နွေးကြရန်လည်းလိုပါသည်။
နာမည်ကြီးတိုင်းခေါင်းဆောင်မဟုတ်ပါ။
ခေါင်းဆောင်၏နောက်တွင် သူ့ကိုထောက်ခံသော၊ သူ့စကားကိုနာခံသော လူများစုရှိနေရပါမည်။
ဒေါက်တာနိုင်အောင် နှင့် မိုးသီးဇွန်တို့သည် နာမည်ကြီးကြသည်မှာ အမှန်ဖြစ်ပါသည်။
တစ်ချိန်က ခေါင်းဆောင်များဖြစ်ခဲ့ကြသည်မှာလည်းမှန်ပါသည်။
သို့သော် မျက်နှာဖုံးများကွာကျပြီးနောက် သူတို့ကို မည်သူတွေထောက်ခံနေသေးသနည်း။
သူတို့စကားကို မည်သူတွေနာခံနေသေးသနည်း။
ထောက်ခံနေသူလူနည်းစုတော့ရှိဦးမည် အမှန်ဖြစ်သည်။
သို့သော် မည်သို့သောအကျိုးစီးပွားကြောင့်သာ ထောက်ခံနေကြပါသနည်း။
သူတို့နှင့်ထိတွေ့ဆက်ဆံဘူးသော လူများစုက သူတို့အကြောင်းဘာတွေပြောနေကြသနည်း။
သူတို့ကရော မည်သည့်အကျိုးစီးပွားမြော်မြင်မှုဖြင့် ပြည်တွင်းပြန်ဝင်လာကြပါသနည်း။
ပြန်လည်ဆန်းစစ်ဘို့လိုပါသည်။
ရပ်ကွက်တွင်းမှ ချမ်းသာသောသူဌေးကြီးတစ်ဦးသည် သူ၏စီးပွားဥစ္စာများ ကိုကာကွယ်ရန်အလို့ငှာ ရပ်ကွက်ထဲရှိ လက်စ လက်နရှိသော လူမိုက်များအား မျက်နှာချိုသွေး ပေးကမ်း ပေါင်းသင်းပြီး လူမိုက်များနှင့်တည်ဆောက်ထားသော ငြိမ်းချမ်းရေးမျိုးမဖြစ်စေလိုပါ။
လူမိုက်သည် လူမိုက်သာဖြစ်ပြီး သူ့အားဆက်လက် မပေးကမ်းမစောင့်ရှောက်ပါက သူ၏မူလအလုပ်ကိုသာပြန်လုပ်လိမ့်မည်ဖြစ်ပါကြောင်း။
(အမှန်တကယ်ငြိမ်းချမ်းရေးလိုလားပါက လူများစု၏ထောက်ခံမှုရှိသော ခေါင်းဆောင်များနှင့်သာဆွေးနွေးစေလိုပါသည်။ အကျင့်ပျက်ခြစား လူသတ်ပြီးခေါင်းရှောင်သူများနှင့်ငြိမ်းချမ်းရေးဆွေးနွေးခြင်းသည် လူမိုက်တို့အားမျက်နှာချိုသွေးပေးကမ်းပေါင်းသင်းနေခြင်းဟုသာမြင်မိပါကြောင်း။)
No comments:
Post a Comment