ရသည်။
ကျမတို့ laptop ကိုင်ပြီး online ပေါ်တက်ကာ ကမ္ဘာကြီးကိုထိုးဖောက်ကြည့်နေချိန်တွင် ကျမတို့နှင့်သိပ်မဝေးကွာသော အရပ်ဒေသရှိ တိုင်းရင်းသားများသည် စစ်ဘေးစစ်ဒဏ်ကြောင့် ပြေးလွှားနေရသည်။
စစ်ကိုဖန်တီးသူများမဟုတ်ဘဲ စစ်ဒဏ်ခံနေရသည်။ လက်နက်မပါဘဲ စစ်မြေပြင်ရောက်နေကြရသည်။
ရန်သူမရှိဘဲ ပစ်ခတ်ခံနေရသည်။
ကျမတို့ ဟိုဟင်းမစားချင်ဘူး၊ ဒီဟင်းမကြိုက်ဘူး ချေးများနေချိန်တွင် စားလို့ရရင်ပြီးရော ဘာရရစားမည်ဆိုသောဘ၀တွေကိုတွေ့လာရသည်။
ကျမတို့နိုင်ငံငြိမ်းချမ်းဘို့လိုနေပါပြီ။ လူမျိုးစွဲ၊ ဒေသစွဲ၊ အာဏာစွဲ၊ အယူဝါဒဆွဲတွေကို ဆုပ်ကိုင်ပြီး လက်နက်ကိုင်တိုက်ပွဲဝင်နေသူများ တွေ့ဆုံငြိမ်းချမ်းရေးလုပ်ဘို့လိုနေပါပြီ။
ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အကြိမ်ကြိမ်လုပ်ခဲ့ကြသည်။
သို့သော် မြန်မာပြည်ကတော့ ယမ်းနံ့တွေဝေနေဆဲ။
အကြောင်းရင်းကို စိစစ်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဘယ်သူတွေဦးဆောင်ခဲ့တာလဲ။
ငြိမ်းချမ်းရေးဆွေးနွေးတာဟာ တကယ်ငြိမ်းချမ်းချင်လို့လား။
ဒါမှမဟုတ် ကွယ်ဝှက်ထားတဲ့ အကျိုးအမြတ်တစ်စုံတစ်ရာရှိနေခဲ့ကြသလား။ စဉ်းစားစရာတွေအများကြီးရှိခဲ့သည်။
ယခုလည်း နိုင်ငံတော်အစိုးရက ငြိမ်းချမ်းရေးတဲ့။
တစ်ချိန်က လက်နက်ကိုင်ခဲ့သူတွေ ပြည်တွင်းပြန်ဝင်လာကြသည်။ ငြိမ်းချမ်းရေးအတွက်တဲ့။
တကယ်ဘဲ ငြိမ်းချမ်းရေးအတွက်လား။ ဖုန်းကွယ်ထားတဲ့ တစ်စုံတစ်ရာရှိနေခဲ့သလား။
ငြိမ်းချမ်းရေးအတွက် ပြည်တော်ပြန်လာသူတွေက ဘယ်သူတွေကို ကိုယ်စားပြုသလဲ။
သူ့နောက်မှာ ထောက်ခံသူဘယ်နှစ်ယောက်ရှိလဲ။
သူတို့တကယ်ဘဲငြိမ်းချမ်းချင်တဲ့စိတ်ရှိသလား။
သူတို့ရဲ့ နောက်ခံသမိုင်းကဘယ်လိုလဲ။ (သေနတ် သေနတ်ချင်း ယှဉ်ပစ်ခဲ့ကြတာကိုမဆိုလိုပါ။)
လက်နက်မဲ့ ရဲဘော်ချင်းကို ဘယ်လို လူမဆန်စွာနှိပ်စက်ခဲ့သလဲ။
လူ့အခွင့်အရေးတွေကို ဘယ်လောက်တောင်ချိုးဖောက်ခဲ့ကြသလဲ။
အုပ်စုကွဲကြချိန်မှာ ကိုယ့်ဘက်လူများရေးအတွက် (အစုလိုက်အပြုံလိုက်လူသတ်မှုကိုတောင်) မင်းတို့လုပ်သမျှမမှားဘူး။ ငါတာဝန်ယူတယ်လို့လက်လွတ်စပယ်ပြောတတ်တဲ့သူ။
ပွင့်လင်းမြင်သာတဲ့ခေတ်ရောက်ပြန်တော့ အဲဒီတုန်းက ဥက္ကဋ္ဌသာ လုပ်ခဲ့တယ်။ ဘာဘာ ဘာမှမသိဘူး လို့ ရောကြိတ်တတ်တဲ့သူ။
အခုလည်း ငြိမ်းချမ်းရေးဆိုတော့ ရှေ့ဆုံးကရောက်လာပြန်တယ်။ ပြီးရင် သမ္မတကခေါ်လို့သာပြန်လာရတယ်။ ဘာဘာ ဘာမှ မသိဘူးလို့ပြောဦးမှာလား။
မြန်မာပြည်ငြိမ်းချမ်းရေးက သူတို့နဲ့မှဖြစ်မှာလား။ သူတို့နဲ့လက်တွဲဘူးတဲ့သူတွေကတောင်မထောက်ခဲ့တဲ့သူတွေကို ဘယ်သူ့ထောက်ခံချက်နဲ့ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံမှာပါလိမ့်။ သွေးစွန်းသောလက်များဖြင့် စစ်မှန်သောငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ပါမည်လား။ ဖြစ်ခဲ့တဲ့ဆိုရင်တောင် သွေးစွန်းသော ငြိမ်းချမ်းရေးဘဲဖြစ်ပါလိမ့်မည်။
(စစ်မှန်သောငြိမ်းချမ်းရေးကို အလိုရှိပါက စစ်မှန်သောခေါင်းဆောင်ချင်းသာ တွေ့ဆုံဆွေးနွေးသင့်ပါကြောင်း။)
No comments:
Post a Comment