွဲကြည့်မယ်ဆိုရင် သူတို့ ရဲ့ အောင်မြင်မှုတွေထဲမှာ ထွင်လုံးတွေ ၊လိမ်လုံးတွေ ၊အဓမ္မမှုတွေနဲ့ ရောပြွန်း နေတာတွေ့ ရပါလိမ့်မယ်။မရိုးသားမှုတွေ အပြည့်နဲ့ ပေါ့။ဒီအခြေအနေမျိုးကို ဖုံးကွယ်ထားဖို့ ဆိုတာ လိမ်ရုံ ထိန်ရုံက လွဲလို့ မှအပ ဘာမှမရှိဘူးလေ။ဒီလိုနဲ့  အမှားတွေအထပ်ထပ် နောက်ဆုံး အရှက်တကွဲ အကျိုးနဲဘဝနဲ့  နိဂုံးချုပ်ရတာပေါ့။ သာဓက အနေနဲ့  ဗိုလ်ချုပ်ကြီးနေဝင်း ရဲ့ သမိုင်းကြောင်းကို ကြည့်နိုင်ပါတယ်။သူဟာ တပ်မတော်ရဲ့ ဖခင်ကြီးဖြစ်တယ်ဆိုတဲ့အမြင်မျိုး ပြည်သူတွေ၊တပ်မတော်သားတွေအကြား ဖြစ်ပေါ်လာအောင်လုပ်ယူခဲ့ပါတယ်။ဒါပေမဲ့ အဆုံးမှာတော့ သူကိုယ်တိုင် တပ်မတော်ရဲ့  ဖခင်ဟာ ဗိုလ်ချုပ်သာဖြစ်ကြောင်း ပြောခဲ့ရရှာတယ်။သမိုင်းဆိုတာ ကိုယ်လိုချင်သလို ဖန်တီးရေးလို့ မရ ဆိုတဲ့သက်သေပေါ့ခင်ဗျာ။
" ယခု ABSDF (NB) မှာ ဖြစ်ခဲ့တဲ့ ဖမ်းသတ်ပွဲကြီးကို လုပ်လိုက်ရတာဟာ ကျောင်းသားတပ်မတော်ကို ကာကွယ်ဖို့  လုပ်လိုက် ရတာပါ၊စစ်အစိုးရရဲ့  သူလျှိုတွေ စစ်ထောက်လှမ်းရေးတွေမို့  လုပ်လိုက်ရတာပါ" တဲ့ မျိုးဝင်း ရဲ့ တစ်ဦးတည်းပိုင် ဆွဲခန့်  ဥက္ကဌကြီး ရော်နယ်အောင်နိုင်က ပြောသွားခဲ့ပါတယ်။ တစ်ချိန် အာဏာသိမ်းပွဲတုန်းက အာဏာရူးတာကို ကာကွယ်ဖို့ " တိုင်းပြည်ချောက်ထဲကျဖိုံ လက်တလုံးအလိုမှာ မလွှဲမရှောင်သာ အာဏာသိမ်းလိုက်ရ ပါတယ်" ဆိုတဲ့ လေသံမျိုးနဲ့ တထပ်ထဲပါပဲ။ အခုလဲ အမှားတစ်ခုထပ်လုပ်ဖို့  ကြိုးစားနေကြပြန်ပြီလေ။အဲဒီ ဖမ်းသတ်ပွဲကြီးကို အကောင်အထည်ဖော်သူ၊ထောက်ခံအားပေးသူတွေဟာ ခပ်ညံ့ညံ့တွေတော့ မဟုတ် ပါဘူး။ ထူးချွန်သူတွေပါ။ အခုအချိန်ထိ နိုင်ငံရေးသုံးသပ်ချက်တွေ၊နိုင်ငံရေးစကားဝိုင်းတွေနဲ့ အစွမ်းပြဆဲ နိုင်ငံတကာမှာပါ ဝင်ဆန့် ဆဲပါ။သူတို့ တတွေဟာ ဖြုတ် ထုတ် သတ် လမ်းစဉ်ကြောင့် ဗ.က.ပ အဖွဲ့ ကြီး ဘယ်အခြေဆိုက်ရောက်သွားတယ် ဆိုတာတွေ ၊ဇာတ်တူသားစားလို့  ပျက်စီးခန်းတွေကို မှတ်သားဖူးသူတွေပါ။ ဒါဆို ဖြုတ် ထုတ် သတ် လမ်းစဉ်ကို အထူးပြုလုပ်ချက်တွေနဲ့  မွန်းမံလို့  မြိန်ရေရှက်ရေ ရှိလှစွာ ပြုလုပ်လိုက်တာဟာ ABSDF ပြိုကွဲမှာကို မသိလို့ လုပ်တာလို့ ယူဆလို့ မရပါဘူး။ဒါဆို သူတို့ တွေဟာ ABSDF ကိုဖျက်စီးဖို့ ကြံရွယ်ခဲ့ကြလေသလား ၊အတွေးနယ်ချဲ့ စရာပါ။
ကိုအောင်နိုင် ခင်ဗျား- " ကျွန်တော်လည်း ကိုထွန်းအောင်ကျော် လိုဖြစ်မှာစိုးလို့  ရောလိုက်ရပါတယ်၊ နှောလိုက်ရပါတယ်" ဆိုတာကမှ အများရဲ့ နားလည်မှုကို ရဦးမယ်၊အခုလို အမှားကြီးမှန်းသိပါလျှက်နဲ့  အမှန်ဖြစ်အောင် ဇွတ်အတင်းလုပ်နေဦးမယ် ဆိုရင်တော့ ခင်ဗျားအတွက် ဝမ်းနဲစရာတွေပဲ ထပ်တိုးရမယ်ဆိုတာ သတိပေးလိုက်ပါရစေ။

- 30 shares
Aye Aye Soe Win share pyi
Aung PhoneMyint ကျနော်ကတော့ကျော်ကျော်မင်းလေးကိုမျက်စိထဲကမထွက်ဘူးဗျာ
Lily Htut အဲဒါတွေ ဖတ် မိ ရင် သွေး ပြန် ဆူု တယ်... ဘယ်သူ မှ မ ရှိက် ဘဲ ဘယ် သူ နဲ. မှ လဲ အမျိုး မတော် ဘဲ ခဏခဏ ငို ရ တယ်.. ရင်နာကြေကွဲ ရ သူ တွေ ရဲ. အိပ်မပျော် တဲ.ညတွေ အ မြန် ကုန် ဆုံး ပါစေတော.
Khin Maung Lwin အားစိုက် လို အလွန်အေး အလွန်ရိုးသား တဲ့ သူ ကို ရက်ရက်စက်စက် နှိပ်စက်သတ် ဖြတ် တာ ။ အခုပြော အခု မျက် ရည် ကျ မိတယ်။ နဲနဲ မှ မကျေ နပ် ဘူး။12 hours ago · · 4
Khin Mg Ye Sein ရက်စက်တယ်၊ယုတ်မာတယ်၊အောက်တန်းကျတယ်၊မိုက်ရိုင်းတယ်၊
ကောက်ကျစ်တယ်၊လိမ်ညာတယ်....ကံ၊ကံ၏အကျိုးပေးက ပြေးမလွတ်ပါဖူး၊ သူတို့ အလှည့် ပြန်ရောက်လာမှာပါ။ 9 hours ago · · 2
Nyunt Nyunt Wai သမိုင်း အမှန် အ မြန် ပေါ် ပါ စေ. Let me share.8 hours ago · Edited ·
No comments:
Post a Comment